September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Blog

အလုပ်သမား သတင်း

တောင်ကိုရီးယားကို EPS မြန်မာလုပ်သား ၄၈ ဦးစေလွှတ်

တောင်ကိုရီးယားကို EPS မြန်မာလုပ်သား ၄၈ ဦးစေလွှတ် ဇန်နဝါရီ ၅ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံကို EPS မြန်မာလုပ်သား ၄၈ ဦး ဒီကနေ့ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်နဲ့ Re-entry ကုန်ထုတ်လုပ်သား ၄၅ ဦး၊ Re-entry စိုက်ပျိုး/မွေးမြူရေး လုပ်သား ၃ ဦးဟာ ဒီကနေ့ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတယ်လို့ ဆိုးလ်မြို့မှာရှိတဲ့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ နိုဝင်ဘာလအတွင်းမှာ မြန်မာလုပ်သား ၇၂၈ ဦး စေလွှတ်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။တောင်ကိုရီးယားအစိုးရက မြန်မာလုပ်သားတွေကို တရားဝင်ပြန်လက်ခံနေပြီးတော့ ဩဂုတ်လအတွင်းမှာ မြန်မာလုပ်သား ၁,၂၉၃ ဦး၊ စက်တင်ဘာလမှာ ၉၇၈ ဦး၊အောက်တိုဘာလအတွင်းမှာ မြန်မာလုပ်သား ၁,၁၆၉

Read More
အလုပ်သမား သတင်း

အလုပ်သမားသမဂ္ဂဝင်တချို့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်

အလုပ်သမားသမဂ္ဂဝင်တချို့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ် ဇန်နဝါရီ ၄ ရက်၊ Migrant Times ဒီနေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွတ်တဲ့အထဲမှာ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တချို့ ပါတယ်လို့ အလုပ်သမားအဖွဲ့တွေထံက သိရပါတယ်။သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)မှ သမဂ္ဂဝင်နှစ်ဦးလည်း ဒီနေ့ပြန်လွတ်တယ်လို့ ကြားသိရကြောင်း အဲဒီအဖွဲ့ချုပ်တာဝန်ရှိသူက ဆိုပါတယ်။” တစ်ယောက်က ပုသိမ်အကျဥ်းထောင်က။ သူက အရင်အစိုးရလက်ထက်ကတည်းက တခြားအမှုနဲ့ ထောင်ကျနေတာ။ လွတ်ရက်လည်း နီးနေပြီ။ ပြန်လွတ်ပြီလို့တော့ ပြောတယ်။ အဆက်အသွယ် မရသေးဘူး ” လို့ သူက ပြောပါတယ်။မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)မှ တာဝန်ရှိသူတစ်ဦးကလည်း သမဂ္ဂဝင်တချို့ ပြန်လည်လွတ်မြောက်လာတယ်လို့ သတင်းရထားပေမယ့် အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။လက်ရှိအချိန်အထိ အလုပ်သမားအဖွဲ့ချုပ်နဲ့သမဂ္ဂဝင် ၂၀၀ ကျော်ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်ပြီး လွတ်မြောက်လာသူ အရေအတွက်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။               

Read More
အလုပ်သမား သတင်း

AAC ကို လတ်တလော အကူအညီတောင်းခံလို့ မရသေး

AAC ကို လတ်တလော အကူအညီတောင်းခံလို့ မရသေး ဇန်နဝါရီ ၄ ရက်၊ Migrant Times ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ AAC (မဟာမိတ်) အဖွဲ့သားတွေ သာသနာ့ဘောင်ဝင်ဖို့ရှိနေတာကြောင့် လတ်တလောကာလမှာ အလုပ်သမားရေး ကူညီတဲ့ လုပ်ငန်းစဉ်တွေကို ရပ်တန့်ထားမယ်လို့ အဖွဲ့ ဒါရိုက်တာ ဉီးခိုင်ကြီးက ပြောပါတယ်။နှစ်သစ်ကူး ကုသိုလ်အဖြစ် AAC အဖွဲ့သားတွေက ဇန်နဝါရီလ ၃ ​ရက်ကနေ ဇန်နဝါရီလ ၁၄ ရက်အထိ ရဟန်းခံခြင်း၊ သီလရှင်ဝတ်ခြင်းနဲ့ တရားစခန်းဝင်ခြင်းတွေ ပြုလုပ်မှာ ဖြစ်တာကြောင့် ဒီကာလတွေမှာ ရုံးပိတ်ထားမှာဖြစ်သလို ဆောင်ရွက်လက်စ အလုပ်သမားအမှုတွေကိုလည်း ရပ်ဆိုင်းထားမှာဖြစ်တယ်လို့ သိရပါတယ်။AAC အဖွဲ့သားဖြစ်သူ ကိုနေလင်းသူက “ ကျွန်တော်တို့ နှစ်ကူးမှာ ခဏနားတဲ့သဘောပါပဲ။ တစ်နှစ်လုံးနားရက်မရှိ အရေးကြီးရင်

