September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Thailand

သတင်း

မဲဆောက်မြို့ရှိ ရွှေ့ပြောင်းကျောင်းတွင် ကျောင်းဆရာတစ်ဦးက ကလေးငယ်များအား လိင်အမြတ်ထုတ်

ဇူလိူင် ၁၆ ၊ Migrant Times ထိုင်းနိုင်ငံ ၊တာ့ခ်ခရိုင်၊မဲဆောက်မြို့နယ် မယ်ပကျေးရွာအုပ်စုရှိ ရွှေ့ပြောင်းပညာရေး ကျောင်းတစ်ကျောင်းတွင် အမျိုးသားဆရာတစ်ဦးက ကျောင်းအတွင်းတွင် ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း ထိုင်း Newsshow32 သတင်းက ယနေ့ဖော်ပြသည်။ ၎င်းအမျိုးသားဆရာတစ်ဦးက ကျောင်းအတွင်း လိင်ပိုင်းဆိုင်ရာ မတော်မလျော်ပြုမူခဲ့ခြင်းကြောင့် ကလေးငယ်အများအပြား စိတ်ဖိစီးမှုများ ကြုံတွေ့ခဲ့ပြီး ရှက်ရွံ့ကာ ကျောင်းမတက်တော့သည့် ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ကာ မိဘများအား အသိပေးခဲ့ကြောင်း သိရသည်။ လိင်အမြတ်ထုတ်ခံရသည့် အသက် ၁၃ နှစ်မှ ၁၅ နှစ်ကြားရှိ ကျောင်းသားကလေးငယ်များနှင့် ၎င်းတို့၏ မိဘများ၊ ကလေးသူငယ်ကူညီစောင့်ရှောက်ရေးအဖွဲ့ နှင့် ရှေ့နေတစ်ဦးတို့သည် မဲဆောက်ရဲစခန်းရှိ စုံစမ်းစစ်ဆေးရေးမှူးထံ တိုင်ကြားခဲ့ကြောင်း သတင်းကဆိုသည်။ အဆိုပါ အမျိုးသားဆရာသည် အသက် ၇ဝ နှစ်အရွယ်ရှိပြီး

Read More
သတင်း

ချင်းမိုင်တွင် ရေကြီးနိုင်ကြောင်း သတိပေး

ဇူလိူင် ၁၆ ၊ Migrant Times ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်တွင် ယနေ့ နံနက်၌ ပင်ချောင်းရေလျှံကာ ရေကြီးနေပြီး ချင်းမိုင်မြို့တွင်လည်း ရေကြီးနိုင်သည့်အတွက် ထုတ်ပြန်ချက်များကို သတိပြုသင့်ကြောင်း ချင်းမိုင် ပြည်သူ့ဆက်ဆံရေးရုံးကထုတ်ပြန်သည်။ ချင်းဒေါင်မြို့နယ်တွင် ဇူလိူင်လ ၁၅ ရက်နေ့ညက မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ပင်ချောင်းရေလျှံကာ ဘန့်ဒေါင်ဒေသ ဝပ်အင်သာရမ်တံတားအနီး မောင်းနာနှင့် ထွန်းခေါဝ်ဖွမ်းရှိ နေအိမ်များအတွင်း ရေများဝင်ရောက်နေကြောင်း သိရသည်။ ယနေ့ ဇူလိူင်လ ၁၆ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ချင်းဒေါင်ရှိ ပင်းချောင်းရေ P.20 တိုင်းတာရေးနေရာ၌ ရေမျက်နှာပြင်သည် ၂.၉၈ မီတာအထိ ရောက်ရှိနေပြီး ပင်းချောင်းစီးဆင်းရာ ချင်းမိုင်မြို့အတွက် စိုးရိမ်ရသည့်အခြေအနေကြောင့် ထုတ်ပြန်ချက်ကိုသတိပြုရန်နှင့် မြေနိမ့်ပိုင်းနေသူများ ရွှေ့ပြောင်းရန် ပြင်ဆင်ထားကြရန် ချင်းမိုင် ပြည်သူ့ဆက်ဆံရေးရုံးကထုတ်ပြန်သည်။

