September 24, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Blog

အလုပ်သမား သတင်း

တရားမဝင်လူပို့ကားကို ထိုင်းအာဏာပိုင်တွေ ခြေရာခံလိုက်ဖမ်းဆီးရာ ပွဲစားဇော်မင်းအပါအဝင် မြန်မာ ၇ ဦးဖမ်းဆီးမိ

တရားမဝင်လူပို့ကားကို ထိုင်းအာဏာပိုင်တွေ ခြေရာခံလိုက်ဖမ်းဆီးရာ ပွဲစားဇော်မင်းအပါအဝင် မြန်မာ ၇ ဦးဖမ်းဆီးမိ မတ် ၁၉ ရက်၊ Migrant Times တရားမဝင်အလုပ်သမားသယ်ယူပို့ဆောင်ကားဖြစ်နိုင်တယ်လို့ သံသယရှိတဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေခြေရာခံပြီး လိုက်လံဖမ်းဆီးမှုဗီဒီယိုဖိုင်ကို ထိုင်းရတ်သတင်းဌာနက ဖော်ပြထားပါတယ်။လွန်ခဲ့တဲ့ မတ်လ ၁၇ ရက်နေ့က ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနက တာဝန်ရှိသူတွေ တရားမဝင်အလုပ်သမားပို့ဆောင်ရေးကားတစ်စီးကို ခြေရာခံလိုက်လံဖမ်းဆီးရာမှာ ကားပေါ်လိုက်ပါတဲ့ ကားမောင်းသမားပွဲစား ဇော်မင်းအပါအဝင် တရားမဝင်မြန်မာအလုပ်သမား ၇ ဦးကို အဲ့ဒီခရိုင်ရဲ့မြို့ထဲမှာ တားဆီးဖမ်းဆီးခဲ့ပါတယ်။ အာဏာပိုင်တွေရဲ့ ခြေရာခံလိုက်လံဖမ်းဆီးရတဲ့အကြောင်းရင်းမှာ အဲ့ဒီပွဲစားတွေဟာ ဖေ့ဘုတ်လူမှုကွန်ယက်ပေါ်မှာ “ ကားငှားချင်သူများ အနီးအဝေးဝန်ဆောင်မှုပေးပါတယ်၊ ဘန်ကောက်ကိုမြန်မာပြည်ကနေတက်လာချင်သူများလည်း ၁၀၀ ရာခိုင်နှုန်း အဖမ်းဆီးကင်းအာမခံနဲ့ခေါ်တယ်” ဆိုပြီး ကြော်​ငြာထားတာကြောင့် အာဏာပိုင်တွေစုံစမ်းအချက်အလက်ရထားမှုနဲ့တကွ အဲ့ဒီပွဲစားနဲ့ မြန်မာအလုပ်သမားတွေ အဖမ်းခံရခြင်းဖြစ်ပါတယ်။ ဖမ်းဆီးခံရခြင်းရဲ့ လွတ်အောင် အဲတရားမဝင်အလုပ်သမားများကို ခိုအောင်းရန်

Read More
အလုပ်သမား သတင်း

CTUM အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်ဖို့ ပြောကြားမှုကို ကန့်ကွက်ရှုတ်ချ

