September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Blog

အလုပ်သမား သတင်း

ထိုင်းနိုင်ငံမှာ စားစရာ၊ နေစရာမရှိဟုဆိုကာ အကူအညီတောင်းခံထားတဲ့ စာရွက်နဲ့အတူ မြန်မာတစ်ဦးရဲ့ ရုပ်အလောင်းတွေ့

ထိုင်းနိုင်ငံမှာ စားစရာ၊ နေစရာမရှိဟုဆိုကာ အကူအညီတောင်းခံထားတဲ့ စာရွက်နဲ့အတူ မြန်မာတစ်ဦးရဲ့ ရုပ်အလောင်းတွေ့ ဖေဖော်ဝါရီ ၂၃ ရက်၊ Migrant Times ထိုင်းနိုင်ငံက ရေမြောင်းတစ်ခုမှာ မြန်မာတစ်ဦးရဲ့ သေဆုံးရုပ်အလောင်းတွေ့ရှိခဲ့ပါတယ်။ထိုင်းနိုင်ငံ နခွန်ပထုံခရိုင် ဘန်းလင်းမြို့နယ်ထဲက ရေမြောင်းတစ်ခုမှာ မြန်မာတစ်ဦးရဲ့ သေဆုံးရုပ်အလောင်းကို ဖေဖော်ဝါရီလ ၂၀ ရက်က ဒေသစံတော်ချိန် ၁၁ နာရီလောက်မှာ အမျိုးသမီးတစ်ဦးက တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာကို အကြောင်းခဲ့တယ်လို့ သိရပါတယ်။သေဆုံးသူဟာ စားစရာ၊ နေစရာမရှိဟုဆိုကာ အကူအညီတောင်းခံထားတဲ့ စာရွက်နဲ့အတူ တွေ့ရှိခဲ့တာပါ။ သေဆုံးသူဟာ ဘောင်းဘီတို၊ တီရှပ်အပြာရောင်ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်မှာ လွယ်အိတ်တစ်လုံးလွယ်လျက် တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။လွယ်အိတ်ထဲကနေ မြန်မာနိုင်ငံသားမှတ်ပုံတင်ကတ်ပြားနဲ့ အတူ တခြားကတ် နှစ်ခုကိုလည်းတွေ့ရှိခဲ့ပြီး ထိုင်းဘာသာနဲ့ ရေးသားထားတဲ့ စာတစ်စောင်ကိုတွေ့ရှိခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ တွေ့ရှိရပါတယ်။

Read More
အလုပ်သမား သတင်း

ကိုရီးယားမှာ မြန်မာလုပ်သားတစ်ဦး အဆုံးစီရင်

ကိုရီးယားမှာ မြန်မာလုပ်သားတစ်ဦး အဆုံးစီရင် ဖေဖော်ဝါရီ ၂၃ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သားတစ်ဦး ဖေဖော်ဝါရီလ ၂၂ ရက်က အဆုံးစီရင်သွားခဲ့တယ်လို့ သိရပါတယ်။အသက် ၃၀ အရွယ် ကိုအောင်ကျော်ဖြိုးဟာ ညအိပ်မပျော်တဲ့ဝေဒနာခံစားနေရသူဖြစ်ကာ မြန်မာနိုင်ငံကို တစ်လလောက်ပြန်အနားယူဖို့ စီစဥ်ထားပြီး မပြန်ခင်ရက်ပိုင်းအလိုမှာ အဆုံးစီရင်သွားတာလို့ သိရပါတယ်။သူဟာ တောင်ကိုရီးယားနိုင်ငံကိုရောက်တာ ခြောက်လလောက်ပဲရှိသေးပြီး ဂယောင်ဂီပြည်နယ်၊ ဖိုချောင်းမြို့ ၊ဂါဆန်ရပ်ကွက်က ဓာတ်ပုံမှန်ဘောင်ထုတ်စက်ရုံမှာ လုပ်ကိုင်နေတာဖြစ်ပါတယ်။ အခုလိုညတိုင်း အိပ်မပျော်တဲ့အတွက် အလုပ်ရှင်ထံ တစ်လခွဲလောက်ခွင့်ယူဖို့တောင်းခဲ့ပြီး အလုပ်ရှင်က ကြည်ကြည်ဖြူဖြူနဲ့ ခွင့်ပေးခဲ့တာကြောင့် ဖေဖော်ဝါရီလ ၂၆ ရက်မှာ မြန်မာပြည် ပြန်ဖို့ စီစဥ်ထားခဲ့တာလို့သိရပါတယ်။မ​ပြန်ခင်ဆေးခန်းသွားပြခဲ့ပြီး ဆေးရုံက ည အိပ်ဆေးတွေ ပေးလိုက်လို့ ည အိပ်ပျော်သွားသလို စိတ်တွေလည်း ရွှင်လန်းနေခဲ့တယ်လို့ သူ့အသိတွေက ဆိုပါတယ်။”