Read More
စီးပွားရေး အလုပ်သမား သတင်း

ပြည်တွင်းအလုပ်အကိုင် ဒီနှစ်မှာလည်း ဆက်ရှားပါးနိုင်

ပြည်တွင်းအလုပ်အကိုင် ဒီနှစ်မှာလည်း ဆက်ရှားပါးနိုင် ဇန်နဝါရီ ၃ ရက်၊ Migrant Times ပြည်တွင်းအလုပ်အကိုင်စျေးကွက်ဟာ အခုနှစ်မှာလည်း ဆက်ပြီး လျော့နည်းကျဆင်းနိုင်တယ်လို့ အလုပ်အကိုင်အေဂျင်စီတချို့က ဆိုပါတယ်။ပွင့်လင်းရာသီရောက်တာတောင် လုပ်ငန်းတိုးချဲ့မှုနဲ့ အလုပ်အကိုင်စျေးကွက် အေးနေတာကြောင့် ဆက်ပြီးအခြေအနေ ကောင်းလာမယ့် အလားအလာ မတွေ့ရဘူးလို့ သူတို့က ဆိုပါတယ်။” စီးပွားရေးလုပ်ငန်းတွေ အေးစက်နေသမျှတော့အလုပ်အကိုင်အခွင့်အလမ်းက တက်နိုင်စရာမရှိဘူး။ ဒီနှစ်လည်း ခက်ခက်ခဲခဲရုန်းကန်ရှာဖွေရဦးမယ့် အခြေအနေရှိတယ် ” လို့ ပြည်တွင်းအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ နိုင်ငံရေးအခြေအနေကြောင့် လုပ်ငန်းတွေဟာ ဟန်ပြသာသာ လည်ပတ်နေကြပြီး လုပ်သားအသစ်ခေါ်ယူခန့်ထားတာ နည်းပါးနေတယ်လို့ ဆိုပါတယ်။လက်ရှိနိုင်ငံရေးအခြေအနေ မပြောင်းမချင်း ပြည်တွင်းအလုပ်အကိုင်စျေးကွက်လည်း ကောင်းလာနိုင်ခြေ မရှိပါဘူးလို့ တခြားအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးကလည်း မှတ်ချက်ပြုပါတယ်။လက်ရှိပြည်တွင်းမှာ အလုပ်အကိုင်လိုအပ်သူတွေပဲအဆမတန်များပြားနေပြီး လုပ်သားခေါ်ယူမှုက အနည်းကျဥ်းသာရှိလို့ မျှတတဲ့အခြေအနေတစ်ရပ် ရှိမနေဘူးလို့သူတို့က ဆိုပါတယ်။နှစ်နှစ်တာကာလမှာ ကဏ္ဍစုံက လုပ်သားဦးရေ တစ်သန်းကျော်