CTUM အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်ဖို့ ပြောကြားမှုကို ကန့်ကွက်ရှုတ်ချ မတ် ၁၈ ရက်၊ Migrant Times မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (CTUM)ရဲ့ အမှုဆောင်အဖွဲ့ကို ပြန်လည်ရွေးချယ်ဖို့လိုတယ်လို့ နစက ရဲ့ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးဝင်းရှိန် ပြောကြားမှုကို CTUM က ကန့်ကွက်ရှုံချလိုက်ပါတယ်။CTUM ရဲ့ ဗဟိုကော်မတီဝင် တစ်ဉီးအပါအဝင် အဖွဲ့ဝင် ၁၁၈ ဉီးကိုဖမ်းဆီး ထောင်ချထားပြီး တိမ်းရှောင်နေရတဲ့ အလုပ်အမှုဆောင်တွေကို နိုင်ငံအကျိုးကိုဖျက်ဆီးနေသူတွေဖြစ်တယ်လို့ ဒုဝန်ကြီးက ဖေဖော်ဝါရီလ၂၄ ရက်က စွပ်စွဲပြောဆိုခဲ့တာဖြစ်ပါတယ်။ “ NUG နဲ့ဆက်သွယ်ဆောင်ရွက်နေခြင်းကြောင့်ဆိုတဲ့ အကြောင်းပြချက်ဟာ အလုပ်သမားတွေကို အကြမ်းဖက်စစ်အုပ်စုအောက်ကို သွတ်သွင်းနေတာဖြစ်တယ်။ CTUM ဟာ အခုမှမဟုတ်ဘူး၊ ၈၈ ကတည်းက စစ်အာဏာရှင်ကို ဆန့်ကျင်လာတာဖြစ်တယ်” လို့ ပြည်တွင်းမှာ နေထိုင်ပြီး

Read More
အလုပ်သမား သတင်း

တောင်ကိုရီးယားကို မြန်မာဂဟေလုပ်သား ၃၃ ဦး စေလွှတ်

တောင်ကိုရီးယားကို မြန်မာဂဟေလုပ်သား ၃၃ ဦး စေလွှတ် မတ် ၁၇ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံကို မြန်မာဂဟေဆက်လုပ်သား ၃၃ဦး ဒီကနေ့ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။တောင်ကိုရီးယားနိုင်ငံ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းတွေမှာ မြန်မာအလုပ်သမားတွေကို ကျွမ်းကျင်ဂဟေလုပ်သားအဖြစ် E-7-3 ဗီဇာနဲ့ စေလွှတ်ဖို့ ဆောင်ရွက်ရာမှာ Samsung Heavy Industries မှာ လုပ်ကိုင်မယ့် မြန်မာဂဟေလုပ်သား ၃၃ ဦးဟာ ဒီကနေ့ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာတယ်လို့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်ကလည်း ကျွမ်းကျင်ဂဟေလုပ်သား ၁၇ ဦးကို တောင်ကိုရီးယားနိုင်ငံကို စေလွှတ်ခဲ့ပါတယ်။ (မတ်လ ၁၇ ရက်က တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာသည့် မြန်မာဂ​ေဟလုပ်သားများကို တွေ့ရစဉ်၊ ဓာတ်ပုံ – Myanmar Embassy,Seoul)

Read More
အလုပ်သမား သတင်း

ပြည်ပသွားမယ့်ကျွမ်းကျင်လုပ်သားတွေအတွက် OWIC ကဒ်ကို ရန်ကုန်မှာ နေ့ချင်းပြီးလုပ်ပေးမယ်လို့ဆို

