ရနောင်းတွင် ခရုများ သယ်ဆောင်လာသည့် တရားမဝင် မြန်မာလှေကို ဖမ်းမိ
ထိုင်းနိုင်ငံ၊ ရနောင်းမြို့နယ်၊ ပါ့ခလောင်းကျေးရွာအနီးရှိ ဆိပ်ခံတံတားတစ်ခုတွင် ခရု ၅ တန်ကျော် သယ်ဆောင်လာသည့် တရားမဝင်ဝင်ရောက်သည့် မြန်မာလှေတစ်စီးကို ဖမ်းမိကြောင်း ထိုင်းသတင်းပေ့စ်တစ်ခုတွင် မေလ ၁၅ ရက်နေ့က ဖော်ပြသည်။ ရနောင်းပြည်နယ် ငါးလုပ်ငန်းရုံးနှင့် ရနောင်းငါးလုပ်ငန်းစစ်ဆေးရေးဂိတ်တို့ ပူးပေါင်း၍ တရားမဝင် ရေသယံဇာတ တင်သွင်းမှုများကို နှိမ်နင်းစဉ်ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဌင်းလှေတွင် မြန်မာနိုင်ငံအလံ တပ်ဆင်ထားကာ လှေပေါ်တွင် မြန်မာနိုင်ငံသား ရေလုပ်သားများ ပါဝင်ပြီး တရားဝင်တင်သွင်းခွင့် စာရွက်စာတမ်းများ တောင်းခံခဲ့ရာ တင်ပြနိုင်ခြင်း မရှိကြောင်း ရနောင်းပြည်နယ် ငါးလုပ်ငန်းရုံးမှသိရသည်။ စစ်ဆေးချက်အရ လှေပေါ်တွင် ခရု (surf clam) အိတ်ပေါင်း ၁၄၆ အိတ်၊ တစ်အိတ်လျှင် အလေးချိန် ကီလိုဂရမ် ၄၀ စီ၊ စုစုပေါင်းအလေးချိန် ၅,၈၄၀ ကီလိုဂရမ်