September 24, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Blog

အလုပ်သမား သတင်း

ကိုရီးယားမှာ မြန်မာလုပ်သားတစ်ဦး လက်ကောက်ဝတ်ကို ဓါးနဲ့ လှီးဖြတ်လို့ ခွဲစိတ်ကုသနေရ

ကိုရီးယားမှာ မြန်မာလုပ်သားတစ်ဦး လက်ကောက်ဝတ်ကို ဓါးနဲ့ လှီးဖြတ်လို့ ခွဲစိတ်ကုသနေရ မတ် ၈ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သားတစ်ဦးဟာ ကိုယ့်လက်ကောက်ဝတ်သွေးကြောကို ကိုယ်တိုင်ဓားနဲ့လှီးဖြတ်ပြီးနောက် ခွဲစိတ်ကုသခံနေရတယ်လို့ အဲဒီနိုင်ငံရှိမြန်မာလုပ်သားအရေးဆောင်ရွက်နေသူတွေထံက သိရပါတယ်။အင်ချွန်းမြို့ စက်ရုံတစ်ခုက မြန်မာလုပ်သားဟာ မတ်လ ၇ ရက်က အလုပ်မဆင်းဘဲ အဆောင်နေအိပ်ခန်းမှာကျန်နေခဲ့ပြီး လုပ်ဖော်ကိုင်ဖက်တွေက လုပ်ငန်းခွင်ကပြန်လာမှ လက်ကောက်ဝတ်သွေးကြော လှီးဖြတ်ထားပြီး သွေးအိုင်ထဲ​လဲနေတာ တွေ့ကြရတာလို့ ဆိုပါတယ်။သူ့ကိုအချိန်မီဆေးရုံကိုပို့လိုက်နိုင်လို့အသက်မသေဆုံးပေမယ့် ခွဲစိတ်ကုသမှုတွေလုပ်ခဲ့ရတယ်လို့ ကိုရီးယားနိုင်ငံရှိမြန်မာအလုပ်သမားအရေးကူညီ​ပေးနေတဲ့ ကိုဇော်မိုးအောင်က ဆိုပါတယ်။ အဲဒီအလုပ်သမားဟာ တောင်ကိုရီးယားကိုရောက်နေတာ ၄နှစ်လောက်ရှိပြီဖြစ်ကာ မကြာခင်က ဇာတိဖြစ်တဲ့ စစ်ကိုင်းကို ပြန်ခဲ့သေးတယ်လို့သိရပါတယ်။အဲဒီလိုပြန်သွားပြီးတဲ့နောက်မှာ မြေပြင်အဖြစ်အပျက်တွေကိုကြည့်ပြီး စိတ်ထိခိုက်နေခဲ့ကာ အိပ်မပျော်တဲ့အခြေအနေမျိုးတွေဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။တောင်ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားတချို့ဟာ လုပ်ငန်းခွင်ဖိအားနဲ့မိသားစုအခြေအနေကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိနေပြီး မကြာခင်ရက်ပိုင်းကလည်း မြန်မာလုပ်သားတစ်ဦး ကိုယ့်ကိုကိုယ် အဆုံးစီရင်တဲ့ဖြစ်ရပ်ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