Read More
အလုပ်သမား သတင်း

ပတ်စ်ပို့ လုပ်မရလို့ အလုပ်အကိုင်အေဂျင်စီတချို့အလုပ်သမား ဆက်ပို့ဖို့ ခက်ခဲ

ပတ်စ်ပို့ လုပ်မရလို့ အလုပ်အကိုင်အေဂျင်စီတချို့အလုပ်သမား ဆက်ပို့ဖို့ ခက်ခဲ ဖေဖော်ဝါရီ ၂၂ ရက်၊ Migrant Times ပတ်စ်ပို့ ထုတ်ပေးမှုရပ်ထားတာကြောင့် ပြည်ပအလုပ်အကိုင်အေဂျင်စီတချို့ဟာ အလုပ်သမားစေလွှတ်ဖို့ ခက်ခဲနေတယ်လို့ အဲဒီလုပ်ငန်းလုပ်ကိုင်နေသူတွေဆီကသိရပါတယ်။ပြည်ပကို အလုပ်သမားစေလွှတ်ဖို့အတွက် ပတ်စ်ပို့သက်တမ်းကျန်နေသူများထဲကသာ ရွေးချယ်စေလွှတ်နေရပြီး ကျန်အလုပ်သမားတွေက ပတ်စ်ပို့မရသေးတာကြောင့် လူရွေးရကြပ်လာတယ်လို့ သူတို့က ဆိုပါတယ်။” တချို့အလုပ်သမားတွေဆို ပတ်စ်ပို့ကလွဲလို့ တခြားအချက်အလက်တွေ စုံနေပြီ။ သွားဖို့အင်တာဗျူးတွေလည်း အောင်ထားပြီးပြီ။ဒါပေမဲ့ ပတ်စ်ပို့မရှိတော့ရှေ့ဆက်မရဘူး။ သက်တမ်းကျန်နေသူတွေနဲ့ အစားပြန်ထိုးနေရတယ် ” လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ အဲဒီလိုအခြေအနေကြောင့် အလုပ်သမားတချို့ဟာ ပြည်ပကို သွားရောက်လုပ်ကိုင်ခွင့်ဆုံးရှုံးရတာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။” စာအုပ်က ထုတ်ဖို့ပဲ ကျန်တာ။ အဲဒါပိတ်လိုက်တော့ ဘာမှ ဆက်လုပ်လို့မရဘူး။ နောက်တစ်ခေါက်ထွက်ရဖို့ဆိုတာဘယ်လောက်ကြာဦးမယ်လည်း မသိရဘူး ” လို့ မလေးရှားကို သွားဖို့စောင့်နေသူတစ်ဦးက ပြောပါတယ်။မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က

Read More
အလုပ်သမား သတင်း

တောင်ကိုရီးယားကို မြန်မာလုပ်သား ၁၂၆ ဦးစေလွှတ်

တောင်ကိုရီးယားကို မြန်မာလုပ်သား ၁၂၆ ဦးစေလွှတ် ဖေဖော်ဝါရီ ၂၁ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံကို EPS မြန်မာလုပ်သား ၁၂၆ ဦး ဒီကနေ့ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်နဲ့ စေလွှတ်တဲ့ကုန်ထုတ်လုပ်သားသစ် (၂၇) ဦး၊ CBT ကုန်ထုတ်လုပ်သား (၂) ဦး၊ စိုက်ပျိုး/မွေးမြူရေးလုပ်သားသစ် (၇၀) ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် (၂၇) ဦးဟာ ဒီကနေ့ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတယ်လို့ ဆိုးလ်မြို့မှာရှိတဲ့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ ( ဖေဖော်ဝါရီလ ၂၁ ရက်က တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်၊ ဓာတ်ပုံ – Myanmar Embassy, Seoul)

