ကျောင်းသွားသည့် မောင်နှမ ၂ ဦး ဆိုင်ကယ်မှောက်ပြီးသေဆုံး
နိုဝင်ဘာ ၁၇ ၊ Migrant Times။ ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ သီရာချာမြို့နယ်၊ ထူဆွတ်ခလာရပ်ကွက်၊ ဘန့်ဆပ်ယိုင်ကျိန်းရှိ ဆူခါဖိဘန် ၈ လမ်း၌ ယနေ့ နံနက်တွင် ကျောင်းပို့သည့် မြန်မာနိုင်ငံသားမောင်နှမ ၂ ဦး ဆိုင်ကယ်တိမ်းမှောက်ပြီးသေဆုံးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ မြန်မာနိုင်ငံသား အစ်ကိုဖြစ်သူသည် သူ၏ အသက် ၉ နှစ်အရွယ် ညီမဖြစ်သူကို ကျောင်းပို့ရန် ဆိုင်ကယ်မောင်းလာစဉ် လမ်းလျှောက်နေသည့် လာအိုနိုင်ငံသားတစ်ဦးကို တိုက်မိခဲ့ပြီး ၎င်းတို့ ၂ ဦးစလုံးသည် ဘေးတွဲကား (Trailer) အောက်သို့ ခုန်ထွက်သွားကာ ကားကြိတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဖော်ပြသည်။ လာအိုလူငယ်မှာ ဒဏ်ရာရရှိခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့နှင့် လမ်ချဘန်ရဲစခန်းမှ ရဲအရာရှိများက အခင်းဖြစ်ရာကို စစ်ဆေးခဲ့ကြကြောင်း သတင်းကရေးသားသည်။ ၎င်းဖြစ်စဉ်သိသည့် မြန်မာအမျိုးသမီး ၁ ဦးကလည်း
