နိုဝင်ဘာ 10, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

အလုပ်သမား သတင်း

အလုပ်သမား သတင်း

ဖူးကက်မှာ ပင်လယ်ရေလှိုင်းရိုက်ခတ်မှုကြောင့် ငါးရှာထွက်တဲ့ မြန်မာတစ်ဦးသေဆုံး

ဖူးကက်မှာ ပင်လယ်ရေလှိုင်းရိုက်ခတ်မှုကြောင့် ငါးရှာထွက်တဲ့ မြန်မာတစ်ဦးသေဆုံး နိုင်/Migrant Times ဖူးကက်ကျွန်းခရိုင်ဘက်မှာ မြန်မာအမျိုးသားတစ်ဦး လှေငယ်တစ်စင်းနဲ့ ဝမ်းစာအတွက် ငါးရှာထွက်ရာ ပင်လယ်ရေလှိုင်းရိုက်ခတ်မှုဒဏ်နဲ့ကြုံတွေ့ကာ နစ်မြှုပ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ဒီ‌နေ့ မေလ ၃၁ ရက် ထိုင်းနိုင်ငံ၊ ဖူးကက်ခရိုင်ရဲ့ လာယမ်ကမ်းခြေအနားမှာ ကုစွန်ထမ်ဖူးကက်လူမှုကူညီရေးအသင်းက သေဆုံးအလောင်းတစ်လောင်းကို ဆယ်ယူနိုင်ခဲ့ပြီး သေဆုံးသွားသူဟာ မြန်မာအမျိုးသားဖြစ်တယ်လို့ နီးစပ်ရာမှာရှိနေတဲ့ အမျိုးတွေက အတည်ပြုပေးခဲ့ပါတယ်။အဆိုပါသေဆုံးသူဟာ မနေ့ကတည်းက လှေတစ်စင်းနဲ့ ဖူးကက်ပင်လယ်ပြင်မှာ ငါးရှာထွက်ရာကနေ ရေလှိုင်းရိုက်ခတ်မှုကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။ အခုလောလောဆယ် သူ့အလောင်းကို ထလန်ပြည်သူ့ဆေးရုံမှာ ပို့ဆောင်ထားရှိတယ်လို့သိရပါတယ်။လတ်တလောမှာ ထိုင်းနိုင်ငံမိုးလေဝသဌာနက ပင်လယ်နဲ့ထိစပ်နေတဲ့ ရနောင်း၊ ဖန်ငါး၊ ဖူးကက်၊ သလန်နဲ့ စတူလ်ခရိုင်တွေမှာ မေလ ၃၁ ရက်နေ့ကနေ ဇွန်လ ၆ ရက်နေ့အထိ မိုးသက်လေပြင်းကျပြီး လှိုင်းရေကြီးမှုဖြစ်တဲ့ “မါဝါ” တိုင်ဖွန်မုန်တိုင်းဝင်ရောက်တိုက်ခတ်နိုင်ကြောင်း

Read More
အလုပ်သမား သတင်း

ဘန်‌ကောက်‌အဝေးပြေးကားဂိတ်မှာ ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းရဲဟန်ဆောင်ပြီး စစ်ဆေးငွေတောင်းသူတွေကို ဖမ်းဆီး