Read More
နိုင်ငံရေး အလုပ်သမား သတင်း

NUG က ၆ လအတွင်း အလုပ်သမားအမှု ၁၉ မှု ဖြေရှင်းပေးခဲ့ဟုဆို

NUG က ၆ လအတွင်း အလုပ်သမားအမှု ၁၉ မှု ဖြေရှင်းပေးခဲ့ဟုဆို ဇန်နဝါရီ ၃ ရက်၊ Migrant Times အမျိုးသားညီညွတ်ရေး အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနရဲ့ တိုင်ကြားရေးယန္တယားကို တိုင်ကြားလာတဲ့အမှုပေါင်း ၂၉ မှုအနက် ၁၉ မှုကို ဖြေရှင်းပေးနိုင်ခဲ့တယ်လို့ ပြည်ပအလုပ်သမားရေးရာ စီမံခန့်ခွဲရေး ဉီးစီးဌာနက ကိုနိုင်ထွန်းဉီးထံက သိရပါတယ်။သူက “ ၂၀၂၂ ခုနှစ်အတွင်း တိုင်ကြားစာ ၂၉ စောင်လက်ခံရရှိပါတယ် ၁၉ မှု ဖြေရှင်းပြီးပါပြီ။ ၆ မှုက ဖြေရှင်းနေဆဲဖြစ်ပါတယ်။ ဖြေရှင်းပေးရန် ၄ မှုကျန်ပါတယ်။ အဲဒီအမှုတွေက ကာတာနိုင်ငံမှ ၁ မှု၊ ဒူဘိုင်းက ၂ မှု၊ ပြည်တွင်းက ၁ မှုပါ ” လို့

Read More
အလုပ်သမား သတင်း

၂၀၂၂ ခုနှစ်အတွင်း IWFM က တိုင်ကြားစာ ၂၀၀ ဝန်းကျင်ရရှိဟုဆို

၂၀၂၂ ခုနှစ်အတွင်း IWFM က တိုင်ကြားစာ ၂၀၀ ဝန်းကျင်ရရှိဟုဆို ဇန်နဝါရီ ၂ ရက်၊ Migrant Times မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM)က ၂၀၂၂ ခုနှစ်အတွင်းမှာ အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရတဲ့ အလုပ်သမားတွေရဲ့ အမှုပေါင်း ၂၀၀ ဝန်းကျင်ကို လက်ခံဖြေရှင်းခဲ့ရတယ်လို့ အဆိုပါ အဖွဲ့ချုပ်ထံက သိရပါတယ်။IWFM ရဲ့ အလုပ်သမားရေး တာဝန်ခံတစ်ဉီးက “ အမှုဆိုတာကတော့ တိုင်ကြားလာတဲ့အဖွဲ့တစ်ခုကို တစ်မှုပေါ့ ဒီလိုသတ်မှတ်တာပေါ့။ အမှုတစ်ခုစီကို တွက်လိုက်ရင်ကျ အရမ်းအများကြီးဖြစ်သွားမယ်။ တစ်ဖွဲ့ကို အနည်းဆုံး သုံးလေးမှုလောက် အကြုံးဝင်နေတာဆိုတော့လေ ” လို့ ဆိုပါတယ်။ တိုင်ကြားမှုအများဆုံးက ဉပဒေမဲ့ အလုပ်ထုတ်ခံရမှု၊ အိုတီခိုင်းစေပြီး အိုတီကြေးမပေးမှု၊ အောက်နိုက်အောလင်း (မိုးလင်းပေါက်)