Read More
သတင်း အင်တာဗျူး

မဲဆောက်တွင် အထောက်အထားမရှိသည့် မြန်မာ ၅ ဦး ဖမ်းဆီးခံရ

ဇူလိူင် ၁၅ ၊ Migrant Times ထိုင်းနိုင်ငံ ၊တာ့ခ်ခရိုင်၊မဲဆောက်မြို့နယ်တွင် စာရွက်စာတမ်း အထောက်အထားမရှိသည့် မြန်မာနိုင်ငံသား ၅ ဦး ကို ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခဲ့ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှထုတ်ပြန်သည်။ ယမန်နေ့ ဇူလိုင်လ ၁၄ ရက်နေ့၊ ည ၇နာရီခွဲခန့်တွင် မယ်ပမြို့နယ် ၊အမှတ် ၆ ရပ်ကွက်၊ ဘန့်ဟိုင်ဖွန်စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးစစ်ဆေးစဉ်အတွင်းဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စစ်ဆေးစဉ်အတွင်း မဲဆောက် ၊တာ့ဆိုင်းလွတ်မြို့နယ်၊ အမှတ် ၄ ရွာတွင်နေထိုင်သည့် အသက် ၃၆ နှစ်အရွယ်နေထိုင်သူနှင့် အသက် ၁၈ နှစ်မျှ ၃ဝ နှစ်အတွင်းရှိ မြန်မာနိုင်ငံသား ၃ ဦးအားတွေ့ရှိခဲ့ပြီး ထိုသူများအနက် မြန်မာနိုင်ငံသား ၃ ဦးအား ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လာပြီး နေထိုင်ခြင်း ဖြင့်

Read More
သတင်း

ထိုင်းကို တရားမဝင်ဝင်ရောက်သည့် မြန်မာ ၂၇ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ၊ ကချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂၇ ဦးအား ယနေ့ ဇူလိူင်လ ၇ ရက်နေ့ နံနက်တွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းစစ်တပ်ကသတင်းထုတ်ပြန်သည်။ ထုတ်ပြန်ချက်အရ ယနေ့နံနက်အစောပိုင်း ၁ နာရီခန့်တွင် ထောင်ဖာဖုမ် သုံးလမ်းဆုံပူးပေါင်းစစ်ဆေးရေးဂိတ်၌ စစ်ဆေးရေးအဖွဲ့မှ ဆန်ခလာဘူရီခရိုင်မှ ထောင်ဖာဖုမ်ခရိုင်ဘက်သို့ မောင်းနှင်လာသည့် သံသယဖြစ်ဖွယ် ပစ်ကပ်ကား ကားတစ်စီးကိုတွေ့ရှိပြီး ကားကို ရပ်တန့်ရန် အချက်ပြခဲ့သော်လည်း မောင်းနှင်ထွက်ပြေးခဲ့သည်။ ထိုကားအား လိုက်လံရှာဖွေရာ ထောင်ဖာဖုမ်ခရိုင်၊ ဆဟကွန်နီခွန်မြို့နယ်၊ အမှတ် ၁ ကျေးရွာ၊ ဆဟကွန်နီခွန် ကျေးရွာအုပ်စုရှိ လမ်းဘေးတွင် ရပ်တန့်ထားသည်ကို တွေ့ရှိခဲ့သည်။ ကားပေါ်တွင် မြန်မာနိုင်ငံသား ၂၇ ဦး (အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၈ ဦး)

Read More
ဆောင်းပါး

“ဝန်ထုပ်ဝန်ပိုးမဟုတ်တဲ့ နှောင်ကြိုးတစ်ခု”