ဘန်‌ကောက်‌အဝေးပြေးကားဂိတ်မှာ ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းရဲဟန်ဆောင်ပြီး စစ်ဆေးငွေတောင်းသူတွေကို ဖမ်းဆီး မေလ ၃၁ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံ၊ ဘန်‌ကောက်က အဝေးပြေးကားဂိတ်တစ်ခုဖြစ်တဲ့ ကျတုကျပ် (မော်ချစ်မိုင်)ဂိတ်မှာ ခရီးသည်တွေကို ထိုင်းရဲဟန်ဆောင်ပြီး အ‌‌ထောက်အထားစစ် ငွေညှစ်မှုတွေလုပ်ဆောင်နေတဲ့ လိမ်လည်သူအဖွဲ့ခေါင်းဆောင်ထိုင်းအမျိုးသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ပါတယ်။ပြီးခဲ့တဲ့မေလ၂၇ ရက်က ဘန်ကောက်မြို့ထဲရှိ ကျတုကျပ် ( မော်ချစ်မိုင်)ကားဂိတ်မှာ လိုင်စင်မဲ့ ဆိုင်ကယ်ကယ်ရီသမား ၅ ဦးနဲ့ ထိုင်းရဲဟန်ဆောင်လိမ်လည်သူ ၅ ဦးနဲ့ ပေါင်းပြီး မြောက်ပိုင်းဘက်ကခရီးထွက်လာတဲ့ ခရီးသည်တွေကို အထူးသဖြင့် ရွှေ့ပြောင်းအလုပ်သမားခရီးသည်များကို အထောက်အထားစစ်ခြင်း၊ မူးယစ်ဆေးသုံးစွဲထားခြင်းရှိ၊ မရှိ ဆီးစစ်မှုတွေပြုလုပ်ပြီး ငွေညှစ်နေသူ ခေါင်းဆောင်တစ်ဦးကို နယ်မြေခံဘန်ဆူးရဲစခန်းက ရဲတွေက ဖမ်းမိခဲ့တယ်လို့ ထိုင်းရတ်သတင်းဌာနမှာ ဖော်​​ပြထားပါတယ်။ လိမ်လည်ငွေညှစ်ခံရသူတွေက ဘန်ဆူးရဲစခန်းကို လူမှုကွန်ယက်ကနေ တိုင်ကြားခဲ့တာပါ။

Read More
စီးပွားရေး အလုပ်သမား သတင်း

သုံးနှစ်အတွင်း အလုပ်လက်မဲ့ဦးရေဆက်တိုက်မြင့်တက်

သုံးနှစ်အတွင်း အလုပ်လက်မဲ့ဦးရေဆက်တိုက်မြင့်တက် မေ ၃၀ ရက် အရုဏ်ဦး၊ Migrant Times ပြည်တွင်းအလုပ်လက်မဲ့ဦးရေဟာဆက်တိုက်မြင့်တက်နေတယ်လို့ ၂၀၂၀- ၂၀၂၃ လုပ်သားအင်အားစစ်တမ်းအစီရင်ခံစာမှာဖော်ပြထား​ပါတယ်။ပြီးခဲ့တဲ့နှစ်က ပြန်လည်ကောက်ယူခဲ့ပြီး ဒီနှစ်မေလကုန်မှာထုတ်ပြန်လိုက်တဲ့ လုပ်သားအင်အားစစ်တမ်းမှာ အလုပ်လက်မဲ့ဦးရေတိုးလာတဲ့အကြောင်း ဖော်ပြထားတာဖြစ်ပါတယ်။နိုင်ငံတဝန်းကောက်ယူခဲ့တဲ့ အဲဒီစစ်တမ်းအရ ၂၀၂၀ ပြည့်နှစ်မှာ အလုပ်လုပ်နိုင်သူဦးရေရဲ့ ၀ ဒသမ ၁၇ ရာခိုင်နှုန်းဟာအလုပ်လက်မဲ့​ဖြစ်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ၁ ဒသမ ၃၃ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ်မှာ ၂ ဒသမ ၅၃ ရာခိုင်နှုန်းနဲ့ ၂၀၂၃ ခုနှစ်မှာ ၃ ဒသမ ၆၉ ရာခိုင်နှုန်းအထိရှိလာတာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း အလုပ်လက်မဲ့နှုန်းဟာ နှစ်အလိုက် နှစ်ဆ နီးပါးစီ မြင့်တက်လာတာဖြစ်တယ်လို့ အစီရင်ခံစာအရ သိရပါတယ်။အခုလို အလုပ်လက်မဲ့နှုန်းတိုးလာတာဟာ ကိုဗစ်ကပ်ရောဂါကြောင့်

