September 24, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Blog

သတင်း

ဖုတ်ဖရာမြို့နယ်တွင် တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၁၁ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ၊ ဖုတ်ဖရာမြို့နယ်တွင် တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၁၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံး မှ ယနေ့(ဇွန်လ ၁၈ရက်)ထုတ်ပြန်သည်။ ယနေ့ ဇွန်လ ၁၈ ရက်နေ့၊ နံနက် ၅ နာရီခန့်တွင် တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံး စုံစမ်းစစ်ဆေးရေးဌာနမှအဖွဲ့သည် ဖုတ်ဖရာရဲစခန်းနှင့် ပူးပေါင်းကာ ဖုတ်ဖရာမြို့နယ်၊ ရွမ်ထိုင်းဖတ်ထနာမြို့၊ အမှတ် ၆ ရွမ်ထိုင်းဖတ်ထနာကျေးရွာ အနောက်ဘက်ရှိ ပြောင်းခင်းတစ်ခုတွင် မြန်မာနိုင်ငံသား ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်းသိရသည်။ ၎င်းတို့ကို ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် အတွက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ဖုတ်ဖရာရဲစခန်းသို့ ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် လွှဲပြောင်းပေးခဲ့ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးကထုတ်ပြန်သည်။ Photo – Tak Immigration Migrant Times 

Read More
သတင်း

ဘန်ကောက်တွင် ဇူလိုင် ၁ ရက်မှစ၍ အနိမ့်ဆုံးလုပ်ခ ဘတ် ၄ဝဝ ရရှိမည်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အလုပ်သမားအားလုံး ဇူလိုင် ၁ ရက်မှစ၍ အနိမ့်ဆုံးလုပ်ခ ဘတ် ၄ဝဝ ရရှိမည်ဖြစ်ကြောင်း အမျိုးသားလုပ်ခကော်မတီက ဇွန်လ ၁၇ ရက်တွင် ပြောကြားသည်။ ထို့ပြင် အနိမ့်ဆုံးလုပ်ခ ဘတ် ၄ဝဝ ကို နိုင်ငံတစ်ဝန်းရှိ ဟိုတယ်အများစုနှင့် ဖျော်ဖြေရေးနေရာများရှိ အလုပ်သမားများအတွက်လည်း ကျင့်သုံးမည်ဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် ဘန်ကောက်မြို့တော်နှင့် ပတ်ဝန်းကျင်ပြည်နယ်များတွင် အနိမ့်ဆုံးလုပ်ခသည် တစ်ရက်လျှင် ဘတ် ၃၇၂ သတ်မှတ်ထားသည်။ ထိုင်း၏ အခြားနေရာများတွင် အနိမ့်ဆုံးတစ်ရက်လုပ်ခသည် ပြည်နယ်အလိုက် ဘတ် ၃၃၇ မှ ၃၈၀ အထိရှိသည်။ ဘတ် ၄ဝဝ နှုန်းထားကို ဖူးခက်၊ ချွန်ဘူရီ၊ ရယောင်း၊ ချာချိုအန်ဆောင်းနှင့် ကော့စမွိုင်း ခရီးသွားကျွန်းတို့တွင်သာ ကျင့်သုံးထားသည်။ ထိုင်းလုပ်ခကော်မတီဥက္ကဌနှင့် အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်လည်းဖြစ်သည့်

Read More
သတင်း

ထိုင်းတောင်ပိုင်း ချွန်ဖွန်ခရိုင်တွင် မြန်မာလုပ်သား ၂၆ ဦးကိုဖမ်းမိ

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖွန်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၂၆ ဦးကိုဖမ်းမိခဲ့ကြောင်း ကားလမ်းမကြီးဆိုင်ရာရဲတပ်ဖွဲ့(Highway Police)က ယနေ့(ဇွန်လ ၁၇) ထုတ် ပြန်သည်။ ချွန်ဖွန်ခရိုင်၊ ကားလမ်းမကြီးဆိုင်ရာရဲတပ်ဖွဲ့သည် ကင်းလှည့်အဖွဲ့နှင့်ပူးပေါင်းပြီး မြို့ရှောင်ကွင်းသည့် ကျေးလက်ကားလမ်းပေါ်တွင် သံသယဖြစ်ဖွယ် ပစ်ကပ်ကားတစ်စီးကိုတွေ့ရှိခဲ့ပြီး စစ်ဆေးရန် ရပ်တန့်ခိုင်းခဲ့သည်။ ကားနောက်ဖုံးကိုဖွင့်လိုက်သည့်အခါ မြန်မာနိုင်ငံသား ၂၆ ဦးကို ကားနောက်ဖုံး သေတ္တာပုံစံအတွင်းတွင်ပြည့်ကြပ်ကာ ခိုးယူသယ်ဆောင်လာသည်ကို တွေ့ရှိခဲ့သည်။ ကားအတွင်းတွင် လေဝင်လေထွက်ပန်ကာတပ်ဆင်ထားသည်ကို တွေ့ရှိရပြီး တရားမဝင်လုပ်သားများ သယ်ယူပို့ဆောင်ရန်အတွက် အသုံးပြုသည်ဟု ယူဆကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် တရားဝင်စာရွက်စာတမ်းများမရှိပဲ ၎င်းတို့အား ရာချ်ဘူရီပြည်နယ်မှ သခင်္လာခရိုင်၊ ရတ်ဖူမ်မြို့နယ်သို့ သယ်ယူပို့ဆောင်ရန်အတွက် ဘတ် ၅၀,၀၀၀ ဖြင့် ငှားရမ်းခြင်းခံရကြောင်း ယာဉ်မောင်းကရဲတပ်ဖွဲ့ထံ ဝန်ခံခဲ့သည်။ မြန်မာနိုင်ငံသား ၂၆

