September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Thailand

သတင်း

ကမ္ဘောဒီးယားက အပစ်အခတ်ရပ်စဲရေးချိုးဖောက်ပြီး တိုက်ခိုက်ခဲ့ကြောင်း ထိုင်းပြော

ဇူလိူင် ၂၉ ၊ Migrant Times ကမ္ဘောဒီးယားစစ်တပ်သည် ယနေ့(ဇူလိုင်၂၉ ရက်)နံနက်ကစပြီး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကိုချိုးဖောက်ကာ ပစ်ခတ်ခဲ့ကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူက စစ်ရေးအခြေအနေရှင်းလင်းပွဲတွင်ပြောကြားသည်။ ကမ္ဘောဒီးယားက ယနေ့နံနက်မှစ၍ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့ခြင်းနှင့် ပတ်သက်၍ သက်သေအထောက်အထားများကို မလေးရှား၊ အမေရိကန်နှင့် တရုတ်နိုင်ငံတို့ထံ တင်ပြမည်ဖြစ်ကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျီရာရု ကပြောသည်။ ထိုင်းယာယီဝန်ကြီးချုပ် ဖူထမ် ဝက်ချယာချိုင်းနှင့်ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့သည် ယမန်နေ့ (ဇူလိုင် ၂၈) တွင် နယ်စပ်ဒေသ၌ ဇူလိုင် ၂၄ ရက်တွင် စတင်ခဲ့သည့် တိုက်ပွဲများရပ်တန့်ရန်အတွက် မလေးရှားနိုင်ငံတွင် တွေ့ဆုံခဲ့ကြသည်။ သံတမန်ရေးရာ ဆွေးနွေးမှုပြုလုပ်ပြီးနောက် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် နှင့်ပူးတွဲကျင်းပသည့်သတင်းစာရှင်းလင်းပွဲတွင် ယမန်နေ့ (ဇူလိုင် ၂၈)ညသန်းခေါင်ယံမှစကာ အပစ်ရပ်မည်ဖြစ်ကြောင်း ထိုင်း-ကမ္ဘောဒီးယား ခေါင်းဆောင်များက

Read More
သတင်း

ထိုင်း-ကမ္ဘောဒီးယား ခေါင်းဆောင်များက အပစ်ရပ်ရန်ကြေညာ

ဇူလိူင် ၂၈ ၊ Migrant Times ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံခေါင်းဆောင်များက ယနေ့ (ဇူလိုင် ၂၈) သန်းခေါင်ယံမှစကာအပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို စတင်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ဇူလိုင် ၂၄ ရက်တွင် စတင်ခဲ့သည့် တိုက်ပွဲများရပ်တန့်ရန်အတွက်ယနေ့ ဇူလိူင်လ ၂၈ ရက်နေ့တွင် ထိုင်းယာယီဝန်ကြီးချုပ် ဖူထမ် ဝက်ချယာချိုင်းနှင့်ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့သည် မလေးရှားနိုင်ငံတွင် တွေ့ဆုံခဲ့ကြသည်။ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် သံတမန်ရေးရာ ဆွေးနွေးမှုပြုလုပ်ပြီးနောက် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် နှင့်ပူးတွဲကျင်းပသည့်သတင်းစာရှင်းလင်းပွဲတွင် ထိုင်း-ကမ္ဘောဒီးယား ခေါင်းဆောင်များက ပြောကြားခြင်းဖြစ်သည်။ ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံခေါင်ဆောင်များက နံနက်ဖြန် ဇူလိူင်လ ၂၉ ရက် ၊နံနက် ၇ နာရီတွင် စစ်ဘက်ဆိုင်ရာ ဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်ပြီး

Read More
သတင်း

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့တွင်ရေကြီး

ဇူလိူင် ၂၈ ၊ Migrant Times ။ ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့တွင် ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေတက်ကာ ရေကြီးနေသည်။ မယ်ဆိုင်မြို့ရပ်ကွက်အများစုရေကြီးနေပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ် (၁)အောက် ၌ ရေစီးဆင်းမှု ပိတ်ဆို့နေသော သစ်လုံးများနှင့် အမှိုက်စသည့် အတားအဆီးများ ရှင်းလင်းရန် အရေးပေါ် ဆောင်ရွက်နေကြသည်။ မယ်ဆိုင်ချောင်းရေတက်မှုကြောင့် တာချီလိတ်မြို့တွင်လည်း တာလော့ဈေးနှင့် ပုံထွန်ကျေးရွာတို့တွင် ရေဝင်ရောက်နေကြောင်းသိရသည်။ မယ်ဆိုင်ချောင်းရေသည် ယနေ့ ဇူလိူင်လ ၂၈ ရက်နေ့ နံနက်တွင် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာတွင် စိုးရိမ်ရေမှတ်ထက် ၅ ပေခွဲကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ၂ ပေခန့် ဆက်လက်မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်သည်။ Photo – CM 108ဇူလိူင်လ ၂၈ ရက်နေ့၊

