နိုဝင်ဘာ 8, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

သတင်း

သတင်း

ထိုင်းတွင် ဘုရင်မကြီး ကွယ်လွန်ခြင်းအတွက် ရက် ၃ဝ ဝမ်းနည်းခြင်းကာလ သတ်မှတ်

အောက်တိုဘာ ၂၅ ၊ Migrant Times ။ ထိုင်းနိုင်ငံတွင် ဘုရင်မကြီး၊ ဘုရင်မင်းမြတ်၏ မယ်တော်ကြီး သီရိခေတ် (Her Majesty Queen Sirikit The Queen Mother) ကွယ်လွန်ခြင်းအတွက် ရက် ၃ဝ ဝမ်းနည်းခြင်းကာလ သတ်မှတ်လိုက်ကြောင်း ထိုင်းသတင်းက ယနေ့ဖော်ပြသည်။ ဘုရင်မကြီး ၊ ဘုရင်မင်းမြတ်၏ မယ်တော်ကြီးသီရိခေတ်သည် ယမန်နေ့ ၊ အောက်တိုဘာလ ၂၄ ရက်နေ့ညပိုင်း၌ သက်တော် ၉၃ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ထိုင်းအစိုးရအဖွဲ့သည်ယနေ့ တွင် အရေးပေါ် အထူးအစည်းအဝေးတစ်ခု ကျင်းပခဲ့ပြီး ဝန်ကြီးချုပ်ရုံးမှ ဝမ်းနည်းကြောင်း ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ ဘုရင်မကြီး ကွယ်လွန်ခြင်းအဖြစ် နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်ကို ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့မှ ရက်ပေါင်း

Read More
သတင်း အလုပ်သမား သတင်း

ကိုယ်လက်အင်္ဂါ ထိခိုက်ခဲ့သည့် မြန်မာအလုပ်သမားအချို့ လျော်ကြေးရရန် ခက်ခဲရှိ

အောက်တိုဘာ ၂၄ ၊ Migrant Times။ ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားအချို့သည် လုပ်ငန်းခွင်အတွင်း ကိုယ်လက်အင်္ဂါထိခိုက်ပြီး ဆုံးရှုံးမှုများ ဖြစ်ပွားနေသည်။ ယင်းအလုပ်သမားများ၏ အကူအညီတောင်းချက်အရ နစ်နာကြေးရရှိရန်ဆောင်ရွက်ပေးနေပြီး မြန်မာအလုပ်သမားအချို့သည် သူဌေးပြောင်းအထောက်အထား လုပ်နေသည့်အချိန်ဖြစ်သည့်အတွက် လျော်ကြေးငွေရရန် အခက်အခဲရှိကြောင်း ​မြန်မာအလုပ်သမားရေး ကူညီပေးနေသူ ၁ ဦးက ပြောကြားသည်။ “ တကယ်လို့ လုပ်ငန်းခွင်မှာ ကိုယ်လက်အင်္ဂါဆုံးရှုံးရင် သူဌေးတွေက သူ့အလုပ်သမားမဟုတ်​ကြောင်း ငြင်းဆိုကြတယ်။ အလုပ်သမားရဲ့ ပေါ့ဆမှုကြောင့်လို့ ဒါမျိုး​တွေကို သူဌေးတွေ တော်တော်များများကပြောကြတယ်” ဟု WAG အဖွဲ့တာ၀န်ခံ ကိုမုန်တိုင်းက Migrant Times ကိုပြောသည်။ WAG အဖွဲ့သည် လုပ်ငန်းခွင်အတွင်း ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့သော မြန်မာအလုပ်သမား ၁ဝ ဦးအားကူညီ ဆောင်ရွက်ပေးနေပြီး ယခုလအတွင်း အမှု ၂ မှုမှ

