ထိုင်း ဆူနာမီပြတိုက်တွင် မြန်မာရွှေ့ပြောင်းကျောင်းသားများ လေ့လာ
သြဂုတ် ၁၄ – Migrant Times ။ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင် ၊ တကွာပါတိုက်နယ် ၊ နန္မခင်းကျေးရွာတွင်ရှိသော ဆူနာမီ ပြတိုက်တွင်ယနေ့ (သြဂုတ်လ ၁၄ ရက်နေ့) နံနက်ပိုင်း၌ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED/ULC ရွှေ့ပြောင်းသင်ကြားရေးစင်တာမှ ၉ တန်း ကျောင်းသား၊ကျောင်းသူများက သွားရောက်လေ့လာခဲ့ကြသည်။ ထိုလေ့လာရေး ခရီးတွင် FED/ULC မှကျောင်းသား၊ကျောင်းသူ ၁၄ ဦးနှင့် ဆရာတစ်ဦးတို့ ပါဝင်ခဲ့သည်။ ဆူနာမီသမိုင်းကြောင်းနှင့် သဘာဝဘေးအန္တရာယ်များကို ပိုမိုသိမြင်လာစေရန်၊ ဘေးအန္တရာယ်အတွက်ကြိုတင်ပြင်ဆင်မှုများအား ကျောင်းသင်ခန်းစာအပြင် လက်တွေ့သင်ကြားမှုတစ်ရပ်အဖြစ်ပြသခဲ့ခြင်းဖြစ်ကြောင်း လိုက်ပါသွားသည့် ဆရာတစ်ဦးကပြောသည်။ မှတ်တမ်းများအရ ၂ဝဝ၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်းအနောက်ဘက် ကမ်းလွန်ပင်လယ်ပြင်၌လှုပ်ခတ်ခဲ့သည့် ပြင်းအား ၉.၁ မှ