ပြည်ပသွားမယ့်ကျွမ်းကျင်လုပ်သားတွေအတွက် OWIC ကဒ်ကို ရန်ကုန်မှာ နေ့ချင်းပြီးလုပ်ပေးမယ်လို့ဆို မတ် ၁၇ ရက်၊ Migrant Times ပြည်ပကို မိမိအစီအစဥ်နဲ့သွားရောက်လုပ်ကိုင်မယ့် ကျွမ်းကျင်လုပ်သားတွေနဲ့ ခွင့်ပြန်လုပ်သားတွေအနေနဲ့ ပြည်ပအလုပ်အကိုင်လက်မှတ်(OWIC)ကို နေပြည်တော်ရုံးချုပ်သို့ လျှောက်ထားရန် မလိုအပ်တော့ဘဲ ရန်ကုန်မှာတင်လုပ်ပေးမယ်လို့ အလုပ်သမားညွန်ကြားရေးဦးစီးဌာနကထုတ်ပြန်ပါတယ်။OWIC ကဒ်လျှောက်ထားရာမှာ အရင်ကသတ်မှတ်ထားတဲ့ စာရွက်စာတမ်းများအတိုင်း ပြောင်းလဲမှုမရှိဘဲ မူရင်းစာရွက်စာတမ်းအထောက်အထားတွေနဲ့ အလုပ်သမားကိုယ်တိုင် မရန်းကုန်းမြို့နယ်၊ ၈ မိုင်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးသို့ သွားရောက်လျှောက်ထားရမှာလို့ဆိုပါတယ်။ အဲဒီလို ရန်ကုန်တိုင်းအလုပ်သမားရုံးမှာ လျှောက်ထားခွင့်ကို မတ်လ ၂၀ ရက်မှာစတင်ခွင့်ပြုမယ်လို့လည်းအသိပေးထားပါတယ်။ကျွမ်းကျင်လုပ်သားအဖြစ် ပြည်ပသို့သွားရောက်မယ့်သူ​တွေအနေနဲ့ ပြည်ပ အလုပ်အကိုင်လမ်းညွှန်သင်တန်းတက်ရောက်ခွင့်ကို​တော့အရင်အတိုင်းအတိုင်း နေပြည် တော်ရုံးချုပ်ဆီတင်ပြရမယ်လို့ဆိုပါတယ်။သင်တန်းဆင်းလက်မှတ်ရရှိထားသူတွေကို တာဝန်ရှိသူ​တွေက Visa နဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်း​တွေတိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်မှုရှိမှသာ ကျွမ်းကျင်လုပ်သားအဖြစ်သတ်မှတ်၍ WOIC ကဒ် ပြုလုပ်ခွင့်ရရှိမှာလို့လည်းအသိပေးထားပါတယ်။ “ရန်ကုန်မှာပဲ လုပ်လို့ရသွားတော့အလုပ်ရှုပ်သက်သာသွားတာပေါ့”လို့

Read More
အလုပ်သမား သတင်း

ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသား ၁၃၂ ဦးကို နေရပ်ပြန်ပို့

ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသား ၁၃၂ ဦးကို နေရပ်ပြန်ပို့ မတ် ၁၇ ရက် ၊ Migrant Times ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၃၂ ဦးကို ဒီကနေ့ နေ့လယ်ပိုင်းမှာ ရနောင်းမြို့ကနေ ကော့သောင်းမြို့ကို ပြန်ပို့ခဲ့ပါတယ်။သူတို့ဟာ ထိုင်းနိုင်ငံတောင်ပိုင်းက အချုပ်တွေမှာ ပြစ်ဒဏ်ကျခံပြီးတာကြောင့် ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခဲ့တာဖြစ်ပါတယ်။သူတို့ကို ရနောင်းမြို့ကနေ စက်လှေနဲ့ ကော့သောင်းမြို့ကိုပြန်ပို့ခဲ့တာပါ။ အခု နေရပ်ပြန်ပို့ခံရသူတွေထဲမှာ မြန်မာနိုင်ငံသား အမျိုးသမီး ၃၃ ဦးနဲ့ အမျိုးသား ၉၉ ဦး ပါဝင်တယ်လို့ သိရပါတယ်။ ကော့သောင်းမြို့ကို ရောက်လာတဲ့ အဲဒီမြန်မာနိုင်ငံသားတွေကို ဒေသအာဏာပိုင်တွေက ကိုဗစ်-၁၉ စစ်ဆေးပြီး ကိုယ်ရေးအချက်အလက်စစ်ဆေးတာ၊ အသိပညာပေးတာတွေပြုလုပ်ပြီး သတ်မှတ်ထားတဲ့ အသွားအလာစောင့်ကြည့်ရေးစင်တာတွေမှာ ထားရှိမယ်လို့ သိရပါတယ်။အခုလထဲမှာ

