September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Blog

စီးပွားရေး အလုပ်သမား သတင်း

ရွှေပလ္လင် လက်ဘက်ရည်ဆိုင်မှာ အလုပ်သမားတွေကိုဖိနှိပ်စေခိုင်းတာတွေ ရှိနေတယ်လို့ဆို

ရွှေပလ္လင် လက်ဘက်ရည်ဆိုင်မှာ အလုပ်သမားတွေကိုဖိနှိပ်စေခိုင်းတာတွေ ရှိနေတယ်လို့ဆို ဒီဇင်ဘာ ၁၈ ရက်၊ Migrant Times ဆိုင်ခွဲများစွာဖွင့်လှစ်ထားတဲ့ ရွှေပလ္လင်လက်ဘက်ရည်ဆိုင်မှာ အလုပ်သမားတွေကို ဖိနှိပ်စေခိုင်းတာမျိုးတွေရှိနေတယ်လို့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FGWM)က ထုတ်ပြန်ပါတယ်။ အဲဒီလက်ဘက်ရည်ဆိုင်မှာ အလုပ်ရရင် ယူနီဖောင်းကြေးကျပ် ၂၀၀၀၀ ပေးသွင်းရပြီး အလုပ်ထွက်တဲ့အခါယူနီဖောင်းကို ပြန်အပ်ရပေမယ့် ပေးသွင်းထားတဲ့ယူနီဖောင်းကြေးပြန်မထုတ်ပေးတာ၊ ဝန်ထမ်းတွေ ွအပေါ် ရိုင်းစိုင်းစွာ ဆက်ဆံပြီး ဆဲဆိုတာ၊ အလုပ်သမားတစ်ယောက်ကို အမြင် မကြည်တော့ရင် ရုံးချုပ်ကို မဟုတ်မမှန် တိုင်ပြီး အလုပ်ထုတ်တာမျိုးတွေ ရှိနေတယ်လို့ ဆိုပါတယ်။ အတိုင်ခံရတဲ့ အလုပ်သမားက ရုံးချုပ်ကို သွားရောက် ဖြေရှင်းတဲ့အခါ အလုပ်သမားဘက်က ဖြေရှင်းခွင့်မပေးဘဲ အလုပ်ကနေ ထွက်သွားဆိုပြီး မောင်းထုတ်တာမျိုးတွေရှိနေတယ်လို့ FGWM က ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ Junction Square မှာ ဖွင့်ထားတဲ့

Read More
နိုင်ငံရေး

အလုပ်သမားအဖွဲ့ဝင် သုံးဦး အလုပ်​ကြမ်းနဲ့ထောင်ဒဏ် (၃)နှစ်စီချခံရ

အလုပ်သမားအဖွဲ့ဝင် သုံးဦး အလုပ်​ကြမ်းနဲ့ထောင်ဒဏ် (၃)နှစ်စီချခံရ ဒီဇင်ဘာ ၁၆ရက်၊ Migrant Times အလုပ်သမားအဖွဲ့ချုပ်အဖွဲ့ဝင် သုံးဦးကို သက်ဆိုင်ရာတရားရုံးက ဒီနေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃)နှစ်စီ ချလိုက်တယ်လို့ ၎င်းတို့နဲ့နီးစပ်သူတွေက ပြောပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ရဲ့ Communication Department က တာဝန်ခံ မခိုင်သဉ္ဇာအေး (ခ)မဘုတ်ဘုတ်၊ CTUM အဖွဲ့ဝင် မအိဖြူမြင့်နဲ့ ကားသမားရဲဘော် ကိုဉာဏ်စိန်တို့ ထောင်ဒဏ်ချမှတ်ခံရတာဖြစ်ပါတယ်။ သူတို့ သုံးဦးဟာ ပြီးခဲ့တဲ့ ဧပြီ ၂၀ရက်က တောင်ဥက္ကလာပမြို့နယ် (၃၁)ဂိတ်အနီး ဆန္ဒပြမှုမှာ ဖမ်းဆီးခံရတာဖြစ်ပြီး ဒီနေ့မှာ ပြစ်ဒဏ်ချလိုက်တာလို့ သိရပါတယ်။ “ငြိမ်းချမ်းစွာဆန္ဒပြတဲ့သူတွေကို မတရားပြစ်ဒဏ်ချမှတ်တဲ့အပေါ် ရှုံ့ချပါတယ်” လို့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ မကြာခင်က MICS-TUsF အလုပ်သမားအဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူးချုပ်

