နိုဝင်ဘာ 8, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

သတင်း

သတင်း အလုပ်သမား သတင်း

“ တရက်တာ ရွှေ့ပြောင်းရေးရာသတင်း”

အောက်တိုဘာ ၃ဝ ၊ Migrant Times ။ – ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် – CI စာအုပ် သက်တမ်းတိုးပေးသည့် Mobile Unit စင်တာများကို ယခင်က နိုဝင်ဘာလ ၅ ရက်ထိသာပြုလုပ်ပေးမည်ဟုသတ်မှတ်ထားခဲ့သော်လည်း ဒီဇင်ဘာလ ၂၁ ရက်ထိ တို့းမြှင့်ပြုလုပ်ပေးရန် မြန်မာနိုင်ငံဘက်မှသတ်မှတ်လိုက်ကြောင်း ထိုင်းအလုပ်သမားရေးရာဌာနက စာထုတ်ပြန်သည်။ – ထိုင်းနိုင်ငံတောင်ပိုင်းတွင် အခြေစိုက်သည့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်းဒေးရှင်း (FED)၏၂၅ နှစ်ပြည့် ငွေရတု အထိမ်းအမှတ်ပွဲကို လာမည့် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ရွှေ့ပြောင်း အလုပ်သမားများ၏ ဘဝ၊ ကြိုးစားရုန်းကန်မှု၊ အခက်အခဲနှင့် လူမှုဘဝ လှုပ်ရှားမှုများကို ပေါ်လွင်စေမည့် ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါး၊ ဓာတ်ပုံ၊ကာတွန်း၊ပညာပေးဇာတ်လမ်းတိုနှင့် သီချင်းဖြင့်လည်း

Read More
သတင်း

ချင်းမိုင်တွင် လိမ်လည်မှုများလုပ်သည့် တရုတ် Call Center ဂိုဏ်းဝင် ၂ဝ ဦးကိုဖမ်းမိ 🟥လစာ ဘတ် ၁ သိန်းကျော်ရပြီး တလ ဘတ် ၁ သိန်းကျော်တန်ဇိမ်ခံအိမ်ကိုငှားရမ်းထား

အောက်တိုဘာ ၃ဝ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့ ၊ မောင်ချင်းမိုင် (Mueang Chiang Mai) ၊ ဒေါင်းကဲဝ် (Don Kaeo) ရပ်ကွက်ရှိဇိမ်ခံအိမ်တစ်လုံးကို ယနေ့နံနက်တွင် ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းခဲ့ပြီး Call Center နှင့် အခြားလိမ်လည်မှုများပြုလုပ်သည့် တရုတ်နိုင်ငံသား ၂၀ ဦးကို ဖမ်းမိခဲ့ကြောင်း ချင်းမိုင်သတင်းကဖော်ပြသည်။ တရုတ်နိုင်ငံသားများသည် ၎င်းဇိမ်ခံနေအိမ်ကို တစ်လလျှင် ဘတ်ငွေ ၁၂၀,၀၀၀ ဖြင့် ငှားရမ်းထားကြပြီး နှစ်လကျော်ကြာ ပုန်းခိုနေခဲ့ကြကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ ဝင်ရောက်စီးနင်းစဉ်တွင်တရုတ်အမျိုးသား ၁၄ ဦး ၊ အမျိုးသမီး ၆ ဦး စုစုပေါင်း ၂ဝ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး လူတစ်ဦးမှာ ဒုတိယထပ်မှ

