နိုင်ငံကူးလက်မှတ်ထုတ်ပေးတာရပ်လိုက်လို့ ပြည်ပသွားမယ့် အလုပ်သမားတွေ ငွေကြေးဆုံးရှုံး
နိုင်ငံကူးလက်မှတ်ထုတ်ပေးတာရပ်လိုက်လို့ ပြည်ပသွားမယ့် အလုပ်သမားတွေ ငွေကြေးဆုံးရှုံး ဇန်နဝါရီ ၁၈ ရက်၊ Migrant Times နိုင်ငံကူးလက်မှတ်ထုတ်ပေးတာကို ရပ်လိုက်တဲ့အတွက်ပြည်ပသွားမယ့် အလုပ်သမားတွေ ငွေကြေးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ အဲဒီအလုပ်သမားတွေဆီက သိရပါတယ်။နိုင်ငံကူးလက်မှတ်ပြုလုပ်ဖို့ ရက်ချိန်းကို ပွဲစားတွေဆီကဝယ်ယူခဲ့ကြရပြီး အဲဒီရက်ချိန်းတွေပါပယ်ဖျက်လိုက်တာကြောင့် ငွေကြေးနစ်နာခဲ့တာလို့ ဆိုပါတယ်။” တစ်ယောက်ကို အနည်းဆုံး ကျပ်သုံးသိန်းလောက် ပေးထားရတာ။ တစ်ရက်တစ်ရက်စာ လူက နည်းတာမဟုတ်ဘူး။ အဲဒီရက်ချိန်းတွေ ဝယ်ယူထားလည်း ဆက်မလုပ်ပေးတော့ အလကားဖြစ်သွားတာပေါ့” လို့ ပြည်ပသွားရောက်မယ့် အလုပ်သမားတစ်ဦးက ပြောပါတယ်။ရက်ချိန်းပေးစဥ်က ပွဲစားတွေကသာ လက်ဦးမှုယူထားကြတာကြောင့် နိုင်ငံကူးလက်မှတ်အမြန်လိုသူတွေဟာ ပွဲစားတွေဆီက မဖြစ်မနေဝယ်ယူထားကြရတာလို့ ဆိုပါတယ်။ ဒါ့အပြင် Green Channel နဲ့ နိုင်ငံကူးလက်မှတ်လုပ်ပေးစဥ်ကလည်း အေဂျင်စီတချို့က အဆမတန်ငွေကြေးတောင်းယူထားလို့ ပေးထားကြရပြီး အခုအဲဒီအစီအစဥ်ပါရပ်လိုက်တာကြောင့် ငွေပြန်အမ်း၊မအမ်းမသိရသေးဘူးလို့ အလုပ်သမားတချို့က ဆိုပါတယ်။မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ဟာ နိုင်ငံကူးလက်မှတ်လုပ်ဖို့ ရက်ချိန်းယူရတဲ့စနစ်ကို