ထိုင်းရှိ ကမ္ဘောဒီးယား ၂ သန်းကျော်ကို မမုန်းတီးရန် အတိုက်အခံ ခေါင်းဆောင်ဟောင်း စာရေးတောင်းဆို
ဇူလိူင် ၂၅ ၊ Migrant Times နယ်စပ်အငြင်းပွားမှုများကြောင်း ထိုင်းနှင့် ကမ္ဘောဒီးယားတပ်ဖွဲ့များအကြား ယမန်နေ့ ဇူလိူင် ၂၄ ရက်မှစကာ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားနေပြီး ကမ္ဘောဒီးယား အတိုက်အခံ ပါတီခေါင်းဆောင်ဟောင်းက ထိုင်းရှိ ကမ္ဘောဒီးယားနိုင်ငံသား ၂ သန်းကျော်ကို မမုန်းတီးရန် စာရေးသားတောင်းဆိုလိုက်ကြောင်း ထိုင်း ch3plus သတင်းတစ်ခုတွင် ယနေ့ဖော်ပြသည်။ “တူညီတဲ့ ဘာသာ ယဉ်ကျေးမှုကို အခြေခံပြီး ထိုင်းမှာ ရိုးရိုးသားသားနဲ့ အလုပ်လုပ်နေတဲ့ ကမ္ဘောဒီးယားရွေ့ပြောင်းအလုပ်သမားတွေကို ကူညီစာနာဖို့တောင်းဆိုပါတယ်” ဟု Sam Rainsyကထိုင်းအစိုးရကို ရည်ရွယ်ရေးသားသည့် စာတွင်ပြောကြားသည်။ ကမ္ဘောဒီးယားနိုင်ငံသားများသည် ဟွန်ဆန်၏ အုပ်ချုပ်မှုအောက်တွင် ဆင်းရဲမွဲတေမှု၊ ဖိနှိပ်မှုနှင့် အကျင့်ပျက်ခြစားမှုများ၏ သားကောင်များဖြစ်ကြောင်းလည်း ရေးသားထားသည်။Sam Rainsy သည် ကမ္ဘောဒီးယားနိုင်ငံတွင် ၁၉၉၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်အကြား