September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Migrants

သတင်း

မဲဆောက်မြို့ရှိ ရွှေ့ပြောင်းကျောင်းတွင် ကျောင်းဆရာတစ်ဦးက ကလေးငယ်များအား လိင်အမြတ်ထုတ်

ဇူလိူင် ၁၆ ၊ Migrant Times ထိုင်းနိုင်ငံ ၊တာ့ခ်ခရိုင်၊မဲဆောက်မြို့နယ် မယ်ပကျေးရွာအုပ်စုရှိ ရွှေ့ပြောင်းပညာရေး ကျောင်းတစ်ကျောင်းတွင် အမျိုးသားဆရာတစ်ဦးက ကျောင်းအတွင်းတွင် ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း ထိုင်း Newsshow32 သတင်းက ယနေ့ဖော်ပြသည်။ ၎င်းအမျိုးသားဆရာတစ်ဦးက ကျောင်းအတွင်း လိင်ပိုင်းဆိုင်ရာ မတော်မလျော်ပြုမူခဲ့ခြင်းကြောင့် ကလေးငယ်အများအပြား စိတ်ဖိစီးမှုများ ကြုံတွေ့ခဲ့ပြီး ရှက်ရွံ့ကာ ကျောင်းမတက်တော့သည့် ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ကာ မိဘများအား အသိပေးခဲ့ကြောင်း သိရသည်။ လိင်အမြတ်ထုတ်ခံရသည့် အသက် ၁၃ နှစ်မှ ၁၅ နှစ်ကြားရှိ ကျောင်းသားကလေးငယ်များနှင့် ၎င်းတို့၏ မိဘများ၊ ကလေးသူငယ်ကူညီစောင့်ရှောက်ရေးအဖွဲ့ နှင့် ရှေ့နေတစ်ဦးတို့သည် မဲဆောက်ရဲစခန်းရှိ စုံစမ်းစစ်ဆေးရေးမှူးထံ တိုင်ကြားခဲ့ကြောင်း သတင်းကဆိုသည်။ အဆိုပါ အမျိုးသားဆရာသည် အသက် ၇ဝ နှစ်အရွယ်ရှိပြီး

Read More
သတင်း အင်တာဗျူး

မဲဆောက်တွင် အထောက်အထားမရှိသည့် မြန်မာ ၅ ဦး ဖမ်းဆီးခံရ

ဇူလိူင် ၁၅ ၊ Migrant Times ထိုင်းနိုင်ငံ ၊တာ့ခ်ခရိုင်၊မဲဆောက်မြို့နယ်တွင် စာရွက်စာတမ်း အထောက်အထားမရှိသည့် မြန်မာနိုင်ငံသား ၅ ဦး ကို ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခဲ့ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှထုတ်ပြန်သည်။ ယမန်နေ့ ဇူလိုင်လ ၁၄ ရက်နေ့၊ ည ၇နာရီခွဲခန့်တွင် မယ်ပမြို့နယ် ၊အမှတ် ၆ ရပ်ကွက်၊ ဘန့်ဟိုင်ဖွန်စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးစစ်ဆေးစဉ်အတွင်းဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စစ်ဆေးစဉ်အတွင်း မဲဆောက် ၊တာ့ဆိုင်းလွတ်မြို့နယ်၊ အမှတ် ၄ ရွာတွင်နေထိုင်သည့် အသက် ၃၆ နှစ်အရွယ်နေထိုင်သူနှင့် အသက် ၁၈ နှစ်မျှ ၃ဝ နှစ်အတွင်းရှိ မြန်မာနိုင်ငံသား ၃ ဦးအားတွေ့ရှိခဲ့ပြီး ထိုသူများအနက် မြန်မာနိုင်ငံသား ၃ ဦးအား ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လာပြီး နေထိုင်ခြင်း ဖြင့်

