ဘန်ကောက်တွင် ဇူလိုင် ၁ ရက်မှစ၍ အနိမ့်ဆုံးလုပ်ခ ဘတ် ၄ဝဝ ရရှိမည်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အလုပ်သမားအားလုံး ဇူလိုင် ၁ ရက်မှစ၍ အနိမ့်ဆုံးလုပ်ခ ဘတ် ၄ဝဝ ရရှိမည်ဖြစ်ကြောင်း အမျိုးသားလုပ်ခကော်မတီက ဇွန်လ ၁၇ ရက်တွင် ပြောကြားသည်။ ထို့ပြင် အနိမ့်ဆုံးလုပ်ခ ဘတ် ၄ဝဝ ကို နိုင်ငံတစ်ဝန်းရှိ ဟိုတယ်အများစုနှင့် ဖျော်ဖြေရေးနေရာများရှိ အလုပ်သမားများအတွက်လည်း ကျင့်သုံးမည်ဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် ဘန်ကောက်မြို့တော်နှင့် ပတ်ဝန်းကျင်ပြည်နယ်များတွင် အနိမ့်ဆုံးလုပ်ခသည် တစ်ရက်လျှင် ဘတ် ၃၇၂ သတ်မှတ်ထားသည်။ ထိုင်း၏ အခြားနေရာများတွင် အနိမ့်ဆုံးတစ်ရက်လုပ်ခသည် ပြည်နယ်အလိုက် ဘတ် ၃၃၇ မှ ၃၈၀ အထိရှိသည်။ ဘတ် ၄ဝဝ နှုန်းထားကို ဖူးခက်၊ ချွန်ဘူရီ၊ ရယောင်း၊ ချာချိုအန်ဆောင်းနှင့် ကော့စမွိုင်း ခရီးသွားကျွန်းတို့တွင်သာ ကျင့်သုံးထားသည်။ ထိုင်းလုပ်ခကော်မတီဥက္ကဌနှင့် အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်လည်းဖြစ်သည့်