Read More
Covid 19

(၃)နှစ်ကြာပိတ်ထားတဲ့ တာချီလိတ် − မယ်ဆိုင် တံတား ယနေ့ပြန်ဖွင့်

(၃)နှစ်ကြာပိတ်ထားတဲ့ တာချီလိတ် − မယ်ဆိုင် တံတား ယနေ့ပြန်ဖွင့် ဖေဖော်ဝါရီ ၂၀ရက်၊ Migrant Times ကိုဗစ်ရောဂါ စတင်ဖြစ်ပွားချိန်ကစတင်ပြီး (၃)နှစ်နီးပါးကြာပိတ်ထားတဲ့ တာချီလိတ် − မယ်ဆိုင်တံတားကို ဒီနေ့မနက်ပိုင်းက ပြန်ဖွင့်လိုက်ပါတယ်။အဲဒီတံတားဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်အကြား ဆက်သွယ်ထားတာပါ။ဒီနေ့မနက်ပိုင်းမှာတော့ ထိုင်းအာဏာပိုင်တွေနဲ့ စစ်ကောင်စီတို့ ပူးပေါင်းပြီးပြန်ဖွင့်ပေးတာတွေ့ရပါတယ်။ဒီမတိုင်ခင် တံတား ပြန်ဖွင့်ဖို့ ပြင်ဆင်နေချိန်က တံတားစစ်ဆေးရေးဂိတ်ကိုဖြတ်သန်းသွားသူတွေကို စစ်ဆေးရာမှာ X −ray စက်သုံးပြီး စစ်ဆေးဖို့ စစ်ကောင်စီထွေအုပ်က စီစဉ်ခဲ့ဖူးပါတယ်။ ဓာတ်ပုံ − สมบัติ คำลือ

Read More
အလုပ်သမား သတင်း

တရားမဝင်မြန်မာလုပ်သား ၈ ဦးနဲ့ မြန်မာပွဲစားတစ်ဦး ထိုင်းမှာ ဖမ်းဆီးခံရ

တရားမဝင်မြန်မာလုပ်သား ၈ ဦးနဲ့ မြန်မာပွဲစားတစ်ဦး ထိုင်းမှာ ဖမ်းဆီးခံရ ဖေဖော်ဝါရီ ၂၀ ရက်၊ Migrant Times ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာလုပ်သား ၈ ဦးနဲ့ မြန်မာပွဲစားတစ်ဦးကို ရနောင်းခရိုင်ဒေသ ထိုင်းစစ်သားတွေက လုံခြုံရေးလှည့်ကင်းလုပ်ဆောင်​​နေစဥ် ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ဖေဖော်ဝါရီလ ၁၉ ရက် မနက် ၄ နာရီလောက်ကထိုင်းနိုင်ငံ၊ ရနောင်းခရိုင်အခြေစိုက် လုံခြုံပူးပေါင်းတပ်ဖွဲ့တွေက ကရာ့ဘူရီမြို့နယ်၊ သမုကျေးရွာ၊ အုပ်စု-၄မှာရှိတဲ့ ဆီအုန်းခြံတစ်ခြံမှာ ပူးပေါင်းတပ်တွေနဲ့ ကင်းလှည့်နေတုန်း လှေနဲ့ ရေလမ်းကြောင်းကနေ ဝင်လာတဲ့ မြန်မာလုပ်သား အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၂ ဦးကို ဖမ်းဆီးမိခဲ့တာပါ။ ထိုင်းစစ်သားတွေ လှည့်ကင်းပြုလုပ်တဲ့ ဆီအုန်းခြံဟာမြစ်ကမ်းဘေးမှာ​တည်ရှိပြီး မြန်မာနိုင်ငံဘက်ကနေ ထိုင်းဘက်ကို ချဉ်းကပ်လာတဲ့ သံသယရှိလှေကို အဲဒီဆီအုန်းခြံကနေ

Read More
အလုပ်သမား သတင်း

GTIG စက်ရုံပိတ်သိမ်းမှုမှာ အလုပ်သမားနစ်နာကြေးအပြည့်ပေး၊ မပေး စောင့်ကြည့်မယ်လို့ဆို

