နိုဝင်ဘာ 7, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Myanmar

သတင်း

မလေးရှားတွင် မြန်မာအပါ နိုင်ငံခြားသား ၅ဝဝ ကျော် ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၊ မေဒန်အင်ဘီရှိ စီးပွားရေးဧရိယာတစ်ခုတွင် စစ်ဆေးရေးပြုလုပ်ပြီးနောက် မြန်မာအပါအဝင် နိုင်ငံခြားသား ၅ဝ၆ ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM)မှထုတ်ပြန်သည်။ ဧပြီလ ၁၇ ရက်နေ့ညတွင် စစ်ဆေးရေးပြုလုပ်ကာ ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသား ၄၆ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆၅ ဦး၊ နီပေါနိုင်ငံသား ၁၄၂ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၁ဝ၉ ဦး၊ အိန္ဒိယနိုင်ငံသား ၂၅ ဦးနှင့် သီရိလင်္ကာနိုင်ငံသား ၁၉ ဦးတို့ ပါဝင်သည်။ စစ်ဆေးရေးအတွင်း လူပေါင်း ၈၉၅ ဦးကို စစ်ဆေးခဲ့ပြီး ယင်းတို့အနက် နိုင်ငံခြားသား ၇၄၉ ဦးနှင့် ပြည်တွင်းနေထိုင်သူ ၁၄၆ ဦး ပါဝင်ကြောင်း ဖော်ပြသည်။ စစ်ဆေးခဲ့သူများအနက်မှ နိုင်ငံခြားသား ၅ဝ၆

Read More
သတင်း

အွန်လိုင်းက ထိုင်းစကားသင်သည့် မြန်မာဆရာမကို ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီးရှိ စမွတ်စခွန်မြို့နယ်တွင် အွန်လိုင်းမှ ထိုင်းဘာသာစကားသင်နေသည့် မြန်မာဆရာမတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း စမွတ်စခွန် လူဝင်မှုကြီးကြပ်ရေး ဌာန မှထုတ်ပြန်သည်။ နိုင်ငံခြားသားတစ်ဦးက Facebook နှင့် Zoom မှတဆင့် အွန်လိုင်းတွင် ထိုင်းဘာသာ သင်ကြားနေကြောင်း စုံစမ်းတွေ့ရှိခဲ့ပြီး စစ်ဆေး ဖမ်းဆီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ နိုင်ငံခြားသူ (မြန်မာဆရာမ) ၏ Facebook စာမျက်နှာတွင် နောက်လိုက် (followers) ၁၂၇,ဝဝဝ ရှိကြောင်း သိရသည်။ ၎င်းဆရာမသည် Zoom အွန်လိုင်းမှ တဆင့် အဖွဲ့လိုက် ထိုင်းဘာသာစကား သင်ပေးနေသူဖြစ်ပြီး စုစုပေါင်းနှစ်လအကြာ ၈ နာရီစာ သင်တန်းအတွက် သင်တန်းကြေး တစ်ဦးလျှင် ဘတ် ၁,၅ဝဝ ဖြင့် သင်ကြားခဲ့ကြောင်း သိရသည်။ စမွတ်စခွန်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံး စုံစမ်းစစ်ဆေးရေးအဖွဲ့က သူမ၏

