September 24, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Blog

စီးပွားရေး

ထိုင်း-မြန်မာ နယ်စပ်မျဉ်းပေါ်က ဈေးဆိုင်တွေကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး

ထိုင်း-မြန်မာ နယ်စပ်မျဉ်းပေါ်က ဈေးဆိုင်တွေကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး မတ် ၁ ရက်၊ Migrant Times မြဝတီ- မဲဆောက်ကြား နှစ်နိုင်ငံ နယ်စပ်မျဥ်းပေါ်မှာရှိတဲ့ ရေလည်ကျွန်းက ဈေးဆိုင်တွေမှာ ဆေးလိပ်နဲ့ အရက်တွေ တရားမဝင်ရောင်းချနေတယ်ဆိုတဲ့ တိုင်ကြားချက်ကြောင့် ထိုင်းအာဏာပိုင်တွေက ဖေဖော်ဝါရီလ ၂၈ ရက်မှာ ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ပါတယ်။ဒီဒေသမှာ မြန်မာနိုင်ငံသားအများစုနေထိုင်ကြတာဖြစ်ပြီး အဲ့ဒီကနေတစ်ဆင့် မဲဆောက်ကို ဆေးလိပ်နဲ့ အရက်တွေမှောင်ခိုတင်ပို့နေတယ်ဆိုပြီး ထိုင်းနိုင်ငံသားတွေက တိုင်ကြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီဖမ်းဆီးမှုမှာ တရားမဝင်ရောင်းချနေတဲ့ ပစ္စည်းတွေကို ဖမ်းဆီးသိမ်းဆည်းခဲ့တာဖြစ်ပြီး ရောင်းချသူတွေကိုတော့ နယ်စပ်မျဉ်းပေါ်မှာဖြစ်တာကြောင့် မဖမ်းဆီးခဲ့ပါဘူး။ထိုင်းအာဏာပိုင်တွေက ဝင်ရောက်ရှာဖွေခဲ့ရာမှာ ဆေးလိပ်နဲ့ အရက်အမျိုးအစား (၁၅)မျိုးကို သိမ်းဆည်းရမိခဲ့ပြီး အရက်အမျိုးအစားအစုံ(၁၀)ပုလင်း၊ ဆေးလိပ်အမျိုးအစားအစုံ(၄၈၀) တောင့်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ မဲဆောက်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

Read More
အလုပ်သမား သတင်း

တောင်ကိုရီးယားမှာ ဗီဇာမဲ့ နိုင်ငံခြားသားတွေ ဖမ်းမယ်

တောင်ကိုရီးယားမှာ ဗီဇာမဲ့ နိုင်ငံခြားသားတွေ ဖမ်းမယ် မတ် ၁ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိလာပြီး ဗီဇာသက်တမ်းကျော်လွန်နေထိုင်တဲ့ နိုင်ငံခြားသားတွေကို မတ်လ ၂ ရက်ကနေ လာမယ့် ဧပြီလ ၃၀ ရက်အထိ စီမံချက်ကာလ သတ်မှတ်ပြီး ဖမ်းဆီးအရေးယူမယ်လို့ သိရပါတယ်။ဗီဇာမဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးတဲ့ စီမံချက်ဟာ တစ်နှစ်ကို လေးကြိမ်ခန့်ရှိပြီး အခုနှစ်အတွက် ဒါဟာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဗီဇာသက်တမ်းတိုးနိုင်ဖို့အတွက် တောင်ကိုရီးယား အာဏာပိုင်တွေက ဖြေလျှော့မှုတချို့ ပြုလုပ်ပေးထားတာကြောင့် ဒီစီမံချက်မှာ အထောက်အထားမခိုင်လုံလို့ ဖမ်းမိတာမျိုးရှိရင် မြန်မာနိုင်ငံကို ပြန်ပို့ခံရနိုင်ချေရှိတယ်လို့ တောင်ကိုရီးယားရောက် မြန်မာလူမှုရေး အသင်းတွေက သတိပေးထားပါတယ်။ လူဝင်မှုကြီးကြပ်ရေး၊ အလုပ်သမားဝန်ကြီးဌာန၊ ရဲဝန်ထမ်းတွေ၊ ပင်လယ်ကမ်းခြေစောင့် ရဲဝန်ထမ်း၊ အိုးအိမ်နဲ့

