နိုဝင်ဘာ 8, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

သတင်း

သတင်း အလုပ်သမား သတင်း

ထိုင်းပြန် ကမ္ဘောဒီးယား လုပ်သား တစ်သန်းနီးပါး စားနပ်ရိက္ခာ ပြတ်လပ်မှု ရင်ဆိုင်နေရ

အောက်တိုဘာ ၁ဝ ၊ Migrant Times ။ နယ်မြေအငြင်းပွားမှုကြောင့် ထိုင်းနိုင်ငံမှ ပြန်လာကြသည့် ကမ္ဘောဒီးယား အလုပ်သမား ၉၀၀,၀၀၀ ခန့်သည် အလုပ်အကိုင် ရှားပါးမှုများဖြင့် ရင်ဆိုင်နေရကြောင်း ကမ္ဘောဒီးယား အရပ်ဖက်အဖွဲ့ ၁၈ ခုက သတိပေးထုတ်ပြန်သည်။ COVID-19 ကပ်ရောဂါ ကာလအတွင်းကလည်း ကမ္ဘောဒီးယား အလုပ်သမား ၂၆၀,၀၀၀ ခန့် ထိုင်းမှပြန်လာခဲ့ဖူးပြီး ယခုအကြိမ်သည် မကြုံတွေ့ဖူးသော အခြေအနေဖြစ်ကြောင်း အရပ်ဖက်အဖွဲ့များကပြောသည်။ နေရပ်ပြန်လာ ကမ္ဘောဒီးယားအလုပ်သမား အများအပြားသည် စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ အပါအဝင် အရေးပေါ် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ နေရပ်ပြန် ကမ္ဘောဒီးယား အလုပ်သမားများအား ငွေကြေးအကူအညီ တိုးမြှင့်ပေးရန်၊ အရေးပေါ်စားနပ်ရိက္ခာ အကူအညီပေးရန်နှင့် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုများ တိုးမြှင့်ပေးရန်

Read More
သတင်း

ထိုင်းတွင် ဆောင်းရာသီ အဝင်နောက်ကျမည် ဘန်ကောက်မြို့တွင် မိုးသည်းထန်မှုအတွက် ပြင်ဆင်ထားကြရန် သတိပေး

အောက်တိုဘာ ၁ဝ ၊ Migrant Times ။ ထိုင်းနိုင်ငံတွင် ယခုလနှောင်းပိုင်းမှသာ ဆောင်းရာသီ စတင်မှာဖြစ်ပြီး အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ထိုင်းမိုးလေဝသဌာနကထုတ်ပြန်သည်။ ထိုင်းမိုးလေဝသဌာနက အလယ်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်းပြည်နယ်များနှင့် ဘန်ကောက်မြို့တွင်နေထိုင်သူများအား မိုးသည်းထန်စွာ ရွာသွန်းမှုအတွက် ကြိုတင်ပြင်ဆင်ထားကြရန် သတိပေးထားသည်။ ထိုင်းမိုးလေဝသဌာနက ယခုနှစ် ဆောင်းရာသီသည် ပုံမှန်ထက် နှစ်ပတ်ခန့် နောက်ကျနိုင်ပြီး အောက်တိုဘာလနှောင်းပိုင်းမှ စတင်ကာ ဖေဖော်ဝါရီလ နှောင်းပိုင်းအထိဆောင်းရာသီကာလ ကြာမြင့်နိုင်ကြောင်း ထုတ်ပြန်သည်။ ယခုနှစ်ဆောင်းရာသီသည် ပြီးခဲ့သည့်နှစ်ဝန်းကျင် အေးမည်မဟုတ်ဘဲ မြောက်ပိုင်းဒေသများ၏ အနိမ့်ဆုံးပျမ်းမျှအပူချိန်သည် ပြီးခဲ့တဲ့နှစ်က ၂၁ ဒီဂရီစင်တီဂရိတ် ရှိခဲ့သော်လည်း ယခုနှစ်တွင် ၂ဝ ဒီဂရီစင်တီဂရိတ်ခန့်သာရှိမည်ဟု ခန့်မှန်းထားသည်။ ထိုင်းတွင် လာမည့် ၂၄ နာရီအတွင်း မိုးရွာသွန်းမှု

