September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Blog

အလုပ်သမား သတင်း

ထိုင်းမှာ တရားမဝင် နေထိုင်အလုပ်လုပ်နေသူတွေကို တိုင်ကြား၊ ဖမ်းဆီး

ထိုင်းမှာ တရားမဝင် နေထိုင်အလုပ်လုပ်နေသူတွေကို တိုင်ကြား၊ ဖမ်းဆီး ဖေဖော်ဝါရီ ၁၂ ရက်၊ Migrant Times ထိုင်းနိုင်ငံ၊ ပလွှတ်ဒန်င်၊ မဟာချိုင်နဲ့ တာ့ခ်ခရိုင်အတွင်းက စက်ရုံတချို့ကို ထိုင်းအာဏာပိုင်တွေက ဝင်‌ရောက်စစ်ဆေးပြီး တရားမဝင် အလုပ်သမားတွေနဲ့ နေထိုင်သူတွေကို ဖမ်းဆီးနေတယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။ဒီလိုမျိုးဝင်ရောက် စစ်ဆေးဖမ်းဆီးမှုတွေဟာ တိုင်ကြားမှုတွေကြောင့်ဖြစ်ပြီး အဖမ်းခံရသူ အများစုဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ သိရပါတယ်။ထိုင်း-မြန်မာနယ်စပ် မဲဆောက်မှာလည်း မြန်မာနိုင်ငံသားတွေ တရားမဝင်နေထိုင်  ​နေကြောင်း တိုင်ကြားမှုတွေကြောင့် ထိုင်းအာဏာပိုင်တွေက နေအိမ်တွေအထိ ဝင်ရောက်ရှာဖွေဖမ်းဆီးတာတွေ ပြုလုပ်​နေပါတယ်။ဒါကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် တိမ်း‌ရှောင်နေထိုင် နေရသူတွေအနေနဲ့ ထိုင်းနိုင်ငံက ဉပဒေတွေကို လေးစားလိုက်နာဖို့နဲ့ သတိထားနေထိုင်ကြဖို့ မြန်မာရွေ့ပြောင်းအလုပ်သမားရေး လှုပ်ရှားနေသူတွေက သတိပေးထားပါတယ်။       

Read More
အလုပ်သမား သတင်း

လုပ်အားခလိမ်ခံရတဲ့အငြိုးနဲ့ ထိုင်းအလုပ်ရှင်မိသားစုဝင် ၅ဦးကို မြန်မာအလုပ်သမားသုံးဦးက သတ်ဖြတ် ထွက်ပြေးသွား

လုပ်အားခလိမ်ခံရတဲ့အငြိုးနဲ့ ထိုင်းအလုပ်ရှင်မိသားစုဝင် ၅ဦးကို မြန်မာအလုပ်သမားသုံးဦးက သတ်ဖြတ် ထွက်ပြေးသွား ဖေဖော်ဝါရီ ၁၂ ရက်၊Migrant Times ထိုင်းနိုင်ငံမှာ ရသင့်ရထိုက်တဲ့ လုပ်ခလစာတောင်းခံထားမှုကို သူဌေးဖြစ်သူကမပေးဘဲ လုပ်အားခလိမ်လည်တယ်ဆိုပြီးပြောတာကြောင့် မြန်မာအလုပ်သမားသုံးဦးက အလုပ်ရှင်မိသားစုဝင် ၅ ဦးကို သတ်ဖြတ်ကာ ထိုင်း – မြန်မာနယ်စပ်ကို ထွက်ပြေးသွားပါတယ်။ဖေဖော်ဝါရီ ၈ ရက်က ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဝမ်ကျောင့်မြို့နယ်၊ ချင်ထွန်ကျေးရွာ၊ အုပ်စု (၁၁) ဘန့်ပန်ဆန်ကစီရွာတောင်ကုန်းပေါ်က ဂျင်းစိုက်ခင်းခြံတစ်ခုပေါ်မှာ လုပ်အားခကိစ္စနဲ့ပတ်သက်ပြီး အလုပ်ရှင်နဲ့ မြန်မာအလုပ်သမားသုံးဦးကြား ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်က အဲ့ဒီဒေသမှာရှိတဲ့ ဂျင်းစိုက်ခင်းခြံမှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား သားအဖ ၃ ဦးက မိမိရသင့်ရထိုက်တဲ့ လုပ်အားခလစာတောင်းခံထားမှုအပေါ် သူဌေးဖြစ်သူကမပေးဘဲ လိမ်လည်ခံရတယ်လို့ဆိုပြီး ပြောသောကြောင့် အငြိုးနဲ့ အဲ့ဒီအလုပ်ရှင်နဲ့ မိသားစုဝင် ၅ ဦးကို

