September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Blog

သတင်း

ထိုင်းမြောက်ပိုင်းတွင် တရားမဝင်ဝင်ရောက်သည့် မြန်မာ ၁၈ ဦးဖမ်းဆီးခံရ

စက်တင်ဘာ ၁၉ ၊ Migrant Times ။ ထိုင်းနိုင်ငံမြောက်ပိုင်း လမ်ပန်း-လမ်ဖွန်အမြန်လမ်းမပေါ်တွင် တရားမဝင်ဝင်ရောက်သည် မြန်မာနိုင်ငံသား ၁၈ ဦးနှင့် ၎င်းတို့ကို ခေါ်ဆောင်လာသည့် ဘတ်စ်ကားဒရိုင်ဘာနှင့် အမျိုးသမီးတစ်ဦးတို့ကို ဖမ်းမိခဲ့ကြောင်း အမြန်လမ်းမရဲတပ်ဖွဲ့က ယနေ့(စက်တင်ဘာ ၁၉)ထုတ်ပြန်သည်။ ထုတ်ပြန်ချက်အရ အမြန်လမ်းမရဲတပ်ဖွဲ့သည် လမ်ဖွန်၊ မဲတာခရိုင်ရှိ အဝေးပြေးလမ်းပေါ်တွင် ဘန်ကောက်-ဘန်သာတုံ ခရီးသည်တင်ဘတ်စ်ကားတစ်စီးကို စစ်ဆေးစဉ်အတွင်း အသက် ၄၆ နှစ်အရွယ် ယာဉ်မောင်းနှင့် အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ကားပေါ်တွင် ပတ်ပို့စ်နှင့် သက်သေခံစာရွက်စာတမ်းမပါရှိသော မြန်မာနိုင်ငံသား ခရီးသည် ၁၈ ဦးကို တွေ့ရှိခဲ့သည်။ အဆိုပါမြန်မာနိုင်ငံသား များသည် ဘန်ကောက်တွင် အလုပ်လုပ်ရန် ပွဲစားတစ်ဦးမှတစ်ဆင့် ဆက်သွယ်ခဲ့ကြပြီး တစ်ဦးလျှင် ဘတ်ငွေ ၁၅,၀၀၀ ပေးခဲ့ရကာ ချင်းမိုင်မြို့

Read More
သတင်း

ချင်းမိုင်တွင် ဓားခုတ်မှုကျုးလွန်ခဲ့သည့် ဆိုင်ကယ်ဂိုဏ်းဝင် လူငယ်ကိုဖမ်းမိ

စက်တင်ဘာ ၁၉ ၊ Migrant Times ။ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် စက်တင်ဘာလ ၁၆ ရက်နေ့ညက ဓားခုတ်မှုကျုးလွန်ခဲ့သည့် လူငယ် ဆိုင်ကယ်ဂိုဏ်းကို ရဲတပ်ဖွဲ့က ရှာဖွေနေပြီး ဓားခုတ်မှုဦးဆောင် ကျုးလွန်ခဲ့သူကို စက်တင်ဘာလ ၁၈ ရက်၊ နံနက်ပိုင်းတွင်ဖမ်းမိခဲ့ကြောင်း ချင်းမိုင်သတင်းက ဖော်ပြသည်။ အိုင်မောင်းဟုခေါ်ဆိုသည့် ထိုလူငယ်သည် ချင်းမိုင်မြို့ ဆန်ကမ်ဖိုင်ရပ်ကွက်တွင် ၂၄ နာရီဖွင့်သည့် အဝတ်လျှော်ဆိုင်ရှေ့၌ စက်တင်ဘာလ ၁၆ ရက်နေ့ညတွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး အားဓားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သူဖြစ်ကြောင်း သတင်းကဖော်ပြသည်။ ဘန်ကောက်သို့ ထွက်ပြေးရန် သွားရောက်စဉ်တွင် လမ်ဖွန်း၊ မဲထာစစ်ဆေးရေးဂိတ်၌ ရဲတပ်ဖွဲ့ကအချိန်မီ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ချင်းမိုင်မြို့ ဆန်ကမ်ဖိုင်ရပ်ကွက်တွင် စက်တင်ဘာလ ၁၆ ရက်နေ့ည၌ လူငယ် ဆိုင်ကယ်ဂိုဏ်းသည်

