ထိုင်းက ပြန်ပို့လိုက်သည့် မြန်မာလုပ်သား ၁၆ ဦး တရားမဝင် ပြန်ဝင်ပြီး ထပ်ဖမ်းခံရ
နိုဝင်ဘာ ၃ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ ချွန်ဖွန်ခရိုင်၊ မူးအန်မြို့နယ်၊ အာရှလမ်းပေါ်တွင် ကားတစီးအတွင်းမှ မြန်မာ ရွှေ့ပြောင်းလုပ်သား ၁၆ ဦးအား ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းက ယနေ့ဖော်ပြသည်။ ၎င်းမြန်မာ ရွှေ့ပြောင်းလုပ်သား ၁၆ ဦးသည် အောက်တိုဘာလ ၂၆ ရက်နေ့က ရတ္တဖူမ် အဝေးပြေးလမ်းမ ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သူများဖြစ်ပြီး အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကန်ချနာဘူရီခရိုင်ရှိ နယ်စပ်ဂိတ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သူများဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ ၎င်းတို့သည် မြန်မာနိုင်ငံသို့ ပြန်ပို့ပြီး ၃ ရက်မြောက်နေ့တွင် ထိုင်းသို့တရားမဝင် ပြန်ဝင်ရောက်ခဲ့သည့်အတွက် ထပ်မံဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ မြန်မာ ရွှေ့ပြောင်းလုပ်သား ၁၆ ဦးနှင့်အတူ ပန်းရောင်ကတ် ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသား ယာဉ်မောင်းကိုပါ