Read More
အလုပ်သမား သတင်း

ပတ်စ်ပို့အခက်အခဲဖြေရှင်းပေးဖို့ ကိုရီးယားသွားမယ့်မြန်မာလုပ်သားတွေ အစိုးရအေဂျင်စီကို တောင်းဆို

ပတ်စ်ပို့အခက်အခဲဖြေရှင်းပေးဖို့ ကိုရီးယားသွားမယ့်မြန်မာလုပ်သားတွေ အစိုးရအေဂျင်စီကို တောင်းဆို ဖေဖော်ဝါရီ ၁၁ ရက်၊ Migrant Times လက်ရှိဖြစ်ပေါ်နေတဲ့ ပတ်စ်ပို့လုပ်မရတဲ့အခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့ တောင်ကိုရီးယားနိုင်ငံကို EPS စနစ်နဲ့သွားရောက်မယ့် အလုပ်သမားတွေက အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီဆီ အကူအညီတောင်းခံနေကြတယ်လို့သိရပါတယ်။မြန်မာအလုပ်သမားတွေအနေနဲ့ ပတ်စ်ပို့လဲလှယ်ဖို့၊ သက်တမ်းတိုးဖို့အရေးတကြီးလိုအပ်နေပေမယ့် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က လုပ်ငန်းတွေ ရပ်နားထားတာကြောင့် အခက်အခဲတွေရှိနေကြတာလို့ဆိုပါတယ်။အဲဒါကြောင့် ဌာနဆိုင်ရာချင်းချိတ်ဆက်ဆောင်ရွက်ဖြေရှင်းပေးဖို့ EPSလုပ်သားတွေက အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)ရဲ့ ဖေ့ဘွက်ခ်ပေ့အောက်မှာ မှတ်ချက်တွေရေးပြီးတောင်းဆိုနေကြတာဖြစ်ပါတယ်။ “တချို့ ထွက်ရဖို့က ကပ်နေပြီး ပတ်စ်ပို့သက်တမ်းကသိပ်မကျန်တော့ဘူး။ဒါတွေကိုဖြေရှင်းဆောင်ရွက်ပေးဖို့ဝိုင်းပြောပေမယ့် အကြောင်းပြန်တာမရှိဘူး”ဟု EPSလုပ်သားတစ်ဦးကပြောပါတယ်။တောင်ကိုရီးယားနိုင်ငံဟာ မြန်မာလုပ်သားတွေကို အလုံးအရင်းနဲ့ဆက်တိုက်ခေါ်နေပေမယ့် ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ ပတ်စ်ပို့ပြုလုပ်မရတဲ့ပြဿနာကြောင့် ရေရှည်မှာထိခိုက်မှုတွေရှိလာနိုင်တယ်လို့လည်းအလုပ်သမားတွေကဆိုပါတယ်။မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ဟာ ဇန်နဝါရီလလယ်ကစလို့ ပတ်စ်ပို့ပြုလုပ်ပေးတဲ့လုပ်ငန်းအလုံးစုံကိုရပ်နားလိုက်တာဖြစ်ပါတယ်။အခုအချိန်အထိလည်း ပြန်လည်ခွင့်ပြုဆောင်ရွက်ပေးမယ့်အစီအစဥ်ကိုအသိပေးထုတ်ပြန်တာမရှိသေးတာကြောင့် ပြည်ပသွားရောက်မယ့်သူတွေအခက်အခဲများစွာကြုံနေကြရတယ်လို့လည်းသိရပါတယ်။                 