Read More
သတင်း

အယုဒ္ဓယတွင် တရားမဝင်ဝင်ရောက်လာသည့် မြန်မာ ၁၁ ဦးဖမ်းဆီးခံရ

ဇူလိူင် ၁၄ ၊ Migrant Times ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့နယ်ရှိ အဝေးပြေးလမ်းမတစ်နေရာတွင် ကားတစ်စီးပေါ်၌ ပြွတ်သိပ်ကာ လိုက်ပါလာသော တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၁ ဦးအား ဖမ်းဆီးခဲ့ကြောင်းအယုဒ္ဓယ အဝေးပြေးရဲတပ်ဖွဲ့မှသိရသည်။ ယမန်နေ့ ဇူလိုင်လ ၁၃ ရက်နေ့ ညနေပိုင်းတွင် အယုဒ္ဓယ အဝေးပြေးရဲတပ်ဖွဲ့သည် ခရီးရှည်ပိတ်ရက်အပြီး ပြန်လာသည့် ကားများအား စောင့်ကြည့်ခဲ့ပြီး အနက်ရောင် Toyota Wish ကားတစ်စီးသည် ရုတ်တရက် လမ်းကြောပြောင်းလဲ မောင်းနှင်ခဲ့သည့်အတွက် ရပ်တန့်ခိုင်းခဲ့သည်။ ထိုကားအားရပ်တန့်ခိုင်းပြီး စစ်ဆေးရာ အသက် ၃၇ နှစ်အရွယ် မြန်မာနိုင်ငံသား ဇင်လင်းအောင်အားယာဉ်မောင်းအဖြစ်တွေ့ရှိခဲ့ပြီး ကားအတွင်းတွင် မြန်မာနိုင်ငံသား အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၃ ဦးသည် ပြွတ်သိပ်ထိုင်နေသည်ကို တွေ့ရှိခဲ့သည်။ အယုဒ္ဓယ အဝေးပြေးရဲတပ်ဖွဲ့က

Read More
သတင်း

ထိုင်းတွင် မြန်မာရွှေ့‌ပြောင်း အလုပ်သမား အချင်းချင်း ဓားထိုးမှုဖြစ်

မောင်ဘုန်း ဇူလိူင် ၁၄ ၊ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ နကော့ပထုံမြို့နယ်၊စန်ဖန်တွင် ဇူလိူင်လ ၈ ရက်နေ့က မြန်မာရွှေ့‌ပြောင်း အလုပ်သမားတစ်ဦးအား မြန်မာတစ်ဦးက ဓားဖြင့်ထိုးမှုဖြစ်ပွားခဲ့ကြောင်း အမှုလက်ခံကူညီပေးနေသည့် WAG -အလုပ်သမားမဟာမိတ် အဖွဲ့မှသိရသည်။ CI စာအုပ်ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမား ကိုဟိန်းကိုကိုသည် ယင်းနေ့ ည ၉ နာရီအချိန်တွင် ဈေးဆိုင်တစ်ဆိုင်တွင် ရေခဲသွားဝယ်ရာ ဈေးဆိုင်ပိုင်ရှင် မြန်မာပွဲစား ပုလိပ်စကားပြန် ၅ဝဝ ဘတ်စား ကိုဇော်လတ်ဆိုသူက ရန်ညှိုးရန်စမရှိဘဲ (၆)လက်မခန့်ရှိသော ဓါးဖြင့် ဦးခေါင်းအား လိုက်လံထိုးခဲ့ခြင်းဖြစ်ကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။ ကိုဟိန်းကိုကိုသည် အခင်းဖြစ်ပွားပြီးနောက် ည ၁ဝ နာရီခန့်တွင် နီးစပ်ရာဆေးရုံသို့သွားရောက်ပြသခဲ့ပြီး ဦးခေါင်းမှ ဘယ်ဘက်ပုခုံးထိ ဓါးထိုးဒဏ်ရာအား အချက်(၂ဝ)ချုပ်ခဲ့ရပြီး

Read More
သတင်း

မလေးရှားတွင် ပြည့်တန်ဆာ လုပ်ကိုင်သည့် ထိုင်း အင်ဒိုနီးရှား ဗီယက်နမ် လာအို နှင့် မြန်မာ လုပ်သားများကိုဖမ်းဆီး

ဇူလိူင် ၁၂ ၊ Migrant Times မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့ရှိ ကူချိုင်း၊ သီရိပီတာလင်းနှင့် ချီရပ်စ်တစ်ဝိုက်ရှိ နေရာသုံးခုတွင် ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သည့် ထိုင်း၊ အင်ဒိုနီးရှား၊ဗီယက်နမ်၊ လာအို နှင့် မြန်မာနိုင်ငံမှ အမျိုးသမီး လုပ်သား ၈၉ ဦးနှင့် ဒေသခံလေးဦးကို ဖမ်းဆီးခဲ့ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM) မှထုတ်ပြန်သည်။ JIM ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဇူလိုင် ၉ ရက်နေ့ ညနေတွင် နိုင်ငံခြားသူများဖြင့် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သည်ဟု သံသယရှိသော အဆောက်အအုံနှစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး ထိုင်းအမျိုးသမီး ၆ ဦး၊ အင်ဒိုနီးရှားအမျိုးသမီး ၈ ဦး၊ ဗီယက်နမ်အမျိုးသမီး ၁၁ ဦးနှင့် မြန်မာအမျိုးသမီး ၁ ဦး အပါအဝင် နိုင်ငံခြားသူ ၂၆

