September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

News

သတင်း

အိန္ဒိယ ပင်လယ်ပြင်တွင် ကုန်တင်သင်္ဘော မီးလောင်ပြီး မြန်မာအပါ သင်္ဘောသား ၄ ဦး ပျောက်ဆုံး

စင်ကာပူ ကုန်တင်သင်္ဘော MV WANHAI503 သည် အိန္ဒိယနိုင်ငံ Kerala ကမ်းရိုးတန်း၏ အနောက်မြောက်ဘက် ၁၃၀ ရေမိုင်အကွာတွင် ဇွန်လ ၉ ရက်နေ့က မီးလောင်ကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသားအပါအဝင် သင်္ဘောသား ၄ ဦး ပျောက်ဆုံးနေကြောင်း စင်္ကာပူရေကြောင်းနှင့် ဆိပ်ကမ်းအာဏာပိုင် (MPA)အဖွဲ့မှသိရသည်။ သင်္ဘောအလယ်ပိုင်းမှ စတင်၍ သင်္ဘောသားအခန်းများရှေ့ရှိ ကွန်တိန်နာခန်းအထိ မီးလောင်ကျွမ်းမှုများနှင့် ပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပွားနေပြီး သင်္ဘောဦးပိုင်းရှိ မီးလောင်မှုများမှ မီးခိုးများ ထွက်ပေါ်နေဆဲဖြစ်ကြောင်း အိန္ဒိယကမ်းခြေစောင့်တပ် Indian Coast Guard က ယနေ့(ဇွန်လ ၁ဝ)တွင်ထုတ်ပြန်သည်။ ယနေ့တွင် သင်္ဘောသည် ဘယ်ဘက်သို့ ၁၀-၁၅ ဒီဂရီခန့် စောင်းနေပြီး ကွန်တိန်နာများ ထပ်မံရေထဲကျွံကျခဲ့ကြောင်း သိရသည်။ အိန္ဒိယကမ်းခြေစောင့်တပ်သင်္ဘောများဖြစ်သည့် Samudra Prahari နှင့်

Read More
သတင်း

အယုဒ္ဓယတွင် အထောက်အထားမရှိသည့် မြန်မာ ၅ ဦးထိန်းသိမ်းခံရ

ထိုင်းနိုင်ငံ၊ အယုဒ္ဓယနယ်မြေတွင် အယုဒ္ဓယ အဝေးပြေးလမ်းမ ရဲတပ်ဖွဲ့မှ ကားတစ်စီးကို တားဆီးစစ်ဆေးရာ တရားမဝင် မြန်မာလုပ်သား ၅ ဦးကို တွေ့ရှိခဲ့သည့်အတွက် ထိန်းသိမ်းခဲ့ကြောင်း အဝေးပြေးလမ်းမ ရဲတပ်ဖွဲ့မှယနေ့(ဇွန်လ၁၀ရက်)ထုတ်ပြန်သည်။ ကားသမား၏ ထွက်ဆိုချက်အရ မြန်မာနိုင်ငံသားတစ်ဦးက စူဖန်ဘူရီမှ အလုပ်သမားများကို ပထုမ်ဌာနီသို့ ပို့ဆောင်ပေးရန် ငှားရမ်းခဲ့ခြင်းဖြစ်ပြီး တစ်ဦးလျှင် ဘတ် ၇၀၀ နှုန်းဖြင့် အခကြေးငွေ ရရှိခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသား ၅ ဦးသည် စာရွက်စာတမ်း အထောက်အထားများမရှိပဲ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်မှတစ်ဆင့် လှေဖြင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခဲ့ကြပြီးနောက် ကားဖြင့် ဆက်လက်ခရီးနှင်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ၎င်းတို့ကို အယုဒ္ဓယခရိုင်၊ ဘန်ပါဟန်မြို့နယ် ရဲစခန်းသို့ ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် လွှဲပြောင်းပေးခဲ့ကြောင်း အဝေးပြေးလမ်းမ ရဲတပ်ဖွဲ့မှထုတ်ပြန်သည်။