Read More
ရုပ်သံ

ထိုင်းရနောင်းအချုပ်မှ ကော့သောင်းသို့ပြန်ပို့ခံရတဲ့ ကိုယ်ဝန်ဆောင်သည်တစ်ဦး (Q)ဝင်နေစဉ်အတွင်း မီးဖွား

ထိုင်းရနောင်းအချုပ်မှ ကော့သောင်းသို့ ပြန်ပို့ခံရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး(၃)ဦးအနက် တစ်ဦးမှာ (Q)ဝင်နေစဉ်အတွင်း မီးဖွား   #migrant_times #HtooChit_FED Show less

Read More
နိုင်ငံတကာ အလုပ်သမား သတင်း

တောင်ကိုရီးယားကို EPS မြန်မာလုပ်သား ၁၄၀ ကျော်စေလွှတ်

တောင်ကိုရီးယားကို EPS မြန်မာလုပ်သား ၁၄၀ ကျော်စေလွှတ် နိုဝင်ဘာ ၂၉ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံကို EPS မြန်မာလုပ်သား ၁၄၈ ဦး ဒီကနေ့ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်နဲ့ စေလွှတ်တဲ့ ကုန်ထုတ်လုပ်သားသစ် ၈၈ ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် ၃၁ ဦး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ၂၉ ဦးဟာ ဒီကနေ့ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတယ်လို့ ဆိုးလ်မြို့မှာရှိတဲ့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ မြန်မာလုပ်သား ၁,၁၆၉ ဦး စေလွှတ်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ တောင်ကိုရီးယားအစိုးရက မြန်မာလုပ်သားတွေကို တရားဝင်ပြန်လက်ခံနေပြီးတော့ ဩဂုတ်လအတွင်းမှာ မြန်မာလုပ်သား ၁,၂၉၃ ဦး၊

Read More
စီးပွားရေး

စက်ရုံအလုပ်သမားသမဂ္ဂဝင်တချို့ကို အလုပ်ရှင်တွေက Black List သွင်းထားလို့ အလုပ်ရှာဖို့ခက်နေ

စက်ရုံအလုပ်သမားသမဂ္ဂဝင်တချို့ကို အလုပ်ရှင်တွေက Black List သွင်းထားလို့ အလုပ်ရှာဖို့ခက်နေ နိုဝင်ဘာ ၂၉ ရက်၊ Migrant Times ပြည်တွင်းစက်ရုံတွေက အလုပ်သမားအရေးလှုပ်ရှားနေတဲ့ သမဂ္ဂဝင်တချို့ကို အလုပ်ရှင်​ေတွက Black List (အမည်ပျက်စာရင်း)သွင်းထားပြီး တခြားစက်ရုံတွေဆီ ဖြန့်ဝေထားတာကြောင့် အလုပ်အသစ်ရှာဖို့ ခက်ခဲနေတယ်လို့ အဲဒီအလုပ်သမားတွေက ဆိုပါတယ်။ စက်ရုံအတွင်း အလုပ်သမားအခွင့်အရေး တောင်းဆိုလေ့ရှိသူတွေကို အကြောင်းမဲ့အလုပ်ထုတ်ပြီး တခြားမှာလည်းဝင်မလုပ်နိုင်အောင် အဲဒီအလုပ်သမားတွေရဲ့စာရင်းဖြန့်ဝေထားတာတွေ ရှိနေတာလို့ ဆိုပါတယ်။ ” အလုပ်သွားလျှောက်ရင် ဘာအကြောင်းပြချက်မှ မပေးဘဲ လက်မခံနိုင်ဘူးဆိုပြီး ငြင်းခံရတာ များနေပြီ။တော်တော်များများ အဲဒီလိုကြုံနေရတာ ” လို့ အလုပ်ရှာနေတဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ အလုပ်သမားအခွင့်အရေးတောင်းဆိုတတ်သူတှေကို စက်ရုံတွေက မှတ်ထားပြီး အချင်းချင်း ဖြန့်ဝေအသိပေးတာကို ဒီနှစ်အတွင်း ပိုကြုံတွေ့နေရတယ်လို့လည်း အလုပ်သမားအရေးလှုပ်ရှားသူတွေက ဆိုပါတယ်။ ”