Read More
အလုပ်သမား သတင်း

ဟောင်ကောင်သင်္ဘောနစ်မြုပ်မှုမှာ မြန်မာသင်္ဘောသား ၅ ဦးပျောက်ဆုံးနေဆဲဖြစ်ပြီး ရေပြင်ရှာဖွေမှုတွေ ရပ်ဆိုင်း

ဟောင်ကောင်သင်္ဘောနစ်မြုပ်မှုမှာ မြန်မာသင်္ဘောသား ၅ ဦးပျောက်ဆုံးနေဆဲဖြစ်ပြီး ရေပြင်ရှာဖွေမှုတွေ ရပ်ဆိုင်း ဖေဖော်ဝါရီ ၁၀ ရက်၊ Migrant Times တောင်ကိုရီးယားရေပိုင်နက်အတွင်း ဇန်နဝါရီလ၂၅ ရက် က ဟောင်ကောင်ကုန်တင်သင်္ဘော Jin Tian နစ်မြုပ်မှုမှာ မြန်မာသင်္ဘောသား ၈ ဦး ပျောက်ဆုံးသွားတဲ့အနက် ၂ ဦးကို သေဆုံးလျက်၊ တစ်ဦးကို အသက်ရှင်လျက် ရှာတွေ့ခဲ့ပေမယ့် ၅ ဦးဟာ ဒီနေ့အထိ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ပျောက်ဆုံးနေတဲ့ မြန်မာနိုင်ငံသား ၅ ဦးအတွက် ရှာဖွေရေးလုပ်ငန်း​ေတွကို ဂျပန်နိုင်ငံ တာဝန်ရှိ အဖွဲ့အစည်းတွေက ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပေမယ့် ရေပြင်ရှာဖွေရေးလုပ်ငန်းတွေ ရပ်ဆိုင်းပြီး ဝေဟင်ကပဲ ရှာဖွေမှုလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ တိုကျိုမြို့၊ မြန်မာသံရုံးက ဒီ​နေ့သတင်းထုတ်ပြန်ပါတယ်။           

Read More
စီးပွားရေး

ထိုင်းက ရွှေ့ပြောင်းလုပ်သားတွေ အလုပ်လုပ်ခွင့်သက် တမ်းတိုးရက် တိုးမြှင့်

ထိုင်းက ရွှေ့ပြောင်းလုပ်သားတွေ အလုပ်လုပ်ခွင့်သက် တမ်းတိုးရက် တိုးမြှင့် ဖေဖော်ဝါရီ ၁၀ ရက်၊ Migrant Times ထိုင်းက ရွှေ့ပြောင်းလုပ်သားတွေရဲ့ အလုပ်လုပ်ခွင့်သက်တမ်းတိုးဖို့အတွက် မှတ်ပုံတင်ရက်ကို တိုးမြှင့်ပေးဖို့ အလုပ်သမားဝန်ကြီးဌာနရဲ့အဆိုပြုချက်ကို ထိုင်းအစိုးရအဖွဲ့က သဘောတူလိုက်ပါတယ်။မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်အပါအဝင် ပြည်ပရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းနိုင်ငံအတွင်း ဆက်လက်အလုပ်လုပ်နိုင်ဖို့ မှတ်ပုံတင်နောက်ဆုံးရက်ကို အရင်က ဖေဖော်ဝါရီ ၁၃ ရက် နေ့ သတ်မှတ်ခဲ့ပေမယ့် အခု မေလလယ် ၁၅ ရက်အထိ ရက်ပေါင်း ၉၀ ထပ်မံတိုးမြှင့်ခွင့်ပြုလိုက်တာလို့ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယအကြီးအကဲ Traisuree Traisaranakul က ပြောပါတယ်။ လိုအပ်တဲ့စာရွက်စာတမ်းတွေ ပြင်ဆင်ဖို့ အဲဒီလို တိုးမြှင့်ခွင့်ပြုထားတဲ့ကာလအတွင်း ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဘယ်လိုဗီဇာအမျိုးအစားမဆို ရက်ကျော်လွန်နေထိုင်မှု ပြစ်ဒဏ်တွေကို ထိုင်းအစိုးရက