Read More
သတင်း အလုပ်သမား သတင်း

မြန်မာကျွိချွမ်း ဖိနပ်စက်ရုံလုပ်သားများ လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆို

ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်သာယာမြို့နယ်ရှိ မြန်မာကျွိချွမ်းဖိနပ်စက်ရုံ (MYANMAR JU CHUAN) အလုပ်သမားများသည် လုပ်ခလစာ တိုးမြှင့်ပေးဖို့ ဇွန်လ ၉ ရက်နေ့တွင် တောင်းဆိုခဲ့ကြောင်း သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် STUM မှသိရသည်။ ယနေ့ခေတ်တွင် ကုန်စျေးနှုန်းနှင့် လူနေမှုစရိတ် အဆမတန် မြင့်မားလာသည့်အတွက် စားဝတ်နေရေးပြေလည်နိုင်စေရန် တောင်းဆိုရခြင်းဖြစ်ကြောင်း မြန်မာကျွိချွမ်းဖိနပ်စက်ရုံအလုပ်သမားများကပြောသည်။ အလုပ်သမားများက ဒေးကြေး ၁၃ဝဝဝ ကျပ်ကို ပိတ်ရက် အပါအဝင်ပေးရန်၊ အိုတီကြေးအား ဒေး‌ကြေး အလိုက်တိုးပေးရန်၊ စက်ရုံက ကျန်းမာရေးစောင့်ရှောက်ပေးမှု ပေးရန် ၊ အလုပ်သမားများအား ခွဲခြား ဆက်ဆံခြင်းမပြုလုပ်ရန် စသည့်အချက်များ အပါအဝင် အချက် ၁၇ ကိုတောင်းဆိုခြင်းဖြစ်သည်။ စက်ရုံအချို့တွင် တောင်းဆိုမှုများအပေါ် အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းသည့်အချိန်များ၌ ဝန်ကြီးဌာနက အဖွဲ့ဝင်များသာ ပါဝင်ဆွေးနွေးကြပြီး

Read More
သတင်း

ကန်ချနပူရီတွင် ဆံပင်ညှပ်ဆိုင်ဖွင့်ထားသည့် မြန်မာ ၃ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအနောက်ပိုင်း ကန်ချနပူရီခရိုင်၊ ထားမခါမြို့နယ်၊ အူလုတ်ဆီမုန်ရပ်ကွက်တွင် ဆံပင်ညှပ်ဆိုင်နှစ်ဆိုင်ကို စစ်ဆေးခဲ့ပြီး မြန်မာ ၃ ဦးကိုဖမ်းဆီးခဲ့ကြောင်း ကန်ချနပူရီပြည်နယ် လူဝင်မှုကြီးကြပ်ရေးမှူးရုံး မှထုတ်ပြန်သည်။ ကန်ချနပူရီပြည်နယ် လူဝင်မှုကြီးကြပ်ရေးမှူးရုံး ဦးဆောင်သော အဖွဲ့သည် မြန်မာနိုင်ငံသားများ တရားမဝင် ဆံပင်ညှပ်ဆိုင်များ ဖွင့်လှစ်ထားကြောင်း လူမှုကွန်ရက် မီဒီယာမှ သတင်းရရှိပြီးနောက် ဇွန်လ ၈ ရက်တွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံသားတို့၏ အသက်မွေးဝမ်းကြောင်းကို လုယူမှုဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ ပထမဆံပင်ညှပ်ဆိုင်တွင် မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သော အသက် ၂၀ နှစ်အရွယ် အမျိုးသားနှင့် အသက် ၂၉ နှစ်အရွယ်အမျုးသမီးတို့ကို ဖောက်သည်များကို ဝန်ဆောင်မှုပေးနေသည်ကို တွေ့ရှိရကြောင်း၊ ပန်းသခင်ဟုအမည်ပေးထားသည့် ဒုတိယဆိုင်တွင် အသက် ၃၀ နှစ်အရွယ် မြန်မာနိုင်ငံသား လိင်ပြောင်းထားသူ ဆိုင်ပိုင်ရှင်အား ဖောက်သည်တစ်ဦးကို ခေါင်းလျှော်ပေးနေသည်ကို