Read More
အလုပ်သမား သတင်း

အလုပ်ထုတ်ခံထားရတဲ့ မြန်မာပေါင်ချိန်စက်ရုံအလုပ်သမားတွေကို အလုပ်ပြန်ခန့်

အလုပ်ထုတ်ခံထားရတဲ့ မြန်မာပေါင်ချိန်စက်ရုံအလုပ်သမားတွေကို အလုပ်ပြန်ခန့် ဇန်နဝါရီ ၂ ရက်၊ Migrant Times မြန်မာပေါင်ချိန်ဖိနပ်စက်ရုံမှ အလုပ်ထုတ်ခံထားရတဲ့အလုပ်သမားတွေကို ဒီက​ေန ့အလုပ်ပြန်ဝင်ခွင့်ပြုလိုက်တယ်လို့ အဲဒီအလုပ်သမားတွေဆီက သိရပါတယ်။Adidasဖိနပ်ကိုချုပ်လုပ်နေတဲ့ မြန်မာပေါင်ချိန်စက်ရုံဟာ အောက်တိုဘာလအတွင်း လုပ်ခတိုးပေးဖို့ဆန္ဒပြတောင်းဆိုမှုမှာ ပါဝင်တဲ့အလုပ်သမား ၂၆ ယောက်ကို အလုပ်ကထုတ်ပယ်ခဲ့တာဖြစ်ပြီး နှစ်ဘက်ညှိနိူင်းမှုတွေ လုပ်ပြီးတဲ့နောက် အလုပ်ပြန်ခန့်ဖို့ သဘောတူလိုက်တာလို့ သိရပါတယ်။အလုပ်သမား ၂၆ယောက်မှာ ၉ ယောက်ကတော့ အလုပ်ပြန်မဝင်တော့ဘဲ နစ်နာကြေးရယူခဲ့ပြီး ကျန် ၁၇ယောက်က လုပ်ငန်းခွင်ပြန်ဝင်ကြမယ်လို့ အဲဒီစက်ရုံအလုပ်သမသမဂ္ဂခေါင်းဆောင်တစ်ဦးက ဆိုပါတယ်။ ” လွယ်လွယ်ကူကူ အဆင်ပြေခဲ့တာတော့ မဟုတ်ဘူး။တောင်းဆိုမှုတွေ တော်တော်လုပ်လိုက်ရတာ ” လို့ သူက ပြောပါတယ်။အဲဒီစက်ရုံက အလုပ်သမားတွေအလုပ်ထုတ်ခံရတာ၊လုပ်ခလစာနည်းနည်းနဲ့လုပ်နေကြရတဲ့အကြောင်းကို ကမ္ဘာ့မီဒီယာတွေကပါ ဖော်ပြခဲ့တာပါ။အလုပ်သမားတွေကို အလုပ်ပြန်ခန့်ဖို့ Adidasကုမ္ပဏီကကြားဝင်ညှိနှိုင်းပေးခဲ့ပြီး စက်ရုံက အလုပ်ပြန်ခန့်ခံခဲ့တာလို့သိရပါတယ်။ဒါပေမဲ့ အလုပ်သမားတွေ မူလတောင်းဆိုခဲ့ကြတဲ့ အနည်းဆုံးလုပ်ခတိုးပေးဖို့ကိုတော့

Read More
အလုပ်သမား သတင်း

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သား ၅၀ ကျော် တရားရင်ဆိုင်ပြီး အလုပ်ထုတ်နစ်နာကြေးရ

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သား ၅၀ ကျော် တရားရင်ဆိုင်ပြီး အလုပ်ထုတ်နစ်နာကြေးရ ဒီဇင်ဘာ ၂၉ ရက် ၊ Migrant Times အကြောင်းမဲ့ အလုပ်ထုတ်ခံခဲ့ရတဲ့ မြန်မာရွှေ့ပြောင်း လုပ်သား ၅၀ ကျော်ဟာ အမှုဖွင့်တိုင်ကြားခဲ့ပြီး ၆ လအကြာ ဒီဇင်ဘာလ ၂၈ ရက်မှာ အလုပ်ထုတ်နစ်နာကြေးရရှိခဲ့ပါတယ်။ထိုင်းနိုင်ငံ၊ စမုဆာခွန်မှာရှိတဲ့ အိမ်သုံးကော်ပစ္စည်းထုတ်စက်ရုံက မြန်မာရွှေ့ပြောင်းလုပ်သား ၅၀ ဦးကို ဉပဒေမဲ့ အလုပ်ထုတ်ခဲ့တာကြောင့် နစ်နာသူ အလုပ်သမားတွေကို ထိုင်းဘတ်ငွေ ၂၄ သိန်းကျော် ပေးဆောင်ရမှာဖြစ်ပါတယ်။ “ ဆဝါဒီကန်ကနေပြီးတော့ တရားရုံးကိုလွှဲလိုက်တယ်။ တရားရုံးမှာ ၆ လလောက် တရားရင်ဆိုင်ပြီးမှ အလုပ်ထုတ်နစ်နာကြေးရတာပါ။ ကြားထဲမှာ ဘောက်လုပ်ရင်း ခက်ခက်ခဲခဲရပ်တည်ခဲ့ရတယ် ” လို့ နစ်နာသူတစ်ဉီးဖြစ်တဲ့ ကိုချင်းက ပြောပါတယ်။မြန်မာလုပ်သားတွေက အလုပ်ပြန်ခန့်ပေးဖို့