မဲဆောက် နယ်စပ်သည် မျှော်လင့်ချက်နှင့် လူသားချင်းစာနာမှုတို့ ပေါင်းကူးပေးရာ တံတားတစ်စင်း ဖြစ်ပါစေ။ အကျပ်အတည်းကာလတွင် မြို့တစ်မြို့၏ မျှဝေခံစားမှု မဲဆောက်သည် နယ်စပ်မြို့ထက် အမြဲပိုခဲ့သည်။ မဲဆောက်သည် ထိုင်းနှင့် မြန်မာလူမျိုးတို့ ရောင်းဝယ်ဖောက်ကားမှု၊ ယဉ်ကျေးမှု၊ ဆွေမျိုးပေါက်ဖော်မှုများနှင့် မကြာသေးမီနှစ်များအတွင်း အခက်အခဲများမှတစ်ဆင့် မျိုးဆက်ပေါင်းများစွာ ဆက်စပ်နေထိုင်ခဲ့သည့် နေရာတစ်ခုဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ၌ စစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းပြီးနောက်ပိုင်း မဲဆောက်မြို့သို့ အကြမ်းဖက်မှု၊ ဖိနှိပ်မှုနှင့် နိုင်ငံရေးပြိုလဲမှုတို့ကြောင့် ထွက်ပြေးလာကြသည့် မြန်မာပြည်သူများ သိသိသာသာ တိုးများလာခဲ့သည်။ ၎င်းတို့ထဲတွင် ကျောင်းသား၊ ဆရာ၊ အနုပညာရှင်နှင့် ပညာရှင်များ ပါဝင်ပြီး သူတို့၏ နေအိမ်များ၊ အလုပ်အကိုင်များနှင့် ပိုင်ဆိုင်မှုများကို စွန့်လွှတ်ကာ ယာယီခိုလှုံရန် ရောက်ရှိလာကြခြင်းဖြစ်သည်။ လူအများအပြားသည်

Read More
အင်တာဗျူး

“ရွှေ့ပြောင်း ကလေးတွေရဲ့ မျက်နှာကြည့်ပြီး ပညာရေးကို ရဲရဲဝံဝံ လုပ်စေချင်တယ်”

ကချင်ပြည်နယ် ဝိုင်းမော်မြို့သူတစ်ယောက်ဟာ လွန်ခဲ့တဲ့ ၂၁ နှစ်လောက်က နယ်စပ်ဖြတ်ကျော်လမ်းကြောင်းကနေ ထိုင်းနိုင်ငံထဲ ဝင်ရောက်ခဲ့ပါတယ်။ ထိုင်းမှာ ရွှေ့ပြောင်း အလုပ်သမားဘဝကိုရောက်ရှိခဲ့ပြီး အထောက်အထားမရှိခဲ့တာကြောင့် စိုးရိမ်ထိတ်လန့်မှုတွေ ရင်ဆိုင်ခဲ့ရပါတယ်။ အိမ်ဖော် ၊ ထမင်းချက်လုပ်ရာကနေ ကိုယ်ထူကိုယ်ထ ကြိုးစားရုန်းကန်ပြီး Thinking Classroom Foundation မှာ သင်တန်းဆရာမ ဖြစ်လာခဲ့တဲ့ အစိုင်းကို Migrant Times ကတွေ့ဆုံမေးမြန်းထားပါတယ်။ ရိုက်ကူး၊တည်းဖြတ် – Migrant Times

Read More
အင်တာဗျူး

“သဘာဝဘေးအန္တရာယ် ကျရောက်ရင် အရေးပေါ်ခိုလှုံရာနေရာ ပြင်ဆင်ပေးထားတယ်”