Read More
သတင်း

KK Park မှ မဲဆောက်မြို့သို့ မြစ်ကူးပြီးထွက်ပြေးလာသည့် နိုင်ငံခြားသား ၁ ထောင်ကျော်လာ

🟥ထိုင်းနယ်စပ် ဖြတ်ကျော် ဝင်ရောက်လာသော နိုင်ငံခြားသားများကို ၂၄ နာရီ ဖမ်းဆီးနေ အောက်တိုဘာ ၂၃ ၊ Migrant Times ။ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် တဖက်ကမ်း မြ၀တီမြို့နယ် “KK Park” ဝင်းအတွင်းရှိ ကျားဖြန့်ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူများကို စစ်တပ်ကဖမ်းဆီးနေသည့်အတွက် ၎င်းလုပ်ငန်းများက နိုင်ငံခြားသားများ သောင်ရင်းမြစ်ကူးကာ ထွက်ပြေးနေကြသည်။ ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့ နံနက်အထိ မဲဆောက်မြို့နယ်ဘက်ခြမ်းသို့ ထွက်ပြေးလာသည့်နိုင်ငံခြားသား စုစုပေါင်း ၁,၀၄၉ ဦး ရှိပြီး အရေအတွက် ဆက်လက်တိုးပွားနေကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ၎င်းတို့ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားပြီး ယာယီစခန်းများတွင်ထားရှိထားသည်။ ဖမ်းဆီးရမိသူများအနက် အိန္ဒိယနိုင်ငံသားများသည် ၃၉၉ ဦး ဖြင့် အများဆုံးဖြစ်ပြီး တရုတ်နိုင်ငံသား ၁၄၇ ဦးပါဝင်သည်။

Read More
သတင်း အလုပ်သမား သတင်း

STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို ယနေ့တွင် တရားရုံးက ထပ်မံအမိန့်ချမည်

အောက်တိုဘာ ၂၄ ၊ Migrant Times ။ အလုပ်သမားအရေးလှုပ်ရှားသည့် သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးအား ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ရွှေပြည်သာမြို့နယ် တရားရုံးက ခံဝန်အမှုအပေါ် အမိန့်ချမှတ်မည်ဖြစ်ကြောင်း STUM တာဝန်ရှိသူက Migrant Times ကိုပြောသည်။ ဒေါ်မျိုးမျိုးအေးအား အောင်တိုဘာလ ၂ဝ ရက်နေ့တွင် နိုင်ငံတော် အမိန့်ဟုဆိုကာ စွဲဆိုထားသော အမှုများအား ရုတ်သိမ်းလိုက်ပြီး အင်းစိန်ထောင်မှ ပြန်လည်လွတ်ပေးခဲ့သည်။ သူမသည် နေအိမ်တွင် ပြန်လည်နေထိုင်ခွင့်ရသော်လည်း အောက်တိုဘာလ၂၃ ရက်နေ့၌ ရွှေပြည်သာ မြို့နယ်တရားရုံးသို့ ရုံးချိန်း သွားရောက်ခဲ့ကြောင်း STUM အဖွဲ့ကထုတ်ပြန်သည်။ တရားရုံးတွင် သင်းဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄ဝ ၊၄၁ အမှုမှ တရားလို၏ ရုတ်သိမ်းလွှာအား

