မလေးရှားတွင် မြန်မာလုပ်သားများ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်ခြင်းခံနေရကြောင်းထုတ်ပြန်
မလေးရှားနိုင်ငံတွင် အာဏာပိုင်များသည် မြန်မာအလုပ်သမားများအပါအဝင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကိုဖမ်းဆီးပြီး ဥပဒေမဲ့ နှိပ်စက်ခြင်းများပြုလုပ်နေကြောင်း ထိုင်းအခြေစိုက် Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဇွန်လ ၁၈ ရက်နေ့တွင်ထုတ်ပြန်သည်။ Fortify Rights အဖွဲ့သည် ကွာလာလမ်ပူ၊ ကလန်းနှင့် မူအာရှိ လူဝင်မှုကြီးကြပ်ရေး စစ်ဆင်ရေးအတွင်း ဖမ်းဆီးခံခဲ့ရသူ ၁၇ ဦးနှင့် မျက်မြင်သက်သေများကို တွေ့ဆုံမေးမြန်းခဲ့သည်။ မလေးရှား လူဝင်မှုကြီးကြပ်ရေး စစ်ဆင်ရေးတွင် ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ဒုက္ခသည်များက ၎င်းတို့အား ရိုက်နှက်ခြင်း၊ အဝတ်အစားများ အတင်းအကြပ် ချွတ်၍ အချိန်ကြာမြင့်စွာ ကိုယ်လုံးတီးထားခြင်း၊ အရှက်ခွဲခြင်းနှင့် ထိန်းသိမ်းခံရစဉ်အတွင်း အခြေခံလိုအပ်ချက်များကို ငြင်းပယ်ခံရခြင်းတို့ ကြုံတွေ့ခဲ့ရကြောင်း Fortify Rights အဖွဲ့ကို ပြောကြားသည်။ မလေးရှား အာဏာပိုင်များသည် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ပစ်မှတ်ထားသော စစ်ဆင်ရေးများကို