Read More
အလုပ်သမား သတင်း

ရွှေပြည်သာမှာ အထည်ချုပ်စက်ရုံ နှစ်ရုံ ပိတ်သိမ်း

ရွှေပြည်သာမှာ အထည်ချုပ်စက်ရုံ နှစ်ရုံ ပိတ်သိမ်း မတ် ၁ ရက်၊ Migrant Times ရွှေပြည်သာမြို့နယ်မှာ မနေ့က အထည်ချုပ်စက်ရုံ နှစ်ရုံ ပိတ်သိမ်းလိုက်တာကြောင့် အလုပ်သမား ထောင်နဲ့ချီအလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်လို့ အလုပ်သမားအရေးကူညီပေးနေတဲ့သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံမှ သိရပါတယ်။GTIG အထည်ချုပ်စက်ရုံနဲ့ GY Sen အထည်ချုပ်စက်ရုံတို့ဟာ အော်ဒါနည်းလာတာကြောင့်ဆိုပြီး ရုတ်တရက်ပိတ်သိမ်းလိုက်တာဖြစ်ပါတယ်။ “နှစ်ရုံပေါင်းရင်အလုပ်သမား နှစ်ထောင်လောက်ရှိမယ်။နောက်အလုပ်တစ်ခုက ပြန်ရှာဖို့ မလွယ်ဘူး”လို့ STUMမှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။စက်ရုံပိတ်သိမ်းလိုက်တာကြောင့် အလုပ်သမားတွေကို နို့တစ်ကြေးနဲ့ လျော်ကြေးပေးပေမယ့် အလုပ်လက်မဲ့ဖြစ်ရတဲ့အတွက် အဆင်မပြေမှုတွေရှိနေကြတယ်လို့လည်းဆိုပါတယ်။GY Sen အထည်ချုပ်စက်ရုံကတော့ စက်ရုံပြန်ဖွင့်ဖြစ်ရင် ဒီအလုပ်သမားတွေကို ဦးစားပေးပြန်ခန့်မယ်ဆိုပြီး သဘောတူစာချုပ်ချုပ်ထားတယ်လို့ သိရပါတယ်။အဲဒီစက်ရုံနှစ်ရုံဟာ ဒီနှစ်ထဲမှာ ပထမဆုံးပိတ်သိမ်းတဲ့စက်ရုံတွေ ဖြစ်ပါတယ်။

Read More
အလုပ်သမား သတင်း

ပိတ်ထားတဲ့ ပတ်စ်ပို့ရုံးတချို့ ပြန်ဖွင့်

ပိတ်ထားတဲ့ ပတ်စ်ပို့ရုံးတချို့ ပြန်ဖွင့် မတ် ၁ ရက်၊ Migrant Times စက်ပိုင်းဆိုင်ရာနဲ့ နည်းစနစ်တွေကို အဆင့်မြှင့်တင်ဖို့ဆိုပြီး ပိတ်ထားခဲ့တဲ့ ပတ်စ်ပို့ရုံးတွေ ပြန်ဖွင့်နေပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်က ရန်ကုန်မှာရှိတဲ့ ပတ်စ်ပို့ရုံးကို ပြန်ဖွင့်ခဲ့ရာ အွန်လိုင်းကနေ ကြိုတင်ဘိုကင်တင်ရမှာဖြစ်ပြီး ဝက်ဘ်ဆိုက်ကို ဝင်‌ရောက်သူများပြားတာကြောင့် ချို့ယွင်းချက်တချို့ရှိခဲ့ပေမယ့် ဆက်လက်လည်ပတ်နေဆဲဖြစ်ပါတယ်။ထိုင်း – မြန်မာ နယ်စပ်က မြဝတီ ပတ်စ်ပို့ရုံးဟာလည်း ဖေဖော်ဝါရီလ ၂၇ ရက်က ပြန်ဖွင့်ခဲ့ပြီး မလေးရှားနိုင်ငံက မြန်မာသံရုံးမှာတော့ မတ်လ ၁ ရက်ကစပြီး ပတ်စ်ပို့သက်တမ်းတိုးတာတွေ လုပ်ဆောင်နိုင်တော့မယ်လို့ ကြေညာထားပါတယ်။ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာတော့ ပတ်စ်ပို့သက်တမ်းတိုး ကိစ္စတွေကို ဆက်တိုက်ပြုလုပ်ပေးနေပြီး တချို့သော စက်ရုံ၊ အလုပ်ရုံတွေကို Mobile Team နဲ့ သွားရောက်လုပ်ကိုင်ပေးလျက်ရှိပါတယ်။

