နိုဝင်ဘာ 11, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

အလုပ်သမား သတင်း

အလုပ်သမား သတင်း

မဲဆောက်မှာ စစ်ဆေးဖမ်းဆီးမှုတွေပိုမိုတင်းကြပ်လာ

မဲဆောက်မှာ စစ်ဆေးဖမ်းဆီးမှုတွေပိုမိုတင်းကြပ်လာ စကားဝါ မေလ ၂၆ ရက်၊ Migrant Times ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မှာ တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်သူတွေကို အာဏာပိုင်တွေက တင်းတင်းကြပ်ကြပ် စစ်ဆေးဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကတည်းက စစ်ဆေးမှုတွေကို အရှိန်မြှင့်တင်ခဲ့တာဖြစ်ပြီး လက်ရှိမေလ ၂၁ ရက်နေ့မှာတော့ စက်ရုံတွေနဲ့ နေအိမ်တွေကိုပါဝင်‌ရောက်ရှာဖွေဖမ်းဆီးတာတွေ ပြုလုပ်လာတာဖြစ်ပါတယ်။ ဒါဟာ မဲဆောက်မှာရောက်ရှိနေတဲ့ တော်လှန်ရေး အင်အားစုတချို့ရဲ့ လုပ်ရပ်တွေကြောင့်ဖြစ်တယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။လက်ရှိအခြေအနေမှာတော့ အဖမ်းခံရသူအများစုဟာ ပြန်လည်လွတ်မြောက်လာကြပြီဖြစ်ပေမယ့် စစ်ဆေးဖမ်းဆီးမှုအရှိန်ကတော့ လျော့ကျမသွားပါဘူး။ မဲဆောက်မှာ မြန်မာရွေ့ပြောင်းတွေနဲ့ နိုင်ငံရေးကြောင့် တိမ်းရှောင်နေရသူတွေ အများစုဖြစ်တာကြောင့် ယခုစစ်ဆေးမှုဟာ စိုးရိမ်ထိတ်လန့်ဖွယ်ရာတစ်ခုဖြစ်နေပါတယ်။

Read More
အလုပ်သမား သတင်း

ဇီဘူထရမင်း Sibutramine ရောစပ်ပြီး ကိုယ်အလေးချိန်ကျ ဆေးပြားများ တင်သွင်းသည့် ထိုင်းအလုပ်သမား ၄ ဦးကို ထိုင်ဝမ်တွင် ဖမ်းဆီး

ဇီဘူထရမင်း Sibutramine ရောစပ်ပြီး ကိုယ်အလေးချိန်ကျ ဆေးပြားများ တင်သွင်းသည့် ထိုင်းအလုပ်သမား ၄ ဦးကို ထိုင်ဝမ်တွင် ဖမ်းဆီး မေ၂၆ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံမှ ဇီဘူထရမင်း Sibutramine ပါဝင်သော ကိုယ်အလေးချိန် ကျဆေးပြားများ တင်သွင်းမှုအား ထိုင်ဝမ် အာဏာပိုင်များက တွေ့ရှိပြီးနောက် ထိုင်းအလုပ်သမား လေးဦး ကို မှုခင်းနှိမ်နှင်းစစ်ဆေးရေးဌာန နှင့် တိုင်ချွန်မြို့ ထိုင်ဝမ်အမျိုးသား ရဲအေဂျင်စီ မှ ဖမ်းဆီးခဲ့ကြောင်း Radio Taiwan International သတင်းမှာ ဖော်ပြထားပါတယ်။ထိုင်၀မ် အလုပ်သမား၀န်ကြီးဌာန၏ ထုတ်ဖော်ပြောပြချက်အရ ယမန်နေ့ ၂၅ ရက် မေလ ၂၀၂၃ ခုနှစ်တွင် ဖမ်းဆီးခံရ ထိုင်းအလုပ်သမား ၄ ဦးမှာ တိုင်ပေမြို့ ရှိ