Read More
အလုပ်သမား သတင်း

မြန်မာပေါင်ချိန်ဖိနပ်စက်ရုံက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေ အလုပ်ပြန်ဝင်ခွင့်ရ

မြန်မာပေါင်ချိန်ဖိနပ်စက်ရုံက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေ အလုပ်ပြန်ဝင်ခွင့်ရ ဖေဖော်ဝါရီ ၉ ရက်၊ Migrant Times မြန်မာပေါင်ချိန်ဖိနပ်စက်ရုံက အလုပ်ထုတ်ခံထားရတဲ့အလုပ်သမားတွေ ဒီနေ့ အလုပ်ပြန်ဝင်ခွင့်ရကြောင်း ကာယကံရှင်အလုပ်သမားတွေဆီက သိရပါတယ်။အဲဒီစက်ရုံကအလုပ်သမား ၂၆ ဦးဟာ စက်ရုံအတွင်းဆန္ဒပြမှုမှာပါဝင်တာကြောင့် အောက်တိုဘာလကုန်ပိုင်းမှာ အလုပ်ကထုတ်ခံလိုက်ရတာဖြစ်ပါတယ်။အဲဒီအလုပ်သမားတွေကို အလုပ်ပြန်ခန့်ဖို့ တောင်းဆို၊ညှိနှိုင်းမှုတွေအကြိမ်ကြိမ်ပြုလုပ်ပြီး ဒီနေ့မှာ အားလုံးပြီးပြတ်သွားတာလို့ဆိုပါတယ်။” အလုပ်ပြန်ဝင်ဖို့ကျန်တဲ့သူအကုန်ပြန်ဝင်ခွင့်ရတာပါ”လို့ အဲဒီစက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။ အလုပ်ထုတ်ခံထားရတဲ့အလုပ်သမား ၂၆ဦးမှာ ၁၃ဦးက ရသင့်တဲ့နစ်နာကြေးတွေယူပြီးအလုပ်ကနေထွက်သွားတယ်လို့သိရပါတယ်။ကျန်၁၃ဦးမှာ ၃ဦးက ဒီဇင်ဘာလကတည်းက လုပ်ငန်းခွင်ပြန်ဝင်နေပြီး ၁၀ဦးကတော့ညှိနိူင်းမှုတွေဆက်လုပ်ကာ ဒီနေ့မှ အလုပ်ပြန်ဝင်ကြတာဖြစ်ပါတယ်။မြန်မာပေါင်ချိန် ဖိနပ်စက်ရုံဟာ Adidas ဖိနပ်ကိုချုပ်နေတာဖြစ်ပြီး အလုပ်သမား ၇၀၀၀ လောက်နဲ့လည်ပတ်နေတာလို့ အလုပ်သမားတွေထံက သိရပါတယ်။                     