Read More
သတင်း

ကမ္ဘောဒီးယား အရပ်သားများနှင့် ထိုင်းရဲများအကြား နယ်စပ်တွင် ရုန်းရင်းဆန်ခတ်ဖြစ်

စက်တင်ဘာ ၁၈ ၊ Migrant Times ။ ထိုင်းနိုင်ငံ၊ ဆာကရို(Sa Kaeo)ပြည်နယ်၊ ခေါ့စွန်းခရိုင်ရှိ နယ်စပ်တွင် ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်း၌ ကမ္ဘောဒီးယားအရပ်သားများနှင့် ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့များအကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပြီး ၂၃ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်းသတင်းများတွင် ဖော်ပြသည်။ ယမန်နေ့ မွန်းလွဲပိုင်းတွင် ထိုင်း- ကမ္ဘောဒီးယား နယ်စပ်မှတ်တိုင် အမှတ်(၄၂)နှင့် အမှတ်(၄၃)ကြားတွင် ဆန္ဒပြခဲ့ကြသည့် ကမ္ဘောဒီးယားနိုင်ငံသား ၂၀၀ ခန့် က နယ်ခြားစောင့်ရဲတပ်ဖွဲ့အား တုတ်များ၊ ကျောက်ခဲများ ၊ လောက်လေးခွများဖြင့် ပစ်ခတ်ခဲ့ပြီး လူစုခွဲရန်အတွက် ထိုင်းရဲတပ်ဖွဲ့က ပြန်လည်ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။ ထိုင်းအာဏာပိုင်များက နယ်စပ်နယ်မြေ သတ်မှတ်ရန်အတွက် နယ်စပ်မှတ်တိုင် ၄၂ နှင့် ၄၃ ကြားတွင် ကွန်ဆာတီနာ (Concertina)

Read More
သတင်း

ဘန်ကောက်ရှိ နေရာ ၇ ခုကို ခွေးရူးပြန်ရောဂါ ဖြစ်ပွားရာဒေသအဖြစ် ကြေညာ

ခွေးကိုက်ခံရပါက ဆရာဝန်ထံ အမြန်ဆုံး သွားရောက်ပြသရန် အသိပေး စက်တင်ဘာ ၁၇ ၊ Migrant Times ။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Nong Chok မြို့နယ်ရှိ Khok Faet ဧရိယာတွင် ခွေးရူးပြန်ရောဂါဖြစ်ပွားနေသည့် တိရစ္ဆာန်တစ်ကောင်ကို တွေ့ရှိပြီးနောက်တွင် နေရာ ၇ ခုကို ခွေးရူးပြန်ရောဂါဖြစ်ပွားရာဒေသအဖြစ် ကြေညာလိုက်ကြောင်း siam news တွင်ယနေ့ဖော်ပြသည်။ Khok Faet ဧရိယာရှိ နေရာ ၇ ခုကို ခွေးရူးပြန်ရောဂါဖြစ်ပွားရာဒေသအဖြစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် မွေးမြူရေးနှင့်ကုသရေးဌာနမှ စာထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။ ခွေးရူးပြန်ရောဂါသည် လူများ၊ ခွေးများ၊ ကြောင်များ၊ နွားများ၊ ကျွဲများနှင့် အခြားနို့တိုက်သတ္တဝါများသို့ ကူးစက်နိုင်သည့် အန္တရာယ်ရှိသော ရောဂါတစ်ခုဖြစ်ပြီး ရောဂါဖြစ်ပွားသည့်နေရာတစ်ဝိုက်ကို ယာယီရောဂါဖြစ်ပွားမှုဇုန်အဖြစ်

Read More
သတင်း

လေဖိအားနည်းရပ်ဝန်းကြောင့် ထိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမည်

စက်တင်ဘာ ၁၇ ၊ Migrant Times ။ မုတ်သုံလေနှင့် လေဖိအားနည်းရပ်ဝန်းတို့ကြောင့် ထိုင်းနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း ထိုင်းမိုးလေဝသဌာန (TMD) က သတိပေးသည်။ ထိုင်းနိုင်ငံတစ်ဝန်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရုတ်တရက်ရေကြီးရေလျှံမှုများ ဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်သည်။ အပူပိုင်းမုန်တိုင်းငယ်တစ်ခုသည် တရုတ်ပင်လယ်တောင်ပိုင်းသို့ ရွေ့လျားပြီး အပူပိုင်းမုန်တိုင်းအဖြစ်သို့ အားကောင်းလာမည်ဟု ခန့်မှန်းထားသည်။ ထိုင်းမိုးလေဝသဌာန (TMD) ၏ ယနေ့ ထုတ်ပြန်ချက်အရ အနောက်တောင်မုတ်သုံလေသည် လာမည့်ရက်များတွင် ပိုမိုအားကောင်းလာမည်ဖြစ်သည်။ ထိုင်းနိုင်ငံအနှံတွင် နေရာကွက်ကျား မိုးသည်းထန်စွာရွာသွန်းမည်ဟု ခန့်မှန်းထားပြီး အထူးသဖြင့် အရှေ့ပိုင်းတွင် မိုးအလွန်သည်းထန်စွာရွာသွန်းနိုင်သည်။ ပြည်သူများအနေဖြင့် မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးရေလျှံမှုများ သတိထားရန် အကြံပြုထားသည်။ ယနေ့ နံနက်မှ နောက် ၂၄ နာရီအတွင်း တက်ခ်၊ ဆူခိုထိုင်းနှင့် ဖစ်ချဘွန်တို့တွင် နေရာကွက်ကျား မိုးကြီးခြင်း၊