Read More
သတင်း

ထိုင်း ချွန်ပူလီတွင် အလုပ်ဖြုတ်ခံရသည့် မြန်မာအလုပ်သမား ၂ဝဝ ကျော်၏ လုပ်ခလစာများ ပြန်ရ

ထိုင်းနိုင်ငံ ၊ချွန်ပူလီခရိုင်၊လယောင်မြို့ရှိ အလူမီနီယံ ခဲဘတ်ထုတ်လုပ်သည့် စက်ရုံမှ အလုပ်ဖြုတ်ခံလိုက်ရသည့် မြန်မာအလုပ်သမား ၂ဝဝ ကျော်၏ လုပ်ခလစာများ ပြန်လည်ရရှိခဲ့ကြောင်း အလုပ်သမားမဟာမိတ် WAG Myanmar အဖွဲ့မှသိရသည်။ ထိုစက်ရုံတွင် MOU /Name List /CI ကိုင်ဆောင်ထားသော မြန်မာအလုပ်သမားစုစုပေါင်း ၃ဝဝ ကျော်သည် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ကြားစပ်ကုမ္ပဏီမှတစ်ဆင့် အလုပ်စတင်ဝင်ရောက်ခဲ့သည်။ ယခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် အလူမီနီယံ ခဲဘတ်စက်ရုံမှ ကြားစပ်ကုမ္ပဏီကို နာမည်စာရင်းသာပါသည့် အလုပ်သမား ၆၅ ဦးသာလက်ခံမည်ဟု အကြောင်းကြားခဲ့ပြီး မြန်မာအလုပ်သမား ၂ဝဝ ကျော်ကို အလုပ်ဖြုတ်ခဲ့ခြင်းဖြစ်သည်။ အလုပ်ထုတ်ခံရသော အလုပ်သမား ၂ဝဝ ကျော်သည် မေလ ၁ဝ ရက်နေ့မှမှစ၍ လုပ်အားခ

Read More
သတင်း

ထိုင်းနိုင်ငံသားများ၏ အလုပ်များတွင် လုပ်ကိုင်သည့် နိုင်ငံခြားသားများအား နှိမ်နင်းမည်

ထိုင်းနိုင်ငံသားများအတွက် သီးသန့်ထားရှိသည့် အလုပ်အကိုင်များတွင် ဝင်ရောက်လုပ်ကိုင်နေသည့်နိုင်ငံခြားသားအလုပ်သမားများအား နှိမ်နင်းခြင်းကို တိုးမြှင့်လုပ်ဆောင်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖူမီဖတ် မူအန်ချန်က ဇွန်လ ၁၅ ရက်နေ့တွင်ပြောကြားသည်။ ထိုင်းနိုင်ငံသားများအတွက် သီးသန့်ထားရှိသည့် အလုပ်အကိုင်များအနက် အလုပ်အကိုင် အမျိုးအစား ၃ ခုတွင်လုပ်ကိုင်နေသည့် နိုင်ငံခြားသား ၁,၁၀၀ ကျော်ကို ဥပဒေအရ အရေးယူထားသည်ဟု အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်သည်။ လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့မှ အလုပ်သမားများစွာကို ထိုင်းနိုင်ငံသားများအတွက် ဥပဒေအရ သီးသန့်ထားရှိသည့် အလုပ်အကိုင်များတွင် ငှားရမ်းထားသည်ဟု သတင်းများရရှိထားကြောင်းအလုပ်သမားဝန်ကြီးဌာနကဆိုသည်။ အိမ်နီးချင်းနိုင်ငံများမှ နိုင်ငံခြားသားအလုပ်သမားများအား ထိုင်းနိုင်ငံသားများအတွက် သီးသန့်ထားရှိသည့် အလုပ်အကိုင်များတွင် အလုပ်ခန့်ထားခြင်းအား ပိုမိုပြင်းထန်စွာ နှိမ်နင်းသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူကပြောသည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇွန်လ ၁၃