Read More
အလုပ်သမား သတင်း

CDM တွေကို MoU စနစ်နဲ့ ပြည်ပပို့နေတယ်ဆိုပြီး အေဂျင်စီတချို့ကို စစ်ဆေးနေ

CDM တွေကို MoU စနစ်နဲ့ ပြည်ပပို့နေတယ်ဆိုပြီး အေဂျင်စီတချို့ကို စစ်ဆေးနေ ဖေဖော်ဝါရီ ၉ ရက်၊ Migrant Times CDM လုပ်ထားသူတွေကို MOU စနစ်နဲ့ ပြည်ပကိုပို့ဆောင်နေတယ်ဆိုပြီး ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတချို့ကို စစ်ဆေးနေတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီလက နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးတဲ့ ကုမ္ပဏီ ၁၄၃ ခုကို ပြည်ထဲရေး ဝန်ကြီးဌာနက အမည်ပျက်စာရင်းသွင်းရာမှာ CDM ဝန်ထမ်းတွေအပါအဝင် စစ်ကောင်စီကို ဆန့်ကျင်တဲ့သူတွေကို နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးနေခြင်းကြောင့်ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။ ဒီကုမ္ပဏီတွေထဲမှာ ၁၃၃ ခုက ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေဖြစ်ကြပါတယ်။ “ သူတို့က သံသယရှိတယ်ပေါ့ဗျာ။ ဒါကြောင့် စစ်ဆေးတယ်ပေါ့။ စစ်ဆေးပြီးတော့လည်း အပြစ်ရှိ၊ မရှိလည်းမသိရဘူး။ အလုပ်သမားပို့ဖို့ကိုလည်း ပိတ်ထားတုန်းပဲ။ ဘာဆက်လုပ်ရမှန်းလည်း မသိဘူး ” လို့ စစ်ဆေးခံခဲ့ရတဲ့

Read More
အလုပ်သမား သတင်း

ထိုင်းမှာ MoU မြန်မာလုပ်သားတွေဆီက ဘဏ်အကောင့်ဝယ်ပြီး တရား​မဝင် ငွေလွှဲပြောင်းတာတွေရှိနေ၊ ဘဏ်အကောင့်ပိုင်ရှင် မြန်မာလုပ်သားတစ်ဦး အဖမ်းခံရ

ထိုင်းမှာ MoU မြန်မာလုပ်သားတွေဆီက ဘဏ်အကောင့်ဝယ်ပြီး တရား​မဝင် ငွေလွှဲပြောင်းတာတွေရှိနေ၊ ဘဏ်အကောင့်ပိုင်ရှင် မြန်မာလုပ်သားတစ်ဦး အဖမ်းခံရ ဖေဖော်ဝါရီ ၈ ရက်၊ Migrant Times ထိုင်းနိုင်ငံ၊ နခွန်ပထုံနယ်မြေမှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးကို လောင်းကစားအပါအဝင် တရားမဝင်ငွေကြေးလွှဲပြောင်းမှုနဲ့ ထိုင်းနိုင်ငံ အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ဖမ်းဆီးခံရသူက မြန်မာနိုင်ငံကနေ ထိုင်းကို MoU စနစ်နဲ့လာရောက်ပြီး ငါးသေတ္တာစက်ရုံတစ်ခုမှာ အလုပ်လုပ်ကိုင်နေတာပါ။ သူ ဖွင့်ထားတဲ့ ဘဏ်အကောင့်ကနေ ငွေဝင်ငွေထွက်ပမာဏများပြားပြီး မြန်မြန်ဆန်ဆန် လွှဲပြောင်းမှုတွေရှိနေတာကြောင့် အခုလို ဖမ်းဆီးခံရတာလို့ သိရပါတယ်။ ကာယကံရှင်ရဲ့ အမျိုးသမီးဖြစ်သူက “ စက်ရုံက ရှမ်းတစ်ယောက်က ဘဏ်အကောင့်တစ်ခုကို ၁၅၀၀ (ဘတ်)နဲ့ဝယ်တယ်။ တခြားသူတွေဆီကလည်း ဝယ်တယ်။ ကျွန်မတို့အချက်အလက်တွေနဲ့ ဘဏ်အကောင့်ဖွင့်ပေးရတာပေါ့။ ခုဖြစ်တာက အဲဒီဝယ်သွားတဲ့ ဘဏ်အကောင့်ကြောင့် ဖမ်းခံရတာ ”

