ထိုင်းရှိ ရွှေ့ပြောင်းလုပ်သားများ ဥပဒေရေးရာ မလုံခြုံမှုများ ရင်ဆိုင်နေရ
ထိုင်းနိုင်ငံရှိ တရားဝင်နှင့် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများသည် လုပ်ခလစာနှိမ်ချခံရခြင်းနှင့် ဥပဒေရေးရာမလုံခြုံမှုများကို ဆက်လက်ရင်ဆိုင်နေရကြောင်း ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့နှင့် လူ့အခွင့်အရေးစောင့်ကြည့်ရေးရုံး တာဝန်ရှိသူများကပြောသည်။ ထိုင်းနိုင်ငံတောင်ပိုင်း ဆူရက်ဌာနီ၊ ကျော့စမွီဟိုတယ်တွင် ဇွန်လ ၁၁ ရက်နေ့၌ ထိုင်းလူ့အခွင့်ရေးကော်မရှင်ကဦးဆောင်ပြီး ရွှေ့ပြောင်းအလုပ်သမားများရင်ဆိုင်နေရသော အလုပ်သမားအခွင့်အရေးပြဿနာများနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့သည်။ ထိုအလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် Ms. Supatra Nakapiew နှင့် လူ့အခွင့်အရေးစောင့်ကြည့်ရေးရုံးဒါရိုက်တာ Mr. Panupan Somsakul တို့က လက်ရှိစိန်ခေါ်မှုများကို တင်ပြခဲ့သည်။ ၎င်းတို့က ထိုင်းရှိ တရားဝင်နှင့် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများ၊ ကဏ္ဍအသီးသီးတွင် အလုပ်လုပ်နေကြသူများသည် အကာအကွယ် မလုံလောက်မှု၊ လုပ်ခလစာနှိမ်ချမှု နှင့် ဥပဒေရေးရာ မလုံခြုံမှုများကို ဆက်လက်ရင်ဆိုင်နေရသည်ဟု အလေးပေးပြောကြားခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲသည် ထိုင်းနိုင်ငံတောင်ပိုင်းရှိ အလုပ်သမားအခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်၊ ရွှေ့ပြောင်းအလုပ်သမားများ၏ အခြေအနေများကို အာရုံစိုက်ရန်
