ထိုင်းအမျိုးသမီး လိုက်နှောက်ယှက်သည့် မြန်မာကို ဘတ် ၁ ထောင်ဒဏ်ရိုက်ပြီး ပြည်နှင်ဒဏ်ပေးမည်
ထိုင်းနိုင်ငံတွင် လူမှုကွန်ရက်၌လူသိများသည့် ထိုင်းအမျိုးသမီး (social media influencer) တစ်ဦးအား နောက်ယောင်ခံလိုက်သည့် မြန်မာအမျိုးသားတစ်ဦးကို ဘတ် ၁ ထောင်ဒဏ်ရိုက်ပြီး ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့မှသိရသည်။ အသက် ၂၈ နှစ်အရွယ် လူမှုကွန်ရက်စတား လင်ရာဒါ သည် မြန်မာအမျိုးသားတစ်ဦးက နောက်ယောင်ခံလိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းခံရမှုနှင့်ပတ်သက်ပြီး ဘန်ကောက်မြို့အနီးရှိ ဘန်ခွန်ထီရန် ရဲစခန်းအားတိုင်ကြားခဲ့သည်။ သို့သော်လည်း ရဲစခန်းက သူမအား အတွေးများနေခြင်းဖြစ်နိုင်ကြောင်း၊ ဘာမှမဖြစ်လာသေးကြောင်းဖြင့် တိုင်းကြားချက်အား ငြင်းပယ်ခဲ့ကြောင်း လင်ရာဒါက သူမ၏ Sanella Linvar လူမှုကွန်ရက်အကောင့်တွင် ဖော်ပြခဲ့သည်။ မြန်မာအမျိုးသားတစ်ဦးက သုံးရက်တာ နောက်ယောင်ခံလိုက်ခြင်းနှင့် ခြိမ်းခြောက်ခံခဲ့ရကြောင်း တိုင်ကြားခဲ့ခြင်းဖြစ်ပြီး သူမအနေဖြင့် အိပ်မပျော်နိုင်အောင်ဖြစ်ခဲ့ကာ တစ်ယောက်တည်း ခရီးသွားရန် ကြောက်ရွံ့နေရကြောင်း ပြောကြားခဲ့သည်။ လင်ရာဒါ၏ လူမှုကွန်ရက်တွင်ဖော်ပြချက်အရ မြန်မာအမျိုးသားတစ်ဦးသည် Instagram မှတဆင့်