ထိုင်းတောင်ပိုင်း ကရာဘီတွင် CI စင်တာသစ်ဖွင့်မည် 🟥CI လျှောက်ထားရာတွင် ဘတ် ၂,၆၇ဝ သာ ကုန်ကျမည်ဟုဆို
အောက်တိုဘာ ၈ ၊ Migrant Times ။ ထိုင်းနိုင်ငံတောင်ပိုင်း၊ ကရာဘီတွင် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေး Mobile Unit (၁) ခုကို အောက်တိုဘာလ ၁ဝ ရက်နေ့တွင် စတင်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနကထုတ်ပြန်သည်။ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများအား CI လက်မှတ် ထုတ်ပေးခြင်းကို စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်၊ ဆူရတ်ဌာနီပြည်နယ်များတွင် အောက်တိုဘာလ ၆ ရက်မှစကာ ဖွင့်လှစ်ပေးနေခြင်းဖြစ်သည်။ လက်ရှိတွင် ဆူရတ်ဌာနီတွင်သာ CI စခန်း ၁ ခုဖွင့်လှစ်ထားပြီး ၎င်းဒေသရှိအလုပ်သမားများ ထိုင်း အလယ်ပိုင်းရှိ စမုစခွန်နှင့် စမုပရာကန် CI စခန်းများသို့ ဝန်ဆောင်မှုလာရောက်ရယူနေကြသည့် အတွက် ဝန်ထုပ်ဝန်ပိုးများဖြစ်ပေါ်နေကြောင်း ထုတ်ပြန်သည်။ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်၊ဖန်းင ၊ကော့စမွီး စသည့် ကျွန်းများရှိ
