ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာလုပ်သား ၂၀၀ ကျော်ကို နေရပ်ပြန်ပို့
ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာလုပ်သား ၂၀၀ ကျော်ကို နေရပ်ပြန်ပို့ ဒီဇင်ဘာ ၃၀ ရက် ၊ Migrant Times ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀ ဦး နှင့် ကလေးငယ် ၉ ဦး ကို ဒီကနေ့ နေလယ်ပိုင်းမှာ ရနောင်းမြို့ကတစ်ဆင့် ကော့သောင်းမြို့ကို ပြန်ပို့ခဲ့ပါတယ်။သူတို့ဟာ ထိုင်းနိုင်ငံတောင်ပိုင်းက အချုပ်တွေမှာ အကြောင်းအမျိုးမျိုးနဲ့ပြစ်ဒဏ်ကျခံပြီးတာကြောင့် ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခဲ့တာဖြစ်ပါတယ်။သူတို့ကို ရနောင်းမြို့ကနေ စက်လှေနဲ့ ကော့သောင်းမြို့ကိုပြန်ပို့ခဲ့တာပါ။ အခု နေရပ်ပြန်ပို့ခံရသူတွေထဲမှာ ကလေးမ၃ ဦး ကလေးကျား ၆ဦး အမျိုးသမီး ၆၀ ဦးနဲ့ အမျိုးသား ၁၄၀ ဦး ပါဝင်ပါတယ်။ ကော့သောင်းမြို့ကိုရောက်လာတဲ့ အဲဒီမြန်မာလုပ်သားတွေကို ဒေသအာဏာပိုင်တွေက ကိုဗစ်-၁၉ စစ်ဆေးပြီး