GTIG စက်ရုံပိတ်သိမ်းမှုမှာ အလုပ်သမားနစ်နာကြေးအပြည့်ပေး၊ မပေး စောင့်ကြည့်မယ်လို့ဆို ဖေဖော်ဝါရီ ၁၉ ရက်၊ Migrant Times ရွှေပြည်သာမြို့နယ်က GTIG အထည်ချုပ်စက်ရုံပိတ်သိမ်းမှုမှာ အလုပ်သမားတွေ ရသင့်တဲ့ နစ်နာကြေးအမှန်ပေး၊ မပေး စောင့်ကြည့်မယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေက ပြောပါတယ်။လုပ်ငန်းခွင်အငြင်းပွားမှုတွေရှိနေတဲ့ GTIG အထည်ချုပ်စက်ရုံကို ဖေဖော်ဝါရီလ ၂၈ ရက်ကစပြီး ပိတ်သိမ်းမယ်လို့ စက်ရုံဘက်ကအသိပေးထားပြီး အလုပ်သမားနစ်နာကြေးတွေ ဘယ်လိုထုတ်ပေးမယ်ဆိုတာတော့အတိအကျမသိရသေးဘူးလို့ သူတို့က ဆိုပါတယ်။ ” စက်ရုံကတော့ ဥပဒေပါ နစ်နာကြေးအတိုင်း ပေးမယ်လို့တော့ ပြောထားတာပဲ။ အပြောနဲ့ညီ၊ မညီကတော့ စောင့်ကြည့်ရမယ် ” လို့ အဲဒီစက်ရုံအလုပ်သမားအရေးကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။GTIG စက်ရုံအနေနဲ့ ရုတ်တရက်ပိတ်သိမ်းဖို့ဖြစ်လာတာကြောင့် နို့တစ်ကြေး တစ်လစာပေးရမယ့် တာဝန်ရှိနေသလို လုပ်သက်နစ်နာကြေးတွေပါ ထုတ်ပေးဖို့ ရှိနေတာဖြစ်ပါတယ်။ အဲဒီစက်ရုံကို

Read More
အလုပ်သမား သတင်း

တောင်ကိုရီးယားမှာ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် မြန်မာ

တောင်ကိုရီးယားမှာ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် မြန်မာ တောင်ကိုရီးယားမှာ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် မြန်မာသင်္ဘောသားတစ်ဦး သေဆုံး ဖေဖော်ဝါရီ ၁၉ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့မှာရှိတဲ့ နမ်ဝဲ ပင်လယ်ကမ်းခြေမှာ ဖေဖော်ဝါရီလ ၁၈ ရက် မနက်က ကမ်းဆိုက်ထားတဲ့ သင်္ဘောပေါ်မှာ မြန်မာနိုင်ငံသားသင်္ဘောသားတစ်ဦး ဂဟေဆော်နေစဥ် အောက်ဆီဂျင်အိုးပေါက်ကွဲပြီးနောက် သေဆုံးသွားခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။အဲဒီသင်္ဘောဟာ တောင်ကိုရီးယားပိုင် ရေနံတင် သင်္ဘောဖြစ်ပြီး စုစုပေါင်း အလုပ်သမား ၁၃ ဦး လုပ်ကိုင်နေတာဖြစ်ပါတယ်။ အသက် ၄၀ နှစ်အရွယ် မြန်မာနိုင်ငံသားဖြစ်သူဟာ ပေါက်ကွဲမှုကြောင့် သံမှိုစ ထိမှန်မူးလဲပြီး ဆေးရုံကိုပို့ဆောင်ခဲ့ပေမယ့် သေဆုံးသွားခဲ့တာဖြစ်ပြီး ဘာကြောင့်သေဆုံးရတယ် ဆိုတာကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ “ ကိုရီးယားနိုင်ငံက သင်္ဘောကျင်းတွေမှာ ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းစဥ်တွေ

