ဖူးခက်တွင် ဓားထိုးမှုဖြစ်ပြီး မြန်မာ ၁ ဦးသေဆုံး တိန်းရှောင်နေသည့် မြန်မာကိုရဲရှာဖွေနေ
အောက်တိုဘာ ၆ ၊ Migrant Times ။ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် မြန်မာအချင်းချင်းစကားများပြီး ဓားထိုးမှုဖြစ်ပွားကာ တစ်ဦးသေဆုံးခဲ့ပြီး ထွက်ပြေးတိန်းရှောင်နေသည့် မြန်မာတစ်ဦးကို ရဲတပ်ဖွဲ့က ရှာဖွေနေကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ဖူးခက်မြို့ Patong ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရ အောက်တိုဘာ ၃ ရက်နေ့ည ၇ နာရီခန့်တွင် Soi Klong Bang Wat အလွန်ရှိ အခန်းတစ်ခန်းတွင် အသက် ၃၈ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ဇော်မင်းဝင်းကို သွေးအိုင်ထဲ၌ လဲကျနေသည်ကို တွေ့ရှိခဲ့သည်။ အင်္ကျီမပါဘဲ ဘောင်းဘီရှည်ဝတ်ဆင်ထားသည့် သေဆုံးသူ၏ ကိုယ်ခန္ဓာ၌ ပြင်းထန်သော ဓားဒဏ်ရာများ တွေ့ကြောင်း ၊ တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည်ဟု ယူဆရသော ၉ လက်မနီးပါး ဓားတစ်ချောင်းကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့ကြောင်း ရဲတပ်ဖွဲ့က