Read More
အလုပ်သမား သတင်း

တောင်ကိုရီးယားကို မြန်မာလုပ်သား ၁၃၀ ကျော်စေလွှတ်

တောင်ကိုရီးယားကို မြန်မာလုပ်သား ၁၃၀ ကျော်စေလွှတ် မေ ၃၀ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံကို EPS မြန်မာလုပ်သား ၁၃၁ဦး ဒီကနေ့ ထပ်မံစေလွှတ်ခဲ့တယ်လို့ သိရပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်နဲ့ ကုန်ထုတ်လုပ်သားသစ် (၁၂၁) ဦး၊ စိုက်ပျိုး/မွေးမြူရေးလုပ်သားသစ် (၉)ဦးဟာ ဒီက​နေ့အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတယ်လို့ မြန်မာသံရုံး၊ ဆိုးလ်မြို့က သတင်းထုတ်ပြန်ထားပါတယ်။အခုလအတွင်း တောင်ကိုရီးယားကို မြန်မာလုပ်သား ၂၉၉ ဦးကို စေလွှတ်ထားပြီးဖြစ်ပါတယ်။ ဓာတ်ပုံ- မြန်မာသံရုံး၊ ဆိုးလ်မြို့

Read More
အလုပ်သမား သတင်း

ပိတ်သိမ်းစက်ရုံတချို့ နာမည်ပြောင်းပြီး ပြန်ဖွင့်နေ

ပိတ်သိမ်းစက်ရုံတချို့ နာမည်ပြောင်းပြီး ပြန်ဖွင့်နေ အရုဏ်ဦး မေ ၂၉ ရက်၊ Migrant Times ရန်ကုန်မြို့က ပိတ်သိမ်းလိုက်တဲ့စက်ရုံတချို့ကိုနာမည်ပြောင်းပြီး ပြန်ဖွင့်လာကြသလို လုပ်သားခေါ်ယူတာတွေအနည်းငယ်ပြန်တက်လာတယ်လို့ အလုပ်သမားအဖွဲ့တွေဆီကသိရပါတယ်။အော်ဒါနည်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ပိတ်သိမ်းခဲ့တဲ့စက်ရုံတချို့ဟာ မူလမြေနေရာမှာပဲ နာမည်အသစ်နဲ့ပြန်လည်ဖွင့်လှစ်ပြီး လုပ်သားအင်အားဖြည့်တာတွေရှိလာတာလို့ ဆိုပါတယ်။” အရင်လူဟောင်းတွေပြန်ခေါ်တာလည်းရှိတယ်။အများစုကတော့လူသစ်တွေပြန်စုတာတွေ့ရတယ်။ပိတ်ပြီးပြန်ဖွင့်တဲ့စက်ရုံ သုံရုံလောက်ရှိတယ်” လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှစ်အတွင်း ရန်ကုန်မြို့မှာ ပိတ်သိမ်းခဲ့တဲ့စက်ရုံ ၁၀ရုံနီးပါးရှိခဲ့ပြီး အများစုက နိုင်ငံခြားသားပိုင်စက်ရုံတွေဖြစ်တယ်လို့ အလုပ်သမားသမဂ္ဂတွေကဆိုပါတယ်။ ပိတ်သိမ်းတဲ့စက်ရုံအများစုက အထည်အော်ဒါနည်းနေချိန် အလုပ်သမားတွေကိုလစာပေးထားဖို့ခက်တာကြောင့် ယာယီသဘောရပ်နားတာတွေရှိသလို စက်ရုံအတွင်းသမဂ္ဂတွေကို လက်မခံလိုတဲ့အတွက်အပိတ်ပြပြီး လူသစ်တွေနဲ့ဆက်လည်ပတ်နေတာလို့လည်းသူတို့ကပြောပါတယ်။” အခုကပြန်ဖွင့်တဲ့ရုံတွေကရော၊ ရုံဟောင်းတွေကပါလူထပ်ဖြည့်တာတွေခပ်စိပ်စိပ်တွေ့လာရတယ်။လက်ရှိလုပ်အားခ စျေးချိုတဲ့အတွက် လုပ်ငန်းတွေချဲ့လာကြတာလို့ထင်တယ်” လို့ ရွှေပြည်သာမြို့နယ်မှအလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးကပြောပါတယ်။စက်ရုံတွေအနေနဲ့ တစ်ရက်လုပ်ခ ၄၈၀၀ ကျပ်နဲ့အလုပ်သမားတွေကိုစျေးပေါပေါပေးကာ စေခိုင်းနေကြတာဖြစ်ပြီး အလုပ်သမားတွေကတော့ လုပ်ခတိုးပေးဖို့တောင်းဆိုနေကြပါတယ်။ဒါပေမဲ့ တရားဝင်လုပ်ခနှုန်းထားအသစ်ကို အစိုးရကထုတ်ပြန်တာမရှိလို့ဆိုတဲ့အကြောင်းပြချက်နဲ့အလုပ်ရှင်တွေက လုပ်အားခတိုးပေးဖို့ငြင်းဆန်နေတယ်လို့ စက်ရုံလုပ်သားတွေက ပြောပါတယ်။

