နိုဝင်ဘာ 10, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

အလုပ်သမား သတင်း

အလုပ်သမား သတင်း

ပြည်ပရောက်မြန်မာတွေရဲ့ ပျောက်ဆုံး/ပျက်စီးနိုင်ငံကူးလက်မှတ်တွေအတွက်ဒဏ်ကြေးတိုးမြှင့်

ပြည်ပရောက်မြန်မာတွေရဲ့ ပျောက်ဆုံး/ပျက်စီးနိုင်ငံကူးလက်မှတ်တွေအတွက်ဒဏ်ကြေးတိုးမြှင့် ဇူလိုင်၂၈ ရက် အရုဏ်ဦး၊ Migrant Times ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံကူးလက်မှတ်ပျောက်ဆုံး/ပျက်စီးတာတွေအတွက်သတ်မှတ် ဒဏ်ကြေးတွေကို တိုးမြှင့်လိုက်တယ်လို့ ​နိုင်ငံအသီးသီးရှိ သံရုံးတွေက ကြေညာထားပါတယ်။နိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ပျက်စီးမှုအတွက် ဒဏ်ကြေးကို နိုင်ငံတချို့မှာ နှစ်ဆနီးပါးစီ တိုးမြှင့်လိုက်တာဖြစ်တယ်လို့ ကြေညာချက်တွေအရ သိရပါတယ်။ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိသံရုံးက ပျောက်ဆုံး/ပျက်စီးနိုင်ငံကူးလက်မှတ်အသစ်ပြန်လျှောက်မှုအတွက် မူလက ဒဏ်ကြေးနဲ့စာအုပ်ဖိုး ယန်း ၁၇၀၀၀ ကောက်ရာကနေ ဇူလိုင် ၂၃ ရက်ကစပြီး ယန်းနှစ်သောင်း ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ ကြေညာပါတယ်။အစ္စရေးနိုင်ငံ၊ တဲလ်အဗီးမြို့ရှိ သံရုံးက နိုင်ငံကူးလက်မှတ်သက်တမ်းတိုးအသစ်ထုတ်ပေးခြင်းအတွက် စာအုပ်ဖိုး အရင် ၂၅ဒေါ်လာကောက်ယူရာမှ အခု ၃၅ ဒေါ်လာ၊ နိုင်ငံကူးလက်မှတ်ပျောက်ဆုံး/ပျက်စီးအတွက် အရင်က ဒဏ်ကြေးနဲ့စာအုပ်ဖိုးဒေါ်လာ ၁၀၀ ကနေ အခု ၁၄၀ ဒေါ်လာပြောင်းလဲကောက်မယ်လို့ ဆို​ပါတယ်။ ထိုင်းနိုင်ငံမှာ ဒဏ်ကြေး ၃၆၅၀ဘတ်နဲ့

Read More
အလုပ်သမား သတင်း

တိုင်းရင်းသား ကလေးတွေကို ကျောင်းတက်ခွင့် ရစေချင်တယ်

တိုင်းရင်းသား ကလေးတွေကို ကျောင်းတက်ခွင့် ရစေချင်တယ် | သတင်းဆောင်းပါး | ဇူလိုင် ၂၈ ရက်၊ Migrant Times “ကျွန်တော်တို့က ကာယအားနဲ့ သုံးပြီး အလုပ်လုပ်ရတာ ပင်ပန်းတယ်။ သားသမီးတွေကို ကျွန်တော်တို့လို မပင်ပန်းစေချင်ဘူး။ ဒါကြောင့် ကလေးတွေကို ကျောင်းတက်စေချင်တယ်” လို့ ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောပါတယ်။တိုင်းရင်းသားကလေးငယ်များကို ထိုင်းနိုင်ငံအတွင်း ပညာသင်ကြားခွင့်ရှိဖို့ ကူညီပေးမှုဖြင့် Thairath Wittaya School ကျောင်းအုပ်ဟာ တရားစွဲဆိုခံထားရပါတယ်။ထိုင်းနိုင်ငံ၊ အန်ထောင်ပြည်နယ်ရှိ Thairath Wittaya School ကျောင်းတွင် အသက် ၆ နှစ်မှ ၁၂ နှစ်ကြားရှိ ရွှေ့ပြောင်းကလေးငယ် ၁၂၆ ဦးကို ပညာသင်ခွင့် ပေးခဲ့သည်မှာ နှစ်အတော်အတန်ကြာခဲ့ပြီ ဖြစ်ကြောင်းသိရပါတယ်။ဒါပေမဲ့ မကြာသေးခင်ကမှ လူဝင်မှုကြီးကြပ်ရေး ဥပဒေ နှင့်

