ထိုင်းနိုင်ငံထဲ အလုပ်လုပ်ဖို့ ခိုးဝင်လာတဲ့ မြန်မာ ၁၂ ဦးဖမ်းဆီးခံရ
ထိုင်းနိုင်ငံထဲ အလုပ်လုပ်ဖို့ ခိုးဝင်လာတဲ့ မြန်မာ ၁၂ ဦးဖမ်းဆီးခံရ ဇွန် ၄ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံအလယ်ပိုင်း၊ Sing Buri ပြည်နယ်၊ Sing Buri Muangမြို့၊ ဘန်မိုင်ကျေးရွာအုပ်စု၊ အာရှလမ်းမကြီး ဓာတ်ဆီဆိုင်အနီးမှာ တရားမ၀င် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တင်ဆောင်လာတဲ့ကားဟာ ရထားဂိတ်တခါးကို ဝင်တိုက်မိပြီး ကားပေါ်ပါလာတဲ့ မြန်မာတွေနဲ့ ယာဥ်မောင်းဖြစ်သူ ထိုင်းလူမျိုး ဖမ်းဆီးခံခဲ့ရပါတယ်။တရားမ၀င် နိုင်ငံခြားသား မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တက်ခ်ခရိုင်ကနေ တင်ဆောင်လာခဲ့တာဖြစ်ပြီး မဖမ်းဆီးဘဲ လွှတ်ပေးဖို့ ယာဉ်ထိန်းရဲ အရာရှိကို ဘတ်ငွေ ၅၀,၀၀၀ ပေးပေမယ့် ရဲက လက်မခံခဲ့ပါဘူး။ မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁၀ ဦးနဲ့အတူ ယာဉ်မောင်း မစ္စတာမိုင် အသက်