Read More
သတင်း

မဲဆောက်မြို့နယ်တွင် သုံးဘီးဆိုင်ကယ်မောင်းသည့် မြန်မာ ၇ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်တွင် အလုပ်လုပ်ခွင့် လိုင်စင်မရှိဘဲ သုံးဘီးဆိုင်ကယ်မောင်းသည့် မြန်မာနိုင်ငံသား ၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးက ဇွန်လ ၁၃ ရက်နေ့တွင်ထုတ်ပြန်သည်။ မဲဆောက်မြို့နယ်တွင် ဇွန်လ ၁ဝ ရက်နေ့၌ သုံးဘီးဆိုင်ကယ်မောင်းသည့် မြန်မာနိုင်ငံသား ၅ ဦးနှင့် ဇွန်လ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံသား ၂ ဦးအား မဲဆောက်မြို့နယ်ရှိ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၁) အနီးနှင့် မဲဆောက်-မယ်တာအို လမ်းမပေါ်တွင် ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်များအရသိရသည်။ သုံးဘီးဆိုင်ကယ်မောင်းသည့် မြန်မာနိုင်ငံသားများအား”အလုပ်လုပ်ခွင့် လိုင်စင်မရှိဘဲ လုပ်ကိုင်ခြင်း” ပုဒ်မ ၈ အရ ဖြင့်ဖမ်းဆီးခြင်းဖြစ်ပြီး ဥပဒေနှင့်အညီ ဆက်လက်အရေးယူနိုင်ရန် မဲဆောက်ရဲစခန်းထံသို့ လွှဲပြောင်းထားကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်သည်။ မဲဆောက်မြို့နယ်တွင်

Read More
သတင်း

ထိုင်းနိုင်ငံတွင် အလုပ်ထုတ်ခံရသော မြန်မာလုပ်သားတစ်ဦး နစ်နာကြေးရ

ထိုင်းနိုင်ငံ၊ စမွန်စာခွန်မြို့နယ် ပလတ်စတစ်စက်ရုံတွင် အကြောင်းမဲ့အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမားတစ်ဦး၏ နစ်နာကြေးငွေပြန်ရှိခဲ့ကြောင်း အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း – LRF မှသိရသည်။ ထိုအလုပ်သမား သည် ၂၀၂၃ ခုနှစ်တွင် အလုပ်ထုတ်ခံရပြီးနောက် LRF ရုံးသို့လာရောက် အကူအညီတောင်းခံခဲ့ကြောင်း၊ တိုင်ချက်ဖွင့်ရန် လမ်းညွှန်ပေးခဲ့မှုကြောင့် အလုပ်သမားကိုယ်တိုင် ထိုင်းအလုပ်သမားကားကွယ်စောင့်ရှောက်ရေးရုံးသို့ သွားရောက်တိုင်ချက်ဖွင့်ခဲ့ပြီး မြန်မာနိုင်ငံသို့ပြန်သွားခဲ့ကြောင်းသိရသည်။ ၂၀၂၄ ခုနှစ်ကုန်ပိုင်းတွင် ထိုင်းနိုင်ငံသို့ တဖန်ပြန်လည် ဝင်ရောက်၍ အခြားအလုပ်ရုံတစ်ခုတွင် လုပ်ကိုင်နေသည်ကိုသိရှိပြီး ဇွန်လ ၁ဝ ရက်နေ့တွင် ၎င်းရထိုက်သည့် အလုပ်ထုတ်နစ်နာကြေး (၁၃၄၀၀) ဘတ် ကိုခေါ်ယူကာ ပေးအပ်ခဲ့ကြောင်း LRF ကထုတ်ပြန်သည်။ News- Migrant Times