Read More
သတင်း

မဲဆောက်မြို့နယ်မှာ KK Park မှထွက်ပြေးလာသူများအတွက် ယာယီခိုလှုံရာစခန်း ၄ ခုဖွင့်

🟥နိုင်ငံခြားသား ၅ဝဝ ကျော်နေရာချထားပေးပြီး ထပ်တိုးနိုင်ဟုဆို အောက်တိုဘာ ၂၃ ၊ Migrant Times ။ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်တွင် မြန်မာဘက်ခြမ်း မြ၀တီမြို့နယ်ရှိ “KK Park” ဝင်း အတွင်းမှ ထွက်ပြေးလာသူများအတွက် ယာယီခိုလှုံရာစခန်း ၄ ခုဖွင့်လှစ်ထားကြောင်း ထိုင်းသတင်းကယနေ့ဖော်ပြသည်။ ထိုင်း-မြန်မာနယ်စပ်အခြေအနေသည် မြန်မာစစ်တပ်က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ “KK Park” ဟုခေါ်သော လိမ်လည်မှုစခန်းဝင်းအတွင်း လိမ်လည်သူများကို နှိမ်နင်းခြင်း စတင်ပြီးနောက်ပိုင်း အာရုံစိုက်မှု ပြန်လည်ရရှိလာကြောင်း ဖော်ပြသည်။ ယင်းနေရာသည် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မယ်ကူကျေးရွာအုပ်စု၊ အမှတ် (၉) ရွာ၊ ဘန်မဲကူသာဆွန်နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိပြီး စစ်ဆင်ရေးကြောင့် နိုင်ငံခြားသား အများအပြား အသက်လုပြီး ထိုင်းနိုင်ငံဘက်သို့ နယ်စပ်ဖြတ်ကျော်

Read More
သတင်း အလုပ်သမား သတင်း

ချင်းမိုင်မြို့တွင် လက်သည်းပြုပြင်သည့် မြန်မာ အမျိုးသမီး ၁ ဦးနှင့် အလုပ်ရှင်ကိုဖမ်းဆီး

အောက်တိုဘာ ၂၃ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့တွင် လက်သည်းပြုပြင်ရေးဝန်ထမ်းပြုလုပ်နေသည့် မြန်မာအမျိုးသမီး ၁ ဦးအားလုပ်ပိုင်ခွင့်မရှိဟုဆိုကာ ချင်းမိုင်လူဝန်မှုကြီးကြပ်ရေးဌာနက ယမန်နေ့ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။ ချင်းမိုင်ခရိုင် မယ်ဟီမြို့နယ်ရှိ ဆိုင်တခုတွင် လက်သည်းပြုပြင်ရေးဝန်ထမ်းပြုလုပ်နေသည့် မြန်မာအမျိုးသမီး ၁ ဦးအားနိုင်ငံခြားသားအနေဖြင့် လုပ်ပိုင်ခွင့်မရှိသည့် အလုပ်လုပ်ကိုင်ခြင်း၊ အလုပ်ရှင်အား နိုင်ငံခြားသားအား အလုပ်စေထိုင်ခြင်း ဖြင့် ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်လူဝန်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်သည်။ မြန်မာ အမျိုးသမီးသည် ထိုင်းအလုပ်ရှင်တစ်ဦးနှင့်အတူ အလုပ်လုပ်ကိုင်ရန် ခွင့်ပြုချက်ရှိသော်လည်း အလုပ်ဟောင်းမှ နုတ်ထွက်ပြီး ယခုဆိုင်တွင် လက်သည်းပြုပြင်သူအဖြစ် ၂ လခန့် လာရောက်လုပ်ကိုင်နေကြောင်း၊ လစဉ်လုပ်ခ ၁၄,၀၀၀ ဘတ်ရကြောင်း ဝန်ခံခဲ့သည်။ အလုပ်ရှင်ဖြစ်သူ ကလည်း နိုင်ငံခြားသားအား အလုပ်ရှင်ပြောင်းလဲခြင်းကို အကြောင်းကြားခြင်းမရှိဘဲ