Read More
သတင်း

ထိုင်းကို တရားမဝင်ဝင်ရောက်သည့် မြန်မာ ၂၇ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ၊ ကချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂၇ ဦးအား ယနေ့ ဇူလိူင်လ ၇ ရက်နေ့ နံနက်တွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းစစ်တပ်ကသတင်းထုတ်ပြန်သည်။ ထုတ်ပြန်ချက်အရ ယနေ့နံနက်အစောပိုင်း ၁ နာရီခန့်တွင် ထောင်ဖာဖုမ် သုံးလမ်းဆုံပူးပေါင်းစစ်ဆေးရေးဂိတ်၌ စစ်ဆေးရေးအဖွဲ့မှ ဆန်ခလာဘူရီခရိုင်မှ ထောင်ဖာဖုမ်ခရိုင်ဘက်သို့ မောင်းနှင်လာသည့် သံသယဖြစ်ဖွယ် ပစ်ကပ်ကား ကားတစ်စီးကိုတွေ့ရှိပြီး ကားကို ရပ်တန့်ရန် အချက်ပြခဲ့သော်လည်း မောင်းနှင်ထွက်ပြေးခဲ့သည်။ ထိုကားအား လိုက်လံရှာဖွေရာ ထောင်ဖာဖုမ်ခရိုင်၊ ဆဟကွန်နီခွန်မြို့နယ်၊ အမှတ် ၁ ကျေးရွာ၊ ဆဟကွန်နီခွန် ကျေးရွာအုပ်စုရှိ လမ်းဘေးတွင် ရပ်တန့်ထားသည်ကို တွေ့ရှိခဲ့သည်။ ကားပေါ်တွင် မြန်မာနိုင်ငံသား ၂၇ ဦး (အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၈ ဦး)

Read More
ဆောင်းပါး

“ဝန်ထုပ်ဝန်ပိုးမဟုတ်တဲ့ နှောင်ကြိုးတစ်ခု”

မဲဆောက် နယ်စပ်သည် မျှော်လင့်ချက်နှင့် လူသားချင်းစာနာမှုတို့ ပေါင်းကူးပေးရာ တံတားတစ်စင်း ဖြစ်ပါစေ။ အကျပ်အတည်းကာလတွင် မြို့တစ်မြို့၏ မျှဝေခံစားမှု မဲဆောက်သည် နယ်စပ်မြို့ထက် အမြဲပိုခဲ့သည်။ မဲဆောက်သည် ထိုင်းနှင့် မြန်မာလူမျိုးတို့ ရောင်းဝယ်ဖောက်ကားမှု၊ ယဉ်ကျေးမှု၊ ဆွေမျိုးပေါက်ဖော်မှုများနှင့် မကြာသေးမီနှစ်များအတွင်း အခက်အခဲများမှတစ်ဆင့် မျိုးဆက်ပေါင်းများစွာ ဆက်စပ်နေထိုင်ခဲ့သည့် နေရာတစ်ခုဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ၌ စစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းပြီးနောက်ပိုင်း မဲဆောက်မြို့သို့ အကြမ်းဖက်မှု၊ ဖိနှိပ်မှုနှင့် နိုင်ငံရေးပြိုလဲမှုတို့ကြောင့် ထွက်ပြေးလာကြသည့် မြန်မာပြည်သူများ သိသိသာသာ တိုးများလာခဲ့သည်။ ၎င်းတို့ထဲတွင် ကျောင်းသား၊ ဆရာ၊ အနုပညာရှင်နှင့် ပညာရှင်များ ပါဝင်ပြီး သူတို့၏ နေအိမ်များ၊ အလုပ်အကိုင်များနှင့် ပိုင်ဆိုင်မှုများကို စွန့်လွှတ်ကာ ယာယီခိုလှုံရန် ရောက်ရှိလာကြခြင်းဖြစ်သည်။ လူအများအပြားသည်

Read More
အင်တာဗျူး

“ရွှေ့ပြောင်း ကလေးတွေရဲ့ မျက်နှာကြည့်ပြီး ပညာရေးကို ရဲရဲဝံဝံ လုပ်စေချင်တယ်”

ကချင်ပြည်နယ် ဝိုင်းမော်မြို့သူတစ်ယောက်ဟာ လွန်ခဲ့တဲ့ ၂၁ နှစ်လောက်က နယ်စပ်ဖြတ်ကျော်လမ်းကြောင်းကနေ ထိုင်းနိုင်ငံထဲ ဝင်ရောက်ခဲ့ပါတယ်။ ထိုင်းမှာ ရွှေ့ပြောင်း အလုပ်သမားဘဝကိုရောက်ရှိခဲ့ပြီး အထောက်အထားမရှိခဲ့တာကြောင့် စိုးရိမ်ထိတ်လန့်မှုတွေ ရင်ဆိုင်ခဲ့ရပါတယ်။ အိမ်ဖော် ၊ ထမင်းချက်လုပ်ရာကနေ ကိုယ်ထူကိုယ်ထ ကြိုးစားရုန်းကန်ပြီး Thinking Classroom Foundation မှာ သင်တန်းဆရာမ ဖြစ်လာခဲ့တဲ့ အစိုင်းကို Migrant Times ကတွေ့ဆုံမေးမြန်းထားပါတယ်။ ရိုက်ကူး၊တည်းဖြတ် – Migrant Times