Read More
သတင်း

ထိုင်းမှာ MoU မြန်မာလုပ်သားတွေ လိုက်ပါလာတဲ့ ဘတ်စ်ကား တိမ်းမှောက်၊ ၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

ထိုင်းမှာ MoU မြန်မာလုပ်သားတွေ လိုက်ပါလာတဲ့ ဘတ်စ်ကား တိမ်းမှောက်၊ ၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ နို၀င်ဘာ ၃၀ ရက်၊ Migrant Times ထိုင်း-မြန်မာနယ်စပ် မဲဆောက်​​မြို့ကနေ တာ့ခ်မြို့ကို သွားတဲ့လမ်းမှာ ဘတ်စ်ကားတစ်စီး မနေ့ညက ဘရိတ်ပေါက် တိမ်းမှောက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီကားပေါ်မှာ ထိုင်းနိုင်ငံကို MoUစနစ်နဲ့ လာရောက်အလုပ်လုပ်ကိုင်တဲ့ မြန်မာလုပ်သား ၄၅ ဦး လိုက်ပါလာတာဖြစ်ပြီး ယာဥ်တိမ်းမှောက်မှုကြောင့် ၃ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ အဲဒီကားဟာ မြန်မာလုပ်သားတွေချည်း လိုက်ပါလာတဲ့ စင်းလုံးငှားကားဖြစ်ပါတယ်။ မနေ့က ည ၉ နာရီ ၁၀ မိနစ်မှာ တာ့ခ်မြို့ကို သွားတဲ့ မယ်လမောင်-တာ့ခ်လမ်းမ‌ပေါ်မှာ ကားဘရိတ်ပေါက်ပြီး တစ်ဖက်လမ်းကို ထိုးကျတိမ်းမှောက်ခဲ့တာပါ။ ကနဦးရရှိတဲ့သတင်းအချက်အလက်တွေအရ

Read More
ရုပ်သံ

ထိုင်းအစိုးရက စိစစ်အရေးယူမှုတွေရှိလာနိုင်လို့ သတိပြုနေထိုင်သင့်

ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ အထောက် အထားမဲ့ မြန်မာလုပ်သားတွေအနေနဲ့ ထိုင်းအစိုးရက စိစစ်အရေးယူမှုတွေရှိလာနိုင်လို့ သတိပြုနေထိုင်သင့်တယ်လို့ ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားရေး ဆောင်ရွက်သူတွေက Migrant Times က တစ်ဆင့် သတိပေးပါတယ်။ အောက်တိုဘာ ၁၀ရက်၊ Migrant Times

Read More
ရုပ်သံ

ပွဲစားစွန့်ပစ်လို့ တောထဲမှာအစာရေစာပြတ်လပ်နေတဲ့ မြန်မာလုပ်သားရှစ်ဦးကို ထိုင်းစစ်သားတွေ ဖမ်းဆီး

ပွဲစားစွန့်ပစ်လို့ တောထဲမှာအစာရေစာပြတ်လပ်နေတဲ့ မြန်မာလုပ်သားရှစ်ဦးကို ထိုင်းစစ်သားတွေ ဖမ်းဆီး အောက်တိုဘာ ၁၃ ရက်၊Migrant Times မလေးရှားနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်ဖို့ ရခိုင်ပြည်နယ်ဘက်ကနေလာကြတဲ့ အလုပ်သမားရှစ်ဦးဟာ ပွဲစားနဲ့ချိတ်ဆက်ပြီး တရားမဝင်လမ်းကြောင်းကနေ ထိုင်းနိုင်ငံကို ဖြတ်ကျော်လာစဥ်မှာ ရနောင်းခရိုင်လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးမိခဲ့ပါတယ်။