Read More
သတင်း အလုပ်သမား သတင်း

မဲဆောက်မြို့ မွတ်ဆလင်ရပ်ကွက်တွင် မြန်မာနိုင်ငံသား ၈ ဦးဖမ်းဆီးခံရ

အောက်တိုဘာ ၉ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊တာ့ခ်ခရိုင် ၊ မဲဆောက်မြို့ရှိ မွတ်ဆလင်အများစုနေသည့်ရပ်ကွက်တွင် မူးယစ်ဆေးဝါးရောင်းချသုံးစွဲသည့် သံသယရှိသူ မြန်မာနိုင်ငံသား ၈ ဦးကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးပူးပေါင်းအဖွဲ့က ယမန်နေ့ အောက်တိုဘာလ ၈ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။ ၎င်းရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် အသက် ၁၉ နှစ်အရွယ်မှ အသက် ၅ဝ အရွယ်အထိ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ဖမ်းဆီးခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသား ၈ ဦးတွင် မက်သာဖက်တမင်း ယာဘဆေးပြားများတွေ့ရှိခဲ့ပြီး ၎င်းတို့သည် ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်သူများဖြစ်ကြောင်း ထိုင်းသတင်းက ဖော်ပြသည်။ ၎င်းတို့အား မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ ၊မူးယစ်ဆေးဝါး သုံးစွဲမှု၊ ခွင့်ပြုချက်မရှိဘဲ

Read More
သတင်း အလုပ်သမား သတင်း

ထိုင်းနိုင်ငံတွင် မြန်မာ ၁ ဦး လုပ်ငန်းခွင်ထိခိုက်မှုဖြစ်ပြီး လက်နှစ်ချောင်းဖြတ်ရ

အောက်တိုဘာ ၉ ၊ Migrant Times ။ ထိုင်းနိုင်ငံ၊ချွန်ပူလီခရိုင် ၊ စီလာချာမြို့ရှိ ကားပစ္စည်းစက်ရုံတွင် အလုပ်လုပ်နေနေသော မြန်မာအလုပ်သမား ကိုမိုးထက်သာသည် လုပ်ငန်းခွင်ထိခိုက်မှုဖြစ်ပြီး လက်နှစ်ချောင်းဖြတ်ခဲ့ရကြောင်း WAG အဖွဲ့မှ သိရသည်။ ၄င်းသည် ထိုစက်ရုံတွင် ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့၊ ညနေ၌ ဖိနှိပ်စက်နှင့် ပစ္စည်းများထုတ်လုပ်နေစဉ်စက်ချို့ယွင်းမှုဖြစ်ကာ လက်ညှပ်မီခဲ့ခြင်းဖြစ်သည်။ ထိခိုက်မှုဖြစ်ပြီးနောက် ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ပြီး ညာဘက်လက်ညိုးနှင့် လက်ခလယ်ကိုအရင်းမှ ဖြတ်လိုက်ရကာ လက်သန်းကြွယ်နှင့်လက်သန်းမှာကွေးသွားခဲ့သည်။ ကိုမိုးထက်သာသည် ဆေးရုံတွင်လေးရက်ကြာဆေးကုသမှုခံယူပြီး ဆေးရုံစရိတ်ကို စက်ရုံဘက်မှရှင်းပေးခဲ့‌သည်။ သို့သော်လည်း လက်ချောင်းများဆုံးရှုံးသွားသည့် အပေါ် စက်ရုံမှ တာဝန်ယူမှု မရှိသောကြောင့် နစ်နာကြေး ပြန်လည်ရရှိရန် စက်တင်ဘာ ၂၆ ရက်နေ့တွင် ၎င်းကအကူညီတောင်းခံခဲ့ကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ကပြောသည်။ “လက်ရှိ ကျွန်တော်တို့

Read More
သတင်း အလုပ်သမား သတင်း

မဲဆောက်မြို့တွင် ကုန်စုံဆိုင်ဖွင့်ထားသည့် မြန်မာ ၁ ဦးဖမ်းဆီးခံရ

အောက်တိုဘာ ၉ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊တာ့ခ်ခရိုင် ၊ မဲဆောက်မြို့ မယ်ပရပ်ကွက်တွင် ကုန်စုံဆိုင်ဖွင့်ထားသည့် မြန်မာနိုင်ငံသား ၁ ဦးအား ယမန်နေ့ အောက်တိုဘာလ ၈ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးရုံး ကထုတ်ပြန်သည်။ နိုင်ငံခြားသားတစ်ဦးမှ တရားမဝင် ကုန်ပစ္စည်းများ ရောင်းချနေသည်ဟူသော ဒေသခံများတိုင်ကြားချက်အရစစ်ဆေးခဲ့ပြီးအသက် ၃၈ နှစ်အရွယ် မြန်မာနိုင်ငံသား ၁ ဦးကို ဖမ်းဆီးခဲ့ကြောင်းထုတ်ပြန်သည်။ ၎င်းအား အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ အလုပ်လုပ်ခြင်း (သို့မဟုတ်) လုပ်ပိုင်ခွင့်ရှိသည့် အတိုင်းအတာထက် ကျော်လွန်၍ အလုပ်လုပ်ခြင်းဖြင့် ဥပဒေအရ အရေးယူနိုင်ရန်အတွက် မဲဆောက်မြို့နယ် ရဲစခန်းသို့ လွှဲပြောင်းခဲ့ကြောင်း တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးရုံး ကထုတ်ပြန်သည်။ မဲဆောက်မြို့တွင် အောက်တိုဘာလ ၇ ရက်နေ့ကလည်း ရေတံခွန်ဈေး (Tararak Waterfall