Read More
အလုပ်သမား သတင်း

ဂျပန်နိုင်ငံကို သွားမယ့်အလုပ်သမားတွေ ရပိုင်ခွင့်တွေနဲ့ ဥပဒေကို နားလည်ဖို့လို

ဂျပန်နိုင်ငံကို သွားမယ့်အလုပ်သမားတွေ ရပိုင်ခွင့်တွေနဲ့ ဥပဒေကို နားလည်ဖို့လို မတ် ၁၆ ရက်၊ Migrant Times ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာရှိတဲ့ မြန်မာသံရုံးက အလုပ်သမား ၈၀၀ ခေါ်ယူမယ့် အလုပ်ကမ်းလှမ်းစာ ၂၀၆ ခုကို ထပ်မံအတည်ပြုလိုက်ပြီဖြစ်ပြီး သွားရောက်မယ့် အလုပ်သမားတွေ အနေနဲ့ ဥပဒေတွေကို လိုက်နာ နားလည်ဖို့လိုတယ်လို့ ဂျပန်ကိုအလုပ်သမားပို့နေတဲ့ အေဂျင်စီတွေက ဆိုပါတယ်။“ သူများနိုင်ငံကို အလုပ်သွားလုပ်တော့မယ်ဆိုရင် သတ်မှတ်ထားတဲ့ စည်းကမ်းဥပဒေတွေကို လိုက်နာဖို့လိုပါတယ်။ အခုက ထွက်ပြေးတာတွေ၊ စည်းကမ်းမလိုက်နာတွေရှိနေတယ်။ သူတို့ရှေ့ကလူတွေက အဲ့လိုလုပ်နေရင် နောက်ကနေသွားရမယ့်သူတွေက မလိုအပ်ပဲ ပိုကြပ်ခံရတယ်။ တချို့အလုပ်တွေဆို မြန်မာဆိုရင် မခေါ်တော့ဘူးဆိုတာမျိုးတွေဖြစ်လာတယ် ” လို့ ဂျပန်ကို အလုပ်သမားပို့ဆောင်နေတဲ့ အေဂျင်စီတစ်ခုရဲ့ ပိုင်ရှင်က ပြောပါတယ်။ ထို့အတူ အလုပ်သမားတွေကိုလည်း အေဂျင်စီတွေဘက်က

Read More
စီးပွားရေး အလုပ်သမား သတင်း

Fitex(Myanmar)အထည်ချုပ်စက်ရုံက သင်္ကြန်ပိတ်ရက်ကိုအကြောင်းပြပြီး အလုပ်သမား ၄၀၀ ကျော်ကို အလုပ်မှရပ်နားတယ်လို့ဆို

Fitex(Myanmar)အထည်ချုပ်စက်ရုံက သင်္ကြန်ပိတ်ရက်ကိုအကြောင်းပြပြီး အလုပ်သမား ၄၀၀ ကျော်ကို အလုပ်မှရပ်နားတယ်လို့ဆို မတ် ၁၆ ရက်၊ Migrant Times လှိုင်သာယာမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ Fitex(Myanmar)အထည်ချုပ်စက်ရုံက သင်္ကြန်ပိတ်ရက်ကို အ​ကြောင်းပြပြီး အလုပ်သမား ၄၀၀ ကျော်ကို အလုပ်ကနေရပ်နားလိုက်တယ်လို့ အဲဒီစက်ရုံအလုပ်သမားအရေးကူညီပေးနေတဲ့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FGWM)ထံက သိရပါတယ်။လုပ်သက် ခြောက်လမပြည့်သေးတဲ့အဲဒီအလုပ်သမားတွေကို အလုပ်ပိတ်လိုက်ပြီဆိုပြီး မတ်လ ၁၃ ရက်မှာ စက်လိုင်းခေါင်းဆောင်တွေကတစ်ဆင့် အ​သိပေးပြောခဲ့တာလို့ ဆိုပါတယ်။”သင်္ကြန်ပိတ်ရက်အတွက် လစာမပေးချင်လို့ အလုပ်နားခံရတဲ့သဘောလို့အလုပ်သမားတွေကလက်ခံထားတယ်”လို့ အဲဒီစက်ရုံအလုပ်သမားအရေးကူညီနေသူတစ်ဦးက ပြောပါတယ်။ Fitex (Myanmar)စက်ရုံဘက်ကမူ အထည်အော်ဒါနည်းတဲ့အတွက် လုပ်သက်ခြောက်လအောက် အလုပ်သမား ၂၀၀ ကျော်ကို နို့တစ်ကြေးတစ်လစာပေးပြီးရပ်နားလိုက်ရခြင်းသာဖြစ်ပြီး အော်ဒါပြန်ရရင် ဦးစားပေးပြန်ခန့်သွားမှာလို့ ဆိုပါတယ်။လက်ရှိမှာ စက်ရုံတွေပိတ်သိမ်းတာ၊ လုပ်သားအင်အားလျှော့ချတာတွေကြောင့်အလုပ်လက်မဲ့ဦးရေတိုးမြှင့်နေတယ်လို့ စက်ရုံလုပ်သားတွေကပြောပါတယ်။ဖေဖော်ဝါရီလကုန်ပိုင်းကလည်း ရွှေပြည်သာမြို့နယ်ကအထည်ချုပ်စက်ရုံနှစ်ရုံပိတ်သိမ်းခဲ့လို့အလုပ်သမားဦးရေ ၂၀၀၀ ကျော်အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။

