STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးနှင့် အချုပ်သားများအား ရွေးကောက်ပွဲအတွက် ကြိုတင်မဲထည့်ရန် ဖိအားပေး
အောက်တိုဘာ ၁၃ ၊ Migrant Times ။ ဖမ်းဆီးခံထားသည့် သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး အပါအဝင် အကျဉ်းထောင်၊ အချုပ်ခန်းရှိ အချုပ်သားများအား ရွေးကောက်ပွဲအတွက် ကြိုတင်မဲထည့်ရန် စစ်ကောင်စီက ဖိအားပေးခြင်းများပြုလုပ်နေကြောင်း STUM အဖွဲ့ ကယနေ့ထုတ်ပြန်သည်။ ကြိုတင်မဲ ထည့်ရန် ငြင်းဆန်ပါက ကန့်ကွက်မဲအဖြစ်သတ်မှတ်ပြီး တိုက်ပိတ်ခြင်းကဲ့သို့ ထောင်တွင်းဒဏ်များ ချမှတ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ကြိမ်းမောင်းလျက်ရှိနေသည်ဟုဆိုသည်။ STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး၏အမှုအား ယနေ့တွင် ရွှေပြည်သာ မြို့နယ်တရားရုံး၌ စစ်ဆေးပြီး ခြေချုပ်နှင့် ခံဝန် အမှုမှ တရားလိုပြ သက်သေများအား ဆက်လက် စစ်ဆေးကြားနာခဲ့သည်။ ထို့ပြင် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ – ၄၀၊၄၁ မှ တရားလို အား ဆက်လက်စစ်ဆေးပြီးနောက် တရားလိုပြသက်သေများအား