Read More
သတင်း

ချင်းမိုင်တက္ကသိုလ်မှ ကျောင်းသား ၁ဝ ဦး လိမ်လည်ခံခဲ့ရပြီး ဘတ်သန်းချီပါသွား

ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်(CMU) တွင် တက်ရောက်နေသည့် ကျောင်းသား ၁ဝ ဦးသည် တစ်ရက်အတွင်း လိမ်လည်ခံခဲ့ရပြီး စုစုပေါင်း ဘတ်ငွေသန်းပေါင်းများစွာ ဆုံးရှုံးခဲ့ကြောင်း CMU နှင့် ဒေသခံရဲတပ်ဖွဲ့ကထုတ်ပြန်သည်။ လိမ်လည်မှုများသည် မေလ ၃၁ ရက်မှ ဇွန်လ ၂ ရက်အထိရုံးပိတ်ရက်အတွင်း ဖြစ်ပွားခဲ့ပြီး လိမ်လည်သူများသည် နှစ်ရက်အကြာ ဗီဒီယိုခေါ်ဆိုမှုများမှ တစ်ဆင့် ပြုလုပ်ခဲ့ကြောင်းသိရသည်။ လိမ်လည်သူများသည် ကျောင်းသားနှင့် ၎င်း၏မိသားစုကို ယုံကြည်စေရန်အတွက် CMU နှင့် ဌာနအမည်ပါ စာရွက်စာတမ်းအတုများ၊ တက္ကသိုလ်ပါမောက္ခချုပ်၏ လက်မှတ်အတုများ အပါအဝင် စာရွက်စာတမ်းအတုများကို အသုံးပြုခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကထုတ်ပြန်သည်။ ချင်းမိုင်တက္ကသိုလ်မှ အမျိုးသားကျောင်းသားတစ်ဦးသည် လေးကြိမ်ခွဲ၍ ငွေများလွှဲပြောင်းရန် လိမ်လည်ခံခဲ့ရပြီး စုစုပေါင်း ဘတ် ၂ သန်းကျော် ဆုံးရှုံးခဲ့သည်။ ကျောင်းသား၏ မိသားစုများက ငွေများကို

Read More
သတင်း

ထိုင်းတောင်ပိုင်း ဆူရင်ကျွန်းတွင် မြန်မာကုန်တင်သင်္ဘောတစ်စီး နစ်မြုပ်

ထိုင်းနိုင်ငံတောင်ပိုင်း ၊ ဖန်ငခရိုင် ဆူရင်ကျွန်းအမျိုးသားဥယျာဉ်အနီးတွင် မြန်မာကုန်တင်သင်္ဘောတစ်စီးသည် သောင်တင်နစ်မြုပ်ခဲ့ပြီး ထိုင်းရေတပ်မှ ကူညီကယ်ဆယ်ခဲ့ကြောင်း ထိုင်းသတင်းတွင်ဇွန်လ ၂ ရက်၌ တွင်ဖော်ပြသည်။ ယမန်နေ့ ဇွန်လ ၁ ရက်နေ့၊ နံနက် ၁၀ နာရီတွင် မြန်မာအလံလွှင့်ထူထားသော ဧရာလင်း ကုန်တင်သင်္ဘော သည် ဆူရင်အမျိုးသားဥယျာဉ်မြောက်ဘက်ရှိ အော့ချပ်ပင်လယ်အော်အနီးတွင် သောင်တင်နစ်မြုပ်ခဲ့သည်။ အဆိုပါသင်္ဘောသည် ရနောင်းပြည်နယ်၊ ကိုမောက်ဆိပ်ကမ်းမှ မေလ ၂၉ ရက်နေ့တွင် တရားဝင်ထွက်ခွာခဲ့ကြောင်း၊ မြန်မာနိုင်ငံ၊ ကော့သောင်းသို့ထွက်ခွာခဲ့ပြီး ထို့နောက် မြိတ်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ရာ သင်္ဘော၏ ဝမ်းဗိုက်တွင် အပေါက်တစ်ပေါက်ကို တွေ့ရှိရသဖြင့် အနီးဆုံးကမ်းခြေသို့ ဦးတည်မောင်းနှင်ခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။ ထို့နောက် ဆူရင်ကျွန်းအမျိုးသားဥယျာဉ်မြောက်ဘက်ရှိ အော့ချပ်ပင်လယ်အော်တွင် သင်္ဘောသောင်တင်နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး ထိုင်းရေတပ်တာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်ရန်နှင့် သင်္ဘောနှင့် သင်္ဘောသားများအား ကူညီကယ်ဆယ်ခဲ့သည်။ ဇွန်လ