Read More
သတင်း အလုပ်သမား သတင်း

ထိုင်းရှိ ရွှေ့ပြောင်းလုပ်သားများ ဥပဒေရေးရာ မလုံခြုံမှုများ ရင်ဆိုင်နေရ

ထိုင်းနိုင်ငံရှိ တရားဝင်နှင့် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများသည် လုပ်ခလစာနှိမ်ချခံရခြင်းနှင့် ဥပဒေရေးရာမလုံခြုံမှုများကို ဆက်လက်ရင်ဆိုင်နေရကြောင်း ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့နှင့် လူ့အခွင့်အရေးစောင့်ကြည့်ရေးရုံး တာဝန်ရှိသူများကပြောသည်။ ထိုင်းနိုင်ငံတောင်ပိုင်း ဆူရက်ဌာနီ၊ ကျော့စမွီဟိုတယ်တွင် ဇွန်လ ၁၁ ရက်နေ့၌ ထိုင်းလူ့အခွင့်ရေးကော်မရှင်ကဦးဆောင်ပြီး ရွှေ့ပြောင်းအလုပ်သမားများရင်ဆိုင်နေရသော အလုပ်သမားအခွင့်အရေးပြဿနာများနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့သည်။ ထိုအလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် Ms. Supatra Nakapiew နှင့် လူ့အခွင့်အရေးစောင့်ကြည့်ရေးရုံးဒါရိုက်တာ Mr. Panupan Somsakul တို့က လက်ရှိစိန်ခေါ်မှုများကို တင်ပြခဲ့သည်။ ၎င်းတို့က ထိုင်းရှိ တရားဝင်နှင့် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများ၊ ကဏ္ဍအသီးသီးတွင် အလုပ်လုပ်နေကြသူများသည် အကာအကွယ် မလုံလောက်မှု၊ လုပ်ခလစာနှိမ်ချမှု နှင့် ဥပဒေရေးရာ မလုံခြုံမှုများကို ဆက်လက်ရင်ဆိုင်နေရသည်ဟု အလေးပေးပြောကြားခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲသည် ထိုင်းနိုင်ငံတောင်ပိုင်းရှိ အလုပ်သမားအခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်၊ ရွှေ့ပြောင်းအလုပ်သမားများ၏ အခြေအနေများကို အာရုံစိုက်ရန်

Read More
သတင်း

ထိုင်း နွန်ထဘူရီစျေးတစ်ခုတွင် မြန်မာလုပ်သား ၁၅ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ နွန်ထဘူရီ၊ ဘန်ယာယ်ဗဟိုဈေးကို ယနေ့(ဇွန်လ၁၃) နံနက်အစောပိုင်းတွင် စစ်ဆေးရေးအဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ပြီး မြန်မာအလုပ်သမား ၁၅ ဦး အပါအဝင် စုစုပေါင်း ၂၀ ဦးကို တရားမဝင်လုပ်ကိုင်သည့်အတွက် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။ ကနဦး စစ်ဆေးချက်များအရ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသည့် နိုင်ငံခြားသား အလုပ်သမားများမှာ ဗီယက်နမ်နိုင်ငံသား ၁ ဦး၊ လာအိုနိုင်ငံသား ၄ ဦး နှင့် မြန်မာနိုင်ငံသား ၁၅ ဦး တို့ ဖြစ်သည်ဟုသိရသည်။ ယနေ့ ဇွန်လ ၁၃ ရက်၊ နံနက် (၀၀:၃၀) နာရီအချိန်တွင် နွန်ထဘူရီခရိုင်၊ ဘန်ယာယ်မြို့နယ် ရဲစခန်းနှင့်ပူးပေါင်းအဖွဲ့အင်အား ၂၅၀ ကျော်က နွန်ထဘူရီခရိုင်၊ ဘန်ယာယ်မြို့နယ်ရှိ ဘန်ယာယ်ဗဟိုဈေး တွင် နိုင်ငံခြားသား အလုပ်သမားများကို ဝင်ရောက်စစ်ဆေး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Read More
သတင်း အလုပ်သမား သတင်း

Rum Yang စက်ရုံ လုပ်သားများ လုပ်ခလစာ တိုးမြှင့်ပေးဖို့ မိုးထဲရေထဲ တောင်းဆို

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်၊ မဟာမြိုင်လမ်းရှိ Rum Yang(Myanmar) အထည်ချုပ်စက်ရုံ အလုပ်သမားများသည် လုပ်ခလစာ တိုးမြှင့်ပေးဖို့ ယနေ့(ဇွန်လ ၁၁)ရက်နေ့တွင် စတုတ္ထမြောက်နေ့ အဖြစ် မိုးရွာသွန်းနေချိန်တွင် တောင်းဆိုနေကြကြောင်း သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် STUM မှသိရသည်။ Rum Yang အထည်ချုပ် စက်ရုံတွင် TEERANOVA ၊ AMISU အမှတ် တံဆိပ်များ ချုပ်လုပ်ခြင်းဖြစ်ပြီးစက်ရုံအလုပ်သမားများက ဇွန်လ ၆ ရက်နေ့မှ စတင်ကာ အနည်းဆုံး တစ်ရက်လုပ်အားခ ၁၃,ဝဝဝ ကျပ် တိုးမြှင့်ပေးဖို့ တောင်းဆိုနေခြင်းဖြစ်သည်။ Rum Yang အထည်ချုပ်စက်ရုံမှ Day ကြေး ၁၃,ဝဝဝ ကျပ်တိုးပေးရန် ၊ OT ကြေး ၂၅ဝဝ ကျပ်တိုးပေးရန်နှင့် ရက်မှန်ကြေး ၆ဝ,ဝဝဝ

Read More