Read More
အလုပ်သမား သတင်း

Pepsi စက်ရုံတာဝန်ရှိသူတွေကို အလုပ်သမားကတရားစွဲဆိုမှု တိုင်းတရားရုံးကိုလွှဲ

Pepsi စက်ရုံတာဝန်ရှိသူတွေကို အလုပ်သမားကတရားစွဲဆိုမှု တိုင်းတရားရုံးကိုလွှဲ ဇူလိုင် ၂၇ ရက် အရုဏ်ဦး၊ Migrant Times မှော်ဘီမြို့နယ်ရှိ Pepsiအချိုရည်စက်ရုံမှတာဝန်ရှိသူတွေကို အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်နဲ့မကိုက်ညီဘဲအလုပ်ထုတ်တာနဲ့ပတ်သက်လို့ ကာယကံရှင်အလုပ်သမားက ခရိုင်တရားရုံးမှာတရားစွဲဆိုထားမှုကို တိုင်းတရားရုံးမှာ ညှိနိူင်းဖို့ မနေ့က အမိန့်ချလိုက်တယ်လို့ အဲဒီအလုပ်သမားအရေးကူညီနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံက သိရပါတယ်။အဲဒီတရားစွဲဆိုမှုနဲ့ပတ်သက်လို့ တတိယ မြောက် ရုံးချိန်းကို မနေ့က ခေါ်ယူခဲ့တာဖြစ်ပြီး အလုပ်ရှင် အလုပ်သမား နှစ်ဖက်ကို ခရိုင်တရားသူကြီးက လက်ခံစစ်မေးခြင်းပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။စက်ရုံဘက်က လုပ်ငန်းရှင် မှ CEO နဲ့ HR ကိုယ်စား HR ကို တရားဝင် ကိုယ်စားလှယ် လွှဲအပ်ခဲ့ပြီး အလုပ်သမားဖြစ်သူဦးသောင်းဟန်က ကိုယ်တိုင်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ “ အမှန်တရားအတွက်အဆုံးထိ ရင်ဆိုင်သွားမယ်” လို့ တရားစွဲဆိုသူဦးသောင်းဟန်က ပြောကြားပါတယ်။အဲဒီရုံးချိန်းမှာ တရားမ စေ့စပ်ညှိနှိုင်းရေးလုပ်ထုံးလုပ်နည်းအရ ​ဩဂုတ်လ ၁၄ရက်

Read More
နိုင်ငံတကာ အလုပ်သမား သတင်း

ဂျပန်လူဦးရေ တစ်နှစ် ၈ သိန်းခန့် ကျဆင်းပြီးနိုင်ငံခြားသားလိုအပ်မှု ကြီးနေ

ဂျပန်လူဦးရေ တစ်နှစ် ၈ သိန်းခန့် ကျဆင်းပြီးနိုင်ငံခြားသားလိုအပ်မှု ကြီးနေ ဇူလိုင်၂၇ ရက် ခွန်သောမတ်၊ Migrant Times ဂျပန်နိုင်ငံလူဦးရေဟာ ၁၄ နှစ်အတွင်း နေထိုင်သူ မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်များအရ ၂၀၂၂ ခုနှစ်မှာ ၈ သိန်းခန့်အထိ ကျဆင်းနေကြောင်း သိရပါတယ်။ဂျပန်နိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံခြားသား ဦးရေဟာ ၂ ဒသမ ၉၉ သန်းရှိပြီး ယခင်နှစ်ကထက် ၁၀ ဒသမ ၇ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း၊ တိုကျိုမြို့တော်မှာ စုစုပေါင်းလူဦးရေ၏ ၅ သိန်းကျော်၊ ရာခိုင်နှုန်းအားဖြင့် ၄ ဒသမ ၂ ရာခိုင်နှုန်းနဲ့ နိုင်ငံခြားသား နေထိုင်သူဦးရေ အများဆုံးရှိတဲ့ မြို့တော်ဖြစ်ကြောင်း ပြည်တွင်းရေးရာနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနက တရား၀င် ထုတ်ပြန်ထားပါတယ်။ COVID-19 မဖြစ်ပွားမီ

