နိုဝင်ဘာ 7, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

News

သတင်း

ဘန်ကောက်မြို့တွင် ပစ်ခတ်မှုဖြစ်ပြီး ၆ ဦး သေဆုံး

ဇူလိူင် ၂၈ ၊ Migrant Times ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ချက်တူချပ်မြို့နယ်ရှိ အော်တိုကော်ဈေး Or Tor Kor တွင် ယနေ့ ဇူလိုင် ၂၈ ရက်နေ့ မွန်းလွဲပိုင်း ၌ ပစ်ခတ်မှုဖြစ်ပွားပြီး၆ ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ အသက် ၆၁ နှစ်အရွယ် အသက်ကြီးပိုင်း အမျိုးသား သေနတ်သမားသည် အနက်ရောင်ရှပ်အင်္ကျီ၊ ပြောက်ကျား ဘောင်းဘီတိုဝတ်ဆင်ကာ ကျောပိုးအိတ်တစ်လုံးနှင့် ဈေးအတွင်းဝင်ရောက်ခဲ့ပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်မှုကြောင့် လုံခြုံရေးဝန်ထမ်း ၄ ဦး၊ဈေးသည်အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး သေနတ်သမားသည် မိမိကိုယ်ကိုပစ်ခတ်ကာ အဆုံးစီရင်ခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သေနတ်သမားသည် နခွန်ရတ်ချ်စီမာပြည်နယ်၊ ခေါင်ခရိုင်မှ ဖြစ်ပြီး လုံခြုံရေးဝန်ထမ်းဟောင်းတစ်ဦးဖြစ်ကာ ပစ်သတ်ခံရသည့် လုံခြုံရေးဝန်ထမ်းသုံးဦးနှင့် အတူ ကုမ္ပဏီတစ်ခုတည်းတွင်

Read More
သတင်း

ဖူးခက်တွင် မြန်မာလုပ်သား ၄ဝ ကျော်ကို ၃ လစာမပေးပဲ အလုပ်ထုတ်

ဇူလိူင် ၂၈ ၊ Migrant Times ထိုင်းနိုင်ငံတောင်ပိုင်း ၊ ဖူးခက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် လုပ်ငန်းရှင်က မြန်မာအလုပ်သမား ၄၁ ဦးအား လုပ်ခ ၃ လစာမပေးသည့်အပြင် အလုပ်မှထုတ်ခဲ့ကြောင်း ကူညီပေးနေသည့် WAG အလုပ်သမားမဟာမိတ်အဖွဲ့မှသိရသည်။ မြန်မာအလုပ်သမားများသည် လတ်တလောတွင် စားဝတ်နေရေးအခက်အခဲနှင့်ရင်ဆိုင်နေရပြီး ၎င်းတို့၏လုပ်အားခများပြန်လည်ရရှိရန်အတွက် ကူညီဆောင်ရွက်ပေးမည်ဟု WAG အဖွဲ့တာဝန်ခံကိုမုန်တိုင်းကပြောကြားသည်။ “ သူတို့ရဲ့ လုပ်ခလစာရဖို့ နယ်မြေခံ စဝါဒီကန်ရုံး(အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန) ကိုတိုင်ကြားရမှာပေါ့။ စဝါဒီကန်နဲ့ချိတ်ပြီးအလုပ်လုပ်ရမယ်၊ ရုံးပိတ်ထားတော့လုပ်မရသေးဘူး” ဟု ၎င်းက Migrant Times ကိုပြောသည်။ မြန်မာအလုပ်သမားများ၏ အကူအညီတောင်းခံချက်အရ ဖူးခက်မြို့တွင် အလုပ်သမားများနှင့်ယနေ့တွေ့ဆုံမည်ဟု သူကဆက်ပြောသည်။ ထိုင်းနိုင်ငံရှိ စက်ရုံ အလုပ်ရုံများတွင် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် စက်ရုံသူဌေးက ပွဲစားများနှင့်ပူးပေါင်းကာ အကြောင်းမဲ့ အလုပ်ထုတ်ခံရခြင်း ၊