Read More
အလုပ်သမား သတင်း

ထိုင်းနိုင်ငံ၊ ကန်ချနပူရီမှာ မြန်မာလုပ်သား ၄၉ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ကန်ချနပူရီမှာ မြန်မာလုပ်သား ၄၉ ဦးဖမ်းဆီးခံရ မေ ၂၅ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံ အနောက်ဘက်၊ ကန်ချနပူရီပြည်နယ်၊ ထောင်ဖာဖွန်မြို့နယ်၊ ထာနွန်းကျေးရွာ အုပ်စု၊ ထာနွန်းရွာအနီးက ကျွန်းပင်တောတွင်းမှာ ထိုင်းနိုင်ငံထဲ တရားမဝင်နည်းလမ်းနဲ့ ဝင်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၉ ဦး မနေ့က ဖမ်းဆီးခံခဲ့ရပါတယ်။ထိုင်းနိုင်ငံထဲ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာပြီး ကျွန်းပင်တောအတွင်း ပုန်းအောင်း နေတဲ့လူတစ်စုကို ဒေသခံ ထိုင်း ထောက်လှမ်းရေးက တွေ့ရှိပြီးအကြောင်းကြားတာကြောင့် နယ်မြေခံစစ်တပ်၊ရဲ ပူးပေါင်း အင်အား၂၀ ခန့်က အဆိုပါနေရာကို သွားရောက်စစ်ဆေးရာမှာအထောက်အထား မရှိတဲ့ မြန်မာ‌ အလုပ်သမား အမျိုးသား ၂၉ ဦးနဲ့ အမျိုးသမီး ၂၀ ဦးကို ဖမ်းဆီးရမိကြောင်း နယ်ခြားစောင့်တပ် ဒု

Read More
အလုပ်သမား သတင်း

မဲဆောက်မှာ မြန်မာလုပ်သား ၁၅ဦး ဖမ်းဆီးခံရ

မဲဆောက်မှာ မြန်မာလုပ်သား ၁၅ဦး ဖမ်းဆီးခံရ မေ ၂၄ရက်၊ Migrant Times ထိုင်းနိုင်ငံ၊ တာ့က်ခရိုင်၊ မဲဆောက်မြို့နယ်က မယ်တောင်ကျေးရွာနားမှာ နေထိုင်တဲ့ အထောက်အထားစာရွက်စာတန်းမရှိတဲ့ မြန်မာလုပ်သား ၁၅ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။မေလ ၂၂ ရက် မနက် ၁၀ နာရီခန့်မှာ မယ်တောင်ကျေးရွာမှာရှိတဲ့ စက်ရုံတစ်ခုကို သွားရောက်စစ်ဆေးဖို့လုပ်ပြုရာမှာ အဲဒီစက်ရုံတစ်ရုံအနီးမှာ မြန်မာအလုပ်သမားတွေ တွေ့ရှိရတာကြောင့် စစ်ဆေးခဲ့ရာကနေ အခုလို ၁၅ဦး ဖမ်းဆီးခံခဲ့ရတာပါ။ဖမ်းဆီးရမိတဲ့ မြန်မာလုပ်သား ၁၅ ဦးကို ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာမှု၊ခွင့်ပြုချက်မရှိပဲ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်မှုနဲ့ အမှုဖွင့်ထားပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ လက်တလော မဲဆောက်မြို့မှာ လက်နတ်တွေအပြင် တရားမဝင်နေထိုင်သူတွေ ဆက်တိုက်ဖမ်းမိနေတာကြောင့် လုံခြုံရေးတင်းကြပ်ထားပြီး ထိုင်းအာဏာပိုင်တွေက စက်ရုံ၊ အလုပ်ရုံများကို

