ဘန်ကောက်ရှိ မြန်မာကလပ် ၂ ခုတွင် မြန်မာအပါ ၄၆ ဦး ဖမ်းဆီးခံရ
ဩဂုတ် ၄ ၊ Migrant Times ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ ဘန်ရက်ခ်ရှိ ဖျော်ဖြေရေးကလပ် ၂ ခုကို ဝင်ရောက်စီးနင်းခဲ့ပြီးမြန်မာနိုင်ငံသား ၁၇ ဦးအပါအဝင် ၄၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ယမန်နေ့ ဩဂုတ်လ ၃ ရက်နေ့ ၊ နံနက် ၄ နာရီခန့်တွင် ဘန်ရက်ခ်ရဲစခန်း၊ ဆိုင်ဘာရဲတပ်ဖွဲ့၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့သည် ဘန်ရက်ခ်ရှိ မြန်မာကလပ် ၂ ခုအား တရာမဝင်ဖွင့်လှစ်ထားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် အချိန်ပိုဖွင့်လှစ်မှုများကြောင့် ဝင်ရောက်စီးနင်းခြင်းဖြစ်ကြောင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် ဧပြီလအတွင်း စမွတ်ဆာခွန်ခရိုင်၊ ထာချင်မြို့ရှိ မြန်မာအသိုင်းအဝိုင်းများ၏ ဖျော်ဖြေရေးနေရာများကို ရဲတပ်ဖွဲ့က ပိတ်ဆို့ရှာဖွေခဲ့သည်။ ထို့နောက် ဘန်ရက်ခ်ခရိုင်ရှိ မြန်မာအလုပ်သမားများ စုဝေးရာ ဖျော်ဖြေရေးနေရာများကို အသေးစိတ်စုံစမ်းခဲ့ပြီးနောက်