Read More
စီးပွားရေး

ပိတ်သိမ်းလိုက်တဲ့စက်ရုံ​တွေက အလုပ်သမားတွေ အလု​ပ်သစ်ရဖို့ ခက်ခဲနေ

ပိတ်သိမ်းလိုက်တဲ့စက်ရုံ​တွေက အလုပ်သမားတွေ အလု​ပ်သစ်ရဖို့ ခက်ခဲနေ မတ် ၇ ရက်၊ Migrant Times မကြာခင်က စက်ရုံပိတ်သိမ်းလိုက်လို့ အလုပ်လက်မဲ့ဖြစ်နေတဲ့ အလုပ်သမားတွေအနေနဲ့ နောက်အလုပ်တစ်ခုရဖို့ ခက်ခက်ခဲခဲရှာနေကြရတယ်လို့ အဲဒီအလုပ်သမားတွေဆီက သိရပါတယ်။ဖေဖော်ဝါရီလကုန်ပိုင်းက ရွှေပြည်သာမြို့နယ်က GTIG အထည်ချုပ်စက်ရုံနဲ့ GY Sen အထည်ချုပ်စက်ရုံတို့ ပိတ်သိမ်းလိုက်တာကြောင့် အလုပ်သမား ၂၀၀၀ ကျော်ဟာအလုပ်လက်မဲ့ဖြစ်ခဲ့ရတာဖြစ်ပါတယ်။”တစ်ပတ်ရှိပြီး အလုပ်လိုက်ရှာတာ မရသေးဘူး။ ကိုယ့်ရှေ့မှာတင် လူကမနည်းဘူး ” လို့ GTIGမှ အလုပ်သမားတစ်ဦးက ပြောပါတယ်။ အခုလို အလုပ်သမား အစုအပြုံလိုက် အလုပ်လက်မဲ့ဖြစ်သွားတာကြောင့် လူခေါ်တဲ့စက်ရုံတွေမှာ သွားပြီးစုပြုံလျှောက်နေကြရတာလို့ ဆိုပါတယ်။”ခေါ်တဲ့ရုံက လူနည်းနည်းခေါ်တာ၊လျှောက်မယ့်သူကအဆမတန်များနေတာ။ သင်္ကြန်ပိတ်ရက်လည်း ကပ်လာတော့ အလုပ်သမားခေါ်တာတွေလည်း နည်းလာတယ်” လို့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ ဒီနှစ်အတွင်း စက်ရုံနှစ်ရုံပိတ်သွားသလို နောက်ထပ်စက်ရုံတချို့ပိတ်သိမ်းဖို့ ရှိတယ်ဆိုတဲ့သတင်းကြောင့်

Read More
စီးပွားရေး

ပတ်စပို့၊ CI စာအုပ်နဲ့ ရနောင် – ကော့သောင်းဂိတ်ကနေ ယနေ့ စတင်ဖြတ်သန်းခွင့်ပြု

ပတ်စပို့၊ CI စာအုပ်နဲ့ ရနောင် – ကော့သောင်းဂိတ်ကနေ ယနေ့ စတင်ဖြတ်သန်းခွင့်ပြု မတ်လ ၇ရက်၊ Migrant Times ရနောင်း – ကော့သောင်း နယ်စပ်ဂိတ်ကနေ ပတ်စပစာအုပ်နဲ့ ထိုင်း – မြန်မာနိုင်ငံကို အလည်ဝင်ရောက်နိုင်ပြီဖြစ်ပါတယ်။ဒါ့အပြင် ပတ်စပို ၊ CI စာအုပ်များနဲ့ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်ခြင်းကိုလည်း မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ဒီကနေ့ (မတ်လ ၇ ရက်)မှာ စတင်ဖြတ်သန်းသွားလာခွင့် ခွင့်ပြုလိုက်တာဖြစ်ပါတယ်။ထိုသို့ခွင့်ပြုလိုက်တာကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ သွားလာရလွယ်ကူပြီ မိသားစု၊ သာရေးနားရေးကိစ္စတွေအတွက် သွားလာနိုင်ပြီလို့ မြန်မာပြည်ကို ပြန်လည်ဝင်ရောက်လာတဲ့ အလုပ်သမားတစ်ဦးက Migrant Times ကို ပြောပြပါတယ်။ “အခုလို ဗီဇာစာအုပ် သွားလာခွင့်ပြုလိုက်တဲ့အခါကျတော့ ကျမတို့ ကုန်ကျစရိတ်တော်တော်ကြီးကိုသက်သာသွားတယ်။အရင်ကဆို ဘန်ကောက်ကနေပဲသွားလို့ရတာလေ။

Read More
အလုပ်သမား သတင်း

ဟောင်ကောင်သင်္ဘောနစ်မြုပ်မှုမှာ မြန်မာသင်္ဘောသား ၅ ဦးပျောက်ဆုံးနေဆဲ၊ သေဆုံးသွားသည့် ၂ ဦးကို ဂျပန်နိုင်ငံမှာ မီးသဂြိုလ်