Read More
နိုင်ငံတကာ အလုပ်သမား သတင်း

ဂျပန်နိုင်ငံမှာ ဘွဲ့ရလူငယ် ၉၇ ရာခိုင်နှုန်း အလုပ်အကိုင်ရထားပေမယ့် လုပ်သားရှားပါးမှု ရင်ဆိုင်နေရဆဲဖြစ်နေ

ဂျပန်နိုင်ငံမှာ ဘွဲ့ရလူငယ် ၉၇ ရာခိုင်နှုန်း အလုပ်အကိုင်ရထားပေမယ့် လုပ်သားရှားပါးမှု ရင်ဆိုင်နေရဆဲဖြစ်နေ ခွန်သောမတ် မေ ၂၉ ရက်၊ Migrant Times ဂျပန်နိုင်ငံမှာ တက္ကသိုလ်အဆင့် ပညာသင်ကြားပြီးတဲ့ ဘွဲ့ရလူငယ် ၉၇ ရာခိုင်နှုန်း ကျော်ကို အခုနှစ်နွေဦးမှာ အလုပ်ခန့်ထားနိုင်ပြီးဖြစ်ပေမယ့် နိုင်ငံတွင်း လုပ်သားရှားပါးမှု ပြဿနာကို ထပ်မံရင်ဆိုင်နေရပြီး COVID-19 ကပ်ရောဂါဘေးအလွန်မှာ စီးပွားရေး ပြန်လည်ကောင်းမွန်လာကြောင်း ဂျပန်အစိုးရက ပြောကြားခဲ့ပါတယ်။ဂျပန်နိုင်ငံမှာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်အထိ ဘွဲ့ရများရဲ့ စုစုပေါင်း ၉၇ ဒသမ ၃ ရာခိုင်နှုန်းကို အလုပ်ခန့်ထားပြီး ၁၉၉၇ ခုနှစ်နောက်ပိုင်း တတိယမြောက် အမြင့်ဆုံး ကိန်းဂဏန်းဖြစ်ကြောင်း အလုပ်သမားနှင့်ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။ ကုမ္ပဏီများ၏ အလုပ်အကိုင်ကမ်းလှမ်းမှု များလည်း အားကောင်းနေပြီး

Read More
အလုပ်သမား သတင်း

ဖိလစ်ပိုင်အွန်လိုင်းဂိမ်းကုမ္ပဏီမှာ အလုပ်စေခိုင်းခံနေရတဲ့မြန်မာနိုင်ငံသား ၂၀ ဦးကို ကယ်ဆယ်ပြီး နေရပ်ပြန်ပို့