Read More
သတင်း အလုပ်သမား သတင်း

FED ၏၂၅ နှစ်ပြည့် ငွေရတု အထိမ်းအမှတ်ပွဲ ကျင်းပမည်

အောက်တိုဘာ ၃ဝ ၊ Migrant Times ။ ထိုင်းနိုင်ငံတောင်ပိုင်းတွင် အခြေစိုက်သည့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်းဒေးရှင်း (FED)၏၂၅ နှစ်ပြည့် ငွေရတု အထိမ်းအမှတ်ပွဲကို လာမည့် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း FED အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က Migrant Times ကိုပြောကြားသည်။ FED ၂၅ နှစ်ပြည့် ငွေရတု အထိမ်းအမှတ်အဖြစ် လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်စို့၊အလုပ်သမားဘဝ တိုးတက်ဖို့ မူးယစ်ဆေးဝါးရှောင်ကြစို့၊ ရွေ့ပြောင်း ပညာရေး အားပေးစို့ စသည့် ရွှေ့ပြောင်း အလုပ်သမားများ၏ ဘဝ၊ ကြိုးစားရုန်းကန်မှု၊ အခက်အခဲနှင့် လူမှုဘဝ လှုပ်ရှားမှုများကို ပေါ်လွင်စေမည့် ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါး၊ ဓာတ်ပုံ၊ကာတွန်း၊ပညာပေးဇာတ်လမ်းတိုနှင့် သီချင်းဖြင့်လည်း ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း ဖိတ်ခေါ်ထားသည်။

Read More
သတင်း အလုပ်သမား သတင်း

ဖူးခက်တွင် မြန်မာ ၁ ဦး အမှိုက်ကားပေါ်က ပြုတ်ကျပြီးသေဆုံး

အောက်တိုဘာ ၃ဝ ၊ Migrant Times ။ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်မြို့တွင် အမှိုက်သိမ်းဆည်းသည့်ကားပေါ်က ပြုတ်ကျသည့် မြန်မာအလုပ်သမား ၁ ဦးသေဆုံးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။ အသက် ၂၈ နှစ်အရွယ် မြန်မာအလုပ်သမား ကိုဝေလင်းကျော်သည် အောက်တိုဘာလ ၂၈ ရက်နေ့ ၊ နေ့လယ် ၂ နာရီ ၂ဝ မိနစ်ခန့်၌ ဖူးခက်မြို့၊ Kathu ရပ်ကွက် လူမှုဖူလုံရေးရုံးရှေ့ လမ်းမပေါ်တွင် အမှိုက်သိမ်းဆည်းသည့်ကားပေါ်က ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ကိုဝေလင်းကျော်အား ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့သော်လည်း ရရှိသည့်ဒဏ်ရာမျာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။ ကားမောင်းသူက ကိုဝေလင်းကျော်နှင့်အလုပ်သမား ၁ ဦးသည် ကားနောက်ရှိအမှိုက်ထုပ်များပေါ်တွင် ထိုင်လျက်လိုက်ပါလာကြပြီး အမှိုက်ထုပ် တစ်ထုပ်လျှောကျရာမှ ကိုဝေလင်းကျော်သည် ဟန်ချက်ပျက်ကာ ၁၂ ပေခန့်အမြင့်မှ လမ်းပေါ်သို့

Read More
သတင်း အလုပ်သမား သတင်း

ကိုဖန်ငန်ကျွန်းရှိ လိုင်စင်မဲ့ ဟိုတယ်နှစ်ခုတွင် လုပ်ကိုင်နေသည့် မြန်မာ ၅ ဦးပါ ၁၂ ဦး ဖမ်းဆီးခံရ

အောက်တိုဘာ ၃ဝ ၊ Migrant Times ။ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရတ်ဌာနီပြည်နယ်၊ ကိုဖန်ငန်ကျွန်းတွင် အောက်တိုဘာလ ၂၈ ရက်နေ့က လိုင်စင်မဲ့ ဟိုတယ်နှစ်ခုကို ခရီးသွားရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး တရားမဝင် လုပ်ကိုင်မှုဖြင့် စပိန်နိုင်ငံသား ၃ ဦး၊ ထိုင်းနိုင်ငံသား ၂ ဦး၊ အာဂျင်တီးနားနိုင်ငံသား ၁ ဦး၊ ပိုလန်အမျိုးသမီး ၁ ဦးနှင့် မြန်မာလုပ်သား ၅ ဦးအပါအဝင် စုစုပေါင်း (၁၂) ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ခရီးသွားရဲတပ်ဖွဲ့က ကိုဖန်ငန်ရပ်ကွက်ရှိ The 10 Club Hostel ကိုဝင်ရောက်စစ်ဆေးခဲ့ရာတွင်ထိုင်းအမျိုးသမီး ၁ ဦး၊ စပိန်အမျိုးသား ၁ ဦးတို့ကို ခွင့်ပြုချက်မရှိဘဲ ဟိုတယ်လုပ်ငန်း ပူးတွဲလုပ်ကိုင်မှုဖြင့် ဖမ်းဆီးခဲ့သည်။ ၎င်းဟိုစတယ်တွင်