ဟောင်ကောင်သင်္ဘောနစ်မြုပ်မှုမှာ မြန်မာသင်္ဘောသား ၅ ဦးပျောက်ဆုံးနေဆဲ၊ သေဆုံးသွားသည့် ၂ ဦးကို ဂျပန်နိုင်ငံမှာ မီးသဂြိုလ် မတ် ၆ ရက်၊ Migrant Times တောင်ကိုရီးယားရေပိုင်နက်အတွင်း ဇန်နဝါရီလ၂၅ ရက် က ဟောင်ကောင်ကုန်တင်သင်္ဘော Jin Tian နစ်မြုပ်မှုမှာ မြန်မာသင်္ဘောသား ၈ ဦး ပျောက်ဆုံးသွားတဲ့အနက် ၂ ဦးကို သေဆုံးလျက်၊ တစ်ဦးကို အသက်ရှင်လျက် ရှာတွေ့ခဲ့ပေမယ့် ၅ ဦးဟာ ဒီနေ့အထိ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ပျောက်ဆုံးနေတဲ့ မြန်မာနိုင်ငံသား ၅ ဦးအတွက် ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ရေပြင်/ဝေဟင် ရှာဖွေမှုလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ တိုကျိုမြို့၊ မြန်မာသံရုံးက ဒီ​နေ့သတင်းထုတ်ပြန်ပါတယ်။သေဆုံးသွားတဲ့ ၂ ဦးအနက် တစ်ဦးရဲ့ အလောင်းကိုနိုင်ငံတကာရေပိုင်နက်ထဲမှာ ရှာတွေ့ခဲ့တာကြောင့် ဂျပန်နိုင်ငံမှာ မီးသဂြိုလ်ဖို့ ဂျပန်နိုင်ငံဥပဒေအရ

Read More
အလုပ်သမား သတင်း

တောင်ကိုရီးယားရောက် မြန်မာတွေ လိုအပ်တဲ့ အထောက်အထားတွေ လုပ်ထားဖို့လို

တောင်ကိုရီးယားရောက် မြန်မာတွေ လိုအပ်တဲ့ အထောက်အထားတွေ လုပ်ထားဖို့လို မတ် ၆ ရက်၊ Migrant Times တောင်ကိုရီးယားမှာ နေထိုင်အလုပ်လုပ်ကိုင်ခွင့်ရဖို့ ဗီဇာမဲ့ ဒုက္ခသည် လျှောက်ထားတဲ့ မြန်မာရွှေ့ပြောင်းတွေအနေနဲ့ လဝက က ထုတ်ပေးထားတဲ့ စာရွက်စာတမ်းတွေကို ပုံမှန်သက်တမ်းတိုးဖို့ လိုအပ်တယ်လို့ တောင်ကိုရီးယားရောက် မြန်မာလူမှုရေး အသင်းအဖွဲ့တွေက သတိပေးနေကြပါတယ်။ယခု မတ်လနဲ့ ဧပြီလ နှစ်လအတွင်း ဗီဇာမဲ့နေထိုင်တဲ့ နိုင်ငံခြားသားတွေကို စီမံချက်နဲ့ ရှာဖွေဖမ်းဆီးဖို့ ရှိနေပြီး အခန့်မသင့်ရင် မြန်မာနိုင်ငံကို ပြန်ရတာမျိုးတွေဖြစ်လာနိုင်တာကြောင့် အခုလို သတိပေးမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။ တောင်ကိုရီးယားရောက် မြန်မာရွေ့ပြောင်းတွေကို ကူညီပေးနေသူ ကိုဇော်မိုးအောင်က “ တရားဉပဒေစိုးမိုးမှုရှိတဲ့ နိုင်ငံမှာ တတ်နိုင်သမျှ ဉပဒေကိုလိုက်နာဖို့လိုပါတယ်။ ဒါမှသာ လုံခြုံနိုင်မှာပါ ” လို့ ဆိုပါတယ်။လက်ရှိ နှစ်လတာ စီမံချက်မှာ

Read More
အလုပ်သမား သတင်း

ထိုင်းမှာ တရားမဝင် မြန်မာလုပ်သားတွေ လိုက်ပါလာတဲ့ကား တိမ်းမှောက်ပြီး နှစ်ဦး သေဆုံး

ထိုင်းမှာ တရားမဝင် မြန်မာလုပ်သားတွေ လိုက်ပါလာတဲ့ကား တိမ်းမှောက်ပြီး နှစ်ဦး သေဆုံး မတ် ၄ ရက်၊ Migrants Times ပြီးခဲ့တဲ့ မတ်လ ၂ ရက်က ထိုင်းနိုင်ငံ၊ Muang စီရင်စု လမ်းမပေါ်မှာ အရှိန်နဲ့မောင်းလာတဲ့ SUV ယာဥ် တာရာကွဲပြီး တိမ်းမှောက်ခဲဲ့ရာ တရားမဝင် ရွှေ့ပြောင်းမြန်မာလုပ်သား နှစ်ဦး သေဆုံးပြီး တခြား ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ဆိုင်ရော့-ကန်ချနဘူရီ ၃၂၃ အဝေးပြေးလမ်းပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး SUV  ယာဥ်ရဲ့ ရှေ့ဘီးတစ်ဘီး၊ နောက်ဘီးတစ်ဘီးတို့ ပြုတ်ထွက်ကာ ကားရှေ့မှန်ဟာလည်း အစိတ်စိတ်အမွှာမွှာကွဲကြေနေတယ်လို့ သိရပါတယ်။ ယာဥ်အပျက်အစီးတွေကြားမှာပဲ အမျိုးသမီးတစ်ဦးကို သေဆုံးရက်သား တွေ့ရှိိရတယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၆ ဦး၊

