နိုဝင်ဘာ 9, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

သတင်း

သတင်း

ဘန်ကောက်မြို့ ဗာဂျီရ ဆေးရုံရှေ့တွင် လမ်းပြိုကျပြီး တွင်းကြီးဖြစ်ပေါ်

စက်တင်ဘာ ၂၄ ၊ Migrant Times ။ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ ဗာဂျီရ Vajira Hospital ဆေးရုံရှေ့တွင် ယနေ့(စက်တင်ဘာ ၂၄)နံနက် ၇ နာရီကျော်၌ လမ်းပြိုကျမှု ဖြစ်ပွားကာ ၁၆၄ ပေ(မီတာ ၅၀)အနက်ရှိတွင်းကြီးဖြစ်ပေါ်နေကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ လမ်းပြိုကျမှု ဧရိယာသည် ၉၈ ပေပတ်လည်ခန့်ရှိပြီး ဆေးရုံအနီးရှိ Samsen ရဲစခန်းရှေ့၌ ပြိုကျမှုအကျယ်အဝန်းမှာ တဖြည်းဖြည်း တိုးလာနေကြောင်း သတင်းကဖော်ပြသည်။ ဗာဂျီရ ဆေးရုံရှေ့၌ လမ်းပြိုကျမှု ကြောင့် ဆေးရုံ အနီး နေထိုင်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း ဆေးရုံလူနာများနှင့် အနီးနားနေထိုင်သူများကို ရွှေ့ပြောင်းပေးနေကြောင်းသိရသည်။ စုံစမ်းစစ်ဆေးမှုများအရ ပြိုကျမှုမှာ ရေပိုက်ပေါက်၍ ဖြစ်ကြောင်း ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ထိုင်းသတင်းများအရသိရသည်။ ကိုးကား – PPTV /

Read More
သတင်း

ချင်းမိုင်တက္ကသိုလ်ရှေ့ရှိ အကြွေစေ့ထည့် အရုပ်ဂိမ်းစက်များကိုသိမ်း

ချင်းမိုင်တွင် အရုပ်ဂိမ်းစက်များကို ပိတ်သိမ်းမည်ဟုဆို စက်တင်ဘာ ၂၄ ၊ Migrant Times ။ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်တက္ကသိုလ်ရှေ့ ဟွေ့ကော်(Huay Kaew)လမ်းတွင်ဖွင့်ထားသည့် အကြွေစေ့ထည့်ကစားရသော အရုပ်ဖမ်းစက် ဂိမ်းဆိုင်ကို အုပ်ချုပ်ရေးအဖွဲ့ကဝင်ရောက်စီးနင်းပြီး အရုပ်ညှပ်စက် ၂၉ လုံးကို သိမ်းဆည်းခဲ့ကြောင်း ချင်းမိုင်သတင်းကဖော်ပြသည်။ ယမန်နေ့ စက်တင်ဘာ ၂၃ ရက်နေ့တွင် တိုင်ကြားချက်များအရဟုဆိုကာ ချင်းမိုင်မြို့နယ်မှူးနှင့်အရန်တပ်ဖွဲ့များပါသည့် ပူးပေါင်းအဖွဲ့က ယင်းဆိုင်ကိုစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ဆိုင်အတွင်း၌ အရုပ်ညှပ်စက် ၂၆ လုံး၊ အကြွေစေ့လဲလှယ်စက် ၁ လုံး၊ နှင့် အရုပ်နှိပ်ယူသည့် စက် ၂ လုံးတို့ကို တွေ့ရှိခဲ့သည်။ ထို့နောက် ဆိုင်တာဝန်ခံအား အရုပ်ညှပ်စက်များအား ကစားခိုင်းခဲ့ပြီး စက်တွင် ဖော်ပြထားသော အကြွေစေ့ပြည့်သော်လည်း အရုပ်ကို ညှပ်၍ မရကြောင်း၊ အလိုအလျောက် ငွေပြန်အမ်းခြင်းများမရှိသည့်အတွက်

Read More
သတင်း

ချင်းမိုင်တွင် ဓားခုတ်မှုကျုးလွန်သည့် မြန်မာနှင့်ရှမ်းလူငယ် ၁၈ ဦးပါသည့် ၉၉၉ ဂိုဏ်းကိုဖမ်းဆီးထား