Read More
သတင်း

ထိုင်းမှာ ယနေ့ ဆောင်းရာသီစတင်

🟥ဖန်ရှန် မုန်တိုင်းကြောင့် တောင်ပိုင်းတွင် မိုးသည်းထန်မည် အောက်တိုဘာ ၂၃ ၊ Migrant Times ။ ထိုင်းနိုင်ငံတွင် ယနေ့သည် ပထမဆုံး ဆောင်းရာသီစတင်သည့်နေ့ဖြစ်ပြီး မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့၌ အနိမ့်ဆုံး အပူချိန် ၁၈ ဒီဂရီစင်တီဂရိတ် ရှိလာကြောင်း ထိုင်းမိုးလေဝသဌာန (TMD) ကထုတ်ပြန်သည်။ ထိုင်းနိုင်ငံ၏ ဆောင်းရာသီကြောင့် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် ပိုမိုအေးမြသည့် ရာသီဥတု ဖြစ်ပေါ်လာမည်ဟု TMD ကပြောသည်။ သို့သော်လည်း ဖန်ရှန် (Fengshen) မုန်တိုင်း၏ ကျန်ရှိနေသည့် အရှိန်ကြောင့် တောင်ပိုင်းတွင် မိုးသည်းထန်ခြင်းနှင့် လှိုင်းကြီးခြင်းများ ဖြစ်ပေါ်မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ လာမည့် ၂၄ နာရီအတွင်း ထိုင်းပင်လယ်ကွေ့အပေါ်တွင် အားကောင်းသော အရှေ့မြောက် မုတ်သုံလေပေါင်းစပ်မှုကြောင့် ထိုင်းတောင်ပိုင်းပြည်နယ်များတွင် မိုးအလွန်သည်းထန်နိုင်ပြီး နာခွန်စီထမ်မာရတ် ၊

Read More
သတင်း အလုပ်သမား သတင်း

ထိုင်းတောင်ပိုင်းမှာ မြန်မာအမျိုးသမီး ၂ ဦးထံက ဘတ် ၂ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

အောက်တိုဘာ ၂၃ ၊ Migrant Times ။ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငါခရိုင် ၊ တကွာပါမြို့နယ်တွင် မက်သဖက်တမင်း မူးယစ်ဆေးဝါးများအား ဝှက်၍သယ်ဆောင်လာသည့် မြန်မာအမျိုးသမီး ၂ ဦးအား ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။ ဖမ်းဆီးရမိသည့် သက်သေခံပစ္စည်းများသည် အလေးချိန်မှာ စုစုပေါင်း ၁,၃၉၅.၁၇ ဂရမ် ရှိပြီး တန်ဖိုးအားဖြင့် ဘတ် ၂ သန်းကျော်ရှိကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ ယမန်နေ့၊ အောက်တိုဘာလ ၂၂ ရက်၊ ညနေ ၄ နာရီတွင် ရဲအရာရှိများသည် တကွာပါခရိုင် ဘတ်စ်ကားဂိတ်၌သတင်းအရ စောင့်ခဲ့ကြပြီး ချွန်ဖွန်-ဖူးခက် ခရီးသည်တင်ဘတ်စ်ကားဖြင့် ရောက်ရှိလာသော အသက် ၄ဝ အရွယ် မြန်မာအမျိုးသမီး ၂ ဦးကို တွေ့ရှိပြီးရှာဖွေခဲ့ကြောင်း သတင်းကဖော်ပြသည်။ ရှာဖွေခဲ့ရာတွင် ၎င်းတို့၏ ဘရာစီယာများအတွင်း