Read More
အလုပ်သမား သတင်း

အလုပ်ရုံအသီးသီးတွေမှာ သွားရောက်လုပ်ကိုင်မယ့် တရားမဝင်မြန်မာ ၉၉ ဦး ပွဲစားစီစဉ်ပေးထားတဲ့ ဘုန်းကြီးကျောင်းတစ်ခုမှာစောင့်နေရင်း အဖမ်းခံလိုက်ရ

အလုပ်ရုံအသီးသီးတွေမှာ သွားရောက်လုပ်ကိုင်မယ့် တရားမဝင်မြန်မာ ၉၉ ဦး ပွဲစားစီစဉ်ပေးထားတဲ့ ဘုန်းကြီးကျောင်းတစ်ခုမှာစောင့်နေရင်း အဖမ်းခံလိုက်ရ ဇူလိုင်၂၆ ရက် ခွန်သောမတ်၊ Migrant Times တရားမဝင်လမ်းကြောင်းနဲ့ ဝင်ရောက်လာကြတဲ့ မြန်မာအလုပ်သမား အစုလိုက်အပြုံလိုက်ကို လူပို့ပွဲစားတွေက အလုပ်နေရာတွေကို ပို့ဆောင်ဖို့အတွက် လယောင်းခရိုင်ထဲက ဘုန်းကြီးကျောင်းတစ်ခုမှာ စောင့်ဆိုင်းခိုင်းထားစဉ်မှာ အာဏာပိုင်တွေရဲ့ ဝင်ရောက်စစ်ဆေးဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။လွန်းခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့ရဲ့ ညနေ ၅ နာရီဝန်းကျင်လောက်မှာ ထိုင်းနိုင်ငံ၊ လယောင်းခရိုင်၊ လယောင်းမြို့၊ သဖုံကျေးရွာအထဲမှာရှိတဲ့ ဘုန်းကြီးတစ်ခုမှာ လူစုလူဝေးလုပ်နေတာကို ဒေသခံထိုင်းတွေက သက်ဆိုင်ရာအာဏာပိုင်တွေကို တိုင်ကြားလိုက်တာကြောင့် မဲဆောက်ဘက်ကနေ သဘာဝလမ်းကြောင်းသုံးပြုပြီး အလုပ်အကိုင်လာရှာတဲ့ မြန်မာအလုပ်သမား အမျိုးသားနဲ့အမျိုးသမီး စုစုပေါင်း ၉၉ ဦးကို သက်ဆိုင်ရာတွေက စစ်ဆေးဖမ်းဆီးမိခဲ့ပါတယ်။ စစ်ဆေးရေးအာဏာပိုင်တွေသိရှိချက်အရ အလုပ်သမားတွေဟာ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ဘက်ကနေ

Read More
အလုပ်သမား သတင်း

တရားမဝင် အလုပ်သမားတွေ စာရင်းတင်ဖို့ ထိုင်းနိုင်ငံ၊နွန်ထဘူရီပြည်နယ်မှာ အလုပ်ရှင်တွေကို တိုက်တွန်း

တရားမဝင် အလုပ်သမားတွေ စာရင်းတင်ဖို့ ထိုင်းနိုင်ငံ၊နွန်ထဘူရီပြည်နယ်မှာ အလုပ်ရှင်တွေကို တိုက်တွန်း ဇူလိုင် ၂၆ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံ၊ နွန်ထဘူရီပြည်နယ်မှာ နေထိုင်အလုပ်လုပ်နေတဲ့ မြန်မာ၊ လာအို၊ က​ေမ္ဘာဒီးယား၊ ဗီယက်နမ် ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ နောက်ဆုံးထား စာရင်းသွင်းမှတ်ပုံတင်ဖို့ အလုပ်အကိုင်ရှာဖွေရေးရုံးကနေ အလုပ်ရှင်တွေကို တိုက်တွန်းထားကြောင်း ထုတ်ပြန်ထားပါတယ်။အလုပ်ရှင်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ တရားဝင် မဟုတ်တဲ့ နိုင်ငံခြားသားတွေကို ငှားရမ်းလိုပါက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်ထက် နောက်မကျဘဲ စာရင်းသွင်း မှတ်ပုံတင်ဖို့ နွန်ထဘူရီ ပြည်နယ် အလုပ်အကိုင် ရှာဖွေရေးရုံး အကြီးအကဲ မစ္စဆွန်ထရီဝီလသွန်က တိုက်တွန်းပြောကြားပါတယ်။နွန်ထဘူရီပြည်နယ်ဟာ လူနေထူထပ်ပြီး ရွှေ့ပြောင်းအလုပ်သမား အများအပြားရှိတဲ့ ပြည်နယ်ဖြစ်တာကြောင့်တရား၀င် မဟုတ်တဲ့အလုပ်သမား​ေတွ မှတ်ပုံတင်ဖို့