လူသတ်ရန် ကြိုးပမ်းမှု အပါအဝင် ပြင်းထန်သော စွဲချက်များဖြင့် အရေးယူမည်ဟုရဲတပ်ဖွဲ့ပြော စက်တင်ဘာ ၂၃ ၊ Migrant Times ။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဆန်ကမ်ဖိုင်ရပ်ကွက်တွင် စက်တင်ဘာလ ၁၆ ရက်နေ့ညက အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး၏ လက်ကိုပြတ်သည်အထိ ဓားခုတ်မှုကျုးလွန်ခဲ့သည့် ၉၉၉ ဂိုဏ်းခေါင်းဆောင် အိုက်တော့ပ်အပါအဝင် မြန်မာနှင့်ရှမ်းလူငယ် ၁၈ ဦးကိုရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။ ဓားခုတ်မှုကျုးလွန်ခဲ့သည့် ၉၉၉ ဂိုဏ်းခေါင်းဆောင် အိုက်တော့ပ်နှင့် စိုင်းအိုက်မောင် (ခေါ်) အမ်အား လူသတ်ရန် ကြိုးပမ်းမှု အပါအဝင် ပြင်းထန်သော စွဲချက်များဖြင့် အရေးယူမည်ဖြစ်ပြီး ကျန်ပါဝင်သူများအား ဝိုင်းဝန်းတိုက်ခိုက်မှု၊ ဓားပြအဖွဲ့အဖြစ် စုဝေးမှု၊ လက်နက်များ ကိုင်ဆောင်မှုများဖြင့်စွဲချက်တက်အရေးယူမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ယနေ့(စက်တင်ဘာ ၂၃) ကျင်းပသည့်သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်ဟု ချင်းမိုင်သတင်းတွင်ဖော်ပြသည်။

Read More
သတင်း အလုပ်သမား သတင်း

ပတ္တရားတွင် မြန်မာအလုပ်သမားများက မြန်မာ ၁ ဦးကို ဝိုင်းထိုးကြိတ်

စက်တင်ဘာ ၂၃ ၊ Migrant Times ။ ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ရှိ Soi VC လမ်းထဲတွင် စက်တင်ဘာလ ၂၁ ရက်၊ နံနက် ၃နာရီ ၄၀ မိနစ်၌ မြန်မာအလုပ်သမား ၄ ဦးထက်မနည်းက အသက်၂၉ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ၁ ဦးအား ဝိုင်းထိုးကြိတ်ခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ လူမှုကွန်ရက်တွင် ပျံနှံနေသော ဓာတ်ပုံများအရ အဆိုပါဖြစ်ရပ်သည် လမ်းအဆုံးရှိ မြန်မာစားသောက်ဆိုင်အပြင်ဘက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လမ်းတစ်ဖက်ရှိ ဟိုတယ်ဝန်ထမ်းတစ်ဦး၏ ပြောပြချက်အရ မြန်မာအလုပ်သမား လေးဦးထက်မနည်းပါဝင်သည့်အဖွဲ့သည် မြန်မာ တစ်ဦးကို မြေပြင်ပေါ်တွင် လှဲကျပြီး လှုပ်ရှားမှုမရှိတော့သည့်အထိ လက်သီးဖြင့်ထိုးကာ ခြေထောက်များဖြင့် ကန်ကျောက်ခဲ့ကြောင်း သိရသည်။ တိုက်ခိုက်သူများသည် ထွက်ပြေးသွားခဲ့ကြပြီး၊ ထိခိုက်ဒဏ်ရာရရှိသူကို ၎င်း၏သူငယ်ချင်းများက သယ်ဆောင်သွားခဲ့ကြကြောင်း

Read More
သတင်း

ချင်းမိုင်ခရိုင် မယ်ကျန်မြို့နယ်တွင် ရေကြီး

စက်တင်ဘာ ၂၃ ၊ Migrant Times ။ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင် မယ်ကျန်မြို့နယ်တွင် ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်နေ့၌မိုးသည်းထန်ခဲ့မူ ကြောင့် ယနေ့နံနက်တွင် မယ်ကျန် မြစ်ရေလျှံကာ လူနေအိမ်အများအပြားနစ်မြုပ်ခဲ့ကြောင်း ချင်းမိုင်သတင်းကဖော်ပြသည်။ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် တွင် မယ်ကျန် မြစ်ရေလျှံကာ ရေကြီးမှုကြောင့် မယ်ကျန်မြို့နယ်၊ ချန်ခိန်းရပ်ကွက်ရှိ နေအိမ်များ၊ ကျောင်းများအပြင် လယ်ယာမြေများအထိ ရေကြီးမှုများ ဖြစ်ပေါ်နေကြောင်းသိရသည်။ချန်ခိန်းနှင့် ထဖာရပ်ကွက်ရှိ နေရာအချို့ ရေလွှမ်းမိုးခဲ့ပြီး မယ်ကျန်နယ်မြေ ကာကွယ်ရေးတပ်ရင်း ၇ မှ တာဝန်ရှိသူများနှင့်အတူ မယ်ဂျမ်မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့က ကူညီမှုမျာပေးနေကြောင်း သတင်းကဖော်ပြသည်။ရေကြီးမူအခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ပြည်သူများအနေဖြင့် အရေးပေါ်အခြေအနေကြုံလာပါက Mae Chaem မြို့နယ် အရေးပေါ် နံပတ် 1784 သို့ ဖုန်းခေါ်ဆိုနိုင်