Read More
သတင်း

ဘန်ကောက်မြို့တွင် ပစ်ခတ်မှုဖြစ်ပြီး ၆ ဦး သေဆုံး

ဇူလိူင် ၂၈ ၊ Migrant Times ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ချက်တူချပ်မြို့နယ်ရှိ အော်တိုကော်ဈေး Or Tor Kor တွင် ယနေ့ ဇူလိုင် ၂၈ ရက်နေ့ မွန်းလွဲပိုင်း ၌ ပစ်ခတ်မှုဖြစ်ပွားပြီး၆ ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ အသက် ၆၁ နှစ်အရွယ် အသက်ကြီးပိုင်း အမျိုးသား သေနတ်သမားသည် အနက်ရောင်ရှပ်အင်္ကျီ၊ ပြောက်ကျား ဘောင်းဘီတိုဝတ်ဆင်ကာ ကျောပိုးအိတ်တစ်လုံးနှင့် ဈေးအတွင်းဝင်ရောက်ခဲ့ပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်မှုကြောင့် လုံခြုံရေးဝန်ထမ်း ၄ ဦး၊ဈေးသည်အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး သေနတ်သမားသည် မိမိကိုယ်ကိုပစ်ခတ်ကာ အဆုံးစီရင်ခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သေနတ်သမားသည် နခွန်ရတ်ချ်စီမာပြည်နယ်၊ ခေါင်ခရိုင်မှ ဖြစ်ပြီး လုံခြုံရေးဝန်ထမ်းဟောင်းတစ်ဦးဖြစ်ကာ ပစ်သတ်ခံရသည့် လုံခြုံရေးဝန်ထမ်းသုံးဦးနှင့် အတူ ကုမ္ပဏီတစ်ခုတည်းတွင်

Read More
သတင်း

ဖူးခက်တွင် မြန်မာလုပ်သား ၄ဝ ကျော်ကို ၃ လစာမပေးပဲ အလုပ်ထုတ်

ဇူလိူင် ၂၈ ၊ Migrant Times ထိုင်းနိုင်ငံတောင်ပိုင်း ၊ ဖူးခက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် လုပ်ငန်းရှင်က မြန်မာအလုပ်သမား ၄၁ ဦးအား လုပ်ခ ၃ လစာမပေးသည့်အပြင် အလုပ်မှထုတ်ခဲ့ကြောင်း ကူညီပေးနေသည့် WAG အလုပ်သမားမဟာမိတ်အဖွဲ့မှသိရသည်။ မြန်မာအလုပ်သမားများသည် လတ်တလောတွင် စားဝတ်နေရေးအခက်အခဲနှင့်ရင်ဆိုင်နေရပြီး ၎င်းတို့၏လုပ်အားခများပြန်လည်ရရှိရန်အတွက် ကူညီဆောင်ရွက်ပေးမည်ဟု WAG အဖွဲ့တာဝန်ခံကိုမုန်တိုင်းကပြောကြားသည်။ “သူတို့ရဲ့ လုပ်ခလစာရဖို့ နယ်မြေခံ စဝါဒီကန်ရုံး(အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန) ကိုတိုင်ကြားရမှာပေါ့။ စဝါဒီကန်နဲ့ချိတ်ပြီးအလုပ်လုပ်ရမယ်၊ ရုံးပိတ်ထားတော့လုပ်မရသေးဘူး”ဟု ၎င်းက Migrant Times ကိုပြောသည်။ မြန်မာအလုပ်သမားများ၏ အကူအညီတောင်းခံချက်အရ ဖူးခက်မြို့တွင် အလုပ်သမားများနှင့်ယနေ့တွေ့ဆုံမည်ဟု သူကဆက်ပြောသည်။ ထိုင်းနိုင်ငံရှိ စက်ရုံ အလုပ်ရုံများတွင် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် စက်ရုံသူဌေးက ပွဲစားများနှင့်ပူးပေါင်းကာ အကြောင်းမဲ့ အလုပ်ထုတ်ခံရခြင်း ၊ လုပ်ခလစာ မရခြင်း