Read More
သတင်း အလုပ်သမား သတင်း

တရက်တာ ရွှေ့ပြောင်းရေးရာသတင်း

အောက်တိုဘာ ၂၉ ၊ Migrant Times ။ – ကရင်ပြည်နယ်၊ မြဝတီမြို-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် အင်ဒိုနီးရှားနိုင်ငံသား ၂၆ ဦးအား ယနေ့တွင် မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ – ထိုင်းနိုင်ငံ ၊ ကန်ချနဘူရီမြို့၊ ထားမခမ်းရပ်ကွက် မီးရထားလမ်းဆုံတွင် ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်၌ ရဲတပ်ဖွဲ့က Honda Jazz ကားတစ်စီးအား စစ်ဆေးရာ ကားအတွင်း၌ ပြည့်ကျပ်စွာလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၂ ဦးကိုတွေ့ရှိပြီး မည်သည့်စာရွက်စာတမ်းမှ မပြနိုင်သည့်အတွက်ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

Read More
သတင်း အလုပ်သမား သတင်း

ကန်ချနဘူရီတွင် ကားအတွင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၂ ဦး ဖမ်းဆီးခံရ

အောက်တိုဘာ ၂၉ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ ကန်ချနဘူရီမြို့တွင် ရဲတပ်ဖွဲ့က မည်သည့်စာရွက်စာတမ်းမှ မပြနိုင်သော မြန်မာနိုင်ငံသား ၁၂ ဦး အားကားတစ်စီးအတွင်း တွေ့ရှိသည့်အတွက် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်တွင် ကန်ချနဘူရီ၊ ထားမခမ်းရပ်ကွက် မီးရထားလမ်းဆုံတွင် ရဲတပ်ဖွဲ့က Honda Jazz ကားတစ်စီးအား စစ်ဆေးရာ ကားအတွင်း၌ ပြည့်ကျပ်စွာလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၂ ဦးကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကားအား မောင်းနှင်သူသည် မြန်မာနိုင်ငံသား ၁ ဦးဖြစ်ပြီး ၎င်းသည်မြန်မာနိုင်ငံသား ၁၂ ဦးအား တစ်ဦးလျှင် ဘတ်ငွေ ၂,၀၀၀ နှုန်းဖြင့် ရာချဘူရီပြည်နယ်၊ ဘန့်ပုံမြို့နယ်သို့ပို့ဆောင်ရန်အတွက် ငှားရမ်းခံရကြောင်း သိရသည်။ ၎င်းသည် လွန်ခဲ့သည့်

Read More
သတင်း

အွန်လိုင်းလိမ်လည်မှုတွင် ပါဝင်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံသား ၂၆ ဦးအား လွှဲပြောင်း

အောက်တိုဘာ ၂၉ ၊ Migrant Times ။ ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံသား ၂၆ ဦးအား ယနေ့တွင် မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ၎င်းပြင် မြဝတီမြို့-မဲ့ထော်သလေး (KK Park) နယ်မြေသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပါကစ္စတန်နိုင်ငံသား ၆ဝ ဦး၊ ကင်ညာနိုင်ငံသား ၅၆ ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၄၁ ဦးနှင့် အိန္ဒိယနိုင်ငံသား ၁၁ ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ၁၆၈ ဦးကို ယနေ့တွင်