Read More
အလုပ်သမား သတင်း

ထိုင်းမှာ မြန်မာအလုပ်သမားတစ်ဦး မိုးကြိုးပစ်ခံရ

ထိုင်းမှာ မြန်မာအလုပ်သမားတစ်ဦး မိုးကြိုးပစ်ခံရ ဇူလိုင် ၂၆ ရက် Migrant Times ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်၊ မွိုင်ချွန်ဘူရီမြို့၊ ဒွန်ဟိုဘောင်ကျေးရွာအုပ်စု၊ မူထိ ၂ က ဆောက်လုပ်ရေး အလုပ်သမား အိမ်တန်းလျားမှာ နေထိုင်တဲ့ မြန်မာအလုပ် သမားတစ်ဦး မိုးကြိုးပစ်ခံရကြောင်း သိရပါတယ်။မနေ့က အဆက်မပြတ် မိုးရွာသွန်းစဥ်မှာ မြန်မာနိုင်ငံသား Mr. Chan May Ong အသက် ၂၁ နှစ်ဟာ ဖုန်းသုံးနေရင်း မိုးကြိုးပစ်ခံခဲ့ရတာ​ဖြစ်ပါတယ်။Trikhon Rescue Foundation ကူညီကယ်ဆယ်ရေး အဖွဲ့က သူ့ကို လာရောက်စစ်ဆေးစဥ်မှာ သတိလစ်နေပြီး ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။ ဓာတ်ပုံ/သတင်း- Wisan Sangcharoen ချွန်ဘူရီပြည်နယ်သတင်းထောက်

Read More
အလုပ်သမား သတင်း

တောင်ကိုရီးယားကို မြန်မာလုပ်သား ၁၄၉ ဦးစေလွှတ်

တောင်ကိုရီးယားကို မြန်မာလုပ်သား ၁၄၉ ဦးစေလွှတ် ဇူလိုင် ၂၅ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံကို EPS မြန်မာလုပ်သား ၁၄၉ဦး ဒီကနေ့ ထပ်မံစေလွှတ်ခဲ့တယ်လို့ သိရပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်ဖြင့်စေလွှတ်သော ကုန်ထုတ်လုပ်သားသစ် ၁၄၉ ဦးဟာ ဒီက​ေန ့အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတယ်လို့ မြန်မာသံရုံး၊ ဆိုးလ်မြို့က သတင်းထုတ်ပြန်ထားပါတယ်။အခုနှစ်မေလက ​မြန်မာလုပ်သား ၂၉၉ ဦးကို တောင်ကိုရီးယားကို စေလွှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်း မြန်မာလုပ်သား ၉၁၉ ဦး စေလွှတ်ခဲ့ပါတယ်။ ဓာတ်ပုံ- မြန်မာသံရုံး၊ ဆိုးလ်မြို့