Read More
အလုပ်သမား သတင်း

စမွတ်ပရာကန်ခရိုင်မှာ ဓားထိုးမှုဖြစ်ပွားပြီး မြန်မာအမျိုးသားတစ်ဦး သေဆုံး

စမွတ်ပရာကန်ခရိုင်မှာ ဓားထိုးမှုဖြစ်ပွားပြီး မြန်မာအမျိုးသားတစ်ဦး သေဆုံး မေ ၂၃ ရက် နိုင် ၊Migrant Times စမွတ်ပရာကန်ခရိုင်အထဲမှာ လုပ်ကိုင်စားသောက်ပြီး ငှားခန်းတစ်ခန်းထဲအတူနေထိုင်တဲ့ မြန်မာအမျိုးသားနှစ်ဦးတို့ စကားများရာကနေ ဓားထိုးမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးသွားပါတယ်။ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၊ ဖရာ့စမွတ်ကျေဒီမြို့၊ ခလောင်စွမ်ကျေးရွာထဲက ငှားရမ်းတိုက်ခန်းတစ်ခုမှာ အတူနေထိုင်လုပ်ကိုင်ကြတဲ့ မြန်မာသူငယ်ချင်းနှစ်ဦး စကားများပြီး ဓားထိုးမှုဖြစ်ခဲ့တယ်လို့ ဒေသသတင်းဌာနကတစ်ဆင့် သိရပါတယ်။ဒီ‌နေ့ မေလ ၂၃ ရက်နေ့ရဲ့ အရုဏ်တက်ချိန် မနက် ၂ နာရီ မိနစ် ၃၀ လောက်မှာ မှုခင်းဖြစ်ပွားတဲ့နေရာအနားနေထိုင်တဲ့ တာဝန်သိပြည်သူရဲ့ သတင်းပေးပို့မှုကြောင့် စာခလာရဲစခန်းက အမှုခင်းရဲတွေရောက်ရှိလာပြီး စစ်ဆေးမှုများလုပ်ဆောင်သွားပါတယ်။ အိမ်နီးနားချင်းတွေရဲ့ အမှုခင်းရဲတပ်ဖွဲ့တွေထံပြောပြချက်အရ အမှုခင်းမဖြစ်ပွားခင်မှာ သူတို့နှစ်ယောက်အကြီးအကျယ်ပြဿနာတက်ကြတယ်လို့ ဆိုပါတယ်။အဲဒီသေဆုံးသွားတဲ့ မြန်မာအမျိုးသားတစ်ဦးရဲ့ အမည်မှာ မောင်ဇော်ပိုင်ကိုဖြစ်ပြီး အသက် ၂၁ နှစ်သာရှိသေးကြောင်း ဖော်ပြထားပါတယ်။

Read More
အလုပ်သမား သတင်း

အချိန်ပိုခေါ်တာမဆင်းလို့ဆိုပြီး Xida Homeအထည်ချုပ်စက်ရုံ စူပါဖြစ်သူက အလုပ်သမားကို ထိုးကြိတ်