Read More
သတင်း

ဘန်ကောက်တွင် ဘတ် ၈ သန်း ခန့်တန်ဖိုးရှိ တရားမဝင် ဆီလီကွန် ပစ္စည်းများ ဖမ်းမိ

စက်တင်ဘာ ၂၂၊ Migrant Times။ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ရှိ ဂိုဒေါင်တစ်ခုတွင် အွန်းလိုင်းမှတစ်ဆင့် ရောင်းချနေသည့် တရားမဝင် ဆီလီကွန် ခွဲစိတ် အစားထိုး ပစ္စည်း ၁၄,ဝဝဝ ကျော်ကို ရဲများက ဝင်ရောက်သိမ်းဆည်းခဲ့ကြောင်း ထိုင်းသတင်းက ဖော်ပြသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်နေ့တွင် စားသုံးသူ အကာအကွယ်ပေးရေး ရဲတပ်ဖွဲ့နှင့် FDA အရာရှိများသည် ယင်းဂိုဒေါင်ကို ဝင်ရောက်စီးနင်းခဲ့ပြီး ဆီလီကွန်နှာခေါင်း စိုက်သွင်းသည့်ပစ္စည်း ၁၃,၀၂၁ ခု၊ မေးစေ့ အစားထိုးသည့်ပစ္စည်း ၁,၄၀၄ ခုနှင့် ဆေးဝါးအမျိုးအစား ၁၅ ခုတို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။ အလှကုန်ခွဲစိတ်မှုတွင်အသုံးပြုသည့် ဆေးဘက်ဆိုင်ရာပစ္စည်းများကို အွန်လိုင်းတွင်တရားမ၀င်ရောင်းချနေကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ တိုင်ကြားမှုကြောင့် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို

Read More
သတင်း

ဘန်ကောက် EMPM ကျောင်းသားဟောင်း တွေ့ဆုံပွဲတွင် မြန်မာလူငယ်များတက်ရောက်

စက်တင်ဘာ ၂၂ ၊ Migrant Times။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ယနေ့ (စက်တင်ဘာ ၂၂ရက်) စတင်ကျင်းပသည့် The European Union Mobility Programme for Myanmar (EMPM) ကျောင်းသားဟောင်းတွေ့ဆုံပွဲတွင် မြန်မာကျောင်းသား ကျောင်းသူများတက်ရောက်ခဲ့ကြသည်။ EMPM ကျောင်းသားဟောင်းတွေ့ဆုံပွဲကို King Mongkut’s University of Technology Thonburi(KMUTT) တွင်ကျင်းနေပြီး ပညာသင်ဆုရခဲ့သည့် ‌‌ မြန်မာကျောင်းသား ၆ဝခန့်က လူကိုယ်တိုင် တက်ရောက်ခဲ့ကြပြီး အခြားကျောင်းသား ၂ဝခန့်က အွန်လိုင်းက တစ်ဆင့်တက်ရောက်ခဲ့ကြကြောင်းသိရသည်။ “အခုပွဲကတော့ ကျောင်းသားတွေအနေနဲ့ ဘာဆက်လုပ်မယ်၊ ဘာတွေကြုံတွေ့ခဲ့ရတယ်ပြောကြတယ်၊ ပြီးရင် ရှေ့ဆက်လျှောက်မဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ပါမောက္ခတွေနဲ့ ဆွေးနွေးရတယ်” ဟု ထိုင်းတောင်ပိုင်းမှ တက်ရောက်လာသည့် EMPM

