ဂျပန်နိုင်ငံက အလုပ်သင် လုပ်သားခေါ်ယူမှု လျှောက်ထားနိုင်
ဂျပန်နိုင်ငံက အလုပ်သင် လုပ်သားခေါ်ယူမှု လျှောက်ထားနိုင် ဩဂုတ် ၂ ရက် ခွန်သောမတ်၊ Migrant Times ဂျပန်နိုင်ငံမှာ ၃ နှစ်အတွင်း နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်ပေးမယ့် အခွင့်အလမ်းသစ်ကို ဂျပန်အစိုးရက ခွင့်ပြုမှာဖြစ်ပြီး စွမ်းရည်ရှိ ကျွမ်းကျင်ထိုင်းအလုပ်သမားတွေ အနေနဲ့ နှစ်ရှည်၀င်ငွေ ကောင်းကောင်း ရရှိနိုင်တယ်လို့ ထိုင်း အလုပ်အကိုင်ရှာဖွေရေးရုံးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။သင်တန်းသား ရွေးချယ်ရေး စာမေးပွဲအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု၊ ဂျပန် ဘာသာစကား ကျွမ်းကျင်မှုကို စစ်ဆေးမှာမို့ မည်သူမဆို စာမေးပွဲကို toea.doe.go.thဝက်ဘ်ဆိုက်မှာ အခမဲ့ လျှောက်ထားဖြေဆိုနိုင်တယ်လို့ သိရပါတယ်။ဂျပန်နိုင်ငံမှာ နည်းပညာဆိုင်ရာ အလုပ်သင်အနေနဲ့ သွားရောက်လုပ်ကိုင်ရမယ့် လုပ်ငန်းတွေကတော့ ထုတ်လုပ်မှု၊ ဆောက်လုပ်ရေး လုပ်ငန်း၊ သတ္တုလုပ်ငန်း၊ သတ္တုတံဆိပ်ရိုက်လုပ်ငန်း၊ ဂဟေဆော်လုပ်ငန်း၊ အီလက်ထရွန်းနစ် တပ်ဆင်ခြင်းလုပ်ငန်း၊ စက်ထိန်းသိမ်းခြင်းလုပ်ငန်း၊ ဆေးသုတ်ခြင်းလုပ်ငန်း၊