Read More
သတင်း

ထိုင်း-မြန်မာ နယ်စပ် မယ်ဆိုင်တွင် မြန်မာသုံးဘီးယာဉ်ပေါ်မှ သေနတ်တုများဖမ်းမိ

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ဆိုင်စစ်ဆေးရေးဂိတ်တွင် တာချီလိတ်ဘက်သို့ပြန်လည် ဝင်ရောက်မည့်မြန်မာ သုံးဘီးယာဉ်ပေါ်မှ သေနတ်အတု(imitation firearms) ၂၅ လက်ကို သိမ်းဆည်းရမိခဲ့ကြောင်း Maesai press သတင်းတွင် ယမန်နေ့(ဇွန်လ ၁)ဖော်ပြသည်။ မေလ ၃၁ ရက်၊ ညနေ ၆ နာရီခန့်၌ မယ်ဆိုင် အမှတ် ၁ နယ်စပ်ဂိတ်ရှိ ယာဉ်စစ်ဆေးရေးဂိတ်၌ တာဝန်ရှိသူများက ရှမ်းပြည်နယ်၊ တာချီလိတ်မြို့လိုင်စင်နံပါတ်ပါရှိသည့် သုံးဘီးဆိုင်ကယ်တစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ရာမှတွေ့ ရှိခဲ့ကြောင်း သိရသည်။ ၎င်းသုံးဘီးဆိုင်ကယ်ကို တာချီလိတ်မြို့နယ်နေ အသက် ၃၄ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးက မောင်းနှင်ပြီး အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ရှေ့ခန်းတွင် လိုက်ပါစီနင်းခဲ့သည်ဟု သိရသည်။ သုံးဘီးဆိုင်ကယ်နောက်ဘက်တွင် အဖြူရောင် ကောက်ရိုးအိတ်တစ်လုံးကို တွေ့ရှိခဲ့ပြီး ၎င်းအိတ်အတွင်း၌ စက္ကူပုံးတစ်ပုံးတွင်းထည့်ထားသည့် သေနတ်အတု စုစုပေါင်း

Read More
သတင်း

ချင်းမိုင်ရှိ အလုပ်ရုံတွင် မြန်မာ ၃ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့ရှိ အလုပ်ရုံတစ်ခုတွင် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးအား တရားမဝင် ဝင်ရောက်လုပ်ကိုင်မှုဖြင့် မေလ ၂၆ ရက်နေ့၌ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ မြန်မာနိုင်ငံသား ၃ ဦးသည် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ကာ ချင်းမိုင်မြို့တွင် ၂ ရက်ကြာ အလုပ်လုပ်ကိုင်နေချိန်တွင် ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ ချင်းမိုင်မြို့နယ် ၊ ဆန်ဆိုင်းရှိ အလုပ်ရုံနှင့်လုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေး စုံစမ်းစစ်ဆေးရေး အရာရှိများက စစ်ဆေးစဉ်အတွင်းဖမ်းမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသူ သုံးဦးသည် နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခဲ့ပြီး ချင်းမိုင်တွင် အလုပ်ရှာဖွေခဲ့ကြောင်း ၊ တစ်ရက်လျှင် ဘတ် ၃ဝဝ ဖြင့် စက်ရုံတစ်ခုတွင် နှစ်ရက်ကြာ အလုပ်လုပ်ကိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံဝန်ခံခဲ့ကြသည်။