ဖိလစ်ပိုင်အွန်လိုင်းဂိမ်းကုမ္ပဏီမှာ အလုပ်စေခိုင်းခံနေရတဲ့မြန်မာနိုင်ငံသား ၂၀ ဦးကို ကယ်ဆယ်ပြီး နေရပ်ပြန်ပို့ မေ ၂၈ ရက်၊ Migrant Times ဖိလစ်ပိုင်နိုင်ငံ၊ ပမ်ပန်ဂါပြည်နယ် (Pampanga)၊ မာဘလာကတ်မြို့ (Mabalacat City)အနီးရှိ အွန်လိုင်းဂိမ်းကုမ္ပဏီမှာ အလုပ် အတင်းအကြပ် စေခိုင်းခံနေရတဲ့ မြန်မာနိုင်ငံသား ၂၀ ဦးကို ကယ်ဆယ်ပြီး မနေ့က မြန်မာနိုင်ငံကို ပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။လူကုန်ကူးမှုတိုက်ဖျက်ရေး စစ်ဆင်ရေးအဖြစ် ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့က ဦးဆောင်ပြီး မေလ ၄ ရက်ညက အဲဒီအွန်လိုင်းကုမ္ပဏီကို ဝင်ရောက်စီးနင်းခဲ့ရာမှာ နိုင်ငံခြားသား ၁၁၃၇ ဦးအား ကယ်ထုတ်နိုင်ခဲ့ပြီး မြန်မာနိုင်ငံသား ၄၂ ဦး ပါဝင်တယ်လို့ သိရပါတယ်။ မြန်မာသံရုံးနဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့၊ ဖိလစ်ပိုင် လူဝင်မှုကြီးကြပ်ရေးဌာနတို့နဲ့ ပူးပေါင်းကာ ပထမအသုတ်အဖြစ် မြန်မာနိုင်ငံသား

Read More
အလုပ်သမား သတင်း

တာ့ခ်ခရိုင်ကနေ ဘန်ကောက်ကိုသွားတဲ့ မြန်မာတစ်ဦး ဗီဇာရက်လွန်နေထိုင်မှုနဲ့ ဖမ်းဆီးခံရ

တာ့ခ်ခရိုင်ကနေ ဘန်ကောက်ကိုသွားတဲ့ မြန်မာတစ်ဦး ဗီဇာရက်လွန်နေထိုင်မှုနဲ့ ဖမ်းဆီးခံရ နိုင်/Migrant Times တာ့ခ် – ဘန်ကောက် ဘတ်စ်ကားနဲ့လိုက်ပါလာတဲ့ ခရီးသည်တွေကို ထိုင်းအာဏာပိုင်တွေက စစ်ဆေးရာမှာ မြန်မာအမျိုးသားတစ်ဦး ဗီဇာရက်လွန်နေထိုင်ကြောင်းတွေ့ရှိတာနဲ့ ဖမ်းဆီးထိမ်းသိမ်းခံလိုက်ရပါတယ်။မေလ ၂၆ ရက် ည ၁၀ နာရီခွဲက ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ကနေ ဘန်ကောက်မြို့ကိုခရီးသွားရင်း           မဲဆောက်မြို့၊ မဲပါ့ကျေးရွာထဲက ဟွေ့ဟင်ဖွန်စစ်ဆေးရေးဂိတ်မှာ မြန်မာအမျိုးသားတစ်ဦး ထိုင်းနိုင်ငံအတွင်း ၁၀၁ရက်အထိ ဗီဇာရက်လွန်နေထိုင်ကြောင်း စစ်ဆေးတွေ့ရှိတာနဲ့ လူဝင်မှုကြီးကြပ်ရေးရဲတွေက ဖမ်းဆီးအမှုဖွင့်လိုက်တယ်လို့ သိရပါတယ်။ ဓာတ်ပုံ – Tak Immigration