Read More
အင်တာဗျူး

“သဘာဝဘေးအန္တရာယ် ကျရောက်ရင် အရေးပေါ်ခိုလှုံရာနေရာ ပြင်ဆင်ပေးထားတယ်”

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငပြည်နယ်တွင် ဆူနာမီ၊ ရေကြီးခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက အရေးပေါ်ခိုလှုံရာနေရာ တစ်ခုပံ့ပိုးရန် အသင့်ပြင်ဆင်ထားကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကပြောသည်။ ဒေသတွင်း ထိုင်းအစိုးရဌာနများ၏ မေတ္တာရပ်ခံချက်အရ ဖန်ငခရိုင်၊ တကွာပါမြို့နယ်၊ ခီးခတ်တိုက်နယ်တွင် တည်ရှိသော FED/ULC မြန်မာရွှေ့ပြောင်းကလေးငယ်များ၏ သင်ကြားရေးစင်တာကို ယာယီအရေးပေါ်ခိုလှုံရာနေရာအဖြစ် အသုံးပြုခွင့်ပြုမည် ဖြစ်သည်။ ထိုင်းအစိုးရမှ အရေးပေါ်သတိပေးချက်များ ထုတ်ပြန်ပါက လူတိုင်းအား အသုံးပြုခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်သည့်အနေဖြင့် ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ကမ်းစပ်တွင် နေထိုင်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် အဖိုးတန်ပစ္စည်းများ၊ အရေးကြီးသော စာရွက်စာတမ်းများကို သတိရှိရှိဖြင့် စနစ်တကျ ထိန်းသိမ်းထားကြရန် လိုအပ်ကြောင်း ဦးထူးချစ်ကပြောသည်။ သဘာဝဘေးအန္တရာယ်ကျရောက်ပါက အရေးပေါ်ခိုလှုံရာနေရာအဖြစ် အသုံးပြုမည့် အစီအစဉ်ကို တကွာပါမြို့နယ်၊ ခီးခတ်တိုက်နယ် စည်ပင်သာယာရေးအဖွဲ့အစည်းမှ တာဝန်ရှိသူများ၊

Read More
သတင်း အလုပ်သမား သတင်း

ထိုင်းရှိ ရွှေ့ပြောင်းလုပ်သားများ ဥပဒေရေးရာ မလုံခြုံမှုများ ရင်ဆိုင်နေရ

ထိုင်းနိုင်ငံရှိ တရားဝင်နှင့် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများသည် လုပ်ခလစာနှိမ်ချခံရခြင်းနှင့် ဥပဒေရေးရာမလုံခြုံမှုများကို ဆက်လက်ရင်ဆိုင်နေရကြောင်း ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့နှင့် လူ့အခွင့်အရေးစောင့်ကြည့်ရေးရုံး တာဝန်ရှိသူများကပြောသည်။ ထိုင်းနိုင်ငံတောင်ပိုင်း ဆူရက်ဌာနီ၊ ကျော့စမွီဟိုတယ်တွင် ဇွန်လ ၁၁ ရက်နေ့၌ ထိုင်းလူ့အခွင့်ရေးကော်မရှင်ကဦးဆောင်ပြီး ရွှေ့ပြောင်းအလုပ်သမားများရင်ဆိုင်နေရသော အလုပ်သမားအခွင့်အရေးပြဿနာများနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့သည်။ ထိုအလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် Ms. Supatra Nakapiew နှင့် လူ့အခွင့်အရေးစောင့်ကြည့်ရေးရုံးဒါရိုက်တာ Mr. Panupan Somsakul တို့က လက်ရှိစိန်ခေါ်မှုများကို တင်ပြခဲ့သည်။ ၎င်းတို့က ထိုင်းရှိ တရားဝင်နှင့် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများ၊ ကဏ္ဍအသီးသီးတွင် အလုပ်လုပ်နေကြသူများသည် အကာအကွယ် မလုံလောက်မှု၊ လုပ်ခလစာနှိမ်ချမှု နှင့် ဥပဒေရေးရာ မလုံခြုံမှုများကို ဆက်လက်ရင်ဆိုင်နေရသည်ဟု အလေးပေးပြောကြားခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲသည် ထိုင်းနိုင်ငံတောင်ပိုင်းရှိ အလုပ်သမားအခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်၊ ရွှေ့ပြောင်းအလုပ်သမားများ၏ အခြေအနေများကို အာရုံစိုက်ရန်

Read More