Read More
သတင်း

နယ်စပ်တိုက်ပွဲများကြောင့် ကမ္ဘောဒီးယားနိုင်ငံသား ၂ သိန်းကျော် ထိုင်းကထွက်ခွာ

ဇူလိူင် ၂၈ ၊ Migrant Times ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ပဋိပက္ခများ တင်းမာနေသည့်အတွက် ဇူလိုင် ၂၄ ရက်မှ ၂၇ ရက်အတွင်း ကမ္ဘောဒီးယားနိုင်ငံသား ၂ဝဝ,ဝဝဝကျော် ပြန်လည်ဝင်ရောက်ခဲ့သည်ဟု ကမ္ဘောဒီးယားအလုပ်သမားနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့ကျင့်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြောင်း CamNess သတင်းက ဖော်ပြသည်။ ဇူလိုင် ၂၃ ရက်နေ့ တစ်ရက်တည်းတွင် ထိုင်း ဘတ်တမ်ဘန်ပြည်နယ်ရှိ နယ်စပ်ဂိတ်မှ အလုပ်သမား ၅၄,ဝဝဝ ကျော် ကမ္ဘောဒီးယားသို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး ဇူလိုင် ၂၆ ရက်တွင် ၆၅,ဝဝဝ နီးပါးနှင့်ဇူလိုင် ၂၇ ရက်တွင် စုစုပေါင်း အလုပ်သမား ၁၂ဝ,၄၃၈ ဦး သည် အဆိုပါဂိတ်မှတစ်ဆင့် ပြန်လည်ရောက်ရှိလာခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။ ကမ္ဘောဒီးယား အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး

Read More
သတင်း

ထိုင်းနှင့် ကမ္ဘောဒီးယား တတိယနေ့ စစ်ပွဲ ဘာထူးခြားလဲ

ဇူလိူင် ၂၅ ၊ Migrant Times ။ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ အငြင်းပွားနယ်စပ်ဒေသတွင် ဇူလိူင်လ ၂၄ ရက်နေ့ နံနက်ကစပြီး နှစ်ဖက်တပ်တွေအကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ယနေ့ ဇူလိူင်လ ၂၆ ရက်နေ့တွင်လည်း တတိယမြောက်နေ့အဖြစ် တိုက်ပွားများဖြစ်ပွားနေပြီးထူးခြားချက်များကို ထိုင်းသတင်းဌာနများမှ ကောက်နုတ်ဖော်ပြလိုက်သည်။

Read More
သတင်း

မနီလာ ငလျင်ပြတ်ရွေ့ကြောင့် ထိုင်းတွင် ဆူနာမီဖြစ်နိုင်ကြောင်း သတိပေး

ဇူလိူင် ၂၆ ၊ Migrant Times ။ ဖိလစ်ပိုင်နိုင်ငံရှိ မနီလာ ပြတ်ရွေ့ကြောတွင် အင်အားပြင်းငလျင်လှုပ်ခတ်ပါက ထိုင်းပင်လယ်ကွေ့ကမ်းရိုးတန်းကို ထိခိုက်နိုင်သည့် ဆူနာမီ ဖြစ်နိုင်ခြေရှိကြောင်း ထိုင်းမိုးလေဝသဌာနက သတိပေးသည်ဟု ထိုင်းနေးရှင်းသတင်းတွင်ဖော်ပြသည်။ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာန လက်အောက်ရှိ ထိုင်းမိုးလေဝသဌာနသည် ဖိလစ်ပိုင်ရှိ မနီလာ ပြတ်ရွေ့ကြောတစ်လျှောက် အင်အားပြင်းငလျင်လှုပ်ခတ်နိုင်ခြေရှိသည့် အခြေအနေများကို စောင့်ကြည့်နေကြောင်းထုတ်ပြန်သည်။ ယင်းငလျင်ကြောင့် ထိုင်းနိုင်ငံတောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများ၊ ထိုင်းပင်လယ်ကွေ့တစ်လျှောက်တွင် ဆူနာမီ ရိုက်ခတ်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။ မနီလာ ပြတ်ရွေ့ကြောတစ်လျှောက် ငလျင်ကြီးလှုပ်ပါက ထိုင်းနိုင်ငံသို့ ဆူနာမီရိုက်ခတ်နိုင်ခြေရှိကြောင်း “Anti-Fake News Centre Thailand” မှတစ်ဆင့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ခန့်မှန်းချက်များအရ တောင်တရုတ်ပင်လယ်ရှိ ဖိလစ်ပိုင်နိုင်ငံ၏ အနောက်ဘက်တွင် တည်ရှိသော မနီလာ ပြတ်ရွေ့ကြောသည် ဆူနာမီလှိုင်းများကို တောင်ဘက်သို့