Read More
အလုပ်သမား သတင်း

တောင်ကိုရီးယားမှာ ဗီဇာမဲ့မြန်မာလုပ်သားတွေ ဖမ်းဆီးခံရ

တောင်ကိုရီးယားမှာ ဗီဇာမဲ့မြန်မာလုပ်သားတွေ ဖမ်းဆီးခံရ ဖေဖော်ဝါရီ ၈ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံမှာ ဗီဇာမဲ့နိုင်ငံခြားသားတွေကို စီမံချက်နဲ့ရှာဖွေဖမ်းဆီးရာမှာ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံနေရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက ကင်ဘိုမြို့က လုပ်ငန်းခွင်တစ်ခုမှာ မြန်မာလုပ်သားတစ်ဦးဖမ်းဆီးခံခဲ့ရပြီး သတင်းမထွက်ပေါ်ဘဲ နောက်ထပ်ဖမ်းဆီးခံရသူတွေလည်း ရှိနိုင်တယ်လို့ တောင်ကိုရီးယားရောက် မြန်မာလုပ်သားတွေက ဆိုပါတယ်။” အခုက စီမံချက်နဲ့ဖမ်းနေတာဆိုတော့ ဗီဇာမဲ့တွေ အတော်သတိထားရမယ့်အခြေအနေပါ။ ကိုယ့်နိုင်ငံသားတွေ အဖမ်းခံရတယ်ကြားတော့ စိတ်မကောင်းဘူး ” လို့ မြန်မာလုပ်သားအရေးကူညီနေသူတစ်ဦးက ပြောပါတယ်။ ဗီဇာမဲ့ နိုင်ငံခြားသားတွေကို ဖမ်းမိရင် မိခင်နိုင်ငံဆီ ပြန်ပို့ခံရမှာဖြစ်တယ်လို့ တောင်ကိုရီးယားအစိုးရက အသိပေးထားပါတယ်။ဗီဇာမဲ့နိုင်ငံခြားသားတွေအနေနဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နောက်ဆုံးထားပြီး ကိုယ့်သဘောနဲ့ကိုယ်ပြန်မယ်ဆိုရင် ဒဏ်ကြေးနဲ့ လဝကဥပဒေ ဖြေလျှော့ပေးမယ်လို့လည်း ဆိုထားပါတယ်။တောင်ကိုရီးယားအစိုးရက ဖေဖော်ဝါရီလ ၁ ရက်ကစပြီး မတ်လ ၃၁ ရက်အထိ ဗီဇာမဲ့နိုင်ငံခြားသားတွေကို

Read More
စီးပွားရေး အလုပ်သမား သတင်း

ထိုင်းမှာ MoU လုပ်သား ၆၀ ရာခိုင်နှုန်းလောက် အဆင်မပြေမှုဖြစ်နေ

ထိုင်းမှာ MoU လုပ်သား ၆၀ ရာခိုင်နှုန်းလောက် အဆင်မပြေမှုဖြစ်နေ ဖေဖော်ဝါရီ ၈ ရက်၊ Migrant Times ထိုင်းနိုင်ငံကို MoU စာချုပ်နဲ့ ၂၀၂၂ ခုနှစ်အတွင်းက လာရောက်ခဲ့တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်ဟာ အဆင်မပြေမှုတွေ ကြုံနေရတယ်လို့ AAC (မဟာမိတ်) အဖွဲ့ကနေ သိရပါတယ်။လက်ရှိကြုံနေရတဲ့ ပြဿနာတွေထဲမှာ အလုပ်အကိုင်မရရှိတာ၊ ဉပဒေမဲ့အလုပ်ထုတ်တာ၊ စာချုပ်ထဲက လုပ်ငန်းခွင်နဲ့ ပို့လိုက်တဲ့ လုပ်ငန်းခွင်မတူတာ၊ နေရာမတူတာ၊ လုပ်ငန်းခွင်ထိခိုက်မှုတွေကို တာဝန်မယူတာ၊ လုပ်ခလစာအပြည့်မရတာ၊ OT မရတာ၊ သက်သေခံ အထောက်အထားတွေ အသိမ်းခံထားရတာ စတာတွေ အများစုဖြစ်နေတာပါ။ အလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့တဲ့နှစ် မေလ ၂၄ ရက်ကစတင်ပြီး ထိုင်းနိုင်ငံကို MOU လုပ်သားစေလွှတ်မှုတွေ ပြန်လည်စတင်ခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်း

Read More