Read More
သတင်း အလုပ်သမား သတင်း

မြန်မာအလုပ်သမား ၇၂ ဦးထံမှ သိန်း ၁ သောင်းကျော် လိမ်ပြေးသည့် အမျိုးသမီးကိုဖမ်းမိ

အောက်တိုဘာ ၉ ၊ Migrant Times ။ စင်္ကာပူသို့ ပို့ပေးမည်ဆိုကာ မြန်မာအလုပ်သမား ၇၂ ဦးထံမှ ကျပ်သိန်းပေါင်း ၁၂,ဝဝဝ ခန့်လိမ်လည်ပြီးတိန်းရှောင်နေသည့် မြန်မာအမျိုးသမီးကိုဖမ်းမိခဲ့ကြောင်း နစ်နာသူများနှင့်နီးစပ်သူတဦးက Migrant Times ကိုယနေ့ (အောက်တိုဘာ ၉) ပြောကြားသည်။ “ မိသွားပြီ..ခုပြည်ထဲရေးအချုပ်ထဲမှာ” ဟု၎င်းကပြောသည်။ ငွေကြေးလိမ်လည်သည့်အမျိုးသမီးအား ယမန်နေ့က ရန်ကုန်မြို့ တစ်နေရာ၌ ပတ်ပို့စ်များနှင့်အတူ ဖမ်းခဲ့ခြင်းဖြစ်ကြောင်း ကိုယ်တိုင်ငွေကြေးလိမ်လည်ခံခဲ့ရသည့် အမျိုးသမီးတဦးကလည်း Migrant Times ကိုအတည်ပြု ပြောကြားသည်။ ကျပ်သိန်းပေါင်း ၁၂,ဝဝဝ ကျော်လိမ်လည်ခဲ့သည့် အမျိုးသမီးသည် ရန်ကုန်တိုင်း အင်းစိန်မြို့နယ်တွင် Original Oversea Employment အမည်ဖြင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီ ဖွင့်လှစ်ခဲ့သူဖြစ်သည်။ ၎င်းအမျိုးသမီးသည် ယခုနှစ် မတ်လမှစကာ ပြည်တွင်းရှိ မြန်မာအလုပ်သမားများအား

Read More
သတင်း အလုပ်သမား သတင်း

မြန်မာအလုပ်သမား ၇၂ ဦးကို စင်ကာပူ ပို့မည်ဆိုကာ သိန်း ၁ သောင်းကျော်လိမ်ပြီး ထွက်ပြေး

အောက်တိုဘာ ၉ ၊ Migrant Times ။ ရန်ကုန်တိုင်း ၊ အင်းစိန်မြို့နယ်တွင် အမျိုးသမီးတဦးသည် မြန်မာအလုပ်သမား ၇၂ ဦးကို စင်ကာပူနိုင်ငံသို့ ပို့ပေးမည်ဟုဆိုကာ ကျပ်သိန်း ၁၂,ဝဝဝ ခန့်လိမ်လည်ပြီး ထွက်ပြေး တိန်းရှောင်နေကြောင်း ကိုယ်တိုင် ငွေကြေးအလိမ်ခံခဲ့ရသည့် အမျိုးသမီးတစ်ဦးက ပြောကြားသည်။ ၎င်းအမျိုးသမီးသည် အင်းစိန်မြို့နယ်တွင် Original Oversea Employment အမည်ဖြင့် ကုမ္ပဏီဖွင့်လှစ်ခဲ့ပြီး ယခုနှစ် မတ်လမှစကာ ပြည်တွင်းရှိ မြန်မာအလုပ်သမားများအား စင်္ကာပူတွင် အလုပ်လုပ်ရန်ခေါ်ဆောင်ခဲ့သည်။ စင်္ကာပူတွင် အလုပ်လုပ်ရန် တစ်ဦးလျှင် ကုမ္ပဏီတိုက်ရိုက် ဆိုပါက စင်္ကာပူ ဒေါ် လာ ၅,၀၀၀ နှင့် ပွဲစားမှ တစ်ဆင့် ချိတ်ဆက်ပါက စင်္ကာပူ ဒေါ် လာ ၆,၃၀၀ ကောက်ယူခဲ့ခြင်းဖြစ်ကြောင်းနစ်နာခဲ့သူ