Read More
စီးပွားရေး အလုပ်သမား သတင်း

တောင်ကိုရီးယားရောက် မြန်မာလုပ်သားတွေ လုပ်သက်ပြည့်​ရင် နေရပ်ပြန်ဖို့မလိုဘဲ အလုပ်ဆက်လုပ်ခွင့်ရ

တောင်ကိုရီးယားရောက် မြန်မာလုပ်သားတွေ လုပ်သက်ပြည့်​ရင် နေရပ်ပြန်ဖို့မလိုဘဲ အလုပ်ဆက်လုပ်ခွင့်ရ ဒီဇင်ဘာ ၃၀ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံက နိုင်ငံခြားသားလုပ်သားတွေအနေနဲ့လုပ်သက်ပြည့်ရင် နေရပ်ပြန်ဖို့မလိုဘဲ တစ်ဆက်တည်း ဆက်လက်လုပ်ကိုင်ခွင့်ပေးမယ်လို့အလုပ်သမားဝန်ကြီးဌာနက ကြေညာပါတယ်။တောင်ကိုရီးယား အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားသားလုပ်သားများ အလုပ်လုပ်ပိုင်ခွင့်ဆိုင်ရာ ဥပဒေကို တိုးချဲ့ ပြဌာန်းလိုက်ကြောင်း ဒီဇင်ဘာလ ၂၉ ရက်က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ အဲဒီ ဥပဒေကို မပြဌာန်းခင်က စက်ရုံ တစ်ရုံ (သို့မဟုတ်) နှစ်ရုံမှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသား လုပ်သား​တွေဟာ လုပ်သက် ၄ နှစ်နဲ့ ၁၀ လပြည့်ရင် အလုပ်အကိုင် ဆက်လုပ်ပိုင်ခွင့် စာချုပ် ချုပ်ဆိုပြီး ကိုယ့်နိုင်ငံကို ပြန်ကြရတာဖြစ်ပါတယ်။မိမိနိုင်ငံမှာ တစ်လကနေ ၆ လ အထိ အနားယူပြီးမှ တောင်ကိုရီးယားကို ပြန်လာကာ ၄

Read More
စီးပွားရေး အလုပ်သမား သတင်း

လစဉ် မြန်မာနိုင်ငံသား ၄ သောင်းခန့် ပြည်ပထွက်ခွာနေ

လစဉ် မြန်မာနိုင်ငံသား ၄ သောင်းခန့် ပြည်ပထွက်ခွာနေ ဒီဇင်ဘာ ၃၀ ရက်၊ Migrant Times နိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့အထွေထွေအကြပ်အတည်းကြောင့် လစဥ်မြန်မာလုပ်သားဦးရေ ၄၀၀၀၀ နီးပါးဟာ ပြည်ပကို ထွက်ခွာနေတယ်လို့ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) က ထုတ်ပြန်ပါတယ်။နိုင်ငံအတွင်းစစ်ရေးနှင့်အကြမ်းဖက်မှုတွေကြောင့် လုံခြုံမှုမရှိတာ၊ စီးပွားရေးကျဆင်းတာ၊ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်​ပျောက်ဆုံးတာစတဲ့ အချက်တွေကြောင့် မြန်မာနိုင်ငံကိုစွန့်ခွာသူတိုးလာနေတယ်လို့ အဲဒီအဖွဲ့က ဆိုပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုဟာ အိမ်နီးချင်းထိုင်းနဲ့မလေးရှားနိုင်ငံတွေကို အများဆုံးထွက်ခွာနေကြတာ ဖြစ်ပါတယ်။အဲဒီလို ထွက်ခွာရာမှာ တရားဝင်သွားရောက်မှုရှိသလို တရားမဝင်သွားရောက်မှုတွေလည်းအများအပြားရှိနေတယ်လို့ သိရပါတယ်။လက်ရှိ၂ နှစ်တာကာလအတွင်းမြန်မာနိုင်ငံအတွင်း ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၁ ဒသမ ၄ သန်းကျော် ရှိနေပြီး လာမယ့်နှစ်မှာ အရေအတွက်ပိုတိုးလာနိုင်တယ်လို့ IOM က ခန့်မှန်းထားပါတယ်။ 

Read More