Read More
သတင်း အလုပ်သမား သတင်း

မြန်မာအမျိုးသမီး ၁ ဦး စက်ညှပ်မိပြီး လက်ဖြတ်လိုက်ရသော်လည်း လျော်ကြေးမရ

အောက်တိုဘာ ၂၂ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ ခိုလမြို့ရှိ အိုင်ဖစ်ရေသန့်စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား မဝင်းဝင်းအေးသည် လုပ်ငန်းခွင်တွင် စက်ညှပ်မိပြီး ညာဘက်လက် တံတောင်ဆစ်အပေါ်မှ ဖြတ်လိုက်ရသော်လည်း လျော်ကြေးမရသည့်အတွက် ကူညီမှုပေးနေကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့မှထုတ်ပြန်သည်။ မဝင်းဝင်းအေးသည်ပြီးခဲ့သည့်  ဇွန်လ ၂ ရက်နေ့တွင်လုပ်ငန်းခွင်အတွင်း ရေသန့်ကိုင်သည့် စက်လည်ပြီး ညာဘက်လက်နှင့်ဆံပင်များညှပ်ပါသွားခဲ့ရာမှ ခိုလမြို့ရှိ မဟာလဆေးရုံတွင် ဆေးကုသမှုခံနေပြီး ညဘက်လက် တံတောင်ဆစ်အပေါ်မှဖြတ်ခဲ့ရခြင်းဖြစ်သည်။ သူမသည် ထိုစက်ရုံတွင် အလုပ်နေသည်မှာ ၁ နှစ်ကျော်ရှိပြီ ဖြစ်ပြီး ညာဘက်လက်ဆုံးရှုံးသွားသည့်အတွက် နစ်နာ‌ကြေးရရှိရန် အောက်တိုဘာ ၂၁ ရက်နေ့တွင် WAG အဖွဲ့ထံ အကူညီ‌တောင်းခဲ့ကြောင်း သိရသည်။ “လက်ရှိကတော့ သူကိုတော့ သူဌေးက ပကန်(လူမှုဖူလုံရေးအာမခံ)တင်ထားတယ်ပေါ့ အလုပ်သမားက ဒီလိုပဲသိတယ်။ကျွန်တော်တို့

Read More
သတင်း အလုပ်သမား သတင်း

ကနေဒါနှင့် သြစတြေးလျတွင် လုပ်ကိုင်ရမည်ဆိုကာ ထိုင်းတွင် လူ၁၇ဝ နီးပါး ဘတ် ၁၂ သန်းကျော် လိမ်လည်ခံရ

အောက်တိုဘာ ၂၂ ၊ Migrant Times ။ ထိုင်းနိုင်ငံတွင် ကနေဒါနှင့် သြစတြေးလျနိုင်ငံများရှိ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရမည်ဟုဆိုသည့် ကုမ္ပဏီနှင့်ကိုယ်စားလှယ်များကို ဘတ် ၁၂ သန်းကျော်ခန့်ငွေးပေးချေခဲ့ပြီး လိမ်လည်ခံခဲ့ရကြောင်း အလုပ်ရှာဖွေခဲ့သူ ၁၆၉ ဦးကပြောကြားသည်။ ၎င်းတို့သည် လိမ်လည်ခံခဲ့ရသည့်အတွက် အလုပ်အကိုင်ရှာဖွေရေးဌာန (DOE)ကိုတိုင်ကြားခဲ့ပြီး DOE ညွှန်ကြားရေးမှူးချုပ် ဖီချက်ထောင်ဖန်ဒ်က အောက်တိုဘာလ ၂၁ ရက်နေ့တွင် တိုင်ကြားမှုများ လက်ခံရန် ပူးပေါင်းဆောင်ရွက်ညှိနှိုင်းခဲ့ကြောင်း DOE ကယနေ့ထုတ်ပြန်သည်။ အလုပ်ရှာဖွေခဲ့သူ စုစုပေါင်း ၁၆၉ ဦးသည် ဗီဇာလျှောက်ထားသည့် ကုမ္ပဏီတစ်ခု၏ ကိုယ်စားလှယ်များဟု အယောင်ဆောင်သူများက ဆိုရှယ်မီဒီယာများမှတစ်ဆင့် ကနေဒါနှင့် သြစတြေးလျတွင် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် စေလွှတ်ပေးနိုင်ကြောင်း ကြော်ငြာကာ လိမ်လည်လှည့်ဖြားခဲ့ခြင်းကို ခံခဲ့ရကြောင်း DOE ကထုတ်ပြန်သည်။ ၎င်းတို့က စိုက်ပျိုးရေးလုပ်ငန်းများတွင်

Read More