ချင်းမိုင်တွင် ဒူးရင်းသီးရောင်းချသည့် မြန်မာ ၁ ဦး ဖမ်းဆီးခံရ
ဇူလိူင် ၂၅ ၊ Migrant Times ထိုင်းနိုင်ငံမြောက်ပိုင်း၊ချင်းမိုင်မြို့တွင် လမ်းဘေး၌ ဒူးရင်းသီးလှည့်လည်ရောင်းသည့် မြန်မာနိုင်ငံသား ၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနမှထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့တွင် ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရုံးမှ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဖန်မြို့နယ်ခွဲ၊ ဝိယန့်ဒေသရှိ နေရာများကို စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသား ၁ ဦးသည့် ခွင့်ပြုချက်မရှိဘဲ ဈေးရောင်းချနေသည့်အတွက် ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်သည်။ မြန်မာနိုင်ငံသားသည် ချင်းမိုင်မြို့၊ ဖန်နှင့် မဲ့အိုင်းမြို့နယ်များတွင် ဘေးတွဲဆိုင်ကယ်ဖြင့် ဒူးရင်းသီးများကို လှည့်လည်ရောင်းချခဲ့ပြီး ဘေးတွဲသုံးဘီးဆိုင်ကယ်မောင်းနှင်ခြင်း (ကုန်ပစ္စည်းလှည့်လည်ရောင်းချခြင်း) သည် ထိုင်းနိုင်ငံသားများအတွက်သာ သီးသန့်ထားရှိသော အလုပ်အကိုင်ဖြစ်သည့်အတွက် ဖမ်းဆီးခဲ့ကာ ဥပဒေအရ အရေးယူရန် ဖန်ရဲစခန်းထံ လွှဲပြောင်းခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနမှထုတ်ပြန်သည်။ Migrant Times ၏သတင်းစုစည်းမှုအရ ပြီးခဲ့သည့် ဇူလိုင်လ ၇