Read More
အလုပ်သမား သတင်း

YFAစက်ရုံပိုင်ရှင်ကို အလုပ်သမားက တရားစွဲဆိုထားမှုအတွက် မတ်လ ၁ရက်မှာ ဒုတိယရုံးချိန်းခေါ်ထား

YFAစက်ရုံပိုင်ရှင်ကို အလုပ်သမားက တရားစွဲဆိုထားမှုအတွက် မတ်လ ၁ရက်မှာ ဒုတိယရုံးချိန်းခေါ်ထား ဖေဖော်ဝါရီ ၂၇ ရက်၊ Migrant Times YFAစက်ရုံပိုင်ရှင်ကို အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်ချိုးဖောက်မှုအတွက် အလုပ်သမားက တရားစွဲဆိုထားတဲ့အမှုနဲ့ပတ်သက်လို့ ရွှေပြည်သာမြို့နယ်တရားရုံးက မတ်လ ၁ ရက်မှာ ဒုတိယရုံးချိန်းခေါ်ထားတယ်လို့ အဲဒီအလုပ်သမားအရေးကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံက သိရပါတယ်။အဲဒီစက်ရုံပိုင်ရှင်ကို အလုပ်သမားဖြစ်တဲ့ မအိပိုပိုလှိုင်က တရားစွဲဆိုထားတာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၅ရက်မှာ ပထမရုံးချိန်းခေါ်ယူထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။အဲဒီပထမရုံးချိန်းမှာ အလုပ်ရှင်က တရားရုံးထံလာရောက်ခြင်းမရှိသလို တရားရုံးက ဆင့်ခေါ်တဲ့သမ္မာန်စာကိုလည်း လက်မခံခဲ့ဘူးလို့ STUM တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ” အခုဒုတိယရုံးချိန်းလည်း စက်ရုံပိုင်ရှင် လာရင်ဆိုင်ဖို့ ရှိ၊ မရှိမသေချာသေးဘူး။ ဒါကတော့တရားရုံးရဲ့အပိုင်းဖြစ်သွားပြီ ” လို့ သူက ပြောပါတယ်။စက်ရုံအနေနဲ့ အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်ချိုးဖောက်တာကြောင့် စည်းကြပ်ရတဲ့ မြို့နယ်အလုပ်သမားရုံးက တရားစွဲဆိုပေးရမှာဖြစ်ပေမယ့် အလုပ်သမားရုံးက မစွဲဘဲ

Read More
အလုပ်သမား သတင်း

ပတ်စ်ပို့ သက်တမ်းတိုးမယ့် ထိုင်း‌ရောက်မြန်မာတွေအတွက် စာအုပ်ကြေးတိုးမြှင့်

ပတ်စ်ပို့ သက်တမ်းတိုးမယ့် ထိုင်း‌ရောက်မြန်မာတွေအတွက် စာအုပ်ကြေးတိုးမြှင့် ဖေဖော်ဝါရီ ၂၇ ရက်၊ Migrant Times နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) သက်တမ်းကုန်ဆုံးပြီး အသစ်ပြန်လည်ပြုလုပ်ဖို့လိုအပ်နေတဲ့ ထိုင်းရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ လာမယ့် မတ်လ ၁ ရက်ကစပြီး ပတ်စ်ပို့စာအုပ်ကြေး တိုးမြှင့်ပေးဆောင်ရမှာဖြစ်တယ်လို့ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ယခင်က ပတ်စ်ပို့စာအုပ်ကြေး ဘတ် ၈၀၀ သတ်မှတ်ထားရာကနေ ၁၂၅၀ ဘတ်ကို တိုးမြှင့်ကောက်ခံလိုက်တာဖြစ်ပါတယ်။ဒါကြောင့် ပတ်စ်ပို့စာအုပ်အသစ် ပြုလုပ်မယ့်သူတွေအနေနဲ့ စာအုပ်ကြေး ၁၂၅၀ ဘတ်နဲ့OWIC ကဒ် ၂၅၀ ဘတ် စုစုပေါင်း ၁၅၀၀ ဘတ်နှုန်း သက်ဆိုင်ရာဘဏ်စာရင်းသို့ ပေးသွင်းဖို့ လိုမှာဖြစ်တယ်လို့ သိရပါတယ်။ဒီကနေ့ထုတ်ပြန်ချက်အရ Mobile Team နဲ့ အချက်အလက်ကောက်ယူထားခဲတဲ့ စက်ရုံတွေအနေနဲ့လည်း တစ်ဉီးကို ၁၅၀၀ ဘတ်ပေးသွင်းပြီး