Read More
သတင်း

ချင်းမိုင်းတွင် ဓားခုတ်မှုကျုလွန်သည့် ဂိုဏ်းခေါင်းဆောင်ကို ဖမ်းမိ

စက်တင်ဘာ ၂၂ ၊ Migrant Times ။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စက်တင်ဘာလ ၁၆ ရက်နေ့ညက ဓားခုတ်မှုကျုးလွန်ခဲ့သည့် လူငယ် ဆိုင်ကယ်ဂိုဏ်းခေါင်းဆောင်အိုက်တော့ပ်ကို စက်တင်ဘာလ ၂၁ ရက်နေ့တွင် ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်းသတင်းကဖော်ပြသည်။ မြန်မာနိုင်ငံသား လူငယ်များပါဝင်သည့် ဆိုင်ကယ်စီးသူများသည် ချင်းမိုင်မြို့ ဆန်ကမ်ဖိုင်ရပ်ကွက်တွင် စက်တင်ဘာလ ၁၆ ရက်နေ့ည၌ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့်အမျိုးသားနှစ်ဦးအား ဓားဖြင့်လိုက်လံခုတ်ခဲ့ကြောင်း ထိုင်းသတင်းများကဖော်ပြခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့က စက်တင်ဘာ ၁၉ ရက်နေ့တွင် ချင်းမိုင်မြို့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ဓားခုတ်မှုကျုးလွန်ခဲ့သူစိုင်းအိုက်မောင် (ခေါ်) အမ်နှင့် မြန်မာနိုင်ငံသား လူငယ် ၁၄ ဦးကိုဖမ်းမိခဲ့ကြောင်း၊ အိုက်မောင်နှင့်အတူ ဓားခုတ်မှုကျူးလွန်ခဲ့သော အိုက်တော့ပ် မှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့နောက် ထွက်ပြေးလွတ်မြောက်နေသော အိုက်တော့ပ်အား

Read More
သတင်း

ရာဂါဆာ မုန်တိုင်းကြောင့် ထိုင်းနှင့်မြန်မာတွင် မိုးသည်းထန်နိုင်

စက်တင်ဘာ ၂၂ ၊ Migrant Times ။ ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဖြစ်ပေါ် နေသော “ရာဂါဆာ” (RAGASA)တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် မုတ်သုန်လေအားကောင်းကာ ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံတွင် မိုးသည်းထန်နိုင်ကြောင်း မိုးလေဝသဌာနများကထုတ်ပြန်ထားသည်။ “ရာဂါဆာ” (RAGASA) မုန်တိုင်းသည် ယနေ့ (စက်တင်ဘာလ ၂၂ ရက်) တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်လာပြီး စက်တင်ဘာလ ၂၅-၂၆ ရက်ကြားတွင် ဗီယက်နမ်နိုင်ငံအထက်ပိုင်း ကုန်းတွင်းသို့ ဝင်ရောက်ကာ အားပျော့သွားမည်ဟု ခန့်မှန်းထားသည်။ မုန်တိုင်းသည် ၎င်းရက်များအတွင်း ထိုင်းနိုင်ငံကို ဖုံးအုပ်ထားသော မုတ်သုန်လေကို ပိုမိုအားကောင်းစေမည်ဖြစ်ကြောင်း ထိုင်းမိုးလေဝသဌာနကထုတ်ပြန်သည်။ မုတ်သုန်လေအားကောင်းခြင်းကြောင့် ထိုင်းပြည်နယ် ၄၅ ခုနှင့် ဘန်ကောက်မြို့တွင် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ၂၄ နာရီအတွင်း ထိုင်းနိုင်ငံအထက်ပိုင်း၊ မယ်ဟောင်ဆောင် ၊ တာ့ခ် ၊ ဘူအန်ကန် ၊ အမ်နတ်ချာရွန်

Read More
သတင်း အလုပ်သမား သတင်း

ထိုင်းတွင် မြန်မာအလုပ်သမားများလိုက်ပါလာသည့် ကားတိမ်းမှောက်ပြီး ၂ ဦးသေဆုံး

စက်တင်ဘာ ၂၂ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ ပထုံဌာနီပြည်နယ် ၊ဆန်တီဆွတ်လမ်းဆုံအနီး ပထုံဌာနီ-ရန်ဆစ်လမ်းမတွင် ယနေ့(စက်တင်ဘာ ၂၂) နံနက် ၅ နာရီခွဲခန့်၌ မြန်မာအလုပ်သမားများလိုက်ပါလာသည့် ကားတိမ်းမှောက်ပြီး ၂ ဦးသေဆုံး ခဲ့ကြောင်းထိုင်းသတင်းတွင်ဖော်ပြသည်။ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများတင်ဆောင်လာသော ကားတစ်စီးသည် ယာဉ်မောင်းအိပ်ငိုက်၍ လမ်းလယ်ကျွန်းကွန်ကရစ်တုံးပေါ်သို့ တက်ရောက်ပြီး တိမ်းမှောက်မှုကြောင့်၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သည်။ အခင်းဖြစ်ပွားရာနေရာတွင် ကားအတွင်း၌ ဒဏ်ရာရရှိသူ ၉ ဦးရှိကြောင်း ၊ ၎င်းတို့အနက် ၇ ဦးမှာ အမျိုးသားများဖြစ်ပြီး ၂ ဦးမှာ အမျိုးသမီးများဖြစ်ကြောင်း၊ ယာဉ်မောင်းနေရာတွင် အမျိုးသားတစ်ဦးနှင့် ရှေ့ခန်းထိုင်ခုံတွင် အမျိုးသမီးတစ်ဦးတို့သည် ကားအတွင်း ပိတ်မိနေကြပြီး ကယ်ဆယ်ရေးသမားများက ဖြတ်တောက်ကိရိယာများကို

Read More