Read More
သတင်း အလုပ်သမား သတင်း

ထိုင်းမှာ မြန်မာအလုပ်သမား ၂ဝ ဦး လုပ်အားခနှင့်နစ်နာကြေး ဘတ် ၅ သိန်းပြန်ရ

အောက်တိုဘာ ၂၉ ၊ Migrant Times ။ ထိုင်းနိုင်ငံ၊ စမွတ်စခွန်ပြည်နယ် ၊ မဟာချိုင်မြို့နယ် ဘန်ဘော်(၃)ရပ်ကွက်ရှိ ထိုင်း-တရုတ် ဆောက်လုပ်ရေး အချောထည်ထုတ်သည့် ကုမ္ပဏီတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား ၂ဝ ဦး၏ လုပ်အားခနှင့်နစ်နာကြေး ဘတ်ငွေ ၅ သိန်းခန့် ပြန်လည်ရရှိခဲ့ကြောင်း AAC မဟာမိတ်အဖွဲ့မှထုတ်ပြန်သည်။ ၎င်းအလုပ်သမားများသည် ပြီးခဲ့သည့် နှစ်ကစပြီး လုပ်အားခ မမှန်ခြင်းနှင့် လုပ်အားခ အပြည့်အဝမရရှိခြင်းများ ဖြစ်ပွားခဲ့သည့်အတွက် ယခုနှစ် စက်တင်ဘာလ (၁) ရက်နေ့တွင် AAC အဖွဲ့ထံ အကူညီတောင်းခဲ့ခြင်းဖြစ်သည်။ “သူတို့အလုပ်ဆိုဒ်နေရာထိသွားပြီးအကျိုးအကြောင်းမေးတယ်။ မလုပ်တော့ဘူးအကုန်လုံးထွက်ကြမယ်ဆိုတော့ နေစရာနေရာမရှိဘူး။ အဲ့တော့ အဲ့ ၁ ရက်နေ့(စက်တင်ဘာလ ၁ ရက်) ညတွင်းချင်း ရုံးကို ပြောင်းကြတယ်။ ပြီးတော့ ၃

Read More
သတင်း အလုပ်သမား သတင်း

မဟာချိုင်မှာ ဝက်သားတုတ်ထိုး ရောင်းသည့် မြန်မာ ၂ ဦးဖမ်းဆီခံရ

အောက်တိုဘာ ၂၉ ၊ Migrant Times ။ ထိုင်းနိုင်ငံ၊ စမွတ်စခွန်ပြည်နယ် ၊ မဟာချိုင်မြို့နယ် တာ့ဆိုင်းရပ်ကွက်တွင် ဝက်သားတုတ်ထိုး ရောင်းသည့် မြန်မာနိုင်ငံသား ၂ ဦးကို အလုပ်လုပ်ကိုင်ခွင့်မရှိဘဲ ရောင်းချသည့်အတွက် ဖမ်းဆီးခဲ့ကြောင်းထိုင်းသတင်းက ယနေ့ဖော်ပြသည်။ ၎င်း ၂ ဦးအား ဝက်သားတုတ်ထိုး ရောင်းချရန်အတွက် ပြင်ဆင်နေစဉ်ဖမ်းမိခဲ့ပြီး စစ်ဆေးရာတွင် အလုပ်လုပ်ခွင့် စာရွက်စာတမ်းများ မှန်ကန်စွာ ပြသနိုင်ခြင်းမရှိကြောင်း လူဝင်မှုကြီးကြပ်ရေးအဖွဲ့ကပြောကြားသည်။ အလားတူ မဟာချိုင်ရှိ သစ်သီးဖျော်ရည်ရောင်းသည့် ဆိုင်တခုတွင် ကမ္ဘောဒီးယားနိုင်ငံသား ၁ ဦးသည် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ ရောင်းချနေသည်ကို တွေ့ရှိခဲ့သည့်အတွက် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ Photo – Dek Samut Sakhon #Migranttimes #မဟာချိုင် #မြန်မာ #ထိုင်း #Thailand YouTube

Read More