Read More
အလုပ်သမား သတင်း

မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို နိုင်ငံကူးလက်မှတ်ပြန်ထုတ်ပေးမယ်

မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို နိုင်ငံကူးလက်မှတ်ပြန်ထုတ်ပေးမယ် ​ဖေဖော်ဝါရီ ၂၅ ရက်၊ Migrant Times မလေးရှားနိုင်ငံမှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးတာကို ယာယီရပ်နားထားရာကနေ မတ်လ ၁ ရက်မှာ ပြန်ပြီးဆောင်ရွက်ပေးမယ်လို့ မြန်မာသံရုံးက သတင်းထုတ်ပြန်ပါတယ်။နိုင်ငံကူးလက်မှတ်ထုတ်ပေးဖို့ နည်းပညာအဆင့်မြှင့်တင်မှုတွေလုပ်ဖို့ရှိတာကြောင့်ဆိုပြီး ဖေဖော်ဝါရီလ ၆ရက်ကစပြီး ရပ်နားထားခဲ့တာဖြစ်ပါတယ်။အဲဒီလိုရပ်နားထားချိန်မှာ နိုင်ငံကူးလက်မှတ်ပြုလုပ်ဖို့ရက်ချိန်းယူထားသူတွေကို သက်မှတ်နေ့အလိုက် မတ်လ ၁ ရက်ကစပြီး ပြုလုပ်ပေးမယ်လို့ သံရုံးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရက်ချိန်းရယူထားသူတွေ သံရုံးကို လာရမယ့်ရက်ကိုလည်း ထုတ်ပြန်ချက်မှာ ပူးတွဲဖော်ပြထားပါတယ်။ပြည်တွင်းမှာလည်း ​နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့လုပ်ငန်းတွေကို ဒီဇင်ဘာလကစပြီး ရပ်နားထားခဲ့ရာကနေ ဒီနေ့မှာ ရက်ချိန်းလျှောက်ထားတာတွေ ပြန်လက်ခံနေပါတယ်။အဲဒီလို နိုင်ငံကူးလက်မှတ်ထုတ်ပေးတာ ရပ်ဆိုင်းထားချိန်အတွင်း အရေးပေါ်လိုအပ်သူတွေ အခက်အခဲကြုံခဲ့ပြီးဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

Read More
အလုပ်သမား သတင်း

မလေးရှားနိုင်ငံထဲ ၀င်ဖို့စောင့်​နေတဲ့ တရားမ၀င်မြန်မာလုပ်သား ၁၀၀ ကျော် ထိုင်း-မလေးနယ်စပ်မှာ ဖမ်းဆီးခံရ

မလေးရှားနိုင်ငံထဲ ၀င်ဖို့စောင့်​နေတဲ့ တရားမ၀င်မြန်မာလုပ်သား ၁၀၀ ကျော် ထိုင်း-မလေးနယ်စပ်မှာ ဖမ်းဆီးခံရ ဖေဖော်ဝါရီ ၂၅ ရက်၊ Migrant Times မလေးရှားနိုင်ငံထဲကို ၀င်ဖို့ကြိုးပမ်းခဲ့တဲ့ တရားမ၀င်မြန်မာလုပ်သား ၁၀၁ ဦးနဲ့ ထိုင်းကားသမားနှစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးမိခဲ့ပါတယ်။မြန်မာပြည်နယ်စပ်နဲ့ကပ်နေတဲ့ ထိုင်းနိုင်ငံ၊ ကန်ကျနဘူရီခရိုင်ကတစ်ဆင့် ထိုင်းနိုင်ငံထဲ ဝင်ရောက်ပြီး မလေးရှားကို ဝင်ဖို့ မလေးရှားနယ်စပ်နဲ့ကပ်နေတဲ့ ထိုင်းနိုင်ငံ၊ စုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့၊ အုပ်စု ၂၊ ထုံးသာဆောင်တိုက်နယ်ကျေးရွာမှာ စောင့်ဆိုင်းနေရင်း ဒေသခံတွေရဲ့ တိုင်ကြားမှုကြောင့် ဆယ်ဘီးကားနဲ့လိုက်ပါလာတဲ့ မြန်မာအလုပ်သမား ကျား ၈၂ ဦး၊ မ ၁၉ ဦး၊ စုစုပေါင်း ၁၀၁ ဦးနဲ့ ထိုင်းကားသမားနှစ်ဦးကို အဲဒီခရိုင်အာဏာပိုင်တွေကဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းဒေသသတင်းဌာနမှာ ဖော်ပြထားပါတယ်။ အဆိုပါ အလုပ်သမားတွေဟာ ဘယ်ဒေသက လာကြပြီး