Read More
နိုင်ငံတကာ

ယူအေအီးနိုင်ငံကို အလုပ်သမားလိမ်လည်ပို့ဆောင်မှုတွေရှိနေပေမယ့် သွားချင်သူများနေ

ယူအေအီးနိုင်ငံကို အလုပ်သမားလိမ်လည်ပို့ဆောင်မှုတွေရှိနေပေမယ့် သွားချင်သူများနေ အောက်တိုဘာ ၁၃ ရက်၊ Migrant Times ယူအေအီးနိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး လိမ်လည်ပို့ဆောင်တာတွေရှိနေပေမယ့် သွားရောက်လုပ်ကိုင်ချင်သူတွေကများနေဆဲဖြစ်တယ်လို့ အေဂျင်စီတွေနဲ့ပြည်ပအလုပ်ရှာနေသူတွေက သိရပါတယ်။ ယူအေအီးနိူင်ငံ၊ဒူဘိုင်းမြို့တော်မှာ အလုပ်ရမယ်ဆိုပြီး အမည်ခံအေဂျင်စီတချို့နဲ့ပွဲစားတွေက လိမ်လည်စေလွှတ်မူကြောင့် မြန်မာလုပ်သားအများအပြားအဲဒီနိူင်ငံမှာဒုက္ခရောက်နေကြပြီးဆက်ပြီးထွက်နေကြသူတွေလည်းရှိတယ်လို့သူတို့က ဆိုပါတယ်။ “ဒီလောက်လိမ်နေပါတယ်လို့သတိပေးနေလည်းသွားချင်တဲ့သူတွေကနားမဝင်ဘူး။အခုလည်းထွက်နေကြတာပဲ။အဲဒီလိုသူတွေရှိတော့လိမ်တဲ့သူအကြိုက်ဖြစ်နေတာပေါ့”လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီပိုင်ရှင်တစ်ဦးက ပြောပါတယ်။ အရှေ့အလယ်ပိုင်းဒေသတွေဟာ လုပ်ငန်းကဏ္ဍအလိုက်ကျွမ်းကျင်လုပ်သားတွေကိုသာ အဓိကတရားဝင်ခေါ်ယူနေသလို ခေါ်တဲ့အရေအတွက်ကလည်း အနည်းငယ်သာဖြစ်တယ်လို့ အေဂျင်စီတွေက ပြောပါတယ်။ လက်ရှိမှာ သန့်ရှင်းရေး၊ အိမ်အကူစတဲ့အောက်ခြေလုပ်ငန်းတွေလုပ်ရမယ်ဆိုပြီး အလုပ်သမားစုဆောင်းပို့နေကြတာဖြစ်ပြီး အဲဒီလုပ်ငန်းတွေအတွက် အလုပ်သမားပို့ခွင့်တရားဝင်ခွင့်ပြုပေးထားတာမရှိဘူးလို့လည်း အေဂျင်စီတွေထံက သိရပါတယ်။ “တချို့က အလုပ်ရဖို့အဓိကဆိုပြီး ထွက်တာ။အလည်ဗီဇာနဲ့ထွက်ကြတာ။အသိထဲက အဲဒီလိုထွက်သွားသူတွေရှိတယ်။အလုပ်ရမရတော့မသိဘူး”လို့ ပြည်ပကိုသွားရောက်လုပ်ကိုင်ဖို့လေ့လာနေသူတစ်ဦးက ပြောပါတယ်။ ဒူဘိုင်းမှာ အလုပ်ရမယ်ဆိုပြီး အဲဒီရောက်မှ အလုပ်သမားတွေရဲ့ပတ်စ်ပို့သိမ်းကာ အပြင်ထွက်ခွင့်မပေးဘဲ ပိတ်လှောင်ထားတဲ့ဖြစ်စဥ်တွေ မကြာခဏရှိနေတယ်လို့ အလုပ်သမားအရေးစောင့်ကြည့်လေ့လာသူတွေက ဆိုပါတယ်။ အဲဒီနောက် အရှေ့အလယ်ပိုင်းဒေသတွင်းတခြားနိုင်ငံတွေဆီ

Read More