အချိန်ပိုခေါ်တာမဆင်းလို့ဆိုပြီး Xida Homeအထည်ချုပ်စက်ရုံ စူပါဖြစ်သူက အလုပ်သမားကို ထိုးကြိတ် မေ ၂၃ ရက် အရုဏ်ဦး၊ Migrant Times ရွှေပြည်သာမြို့နယ်မှာဖွင့်လှစ်ထားတဲ့ Xida Homeအထည်ချုပ်စက်ရုံမှာ အချိန်ပိုဆင်းဖို့ငြင်းဆန်တာကြောင့်ဆိုပြီးအလုပ်သမားနှစ်ဦးကိုစူပါဖြစ်သူကထိုးကြိတ်တဲ့ဖြစ်ရပ်ဖြစ်သွားခဲ့တယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံကသိရပါတယ်။မနေ့က(မေလ ၂၂ ရက်) ညနေ မှာ OT (အချိန်ပို)တွေ ညလုံးပေါက်ခေါ်နေတာကို ဆင်းဖို့ငြင်းဆန်တဲ့အတွက်စူပါဖြစ်သူကအလုပ်သမားကို ထိုးကြိတ်ခဲ့တာ​ဖြစ်ပြီးဝင်ဆွဲတဲ့ဝိုင်းဆွဲတဲ့ နောက်အလုပ်သမားပါထိုးကြိတ်ခံရတယ်လို့ဆိုပါတယ်။” ထိုးကြိတ်ခံရပြီးတော့အလုပ်သမားကရဲစခန်းမှာအမှုဖွင့်ဖို့လုပ်တယ်။ဒီနေ့တော့ဘယ်လိုညှိလိုက်တယ်မသိဘူး။ အမှုပြန်ရုတ်သိမ်းလိုက်တယ်လို့ကြားတယ်” လို့ STUMမှတာဝန်ရှိသူကပြောပါတယ်။ အဲဒီလိုလုပ်ငန်းခွင်ထဲကိုယ်ထိလက်​ရောက်ကျူးလွန်ခံရ​ပြီးတဲ့​နောက်မှာစက်ရုံမှူးအနေနဲ့ ခံရတဲ့အလုပ်သမား နှစ်ဦးကို ဘယ်လိုနှစ်သိမ့်မှုမျိုးမှမပေးသလို ကျူးလွန်တဲ့စူပါဖြစ်သူကို ကိုအရေးယူမယ့်အရိပ်အယောင်လည်းမပြဘူးလို့အလုပ်သမားတွေကပြောတယ်ဆိုပြီး STUMက ထုတ်ပြန်ထားပါတယ်။ဒီနေ့မှာတော့ စူပါဖြစ်သူကိုအလုပ်က ထုတ်လိုက်ပြီဆိုပြီး ကျူးလွန်ခံရတဲ့အလုပ်သမားအမှုရုတ်သိမ်းဖို့စက်ရုံဘက်ကဖိအားပေးတာမျိုးတွေရှိခဲ့တယ်လို့ STUMမှတာဝန်ရှိသူကဆိုပါတယ်။ပြည်တွင်းကစက်ရုံတွေမှာ မတရားစေခိုင်းမှုတွေရှိနေသလို လုပ်ငန်းခွင်အတွင်းဆဲဆိုစေခိုင်းတာ၊ကိုယ်ထိလက်ရောက်ကျူးလွန်တာတွေရှိနေတဲ့အပေါ်ဝေဖန်မှုတွေရှိနေပါတယ်။

Read More
အလုပ်သမား သတင်း

ထိုင်းမြောက်ပိုင်းဒေသမှာ တရားမဝင်လမ်းကြောင်းနဲ့ဝင်ရောက်တဲ့ မြန်မာ ၁၆ ဦးဖမ်းဆီးခံရ

ထိုင်းမြောက်ပိုင်းဒေသမှာ တရားမဝင်လမ်းကြောင်းနဲ့ဝင်ရောက်တဲ့ မြန်မာ ၁၆ ဦးဖမ်းဆီးခံရ မေ ၂၃ရက် နိုင်၊ Migrant Times ထိုင်းနိုင်ငံမြောက်ပိုင်းဖြစ်တဲ့ ချင်းမိုင်ခရိုင် နယ်စပ်လုံခြုံရေးမှာ တရားမဝင်လမ်းကြောင်းနဲ့ဝင်လာသူ မြန်မာအလုပ်သမား ၁၆ ဦးကို Pha Muang တပ်ဖွဲ့က ဖမ်းဆီးမိခဲ့ပါတယ်။မေလ ၂၀ ရက်က ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ မဲအိုင်မြို့နယ်၊ အုပ်စု ၁ မလိကာကျေးရွာရဲ့ သဘာဝလမ်းကြောင်းတွေမှာ Pha Muang တပ်ဖွဲ့ကစစ်သားများ လှည့်ကင်းလုပ်ဆောင်နေချိန်မှာ အလုပ်လုပ်ဖို့လာကြတဲ့ တရားမဝင် မြန်မာအလုပ်သမား ၁၆ ဦးကို တွေ့ရှိပြီး ဖမ်းဆီးခဲ့ပါတယ်။စစ်ဆေးတွေ့ရှိချက်အရ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၅ ဦး စုစု‌ပေါင်း ၁၆ ဦးတို့ဟာ ထိုင်းမြောက်ပိုင်းခရိုင်နောက်ထပ်တစ်ခုဖြစ်တဲ့ ချင်းရိုင်းခရိုင်၊ ဝီယမ်ပါ့ပေါင်းမြို့နယ်မှာ အလုပ်သွားရောက်လုပ်ကိုင်ဖို့အတွက် မြန်မာြပည်ဘက်နေ