Read More
သတင်း

ထိုင်းနှင့် ကမ္ဘောဒီးယား တတိယနေ့ စစ်ပွဲ ဘာထူးခြားလဲ

ဇူလိူင် ၂၅ ၊ Migrant Times ။ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ အငြင်းပွားနယ်စပ်ဒေသတွင် ဇူလိူင်လ ၂၄ ရက်နေ့ နံနက်ကစပြီး နှစ်ဖက်တပ်တွေအကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ယနေ့ ဇူလိူင်လ ၂၆ ရက်နေ့တွင်လည်း တတိယမြောက်နေ့အဖြစ် တိုက်ပွားများဖြစ်ပွားနေပြီးထူးခြားချက်များကို ထိုင်းသတင်းဌာနများမှ ကောက်နုတ်ဖော်ပြလိုက်သည်။

Read More
သတင်း

မဲဆောက် မြို့တော်ဝန်ရုံးတွင် ဆယ်နှစ်ခံကဒ်မှ ရေရှည်နေထိုင်ခွင့်ကဒ်များပြုလုပ်ပေး

ဇူလိူင် ၂၅ ၊ Migrant Times ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မြို့တော်ဝန်ရုံး (အမ်ဖေရုံး)တွင် ဆယ်နှစ်ခံကဒ်(နိုင်ငံမဲ့ကဒ်) မှ ရေရှည်နေထိုင်ခွင့် (PR) ဟုသတ်မှတ်နိုင်သည့် ထိုင်းအစိုးရလူဦးရေစာရင်းဝင်အထောက်အထားကဒ်ပြောင်းလဲခြင်းအား ယနေ့မှစတင်ကာ ပြုလုပ်နေပေးနေကြောင်း မြို့ခံအချို့မှသိရသည်။‌ဆယ်နှစ်ခံကဒ်သည် လူနည်းစု၊ တိုင်းရင်းသားများအတွက် ရိုက်နှိပ်ပေးသော ကဒ်အမျိုးအစားဖြစ်ပြီး ၈၉ နံပါတ်ဖြင့်စသည့် ဆယ်နှစ်ခံကဒ်ကိုင်ဆောင်ထားသည့် တိုင်းရင်းသားများ ယခုအစီအစဉ်တွင် လျှောက်ထားခွင့်ရမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းအစိုးရ လူဦးရေစာရင်းဝင်အထောက်အထားကဒ် ရရှိသူသည် ထိုင်းနိုင်ငံတွင် ရေရှည်နေထိုင်နိုင်ပြီး ခရီးသွားလာခွင့်အတွက် နယ်ကျော် အထောက်အထားတောင်းခံစရာ မလိုပဲ ရာသက်ပန်နေထိုင်ခွင့်ရမည်ဖြစ်သည်။ ထိုင်းအစိုးရ လူဦးရေစာရင်းဝင်အထောက်အထားကဒ် ရရှိသူသည် အစိုးရသတ်မှတ်ချက်များအတိုင်း ၃ နှစ်နှင့်အထက် နေထိုင်ပြီးပါက ထိုင်းနိုင်ငံသားအဖြစ် လျှောက်ထားခွင့်ရှိကြောင်း သိရသည်။ “ ထိုင်းမှာမွေးပြီး ထိုင်းမွေးစာရင်းရှိသူတွေအနေနဲ့တော့ ထိုင်းနိုင်ငံသားအဖြစ် ရရှိဖို့