Read More
သတင်း

ချင်းမိုင်တွင် ဓားခုတ်မှုကျုးလွန်ခဲ့သည့် လူငယ် ဆိုင်ကယ်ဂိုဏ်းကို ရှာဖွေနေ

စက်တင်ဘာ ၁၇ ၊ Migrant Times ။ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်နေ့ညက ဓားခုတ်မှုကျုးလွန်ခဲ့သည့် လူငယ် ဆိုင်ကယ်ဂိုဏ်းကို ရဲတပ်ဖွဲ့က ရှာဖွေနေကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင်မြို့ ဆန်ကမ်ဖိုင်ရပ်ကွက်တွင် ၂၄ နာရီဖွင့်သည့် အဝတ်လျှော်ဆိုင်ဘေးရှိ စတိုးဆိုင်ရှေ့၌ စက်တင်ဘာလ ၁၆ ရက်နေ့ည တွင် လူငယ် ဆိုင်ကယ်ဂိုဏ်းသည် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် လူငယ် (၃) ဦးကို ဓားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းကဖော်ပြသည်။ ဓားခုတ်ခံရခြင်းကြောင်း မိန်းကလေးတစ်ဦးသည် လက်ကောက်ဝတ်ပြတ်သွားခဲ့ပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူနေရာကာ အခြား ဒဏ်ရာရရှိသူ အမျိုးသားနှစ်ဦးမှာလည်း အရေးပေါ်ခန်းတွင် ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သိရသည်။ တိုက်ခိုက်မှုဖြစ်စဉ်ကို ပြည်သူတစ်ဦးက

Read More
သတင်း

ထိုင်းမှာ မြန်မာအလုပ်သမား ၁ ဦး ကားတိုက်ခံရပြီးသေဆုံ

စက်တင်ဘာ ၁၇ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ ချွန်ဘူလီမြို့တွင် နေထိုင်သည့် မြန်မာအလုပ်သမား ကိုစိုးတင့်သည် စက်တင်ဘာ ၁၁ရက်နေ့ ညနေ ၆ နာရီခန့်တွင် ကားတိုက်ခံရပြီး ဆေးရုံ၌ သေဆုံးခဲ့ကြောင်း အမှုနှင့်ပတ်သက်ပြီးကူညီပေးနေသည့် WAG အလုပ်သမားမဟာမိတ်အဖွဲ့ခေါင်းဆောင် ကိုမုန်တိုင်းက Migrant Times ကို‌ပြောသည်။ ကိုစိုးတင့်သည် လမ်းဖြတ်ကူးချိန်တွင် တစ်ဖက်လမ်းမှ လာသည့် ကားက အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်ခဲ့ပြီး အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များက မြို့နယ်ဆေးရုံသို့ပိုဆောင်ခဲ့သော်လည်း စက်တင်ဘာလ ၁၆ ရက်နေ့ညတွင် သေဆုံးသွားခဲ့ကြောင်း၊ ထိုအမှုနှင့် ပတ်သက်ပြီး ကျန်ရစ်ခဲ့သည့် ဆွေမျိုးများက အကူညီတောင်းခဲ့ကြောင်း WAG အဖွဲ့ကဆိုသည်။ “အခုလောလောဆယ်တော့ လိုက်ကူညီပေးနေတုန်းပဲ၊ အလုပ်ရှင်သူဌေးကလဲ လုပ်ငန်းခွင်မှာဆုံးတာမဟုတ်တဲ့အတွက်ကြတော့ သူဌေးဘက်ကလဲ မကြည့်ဘူးလေ ။