Read More
အလုပ်သမား သတင်း

ထုတ်ပယ်ခံရတဲ့ ပိုင်အိုနီယားက အလုပ်သမား ၄၁၁ ဦးကို ထိုင်း အလုပ်သမားဝန်ကြီးဌာနက အရေးပေါ် အကူအညီပေး

ထုတ်ပယ်ခံရတဲ့ ပိုင်အိုနီယားက အလုပ်သမား ၄၁၁ ဦးကို ထိုင်း အလုပ်သမားဝန်ကြီးဌာနက အရေးပေါ် အကူအညီပေး မေ ၂၂ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံ၊ အယုဓယပြည်နယ်၊ အူထိုင်းမြို့နယ်ရှိ အလုပ်သမား ဝန်ထမ်း ၄၁၁ ဦးကို အလုပ်က ထုတ်ပယ်ကြောင်း Pioneer Manufacturing (Thailand) ကြေညာပြီး ယင်းကိစ္စနှင့် ပတ်သက်၍ ဝန်ထမ်းများအတွက် စိုးရိမ်မိကြောင်းနဲ့ အလုပ်သမား ကာကွယ်ရေးနှင့် လူမှုဖူလုံရေး ဦးစီးဌာနအား ဖြစ်ရပ်မှန် စုံစမ်းဖော်ထုတ် ညှိနှိုင်းဆောင်ရွက်ပေးရန် အလုပ်သမားဝန်ကြီး မစ္စတာ ဆူချတ် ချွမ်ကလင် ညွှန်ကြားထားပါတယ်။Phra Nakhon Si Ayutthaya ပြည်နယ်၊ အူထိုင်းမြို့နယ်ရှိ Pioneer Manufacturing (Thailand) Co., Ltd. မှာ

Read More
အလုပ်သမား သတင်း

မင်္ဂလာဒုံမြို့နယ်မှာ စက်ရုံအလုပ်သမားတွေရဲ့ကိုယ်ရေးအချက်အလက်ကောက်နေလို့ အလုပ်သမားတွေစိတ်မလုံမခြုံဖြစ်နေ