Read More
အလုပ်သမား သတင်း

ငါးလာမျှားသူကို လာကြိုတဲ့ ပွဲစားထင်တဲ့ မြန်မာအလုပ်သမား ၂၇ဦး ဖမ်းဆီးခံရ

ငါးလာမျှားသူကို လာကြိုတဲ့ ပွဲစားထင်တဲ့ မြန်မာအလုပ်သမား ၂၇ဦး ဖမ်းဆီးခံရ မတ် ၁၆ ရက်၊ Migrant Times လာကြိုမယ့်ပွဲစားကို စောင့်ရင်းမလေးရှားကို သွားရောက်အလုပ်လုပ်ကိုင်မယ့် မြန်မာအလုပ်သမား ၂၇ဦး ဆီအုန်းခြံမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ယမန်နေ့က ဒေသခံအာဏာပိုင်အဖွဲ့တွေက ပရာကျွတ်ခီလီခမ်ခရိုင်၊ မင်မြို့ ခလောင်ဝမ်ကျေးရွာ ၊ အုပ်စု ၇ ဘန့်စွန်ခဝမ် အိမ်ယာ ဆီအုန်းခြံအနီးတစ်ဝိုက်မှာ တရားမဝင်မြန်မာအလုပ်သမား ၂၇ဦး၊ ကျား၂၄ဦး၊ မ ၁ ဦးနဲ့အတူ လမ်းပြကူညီသူ ၂ ဦးအပါအဝင် ဖမ်းဆီးမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြပါတယ်။ ဆီအုန်းခြံနားမှာ ငါးမျှားဖို့လာတဲ့ ထိုင်းဒေသခံ၂ ဦးကို ၄င်းတို့ကို လာကြိုမယ့်ပွဲစားထင်ကာ ပုန်းအောင်းတဲ့နေရာက ထွက်လာကြတာကြောင့် ဖမ်းဆီးခံခဲ့ရတာပါ။သူတို့ဟာ ရခိုင်၊ထားဝယ်၊ မြိတ်၊ မန္တလေးကနေလာကြတာဖြစ်ပြီး မလေးရှားနိုင်ငံကိုသွားရောက်အလုပ်လုပ်ကိုင်မှာလို့ သိရပါတယ်။ တစ်ဦးကို