Read More
အလုပ်သမား သတင်း

နှစ်လအတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ ၅ ခု လိုင်စင်ပိတ်သိမ်းခံရ

နှစ်လအတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ ၅ ခု လိုင်စင်ပိတ်သိမ်းခံရ မတ် ၄ ရက်၊ Migrant Times နှစ်လအတွင်း လိုင်စင်ပိတ်သိမ်းအရေးယူခံရတဲ့ပြည်ပအလုပ်အကိုင်အေဂျင်စီ ၅ခုရှိတယ်လို့ အလုပ်သမားညွန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။အဲဒီထုတ်ပြန်ချက်အရ ဇန်နဝါရီလအတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ ၃ခုနဲ့ ဖေဖော်ဝါရီလအတွင်း အေဂျင်စီ ၂ခုတို့ ပိတ်သိမ်းခံထားရတာလို့ သိရပါတယ်။ဇန်နဝါရီလက Royal ABSကုမ္ပဏီ၊ Top Choice Manpower ကုမ္ပဏီတို့က လိုင်စင် ၁ နှစ်စီနဲ့ Myint Myat Tan Khon ကုမ္ပဏီတို့က လိုင်စင်ခြောက်လပိတ်သိမ်းခံရတာဖြစ်ပါတယ်။ ဖေဖော်ဝါရီလအတွင်းမှာတော့ PhyunSin May General Servicesကုမ္ပဏီက လိုင်စင် ၁နှစ်နဲ့ Poe Poe & Phyo Thandar Tun ကုမ္ပဏီကလိုင်စင်ခြောက်လပိတ်သိမ်းခံရတာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲဒီ အေဂျင်စီတွေအနေနဲ့ ဘာကြောင့်

Read More
အလုပ်သမား သတင်း

အလုပ်သမားက တရားစွဲထားတဲ့ YFA စက်ရုံပိုင်ရှင် ရုံးချိန်း သုံးကြိမ်လုံး ပျက်ကွက်

အလုပ်သမားက တရားစွဲထားတဲ့ YFA စက်ရုံပိုင်ရှင် ရုံးချိန်း သုံးကြိမ်လုံး ပျက်ကွက် မတ် ၃ ရက်၊ Migrant Times အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်ချိုးဖောက်မှုအတွက် အလုပ်သမားက တရားစွဲထားတဲ့ YFAစက်ရုံပိုင်ရှင်ဟာ တရားရုံးက ဆင့်ခေါ်တဲ့ ရုံးချိန်း သုံးချိန်းလုံးပျက်ကွက်ခဲ့တယ်လို့ အလုပ်သမားဘက်က ကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံက သိရပါတယ်။YFAစက်ရုံအလုပ်သမားဖြစ်တဲ့ မအိပိုပိုလှိုင်က တရုတ်နိုင်ငံသား စက်ရုံပိုင်ရှင်ကို ရွှေပြည်သာမြို့နယ်တရားရုံးမှာ ဇန်နဝါရီလ ၃၁ ရက်က တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။အဲဒီလိုတရားစွဲဆိုမှုနဲ့ပတ်သက်လို့ မတ်လ ၁ရက်အထိ ရုံးချိန်းသုံးချိန်းခေါ်ယူခဲ့ပေမယ့် အလုပ်ရှင်ဘက်က လာရောက်ရင်ဆိုင်မှုမရှိခဲ့ဘူးလို့ STUMမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ “ရရှိထားတဲ့သတင်းအရ စက်ရုံပိုင်ရှင်က ဂျပန်ရောက်နေတယ်။ စက်ရုံတာဝန်ရှိသူတွေက တရားရုံးရဲ့ဆင့်ခေါ်စာကိုလက်မခံဘူး။ ဒါကတော့တရားရေးကိစ္စဖြစ်တယ်။ဘယ်လိုအဆုံးအဖြတ်ပေးမယ်ဆိုတာစောင့်ကြည့်ရမှာပဲ”လို့ သူက ပြောပါတယ်။အဲဒီလို တရားရုံးချိန်းပျက်ကွက်ရင် မျက်ကွယ်စီရင်ချက်ချနိုင်သလို ဝရန်းထုတ်ခွင့်ရှိတယ်လို့လည်း တရားရေးအသိုင်းအဝိုင်းက ဆိုပါတယ်။YFAစက်ရုံဟာ အလုပ်သမားတွေကိုအ​ကြောင်းမဲ့အလုပ်ထုတ်ပယ်မှုအတွက်လည်း အငြင်းပွားမှုတွေရှိနေတဲ့စက်ရုံဖြစ်ပါတယ်။