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငပြည်နယ်တွင် ဆူနာမီ၊ ရေကြီးခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက အရေးပေါ်ခိုလှုံရာနေရာ တစ်ခုပံ့ပိုးရန် အသင့်ပြင်ဆင်ထားကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကပြောသည်။ ဒေသတွင်း ထိုင်းအစိုးရဌာနများ၏ မေတ္တာရပ်ခံချက်အရ ဖန်ငခရိုင်၊ တကွာပါမြို့နယ်၊ ခီးခတ်တိုက်နယ်တွင် တည်ရှိသော FED/ULC မြန်မာရွှေ့ပြောင်းကလေးငယ်များ၏ သင်ကြားရေးစင်တာကို ယာယီအရေးပေါ်ခိုလှုံရာနေရာအဖြစ် အသုံးပြုခွင့်ပြုမည် ဖြစ်သည်။ ထိုင်းအစိုးရမှ အရေးပေါ်သတိပေးချက်များ ထုတ်ပြန်ပါက လူတိုင်းအား အသုံးပြုခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်သည့်အနေဖြင့် ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ကမ်းစပ်တွင် နေထိုင်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် အဖိုးတန်ပစ္စည်းများ၊ အရေးကြီးသော စာရွက်စာတမ်းများကို သတိရှိရှိဖြင့် စနစ်တကျ ထိန်းသိမ်းထားကြရန် လိုအပ်ကြောင်း ဦးထူးချစ်ကပြောသည်။ သဘာဝဘေးအန္တရာယ်ကျရောက်ပါက အရေးပေါ်ခိုလှုံရာနေရာအဖြစ် အသုံးပြုမည့် အစီအစဉ်ကို တကွာပါမြို့နယ်၊ ခီးခတ်တိုက်နယ် စည်ပင်သာယာရေးအဖွဲ့အစည်းမှ တာဝန်ရှိသူများ၊

Read More
သတင်း

ထိုင်းမှာ ဇွန်လအတွင်း မြန်မာရွှေ့ပြောင်း ၃၇ဝ ဦးထက်မနည်း ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတွင် ယခုနှစ် ဇွန်လအတွင်း မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား ၃၇ဝ ဦး ထက်အနည်းဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းသတင်းများ၏ဖော်ပြချက်နှင့် Migrant Times ကပြုစုထားသည့် သတင်းအချက်အလက်များအရသိရသည်။ ထိုင်းနိုင်ငံသားများအတွက် သီးသန့်ထားရှိသည့် အလုပ်အကိုင်များတွင် ဝင်ရောက်လုပ်ကိုင်နေသည့်နိုင်ငံခြားသားအလုပ်သမားများအား နှိမ်နင်းခြင်းကို တိုးမြှင့်လုပ်ဆောင်မည်ဖြစ်ဟု အလုပ်သမားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖူမီဖတ်က ဇွန်လ ၁၅ ရက်နေ့တွင်ပြောကြားခဲ့သည့် နောက်ပိုင်း မြန်မာလုပ်သား အများဆုံးရှိရာ ဒေသများတွင် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။ ထိုင်းနိုင်ငံသားများအတွက် ဥပဒေအရ သီးသန့်ထားရှိသည့် အလုပ်အကိုင်များတွင် လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့မှ အလုပ်သမားများအား ငှားရမ်းထားသည်ဟု သတင်းများရရှိထားကြောင်း အလုပ်သမားဝန်ကြီးဌာနကဆိုသည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇွန်လ ၁၃ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုံးဝတားမြစ်ထားသော အလုပ်အကိုင်များအောက်တွင်