Read More
အလုပ်သမား သတင်း

ဖိလစ်ပိုင်နိုင်ငံကို လူကုန်ကူးခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့

ဖိလစ်ပိုင်နိုင်ငံကို လူကုန်ကူးခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့ ဖေဖော်ဝါရီ ၂၄ ရက်၊ Migrant Times ဖိလစ်ပိုင်နိုင်ငံက အွန်လိုင်းဂိမ်းလုပ်ငန်းတွေမှာ အလုပ်လုပ်ဖို့ လူကုန်ကူးခံရပြီး လုပ်ငန်းခွင်မှာ အဓမ္မခိုင်းစေခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၂၁ ဦးကို ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့က ကယ်တင်ခဲ့ပြီး သူတို့ထဲက ၁၀ ဦးကို ဒီကနေ့မှာ မြန်မာနိုင်ငံဆီ ပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသား ၂၁ ဦးအနက် ၄ ဦးကိုဖေဖော်ဝါရီလ ၁၅ ရက်က မြန်မာနိုင်ငံဆီ ပြန်ပို့ခဲ့ပြီး ဒီနေ့မှာ ၁၀ ဦးကို ထပ်မံပို့ဆောင်ခဲ့တာဖြစ်တယ်လို့ မနီလာမြို့၊ မြန်မာသံရုံးက သတင်းထုတ်ပြန်ပါတယ်။ သူတို့ကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးအတွက် ဖိလစ်ပိုင်နိုင်ငံ၊ တရားရေးဝန်ကြီးဌာနအောက်ရှိ Inter-Agency Council Against Trafficking (IACAT)ဌာန အပါအဝင် သက်ဆိုင်ရာဌာနများ၊

Read More
အလုပ်သမား သတင်း

တရားမ၀င်မြန်မာလုပ်သား ၃၀ ဦး ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရ

တရားမ၀င်မြန်မာလုပ်သား ၃၀ ဦး ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရ ဖေဖော်ဝါရီ ၂၄ ရက်၊Migrant Times တရားမ၀င်မြန်မာလုပ်သား ၃၀ ဦးကို လိုက်ပါလာတဲ့ ပွဲကားတစ်စီးကို ကန်ကျနဘူရီခရိုင်လုံခြုံရေးထိုင်းစစ်သားတွေက စစ်ဆေးဖမ်းဆီးမိခဲ့ပါတယ်။ဖေဖော်ဝါရီလ ၂၃ ရက် မနက်ပိုင်းက ကန်ကျနဘူရီခရိုင်၊ ဆိုင်းရို့မြို့နယ်၊ ဆိုင်းရို့တိုက်နယ်၊ အုပ်စု ၂ ဘန့်ထွန့်နာကျေးရွာထဲမှာ တရားမ၀င်အလုပ်သမားသယ်ယူပို့ဆောင်ရေးကားတစ်စီးကို စူရစီတပ်ဖွဲ့က ဖမ်းဆီးမိခဲ့တယ်လို့ ဒေသသတင်းဌာနမှာဖော်ပြထားပါတယ်။ ဖမ်းဆီးခံရတဲ့ အကြောင်းအရင်းမှာ ဒေသတွင်းရှိ တာ၀န်သိပြည်သူက သက်ဆိုင်ရာတွေကို သတင်းပေးပို့ထားမှုကြောင့် လို့ဆိုပါတယ်။ အဲ့ဒီကားတစ်စီးပေါ်မှာ အမျိုးသား ၂၂ ဉီးနဲ့ အမျိုးသမီး ၈ ဉီးတို့ပါ၀င်တာဖြစ်ပါတယ်။အလားတူ အာဏာပိုင်တွေက လိုက်ပို့ပေးတဲ့ ကားမောင်းသမားပွဲစားတစ်ဉီးကိုလည်း အလုပ်သမားတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။တရားမ၀င်သူတွေဟာ မြန်မာပြည်ထဲက ရန်ကုန်၊ မော်လမြိုင်၊ ပဲခူးနဲ့ ရခိုင် စတဲ့ဒေသအသီးသီးကနေလာကြပြီး ထိုင်းနိုင်ငံထဲက

Read More