Read More
သတင်း

ထိုင်းရောက် မြန်မာများ လုံခြုံရေးသတိပြုရန် ဗန်ကောက် မြန်မာသံရုံးသတိပေး

ဇူလိူင် ၂၅ ၊ Migrant Times ။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်ဒေသသို့ ခရီးသွားလာခြင်း ရှောင်ရှားရန်နှင့် လုံခြုံရေး သတိပြုရန် ဗန်ကောက်အခြေစိုက် မြန်မာသံရုံးကယနေ့(ဇူလိူင် ၂၅)တွင်သတိပေး ထုတ်ပြန်သည်။ နယ်စပ်ဒေသတွင် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပေါ်နေပြီး ပြည်သူများအား အန္တရာယ်ကင်းရာသို့ ရွေ့ပြောင်းရန် သတိပေးထားကြောင်း၊ နှစ်နိုင်ငံအကြား ဖြစ်ပေါ်နေသည့် ပဋိပက္ခများအကြား မလိုလားအပ်သည့် ဖြစ်ရပ်များဖြစ်ပေါ်ခြင်း မရှိစေရန် ထိုင်းရောက် မြန်မာများ သတိပြုရန်လိုကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ ထိုင်းနှင့် ကမ္ဘောဒီးယား တို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံကြား လက်ရှိဖြစ်ပေါ်နေသည့် ပြဿနာများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ဗန်ကောက်အခြေစိုက် မြန်မာသံရုံးကပြောသည်။ ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံအကြား ပဋိပက္ခများကြောင့် ထိုင်းနိုင်ငံတွင်

Read More
သတင်း

မဲဆောက်တွင် နည်းပညာသုံး ငွေကြေးလိမ်လည်သည်ဆိုကာ မြန်မာ ၃ ဦးဖမ်းဆီးခံရ

ဇူလိူင် ၂၄ ၊ Migrant Times ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင် ၊ မဲဆောက်မြို့တွင် နည်းပညာသုံး ငွေကြေးလိမ်လည်သည်ဟုဆိုကာ မြန်မာနိုင်ငံသား ၃ ဦးကိုဖမ်းဆီးခဲ့ကြောင်း တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနမှထုတ်ပြန်သည်။ ယမန်နေ့ ၊ဇူလိုင်လ ၂၃ ရက်နေ့၊ နေ့လယ်တွင် အသက် ၅၇ နှစ်ရှိ မြန်မာနိုင်ငံသား(၂)ဦးနှင့် အသက် ၅၄ နှစ်ရှိ မြန်မာနိုင်ငံသားတစ်ဦးတို့ကို တာ့ဆိုင်းလွတ်ရပ်ကွက်၊ အိမ်တစ်အိမ်တွင် တရားရုံး၏ ဇူလိုင်လ ၁၈ ရက်စွဲပါ ဖမ်းဝရမ်းများဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းထုတ်ပြန်ချက်ကဆိုသည်။ ၎င်းတို့သည် အခြားအဖွဲ့အစည်းများနှင့်ပေါင်းကာ ကွန်ပျူတာတွင် ဒေတာအမှားများသွင်းခြင်း၊နည်းပညာဖြင့်လိမ်လည်လှည့်ဖြားခြင်းစသည့် ငွေကြေးခဝါချမှုပြစ်မှုများတွင် ပါဝင်မှုဖြင့်ဖမ်းဆီးခဲ့ပြီး ဥပဒေအရ အရေးယူရန် အမှတ် ၃ တပ်ရင်း၊ နည်းပညာပြစ်မှုနှိမ်နင်းရေးဌာနခွဲသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိူင် ၁၉ ရက်နေ့တွင်လည်း