Read More
သတင်း

ထိုင်း ခရီးသည်တင်ကားတွင် အထောက်အထားမပါသည့် မြန်မာ ၅ဝ နီးပါး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီးပေါ်၌ တရားမဝင်လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၄၇ ဦးအား ယနေ့ ဇွန်လ ၂၆ ရက်နေ့ နံနက်အစောပိုင်းတွင် ချန်းဖွန်(Chumphon) အမြန်လမ်းရဲတပ်ဖွဲ့က ဖမ်းမိခဲ့ကြောင်း ထိုင်းသတင်းအရသိရသည်။ ချန်းဖွန်(Chumphon) အမြန်လမ်းရဲတပ်ဖွဲ့သည် ဖက်ကာဆမ်လမ်းမကြီးတွင် ကင်းလှည့်နေစဉ် ချန်းဖွန်မြို့အနီးသို့ ရောက်ရှိချိန်၌ SCANIA အမျိုးအစား ခရီးသည်တင်ဘတ်စ်ကားတစ်စီးကို သံသယဖြစ်ဖွယ် တွေ့ရှိခဲ့ပြီး ရပ်တန့်ခိုင်းကာ စစ်ဆေးခဲ့သည်။ ထိုကားပေါ်တွင် ထိုင်းနိုင်ငံသား ယာဉ်မောင်း ၂ ဦးနှင့် ယာဉ်အကူ ၁ ဦး ၊ ခရီးသည် ထိုင်းနိုင်ငံသား ၂၀ ဦးနှင့် မြန်မာနိုင်ငံသား ၄၇ ဦးကိုတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံသားများသည် တရားဝင် နေထိုင်ခွင့်ပြုသည့် စာရွက်စာတမ်း သို့မဟုတ် အထောက်အထား တစ်စုံတစ်ရာ မရှိကြောင်း တွေ့ရှိခဲ့သည်ဟု ချန်းဖွန် အမြန်လမ်းရဲတပ်ဖွဲ့က

Read More
သတင်း

ထိုင်း ချွန်ပူလီခရိုင်တွင် မြန်မာ အလုပ်သမား ၁၈ဝ ဦး အလုပ်ရပ်နားခံရ

ထိုင်းနိုင်ငံ၊ချွန်ပူလီခရိုင်၊ချာချင်ဆောင်၊နောင်စာတစ် ဆွယ်(၁)တွင်ရှှိ မီးကြိုးအဟောင်းစက်ရုံတွင် အလုပ်လုပ်နေသော မြန်မာ အလုပ်သမားသည် အလုပ်ရပ်နားခံလိုက်ရပြီး အခက်အခဲဖြစ်နေကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့မှသိရသည်။ ထိုစက်ရုံတွင် မြန်မာ အလုပ်သမားများသည် အနည်းဆုံး(၂)နှစ်မှ (၈)နှစ် အထိအလုပ်လုပ်ကိုင်ခဲ့ကြပြီး ဩဂုတ်လ ၂၈ ရက်နေ့တွင် စက်ရုံကိုပိတ်သိမ်းတော့မည်ဟုဆိုကာ ရပ်နားခြင်းဖြစ်ကြောင်း အလုပ်သများများက ပြောကြားသည်။ ၎င်းတို့အား စက်ရုံမှ အလုပ်မပေးနိုင်သည့်အပြင် အလုပ်သမားများ၏ လုပ်အားခ (၁ဝ)ရက်ကျော်စာ ရရန်ကျန်သေးကြောင်း သိရသည်။ ထိုအလုပ်သမားများသည် စက်ရုံသူဌေးနှင့် ပန်းရောက်ကတ်(ဘတ်ရိုက်)ပြုလုပ်ထားခြင်း ၊ ပတ်စ်ပို့သက်တမ်းတိုးထားခြင်းများ အတွက် ငွေသွင်းထားပြီးဖြစ်ကြောင်း အလုပ်သများများက ပြောကြားသည်။ သို့သော်လည်း စက်ရုံပိတ်မည်ဟု သူဌေးမှပြောပြီး အလုပ်သမားများ၏ လုပ်အားခနှင့် ပန်းရောက်ကတ်ခ၊ ပတ်စ်ပို့သက်တမ်းတိုးကုန်ကြမည့် ကိစ္စများကို တာဝန်ယူခြင်းမရှိဘဲ အလုပ်မှ ရပ်နားခိုင်းခဲ့ကြောင်း သိရသည်။ မြန်မာ အလုပ်သမားသည် စက်ရုံတွင်

Read More