မင်္ဂလာဒုံမြို့နယ်မှာ စက်ရုံအလုပ်သမားတွေရဲ့ကိုယ်ရေးအချက်အလက်ကောက်နေလို့ အလုပ်သမားတွေစိတ်မလုံမခြုံဖြစ်နေ မေ ၂၂ ရက် အရုဏ်ဦး၊ Migrant Times မင်္ဂလာဒုံစက်မှုဇုန်မှာ စက်ရုံအလုပ်သမားတွေရဲ့ကိုယ်ရေးအချက်အလက်ကိုကောက်နေတာကြောင့် စိတ်မလုံမခြုံဖြစ်နေကြရတယ်လို့ အလုပ်သမားတချို့က ပြောပါတယ်။လုံခြုံရေးအကြောင်းပြချက်နဲ့ အဲဒီမြို့နယ်က အလုပ်သမားတွေရဲ့ကိုယ်ရေးအချက်အလက်၊မိသားစုဆွေမျိုးတွေအကြောင်းပါထည့်သွင်းကောက်ယူနေတာဖြစ်ပြီး ကိုယ်ရေးကိုယ်တာမလုံခြုံမှုခံစားရတယ်ဆိုပြီး သူတို့က ဆိုပါတယ်။” ပုဂ္ဂိုလ်ရေးမလုံခြုံသလိုခံစားရတယ်။အလုပ်သမားတော်တော်များများကဒါကိုသဘောမကျဘူး” လို့ မင်္ဂလာဒုံစက်မှုဇုန်အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးကပြောပါတယ်။ အဲဒီကိုယ်ရေးအချက်အလက်ကောက်ယူတာကို ဧပြီလကုန်ကတည်းကလုပ်ဆောင်နေတာဖြစ်ပြီး အခုထိစက်ရုံတစ်ရုံချင်းအလိုက် စာရင်းပြုစုနေတယ်လို့သိရပါတယ်။စာရင်းကောက်ယူတာကို စက်ရုံတာဝန်ခံတွေက ဦးစီးဦးဆောင်ပြုလုပ်ပေးနေပြီး အချက်အလက်ဖြည့်ဖို့ငြင်းဆန်မရအောင် ဖိအားပေးစေခိုင်းတာတွေရှိနေတယ်လို့လည်း စက်ရုံအလုပ်သမားတစ်ဦးကဆိုပါတယ်။” သဘောမတူလည်းသူတို့ခိုင်းသလိုလုပ်ရတာပေါ့။အချက်အလက်အားလုံးမှန်ကန်ဖို့ကတော့အာမမခံဘူး” လို့ ပြောပါတယ်။ လက်ရှိမှာ နယ်မှရွှေ့ပြောင်းရောက်ရှိလာကြတဲ့အလုပ်သမားတွေကို လုံခြုံရေးအကြောင်းပြချက်နဲ့စောင့်ကြည့်ခံနေရတာရှိသလို ဧည့်စာရင်းတိုင်ကြားနေထိုင်နေကြရပါတယ်။ဧည့်စာရင်းတိုင်တဲ့အခါမှာလည်း စစ်ကိုင်း၊မကွေးစတဲ့ဒေသမှတ်ပုံတင်ကိုင်ဆောင်ထားသူတွေဟာ ရပ်​ကျေးအုပ်ချုပ်ရေးအဖွဲ့ရဲ့အမျိုးမျိုးရစ်တာတွေခံနေကြရတယ်လို့အလုပ်သမားတွေကဆိုပါတယ်။

Read More
အလုပ်သမား သတင်း

ထိုင်းမှာ တောင်ပေါ်သားကတ်ပြားကိုင်ဆောင်ထားသူနဲ့ မြန်မာတစ်ဦးထံက စိတ်ကြွဆေးပြား ဖမ်းမိ

ထိုင်းမှာ တောင်ပေါ်သားကတ်ပြားကိုင်ဆောင်ထားသူနဲ့ မြန်မာတစ်ဦးထံက စိတ်ကြွဆေးပြား ဖမ်းမိ မေ ၂၁ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းရိုင်ပြည်နယ်၊ မယ်ကျန်မြို့နယ်၊ မဲရုဲငျးကြေးရှာအုပျစု၊ ဘန်းဆန်ကောင်ရွာ၊ ဖဟွန်ယိုထင်လမ်းမကြီးမှာ တောင်ပေါ်သားကတ်ပြားကိုင်ဆောင်ထားသူနဲ့ မြန်မာတစ်ဦးထံက စိတ်ကြွဆေးပြား ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ထိုင်းနိုင်ငံသား မှတ်ပုံတင်မရှိတဲ့ တောင်ပေါ်သား ၁၀ နှစ်ခံ ကတ်ပြား ကိုင်ဆောင်ထားတဲ့ အသက် ၂၁ နှစ်အရွယ်အမျိုးသားတစ်ဦးနဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦး လိုက်ပါလာတဲ့ကားကို ထိုင်းအာဏာပိုင်တွေက စစ်ဆေးရေးဂိတ်မှာ တားဆီးစစ်ဆေးရာမှာကားပေါ်မှာ ကောက်ရိုး ဆာလာအိတ် ၅ အိတ်အတွင်း ဝှက်ထားတဲ့ စိတ်ကြွဆေးပြား ၅၀၀,၀၀၀ ခန့်ကို သိမ်းဆည်းရမိခဲ့တယ်လို့ နယ်စပ်ဒေသလုံခြုံရေးရဲတပ်ဖွဲ့ နှင့် လူ၀င်မှုကြီးကြပ်ရေး (လ၀က)ရဲက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

Read More