Read More
သတင်း အလုပ်သမား သတင်း

ထိုင်းမှာ မြန်မာအလုပ်သမား ၆ဝဝ ဦး လုပ်အားခမရ

စက်တင်ဘာ ၁၇ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၊ မြို့နယ်အသီးသီးတွင်ရှိသည့် ခေဒီ အမည်ရှိ ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမား ၆ဝဝ ဦးသည် လုပ်အားခ ၄ လစာ မရရှိသည့်အတွက် ကူညီဆောင်ရွက်ပေးနေကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့မှသိရသည်။ မြန်မာအလုပ်သမားများသည် ဇွန်လမှ စပြီး လစာ မရရှိခြင်းဖြစ်ကြောင်း သိရသည်။ “အဓိကကတော့ လုပ်အားခ ရက်မမှန်တာ မနေ့ကတော့ လုပ်အားခ ၅၀ ရာခိုင်နှုန်း ကိုတစ်ဖြတ်ရှင်းပေးခဲ့ပြီ။ ပြီးရင် ၉ လပိုင်း ၂၆ ရက်နေ့ လုပ်သမားတွေကို လုပ်အားခ တစ်ဖြတ်ရှင်းပေးမယ် ။ ၁၀ လပိုင်း ၁၀ ရက်နေ့ ကိုတစ်ဖြတ်ရှင်ပေးမယ်၊ သုံးဖြတ်ရှင်းမယ်ဆိုပြီး ကုမ္ပဏီဘက်က‌ပြောထားတယ်”

Read More
သတင်း

ထိုင်းသက်ကြီးအမျိုးသမီးတစ်ဦး ဘတ် ၅ သိန်းနီးပါး လိမ်လည်တောင်းခံရ

စက်တင်ဘာ ၁၇ ၊ Migrant Times ။ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တွင် နေထိုင်သည့် အသက် ၈၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ကောလ်စင်တာဂိုဏ်းတစ်ခု၏ ငွေကြေးလိမ်လည်တောင်းမှုကြောင့် ဘတ်ငွေ ၅၀၀,၀၀၀ နီးပါး ဆုံးရှုံးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ၎င်းအမျိုးသမီးသည် စက်တင်ဘာ ၃ ရက်နေ့တွင် ဘဏ်တွင် ဘတ် ၃.၅ သန်း အပ်နှံခဲ့ပြီး စက်တင်ဘာ ၄ ရက်နေ့တွင် ဘဏ်အက်ပလီကေးရှင်းမှတစ်ဆင့် ဘတ် ၄၀၀,၀၀၀ ၊ စက်တင်ဘာ ၅ ရက်ရက်တွင် ဘတ် ၃၀၀,၀၀၀ ၊ စက်တင်ဘာ ၈ ရက်နေ့တွင် ဘတ် ၃၀၀,၀၀၀ လွှဲပြောင်းပြီးနောက်တွင် ဘဏ်မှ ရဲတပ်ဖွဲ့ထံ သတင်းပေးပို့ခဲ့သောကြောင့် ကောလ်စင်တာဂိုဏ်းတစ်ခု၏ ငွေကြေးလိမ်လည်တောင်းခံနေရကြောင်းသိရှိခဲ့သည်။ ထို့နောက် စက်တင်ဘာလ ၁၀

Read More
သတင်း

ကန်ချနဘူရီတွင် အထောက်အထားမဲ့ မြန်မာ ၁၁၃ ဦးအား ထပ်မံဖမ်းမိ

စက်တင်ဘာ ၁၆ ရက် တစ်ရက်ထဲတွင် ထိုင်းသို့တရားမဝင်ဝင်ရောက်သည့် မြန်မာ ၁၇ဝ ကျော်ဖမ်းဆီးခံရ စင်တင်ဘာ ၁၆ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ ကန်ချနဘူရီပြည်နယ်၊ သောင်ဖာဖုမ်မြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့မနက်၌ တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၁၁၃ ဦးအား ဖမ်းမိခဲ့ကြောင်း ထိုင်းစစ်တပ်ကထုတ်ပြန်သည်။ ထုတ်ပြန်ချက်အရ ယနေ့ နံနက် ၁ဝ နာရီခွဲခန့်တွင် သောင်ဖာဖုမ်ခရိုင်၊ အူလောင်းဘုန်းကြီးကျောင်းအနီး၌ စစ်ဆေးရေးဂိတ် အနီးတွင် သံသယဖြစ်ဖွယ် ဗင်ကား ၃ စီးကို တွေ့ရှိခဲ့သည်။ ယင်းကားများသည် ဆန်ခလာဘူရီခရိုင်မှ ကန်ချနပူရီမြို့သို့ မောင်းနှင်လာခြင်းဖြစ်ရာ ရပ်တန့်စစ်ဆေးရန် အချက်ပြခဲ့သော်လည်း ထွက်ပြေးခဲ့သည်။ ထို့နောက် ထာခနုန်ဘုန်းကြီးကျောင်းရှေ့၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဗင်ကား ၃

Read More