Read More
အလုပ်သမား သတင်း

MoU သက်တမ်းပြည့် မြန်မာလုပ်သားတွေကိစ္စ MWRN က ညွှန်ချုပ်နဲ့တွေဆုံဆွေးနွေး

MoU သက်တမ်းပြည့် မြန်မာလုပ်သားတွေကိစ္စ MWRN က ညွှန်ချုပ်နဲ့တွေဆုံဆွေးနွေး စကားဝါ မေ ၂၇ ရက်၊ Migrant Times ထိုင်းနိုင်ငံအ‌ခြေစိုက် အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း LRF၊ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် MWRN က ထိုင်းနိုင်ငံ အလုပ်သမား ညွှန်ကြားရေးမှူးချုပ်နဲ့ တွေ့ဆုံပြီး သက်တမ်းကုန် MOU ကိစ္စ၊ စာရွက် စာတမ်းပြုလုပ်ရာတွင် အဆမတန် ဈေးနှုန်း မြင့်မားတဲ့ကိစ္စတွေအပါအဝင် မြန်မာရွေ့ပြောင်းအလုပ်သမားတွေကိစ္စ ဆွေးနွေးခဲ့တယ်လို့ ဒီကနေ့ မေလ ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။“ အဓိကကတော့ မြန်မာ့နိုင်ငံရေးကြောင့် အလုပ်သမားတွေ ပြည်တွင်းပြန်ပြီး MoU သက်တမ်းတိုးဖို့ခက်ခဲနေတယ်ဆိုတာတွေရယ် အလုပ်သမားတွေ အခုကြုံနေရတဲ့ ကိစ္စတွေရယ်ကို သွားပြောပြတာပေါ့။ သူတို့ဘက်ကလည်း ချက်ချင်းဆုံးဖြတ်လို့မရသေးဘူးလေ အစိုးရသစ်တက်လာမှ အစိုးရကိုတင်ပြရဉီးမှာဆိုတော့ ကြိုပြီးပြောပြထားတဲ့သဘောပါပဲ ” လို့

Read More
အလုပ်သမား သတင်း

ဘတ်ထပ်မရိုက်ပေးတော့ဘူးဆိုတဲ့ သတင်းမှာ အတိအကျမှန်ကန်မှုမရှိသေး

ဘတ်ထပ်မရိုက်ပေးတော့ဘူးဆိုတဲ့ သတင်းမှာ အတိအကျမှန်ကန်မှုမရှိသေး စကားဝါ မေ ၂၇ရက်၊ Migrant Times ထိုင်းနိုင်ငံရဲ့ အလုပ်သမားရေး ဝန်ကြီးဌာန အလုပ်အကိုင်စီမံခန့်ခွဲရေးဦးစီးဌာန၊ညွှန်ကြားရေး မှူးချုပ် Mr. ဖိုင်ကျို့ ချိုတစ်စထီယန်က Thairat TV နဲ့ တွေ့ဆုံစဉ်က လတ်တလောမှာ ပန်းရောင်ကဒ်(ဘတ်)ရိုက်ပေးဖို့ မရှိသေးဘူးလို့ ပြောကြားခဲ့တာကို မီဒီယာတချို့က “ဘတ်ရိုက်ပေးတော့မှာ မဟုတ်” ဆိုတဲ့ အဓိပ္ပ ာယ်ရတဲ့ သတင်းတွေဖြန့်ဝေခဲ့တာဖြစ်ပါတယ်။​ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ခွင့်ရှိသူဟာ လွှတ်တော်နဲ့ ဝန်ကြီးချုပ်သာဖြစ်ပြီး လက်ရှိမှာ ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲပြီးသွားခဲ့ပေမယ့် အစိုးရမဖွဲ့ရသေးတာကြောင့် ဘာကိုမှ တိတိကျကျ ပြောကြားလို့ မရသေးတဲ့ အခြေအနေသာဖြစ်တယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ရှင်းပြပါတယ်။ “ ဒါတွေက ကောလာဟလတွေပါ။ ထိုင်းနိုင်ငံဟာ ရွေ့ပြောင်းလုပ်သား လိုကို လိုအပ်တဲ့နိုင်ငံဖြစ်တယ် ပြီးတော့

Read More