Read More
သတင်း

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့တွင် ရေကြီးမှုကြောင့် ခိုလှုံရေး စခန်းများဖွင့်

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့တွင် မေလ ၂၃ ရက်ညက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရပ်ကွက်အများစု ရေကြီးနေပြီး ရေဘေးခိုလှုံရေးစခန်း ၄ ခုဖွင့်လှစ်ခဲ့ရကြောင်း ထိုင်းနေးရှင်းသတင်းတွင်ဖော်ပြသည်။ တစ်ညလုံး မိုးရွာသွန်းမှုကြောင့် မြစ်ရေလျှံကာ ရပ်ကွက်အများစု ရေနစ်မြုပ်ခဲ့ပြီး နေထိုင်သူများအား သန်းခေါင်ယံတွင် ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။ မယ်ဆိုင်မြို့တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်အရ မေလ ၂၄ ရက်နေ့ ၊နံနက်အစောပိုင်း ၂ နာရီခန့်မှစ၍ မြစ်ရေသည် ရေတား တံတိုင်းများကို ကျော်လွန်ကာ ထမ့်ဖာဂျွန်ရွာ၊ စိုင်းလုံဂျွိုင်းဈေး၊ နွိုင်မောင်းဒန်ဈေး၊ မောင်းဒန်ရပ်ကွက်နှင့် မိုင်လုံခွန်ရပ်ကွက်တို့အပါအဝင် နေရာများစွာ ရေနစ်မြုပ်ခဲ့သည်။ ရေကြီးရေလျှံမှုသည် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး အချို့နေရာများတွင် ရေအနက် ၀.၅ မှ ၁ မီတာအထိ ရှိခဲ့သည်။ နေအိမ်များစွာ ရေထဲမြုပ်ခဲ့ရပြီး

Read More
သတင်း

ဘန်ကောက်မြို့တွင် အစားအသောက်များရောင်းချနေသည့် မြန်မာ ၇ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ လူစည်ကားရာ ခေါင်ဆန်လမ်းနှင့် ရမ်ဘတ်ထရီလမ်းများတွင် လမ်းဘေးအစားအသောက်များရောင်းချနေသည့် မြန်မာနိုင်ငံသား ၇ ဦးနှင့် တူရကီနိုင်ငံသား ၁ ဦးအား ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် မေလ ၂၁ ရက်နေ့က ဖော်ပြသည်။ လူဝင်မှုကြီးကြပ်ရေးဌာန အမှတ် ၁ နှင့် ချာနာဆွန်ခရမ် ရဲစခန်းတို့ ပူးပေါင်းကာ ဘန်ကောက်မြို့ရှိ ခရီးသွားများလာရောက်သည့် နေရာများတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများ ဖမ်းဆီးနှိမ်နင်းမှု စီမံချက်အတွင်း ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လမ်းပေါ်တွင် အစားအသောက်များ ရောင်းချနေသည့် ရိုတီ၊ ကာဘော့၊ ရေခဲမုန့်၊ သစ်သီးဖျော်ရည်စသည့် ဆိုင်ခန်းများအား စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသား ၇ ဦး အား ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်မှု၊ပတ်စ်ပို့မရှိဘဲ တရားမဝင် ဝင်ရောက်လာမှုနှင့် အလုပ်လုပ်ကိုင်ခွင့် ပါမစ်များ သက်တမ်းတိုးရန်

Read More