Read More
အလုပ်သမား သတင်း

ထိုင်းနိုင်ငံတောတွင်းတစ်နေရာမှာ မြန်မာလုပ်သားလို့ယူဆရတဲ့ အလောင်း သုံးလောင်းတွေ့

ထိုင်းနိုင်ငံတောတွင်းတစ်နေရာမှာ မြန်မာလုပ်သားလို့ယူဆရတဲ့ အလောင်း သုံးလောင်းတွေ့ မတ် ၁၅ ရက်၊ Migrant Times ထိုင်းနိုင်ငံတောင်ပိုင်းခရိုင်တောတွင်းတစ်နေရာမှာ မြန်မာလုပ်သားတွေလို့ ယူဆရတဲ့ သတ်ဖြတ်စွန့်ပစ်ခံထားရတဲ့ အလောင်း သုံးလောင်း တွေ့ရှိခဲ့ပါတယ်။ဒီနေ့မနက်ပိုင်းမှာ ထိုင်းနိုင်ငံ၊ စုံခလာခရိုင်၊ ဘန်ကလမ်မြို့၊ အုပ်စု ၈ ထာ့ချန်းကျေးရွာ တောအနီး ဖြတ်သန်းသွားလာတဲ့ ဒေသခံက သတ်ဖြတ်ခံထားရတဲ့ အလောင်းတွေကို တွေ့‌ရှိတာကြောင့် သက်ဆိုင်ရာရဲစခန်းကို အကြောင်းကြားခဲ့တာပါ။ သက်ဆိုင်ရာအာဏာပိုင်တွေက သွားရောက်စစ်ဆေးခဲ့ရာမှာအ၀တ်၊ ပလတ်စတစ်နဲ့ ဖုံးအုပ်ထားတဲ့ အမျိုးသားရုပ်အလောင်း ၃ လောင်းကို တွေ့မြင်ခဲ့ပြီး တချို့က ပုဆိုး၀တ်ဆင်ထားတာကြောင့် ထိုင်းမဟုတ်ကြောင်းနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးထားပါတယ်။ဘယ်သူဘယ်ဝါဖြစ်ကြောင်းပေါ်ပေါက်ဖို့နဲ့ အမှုကျူးလွန်သူတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ သက်ဆိုင်ရာ ဘန်ကလမ်ရဲစခန်းက ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

Read More
အလုပ်သမား သတင်း

ကိုရီးယားသင်္ဘောကျင်းလုပ်ငန်းအတွက် မြန်မာဝရိန်လုပ်သားတွေဆက်တိုက်လွှတ်ဖို့ရှိ

ကိုရီးယားသင်္ဘောကျင်းလုပ်ငန်းအတွက် မြန်မာဝရိန်လုပ်သားတွေဆက်တိုက်လွှတ်ဖို့ရှိ မတ် ၁၅ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံက သင်္ဘောကျင်းလုပ်ငန်းအတွက် ဝရိန်ကျွမ်းကျင် မြန်မာလုပ်သားတွေကို ဆက်တိုက်စေလွှတ်ဖို့ရှိတယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)ထံက သိရပါတယ်။တောင်ကိုရီးယားနိုင်ငံက ဒီနှစ်မှာ သင်္ဘောကျင်းလုပ်ငန်းအတွက် မြန်မာလုပ်သား ၅၀၀ ကို ခေါ်ယူဖို့ သတ်မှတ်ထားပြီး ပုဂ္ဂလိကအေဂျင်စီ ၄ခုနဲ့ သဘောတူညီမှုရရှိထားတာဖြစ်ပါတယ်။မတ်လ ၁၂ရက်က အဲဒီလုပ်ငန်းအတွက် လုပ်သား ၁၇ဦးကိုပထမအသုတ် အဖြစ်စေလွှတ်င်ခဲ့ပြီး နောက်ထပ်စေလွှတ်ဖို့ပြင်ဆင်နေတာရှိတယ်လို့ MOEAF တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ “သင်တန်းပေးတာတွေပြီးပြတ်တာနဲ့ဆက်တိုက်ထွက်ဖို့ရှိတယ်။ကျွမ်းကျင်လုပ်သားဖြစ်တဲ့အတွက်အရည်အချင်းတော့တော်တော်စိစစ်ရတယ်”လို့ သူက ပြောပါတယ်။သင်္ဘောကျင်းအတွက် ကျွမ်းကျင်လုပ်သားကို မနှစ်က မြန်မာနိုင်ငံကနေ လုပ်သား ၁၀၀ ကျော်ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပြီး ဒီနှစ်မှာ ဦးရေ ၅၀၀ အထိ တိုးမြှင့်ခဲ့တာဖြစ်ပါတယ်။အဲဒီလုပ်ငန်းအတွက် ပုဂ္ဂလိကအေဂျင်စီတွေနဲ့ ချိတ်ဆက်ခေါ်ယူတာဖြစ်ပြီး EPS စနစ်နဲ့အလုပ်သမားတွေကိုတော့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)ကသာ စေလွှတ်တာဖြစ်ပါတယ်။လက်ရှိမှာမြန်မာလုပ်သား ၅၀,၀၀၀

Read More