Read More
အလုပ်သမား သတင်း

လုပ်ခလစာမပေးဘဲ သေနတ်နဲ့ ခြိမ်းခြောက်ပြီး စေခိုင်းခံရတဲ့ မြန်မာအလုပ်သမားများကို ကယ်ထုတ်

လုပ်ခလစာမပေးဘဲ သေနတ်နဲ့ ခြိမ်းခြောက်ပြီး စေခိုင်းခံရတဲ့ မြန်မာအလုပ်သမားများကို ကယ်ထုတ် မတ် ၃ ရက်၊ Migrant Times ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်းက ကြံစိုက်ခင်းတစ်ခုမှာ လစာမပေးတဲ့အပြင် သေနတ်နဲ့ ခြိမ်းခြောက်တာ၊ ကိုယ်ထိလက်‌ရောက် နှိပ်စက်ညှင်းပန်းတာခံနေရတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၁၄ ဉီးကို လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (HRDF) နဲ့ ထိုင်းအာဏာပိုင်တွေ ပူးပေါင်းပြီး မတ်လ ၁ ရက်က ဝင်ရောက် ကယ်ထုတ်ခဲ့ပါတယ်။ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အထောက်အထား စာရွက်စာတမ်းတွေကို သိမ်းဆည်းထားပြီး အတင်းအဓမ္မစေခိုင်းမှုတွေ၊ စိတ်ရောကိုယ်ပါ နှိပ်စက်ညှင်းပန်းမှုတွေ ရှိနေတယ်ဆိုပြီး တိုင်ကြားလာတာကြောင့် ဝင်‌ရောက်ရှာဖွေ ကယ်ထုတ်ခဲ့တာဖြစ်ပြီး အလုပ်ရှင်ကို ဖမ်းဆီးရမိဖို့ကြိုးစားခဲ့ပေမယ့် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ HRDF ကနေ သိရပါတယ်။လက်ရှိမှာတော့ အလုပ်သမားတွေအနေနဲ့ အလုပ်ရှင်ကို

Read More
အလုပ်သမား သတင်း

ထိုင်းနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံပြီး လွတ်ရက်စေ့ မြန်မာနိုင်ငံသား ၁၃၈ ဦးကို ပြန်ပို့

ထိုင်းနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံပြီး လွတ်ရက်စေ့ မြန်မာနိုင်ငံသား ၁၃၈ ဦးကို ပြန်ပို့ မတ် ၂ ရက်၊ Migrant Times ထိုင်းနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး လွတ်ရက်စေ့နေတဲ့ မြန်မာနိုင်ငံသား ၁၃၈ ဥ​ီးကို မြန်မာတာဝန်ရှိသူတွေဆီ ထိုင်းအာဏာပိုင်တွေက ဒီကနေ့ ပြန်လွှဲပေးခဲ့ပါတယ်။မြဝတီခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဉီးတင်ရွှေ၊ မြဝတီမြို့ လဝကရုံး လ/ထ ညွှန်ကြားရေးမှူး ဉီးဝေမျိုးသက် ဉီးဆောင်တဲ့ အဖွဲ့ဆီကို အဲဒီမြန်မာနိုင်ငံသား ၁၃၈ ဦးကို နှစ်နိုင်ငံချစ်ကြည်ရေးတံတားမှာ လွှဲပြောင်းခဲ့တယ်လို့ ဘန်ကောက်မြို့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။ (ဓာတ်ပုံ-မြန်မာသံရုံး၊ ဘန်ကောက်)

Read More