Read More
အလုပ်သမား သတင်း

ငွေစျေးမငြိမ်လို့ ပြည်ပသွားမယ့်လုပ်သားတွေဝန်ဆောင်ခ ပိုကုန်ကျဖို့ရှိနေတယ်လို့ဆို

ငွေစျေးမငြိမ်လို့ ပြည်ပသွားမယ့်လုပ်သားတွေဝန်ဆောင်ခ ပိုကုန်ကျဖို့ရှိနေတယ်လို့ဆို ဇူလိုင် ၂၄ ရက် အရုဏ်ဦး၊ Migrant Times ကျပ် နှစ်သောင်းတန်ငွေစက္ကူထုတ်မယ်ဆိုတဲ့သတင်းကြောင့် ကျပ်ငွေတန်ဖိုးကျဆင်းမှုရှိလာခဲ့ရာ ပြည်ပသွားရောက်လုပ်ကိုင်မယ့်အလုပ်သမားတွေအပေါ်အဲဒီရိုက်ခတ်မှု ရှိလာနေတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီအသိုင်းအဝိုင်းဆီကသိရပါတယ်။ဒီရက်ပိုင်းမှာ အမေရိကန်ဒေါ်လာနဲ့ ​နိုင်ငံခြားငွေတန်ဖိုးတွေမြင့်တက်လာတာကြောင့် အလုပ်သမားတွေပေးဆောင်ရမယ့်ဝန်ဆောင်ခငွေပမာဏပါတိုးလာစေတာဖြစ်တယ်လို့ သူတို့ကဆိုပါတယ်။” အရင်ကဝန်ဆောင်ခအတွက်ကုန်ကျငွေကျပ်သိန်း၅၀မှန်းထားရင်အခု ၅၅သိန်း၊သိန်း ၆၀လောက်ကုန်မယ့်အနေအထားဖြစ်သွားတယ်” လို့ အေဂျင်စီတစ်ခုရဲ့ကိုယ်စားလှယ်တစ်ဦးကပြောပါတယ်။ လက်ရှိအမေရိကန်ဒေါ်လာစျေးဟာ ကျပ်နှစ်သောင်းတန်ငွေစက္ကူထုတ်မယ်ဆိုပြီးမကြေညာခင်ကထက် ကျပ် ၅၀၀ ကျော်မြင့်တက်သွားပြီး အပြင်ပေါက်စျေးတစ်ဒေါ်လာကို ၃၆၀၀နီးပါးရှိနေတာဖြစ်တယ်လို့ စျေးကွက်အတွင်းကသိရပါတယ်။အဲဒီလို ငွေလဲစျေးမတည်ငြိမ်မှုကြောင့် ပြည်ပသွားရောက်မယ့်သူတွေ ဝန်ဆောင်ခငွေသွင်းဖို့အခက်အခဲရှိနေကြတယ်လို့လည်း ဆိုပါတယ်။” ဒေါ်လာဝယ်ဖို့ကလည်းမလွယ်ဘူး။မြန်မာငွေနဲ့သွင်းလည်းလက်ရှိနိုင်ငံ​ခြားငွေစျေးကတက်နေတော့ ပိုကုန်တော့မှာတော့ သေချာနေပြီ။ အကြွေးထပ်ယူဖို့ကလည်းမလွယ်ဘူး” လို့ ဂျပန်သွားဖို့ပြင်ဆင်နေသူတစ်ဦးကပြောပါတယ်။ မြန်မာ ကျပ်ငွေတန်ဖိုးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက ကျဆင်းခဲ့တာဖြစ်ပြီး အဲဒီမတိုင်ခင်က အမေရိကန် တစ်ဒေါ်လာကို ၁၃၀၀ ကျပ် ဝန်းကျင်သာရှိခဲ့တာဖြစ်ပါတယ်။လက်ရှိမှာ ကျပ်နှစ်သောင်းတန်ငွေစက္ကူအသစ်ဂယက်ကြောင့်

Read More
အလုပ်သမား သတင်း

ထိုင်းမှာ တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားနဲ့ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးအတွက် ငါးဖမ်းလှေတွေကို

ထိုင်းမှာ တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားနဲ့ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးအတွက် ငါးဖမ်းလှေတွေကို ရှောင်တခင်စစ်ဆေး ဇူလိုင် ၂၂ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံတောင်ပိုင်း၊ စတွန်ပြည်နယ်၊ လငူမြို့နယ်၊ ပက်နမ်ကျေးရွာအုပ်စု၊ ပက်ဘာရာရွာ၊ ပတ်ဘာရာဆိပ်ကမ်းမှာ တရားမ၀င်ရွှေ့ပြောင်းအလုပ်သမားနဲ့ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးအတွက် ကမ်း၀င် ငါးဖမ်းလှေတွေကို ကမ်းခြေ‌ဒေသလူ၀င်မှုကြည့်ကြပ်ရေး ရဲတပ်ဖွဲ့က ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရပါတယ်။စတွန်ပြည်နယ်၊ လငူမြို့နယ်၊ ပက်ဘာရာကျေးရွာ၊ လီပေကျွန်း ကမ်း၀င် ငါးဖမ်းလှေတွေပေါ်မှာ ငါးဖမ်းလှေလိုင်စင် စစ်ဆေးခြင်းနဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား လူမှောင်ခိုကူးတာတွေကို အထူးစစ်ဆေးရေး ပြုလုပ်နေကြောင်း လငူမြို့နယ်၊ လီပေကျွန်းဒေသ လုံခြုံရေးအကြီးအကဲ Mr. ကာဆိစ် ဟော်ဘွတ်စ်က ပြောပါတယ်။လီပေကျွန်း၊ ပက်ဘာရာဆိမ်ကမ်းမှာ ငါးဖမ်းလှေ ၁၀ စီးကို ရှောင်တခင် စစ်ဆေးခဲ့တာလို့ သိရပါတယ်။

Read More