Read More
သတင်း

ထိုင်းမှာ F4 နှင့်တူသည့် ရဲများက မူးယစ်ဆေးဝါးသုံးသူကိုဖမ်းဆီးပြီးနောက် ရေပန်းစား

ဇူလိူင် ၂၂ ၊ Migrant Times ထိုင်းရဲအရာရှိ ၄ ဦးသည်မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦးကို ဖမ်းဆီးခဲ့ပြီးနောက် တင်ခဲ့သည့်ဓာတ်ပုံသည် F4 မင်းသားများနှင့်တူသည်ဆိုကာ လူမှုကွန်ရက်သုံးသူများအကြားရေပန်းစားနေသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့တွင် ဘူရီရမ်ပြည်နယ်၊ ခရာဆန်ခရိုင်ရှိ လမ်ဒူအန်ရဲစခန်းမှ ရဲအရာရှိ ၄ ဦးသည် မက်သမ်ဖက်တမင်း သုံးစွဲသူကို ဖမ်းဆီးခဲ့ပြီး ရဲစခန်း၏ စုံစမ်းစစ်ဆေးရေးစာမျက်နှာတွင် “အချစ်ဆိုတာ မူးယစ်ဆေးဝါးနဲ့တူတယ်။ မင်းရယူပိုင်ခွင့်ရှိပေမယ့် ပိုင်ဆိုင်ခွင့်တော့ မရှိဘူး” ဟူသော စာသားနှင့်အတူ တင်ခဲ့သည်။ တရားခံနောက်တွင် ဆံပင်ရှည်များနှင့် မတ်တပ်ရပ်ထားသည့် ရဲအရာရှိ ၄ ဦး၏ ဓာတ်ပုံကြောင့် အွန်လိုင်းအသုံးပြုသူများက ၎င်းတို့ကို ထိုင်ဝမ်အမျိုးသား သရုပ်ဆောင် အဆိုတော်အဖွဲ့ F4 နှင့်တူသည်ဟု နောက်ပြောင်ကာ မျှဝေခဲ့ကြသည်။ ၎င်းနောက် ထိုင်းသတင်းထောက်များသည် လမ်ဒူအန်ရဲစခန်းသို့

Read More
သတင်း

ဖူးခက်ကမ်းခြေတွင် မုန်တိုင်းကြောင့် သစ်ပင်လဲကျပြီး တရုတ်ခရီးသွား သေဆုံ

ဇူလိူင် ၂၁ ၊ Migrant Times ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ ကိုဟေး (Coral Island) ကမ်းခြေတွင် မုန်တိုင်းကြောင့် သစ်ပင်လဲကျပြီး တရုတ်ခရီးသွားအမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။ ယမန်နေ့ (ဇူလိူင် ၂ဝ)မွန်းလွဲပိုင်းတွင် ရုတ်တရက်လေပြင်းတိုက်ခတ်ကာ ကမ်းခြေကုလားထိုင်များပေါ်သို့ သစ်ပင်တစ်ပင်လဲကျခဲ့ပြီး တရုတ်ခရီးသွားအမျိုးသမီးတစ်ဦး သေဆုံးကာ သူမ၏ခင်ပွန်းလည်း ဒဏ်ရာရရှိခဲ့သည်။ ချာလုံရဲစခန်းမှ အရာရှိများ၏ ပြောကြားချက်အရ အဆိုပါဇနီးမောင်နှံသည် အပူပိုင်းမုန်တိုင်း “ဝိဖာ” ကြောင့် လေပြင်းများတိုက်ခတ်နေစဉ် ကမ်းခြေရှိ သစ်ပင်တစ်ပင်အောက်တွင် အနားယူနေခဲ့ကြသည်။ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်သည် အမြစ်ပြတ်လဲကျကာ အသက် ၅၃ နှစ်အရွယ် တရုတ်အမျိုးသမီးဝမ်၏ လည်ပင်း၊ ရင်ဘတ်နှင့် ခန္ဓာကိုယ်အပေါ် တိုက်ရိုက်လဲကျခဲ့ပြီး ပြင်းထန်သော ဒဏ်ရာများရရှိခဲ့သည်။ ဒေသခံ ခရီးသွားဝန်ထမ်းများက အဆိုပါဇနီးမောင်နှံကို လှေဖြင့် ချာလုံဆိပ်ခံတံတားသို့

Read More
သတင်း

မဲဆောက် ရွှေ့ပြောင်းကျောင်းတွင် လိင်ပိုင်းဆိုင်ရာကျူးလွန်သည့် ဆရာကို ရဲတပ်ဖွဲ့ ဖမ်းဆီး