Read More
အလုပ်သမား သတင်း

ဘဏ်အကောင့်တွေကို လွယ်လွယ်မပေးကြဖို့

ဘဏ်အကောင့်တွေကို လွယ်လွယ်မပေးကြဖို့ | ဆောင်းပါး | ဖေဖော်ဝါရီ ၁၆ ရက်၊ Migrant Times “ ကျွန်မအမျိုးသားကို ငွေတွေအများကြီးလွှဲပြောင်းတယ်ဆိုပြီး ဖမ်းထားတာ ”လို့ မစိုးစံက သူ့ရဲ့အမျိုးသားဖြစ်သူထိုင်းနိုင်ငံမှာ အဖမ်းခံရတဲ့အကြောင်းကို ပြောပြနေတာပါ။MoU အလုပ်သမားအဖြစ် အမျိုးသားနဲ့ အတူတူထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေထိုင်ခဲ့တာ ၆ နှစ်ရှိပြီဖြစ်ပြီး ထိုင်းနိုင်ငံမှာ နေထိုင်ခဲ့တာကတော့ အသက် ၁၀ နှစ်ရှိပြီဖြစ်တဲ့ သမီးလေးရဲ့ တစ်သက်ရှိနေပါပြီ။MoU စာချုပ်နဲ့ အလုပ်လုပ်နေတဲ့ စက်ရုံမှာ ၆ နှစ်ဆက်တိုက် အလုပ်လုပ်ကိုင်နေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ထိုင်းနိုင်ငံသား မိတ်ဆွေတစ်ဉီးက အမျိုးသားဖြစ်သူရဲ့ ဘဏ်ကဒ်ကိုရောင်းပေးဖို့ အကူအညီတောင်းခဲ့တယ်လို့ ဆိုပါတယ်။ ဘဏ်အကောင့်တစ်ခုကို ထိုင်းဘတ်ငွေ ၁၅၀၀ ပေးပြီးဝယ်တာရယ်၊ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေဖြစ်နေတာကြောင့်ရော အလွယ်တကူပဲ ဘဏ်အကောင့်ဖွင့်ပြီးရောင်းပေးခဲ့တယ်လို့ မစိုးစံက ရှင်းပြပါတယ်။

Read More
အလုပ်သမား သတင်း

အထည်အော်ဒါပါးလို့ဆိုပြီး ရွှေပြည်သာက စက်ရုံပိတ်ဖို့ပြင်

အထည်အော်ဒါပါးလို့ဆိုပြီး ရွှေပြည်သာက စက်ရုံပိတ်ဖို့ပြင် ဖေဖော်ဝါရီ ၁၈ ရက်၊ Migrant Times ရွှေပြည်သာမြို့နယ်က GTIG အထည်ချုပ်စက်ရုံဟာ အော်ဒါနည်းလာတာကြောင့်လို့ဆိုပြီး ဒီလကုန်ပိုင်းမှာ ပိတ်ဖို့ပြင်ဆင်နေတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံက သိရပါတယ်။အဲဒီစက်ရုံဟာ အလုပ်သမား ၁၃၀၀ လောက်နဲ့ လည်ပတ်နေတာဖြစ်ပြီး လုပ်ငန်းခွင်အငြင်းပွားမှုမကြာခဏဖြစ်ပေါ်နေတယ်တဲ့ စက်ရုံဖြစ်တယ်လို့လည်း ဆိုပါတယ်။” မနေ့ကမှ အလုပ်သမားတွေကို စက်ရုံပိတ်မယ့်အကြောင်း အသိပေးတာ။ ဥပဒေပါနစ်နာကြေးတွေပေးမယ်လို့ပြောတယ် “လို့ STUMဒါရိုက်တာဒေါ်မျိုးမျိုးအေးက ပြောပါတယ်။ အဲဒီစက်ရုံမှာ ဖြစ်ပေါ်နေတဲ့အလုပ်သမားအခွင့်အရေးချိုးဖောက်မှုအပေါ် တိုင်ကြားမှုတွေရှိခဲ့ပြီး Brand ကုမ္ပဏီကလာရောက်စစ်ဆေးပြီးတဲ့နောက် ပိတ်သိမ်းမယ်ဆိုတဲ့ကြေညာချက်ထွက်လာတာလို့လည်း သူက ဆိုပါတယ်။စက်ရုံကို ဖေဖော်ဝါရီလ ၂၈ ရက်မှာ ပိတ်မယ်လို့ ကြေညာထားပြီး အလုပ်သမားတွေကိုနို့တစ်ကြေးတစ်လစာနဲ့လုပ်သက်နစ်နာကြေးတွေပေးမယ်လို့အသိပေးထားတယ်လို့လည်းသိရပါတယ်။အဲဒီGTIGစက်ရုံဟာ ဆယ်စုနှစ်ကြာဖွင့်လှစ်လည်ပတ်ခဲ့တဲ့စက်ရုံဖြစ်ပြီး ရုံခွဲ ၄ခုရှိတယ်လို့ဆိုပါတယ်။               

Read More