Read More
သတင်း

မဲဆောက် မြို့တော်ဝန်ရုံးတွင် ဆယ်နှစ်ခံကဒ်မှ ရေရှည်နေထိုင်ခွင့်ကဒ်များပြုလုပ်ပေး

ဇူလိူင် ၂၅ ၊ Migrant Times ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မြို့တော်ဝန်ရုံး (အမ်ဖေရုံး)တွင် ဆယ်နှစ်ခံကဒ်(နိုင်ငံမဲ့ကဒ်) မှ ရေရှည်နေထိုင်ခွင့် (PR) ဟုသတ်မှတ်နိုင်သည့် ထိုင်းအစိုးရလူဦးရေစာရင်းဝင်အထောက်အထားကဒ်ပြောင်းလဲခြင်းအား ယနေ့မှစတင်ကာ ပြုလုပ်နေပေးနေကြောင်း မြို့ခံအချို့မှသိရသည်။‌ဆယ်နှစ်ခံကဒ်သည် လူနည်းစု၊ တိုင်းရင်းသားများအတွက် ရိုက်နှိပ်ပေးသော ကဒ်အမျိုးအစားဖြစ်ပြီး ၈၉ နံပါတ်ဖြင့်စသည့် ဆယ်နှစ်ခံကဒ်ကိုင်ဆောင်ထားသည့် တိုင်းရင်းသားများ ယခုအစီအစဉ်တွင် လျှောက်ထားခွင့်ရမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းအစိုးရ လူဦးရေစာရင်းဝင်အထောက်အထားကဒ် ရရှိသူသည် ထိုင်းနိုင်ငံတွင် ရေရှည်နေထိုင်နိုင်ပြီး ခရီးသွားလာခွင့်အတွက် နယ်ကျော် အထောက်အထားတောင်းခံစရာ မလိုပဲ ရာသက်ပန်နေထိုင်ခွင့်ရမည်ဖြစ်သည်။ ထိုင်းအစိုးရ လူဦးရေစာရင်းဝင်အထောက်အထားကဒ် ရရှိသူသည် အစိုးရသတ်မှတ်ချက်များအတိုင်း ၃ နှစ်နှင့်အထက် နေထိုင်ပြီးပါက ထိုင်းနိုင်ငံသားအဖြစ် လျှောက်ထားခွင့်ရှိကြောင်း သိရသည်။ “ထိုင်းမှာမွေးပြီး ထိုင်းမွေးစာရင်းရှိသူတွေအနေနဲ့တော့ ထိုင်းနိုင်ငံသားအဖြစ် ရရှိဖို့ PR

Read More
သတင်း

ထိုင်းရောက် မြန်မာများ လုံခြုံရေးသတိပြုရန် ဗန်ကောက် မြန်မာသံရုံးသတိပေး

ဇူလိူင် ၂၅ ၊ Migrant Times ။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်ဒေသသို့ ခရီးသွားလာခြင်း ရှောင်ရှားရန်နှင့် လုံခြုံရေး သတိပြုရန် ဗန်ကောက်အခြေစိုက် မြန်မာသံရုံးကယနေ့(ဇူလိူင် ၂၅)တွင်သတိပေး ထုတ်ပြန်သည်။ နယ်စပ်ဒေသတွင် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပေါ်နေပြီး ပြည်သူများအား အန္တရာယ်ကင်းရာသို့ ရွေ့ပြောင်းရန် သတိပေးထားကြောင်း၊ နှစ်နိုင်ငံအကြား ဖြစ်ပေါ်နေသည့် ပဋိပက္ခများအကြား မလိုလားအပ်သည့် ဖြစ်ရပ်များဖြစ်ပေါ်ခြင်း မရှိစေရန် ထိုင်းရောက် မြန်မာများ သတိပြုရန်လိုကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ ထိုင်းနှင့် ကမ္ဘောဒီးယား တို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံကြား လက်ရှိဖြစ်ပေါ်နေသည့် ပြဿနာများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ဗန်ကောက်အခြေစိုက် မြန်မာသံရုံးကပြောသည်။ ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံအကြား ပဋိပက္ခများကြောင့် ထိုင်းနိုင်ငံတွင်

Read More