ထိုင်းနိုင်ငံ ၊မဲဆောက်မြို့နယ်ရှိ ရွှေ့ပြောင်းပညာရေးကျောင်းတစ်ကျောင်းမှ အသက် ၇၂ နှစ်အရွယ် ကျောင်း ဆရာဦးဇော်ငြိမ်းလတ်အား ကလေးငယ်များကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုလုပ်ခဲ့သည့်အတွက် ရဲစခန်းက အချုပ်တွင်ထိန်းသိမ်းထားကြောင်း အမှုဖွင့်လှစ်ခဲ့သူတစ်ဦးကပြောကြားသည်။ “ ကျူးလွန်သူကိုရဲဘက်ကအချုပ်ထဲထည့်ထားပါပြီ။ တနင်္လာနေ့မှာ တရားရုံးမှာအမှုတင်ပါမယ်။ တရားသူကြီးက အမှုကိုလက်ခံတာနဲ့ ထောင်ကျတဲ့ အထိ ဆက်လက်ပြီး ရင်ဆိုင်သွားပါမယ်…” ဟုအမှုဖွင့်လှစ်ခဲ့သူတစ်ဦးက လူမှုကွန်ရက်မှတစ်ဆင့် ဇူလိူင်လ ၁၈ ရက်နေ့ညက အသိပေးခဲ့သည်။ ဦးဇော်ငြိမ်းလတ်အား ကလေးငယ်များကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုလုပ်ခဲ့သည့်အတွက် ပြီးခဲ့သည့်ဇူလိူင်လ ၁၆ ရက်နေ့က လိင်အမြတ်ထုတ်ခံရသည့် ကျောင်းသားကလေးငယ်များ၏ မိဘများ၊ ကလေးသူငယ်ကူညီစောင့်ရှောက်ရေးအဖွဲ့ နှင့် ရှေ့နေတစ်ဦးတို့သည် မဲဆောက်ရဲစခန်းရှိ စုံစမ်းစစ်ဆေးရေးမှူးထံ တိုင်ကြားခဲ့ကြောင်း ထိုင်းသတင်းဌာနတစ်ခုကဖော်ပြခဲ့သည်။ လူမှုကွန်ရက် မီဒီယာပေါ်တွင် ဖော်ပြနေကြသော ဝေဖန်မှုများနှင့်စပ်လျဉ်းပြီး ဦးဇော်ငြိမ်းလတ် အား

Read More
သတင်း

ချင်းမိုင်တွင် ဇူလိူင် ၁၇ ညနေပိုင်း ရေကြီးနိုင်ကြောင်း သတိပေး

◼ ထိုင်းမြောက်ပိုင်းတွင် ဆက်လက် မိုးသည်းထန်မည် ဇူလိူင် ၁၇ ၊ Migrant Times ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်တွင် ယမန်နေ့ ၌ ပင်းချောင်းရေလျှံကာ ရေကြီးခဲ့ပြီး ၎င်းရေများ ချင်းမိုင်မြို့ ရှိပင်းမြစ်အတွင်းသို့စီးဝင်နေသည့်အတွက် ယနေ့ ဇူလိူင်လ ၁၇ ရက်နေ့ ညနေပိုင်းတွင် စိုးရိမ်ရေမှတ်ရောက်ကာ ရေကြီးနိုင်ကြောင်း ချင်းမိုင် ပြည်သူ့ဆက်ဆံရေးရုံးက သတိပေးချက်ထုတ်ပြန်သည်။ ယနေ့ နံနက် ၉ နာရီခန့်တွင် ချင်းမိုင်မြို့၊နဝရတ်တံတားထိပ် ပင်းမြစ် P.1 ရေတိုင်းအမှတ်တွင် မြစ်ရေသည် ၂.၁၃ မီတာကိုရောက်ရှိနေပြီး အစိမ်းရောင်အဆင့်သတ်မှတ်ထားသည်။ ပင်းမြစ်ရေသည် ဆက်လက်မြင့်တက်နေပြီး ယနေ့ ညနေ ၅ နာရီခန့်တွင် အနီရောင်အဆင့် စိုးရိမ်ရေမှတ် ၃.၇ ကိုကျော်လွန်ကာ ၃.၈၆ ကိုရောက်ရှိနိုင်ကြောင်း ၊ ပင်းမြစ်ရေသည်

Read More