ထိုင်း-မြန်မာ နယ်စပ် မယ်ဆိုင်တွင် မြန်မာသုံးဘီးယာဉ်ပေါ်မှ သေနတ်တုများဖမ်းမိ
ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ဆိုင်စစ်ဆေးရေးဂိတ်တွင် တာချီလိတ်ဘက်သို့ပြန်လည် ဝင်ရောက်မည့်မြန်မာ သုံးဘီးယာဉ်ပေါ်မှ သေနတ်အတု(imitation firearms) ၂၅ လက်ကို သိမ်းဆည်းရမိခဲ့ကြောင်း Maesai press သတင်းတွင် ယမန်နေ့(ဇွန်လ ၁)ဖော်ပြသည်။ မေလ ၃၁ ရက်၊ ညနေ ၆ နာရီခန့်၌ မယ်ဆိုင် အမှတ် ၁ နယ်စပ်ဂိတ်ရှိ ယာဉ်စစ်ဆေးရေးဂိတ်၌ တာဝန်ရှိသူများက ရှမ်းပြည်နယ်၊ တာချီလိတ်မြို့လိုင်စင်နံပါတ်ပါရှိသည့် သုံးဘီးဆိုင်ကယ်တစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ရာမှတွေ့ ရှိခဲ့ကြောင်း သိရသည်။ ၎င်းသုံးဘီးဆိုင်ကယ်ကို တာချီလိတ်မြို့နယ်နေ အသက် ၃၄ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးက မောင်းနှင်ပြီး အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ရှေ့ခန်းတွင် လိုက်ပါစီနင်းခဲ့သည်ဟု သိရသည်။ သုံးဘီးဆိုင်ကယ်နောက်ဘက်တွင် အဖြူရောင် ကောက်ရိုးအိတ်တစ်လုံးကို တွေ့ရှိခဲ့ပြီး ၎င်းအိတ်အတွင်း၌ စက္ကူပုံးတစ်ပုံးတွင်းထည့်ထားသည့် သေနတ်အတု စုစုပေါင်း