Read More
သတင်း

မဲဆောက်မြို့မှာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

Photo News အောက်တိုဘာ ၈ ၊ Migrant Times ။ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ထိုင်းလူမျိုးတွေရဲ့ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ မြို့အနှံ့ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ဒီကနေ့(အောက်တိုဘာလ ၈)မနက်ပိုင်း မှာကျင်းပခဲ့ပါတယ်။ Photo – Migrant Times #Migranttimes #ထိုင်း #မြန်မာ #မဲဆောက် YouTube https://www.youtube.com/@migranttimes Website https://www.migranttimes.com/ Telegram https://t.me/migranttimes

Read More
သတင်း အလုပ်သမား သတင်း

ထိုင်းမှာ အလုပ်ထုတ်ခံရတဲ့ မြန်မာလုပ်သား ၃၂ဝ ဦး နစ်နာကြေး ဘတ် ၃ သန်းကျော်ရ

အောက်တိုဘာ ၈ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ ချာချင်ဆောင်ခရိုင် အလုပ်ရုံတစ်ခုမှ အလုပ်ထုတ်ခံခဲ့ရသည့် မြန်မာအလုပ်သမား ၃၂ဝ ဦး၏နစ်နာကြေး ဘတ် ၃ သန်းကျော်ပြန်လည်ရရှိခဲ့ကြောင်း ကူညီဆောင်ရွက်ပေးခဲ့သည့် MHAC မဟာမိတ်အဖွဲ့ကထုတ်ပြန်သည်။ ထိုစက်ရုံတွင်အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား ၃၂ဝ ဦးကို ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်နေ့တွင် အလုပ်ရှင်က ကြိုတင်အကြောင်းမကြားပဲ လုပ်သက် ၄ လမပြည့်ခင် အလုပ်ထုတ်ခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ ၄ ရက်နေ့တွင် မြန်မာအလုပ်သမားများက နစ်နာကြေးရရှိရန် အကူညီတောင်းခဲ့ခြင်းဖြစ်ကြောင်း MHAC အဖွဲ့ဝင်ကပြောသည်။ ယမန်နေ့ အောက်တိုဘာလ ၇ ရက်နေ့တွင် စဝါဒီကန်ရုံး(အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး)၌ စက်ရုံလုပ်ငန်းရှင်နှင့် ကြားခံ အေဂျင်စီမှ လာရောက်ဖြေရှင်းပေးခဲ့ခြင်းဖြစ်ကြေင်းသိရသည်။ “မ‌နေ့က တောမောင်းတွေကော တစ်ခြားဌာနဆိုင်ရာတွေက ဆင်းလာတာကြောင့်

Read More
သတင်း

အယုဒ္ဓယတွင် ခိုက်ရန်ဖြစ်ပွားသည့် လူငယ် ၄၅ ဦးပါ ဂိုဏ်းကိုဖမ်းဆီး

အောက်တိုဘာ ၈ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ အယုဒ္ဓယမြို့တွင် Ping-Pong Bombs များ၊ လက်နက်များပါဝင်သည့် လူငယ်ဂိုဏ်းများအချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ကြပြီး အသက် ၁၃ နှစ်မှ ၁၈ နှစ်အရွယ် လူငယ် ၄၅ ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့သည်။ ယနေ့ အောက်တိုဘာလ ၈ ရက် နံနက်အစောပိုင်း ၁၂ နာရီ ၃၀ မိနစ်တွင် အယုဒ္ဓယ ၊ ဘန်ပွန် ရပ်ကွက်ရှိ ဝပ်ကဆတ်ထရာသီရတ်လမ်းဆုံတွင် လူငယ်ဂိုဏ်းနှစ်ခုတို့သည် အပြိုင်အဆိုင်ဆိုင်ကယ်မောင်းနှင်ကြပြီး ပင်ပေါင်လက်လုပ်ဗုံးများကို အကြိမ်များစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည့်အတွက် ဒေသခံများက ထိတ်လန့်မှုကာ ရဲတပ်ဖွဲ့ထံတိုင်ကြားခဲ့ကြေင်း ထိုင်းသတင်းကဖော်ပြသည်။ ရဲတပ်ဖွဲ့သည်က လိုက်လံစုံစမ်းပြီးနောက် မော်တော်ဆိုင်ကယ် ၁၂ စီးကို သိမ်းဆည်းရမိခဲ့ကြောင်းထုတ်ပြန်သည် ။ စီစီတီဗီ

Read More