Read More
သတင်း

ဘန်ကောက် ပြိုကျအဆောက်အအုံတွင် သေဆုံးမြန်မာများ လျော်ကြေးရဖို့ အထောက်အထားလိုနေ

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ချာတူချတ် ဈေးအနီးရှိ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျခဲ့ပြီး ဧပြီလ ၁၉ ရက်နေ့ နံနက်အထိ သေဆုံးသူ ၄၇ ဦး၏ ရုပ်အလောင်းများရရှိခဲ့ကြောင်း ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ဘန်ကောက်မြို့ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျခဲ့ရာတွင် စုစုပေါင်း လူ ၁ဝ၃ ဦး ထိခိုက်ခဲ့ကြောင်း ဘန်ကောက်မြို့တော်စီမံအုပ်ချုပ်ရေးအဖွဲ့ (BMA) ကထုတ်ပြန်ခဲ့သည်။ ၎င်းတို့အနက် ဧပြီလ ၁၉ ရက်နေ့ထိ ၄၇ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ၅၇ ဦး မှာ ပျောက်ဆုံးနေဆဲဖြစ်သည်။ သေဆုံးသူ ၄၇ ဦး၏ ရုပ်အလောင်းများအနက် မြန်မာလူမျိုး ဘယ်နှစ်ဦးပါသည်ကို တိတိကျကျ အတည်မပြုနိုင်သေးဘဲ လျော်ကြေးရရှိဖို့

Read More
သတင်း

ဘန်ကောက် ပြိုကျအဆောက်အအုံတွင် သေဆုံးသည့် မြန်မာ ၂ ဦးအား သင်္ဂြိုဟ်

လျော်ကြေး လက်ခံမည့် မိသားစုဝင်များ အထောက်အထား အခက်အခဲဖြစ်နေ ။ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ချာတူချတ် ဈေးအနီးရှိ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျခဲ့သည်။ ဧပြီလ ၁၆ ရက်နေ့ အထိ သေဆုံးသူ ၄၄ ဦး၏ ရုပ်အလောင်းများရရှိခဲ့ကြောင်း ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ သေဆုံးသူ ၄၄ ဦး အနက် မြန်မာ ၂ ဦး၏ ရုပ်အလောင်းများ ထုတ်ယူကာ ဘုန်းတော်ကြီးကျောင်းတွင် သင်္ဂြိုဟ် ပြီးစီးပြီး ဖြစ်ကြောင်း ထိုင်း-မြန်မာ ဘာသာပြန်/ စကားပြန်များအသင်း (TMIA) ဝင်တစ်ဦးက Migrant Times ကိုပြောကြားသည်။ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျမှုတွင် သေဆုံး ထိခိုက်ခဲ့သည့် မြန်မာများ၏ လျော်ကြေးရရှိရေး လက်ခံမည့်

Read More
သတင်း

မဲဆောက်တွင် ဘာသာပေါင်းစုံ ဆုတောင်းပွဲကျင်းပ

ထိုင်းနိုင်ငံ၊မဲဆောက်မြို့တွင် ဘာသာပေါင်းစုံ မေတ္တာပို့ ဆုတောင်းပွဲနှင့် စတုဒိသာ အလှူပွဲကို ယနေ့ကျင်းပခဲ့သည်။ ဆုတောင်းပွဲကို MOM တွင်ကျင်းပခဲ့ပြီး မတ်လ ၂၈ ရက်နေ့တွင် ငလျင်ဒဏ် ကြောင့်အသက် သေဆုံးသူများ မိသားစု၀င်များအတွက် ဆုတောင်း မေတ္တာပို့သခဲ့ကြသည်။ (ဓာတ်ပုံသတင်း) Photo-MOM

Read More
သတင်း

ထိုင်းသင်္ကြန် ၅ ရက်အတွင်း လမ်းမတော်တဆမှုကြောင့် ၁၇၁ ဦး သေဆုံး

ထိုင်းသင်္ကြန် (ဆွန်ခရမ်ပွဲတော်)ကျင်းပသည့် ၅ ရက်အတွင်း လမ်းမတော်မတော်တဆမှုကြောင့် သေဆုံးသူ ၁၇၁ ဦးရှိလာကြောင်း ထိုင်းသတင်းများတွင် ယနေ့ဖော်ပြသည်။ ဧပြီလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ထိုင်းသင်္ကြန် ပထမငါးရက်အတွင်း ထိုင်းနိုင်ငံတစ်ဝှမ်း၌ လမ်းမတော်တဆမှု ၁,၂၁၆ ကြိမ် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၇၁ ဦး သေဆုံးခဲ့ကာ ၁,၂ဝ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လမ်းလုံးခြုံရေးစင်တာက ထုတ်ပြန်သည်။ ထိုင်းနိုင်ငံတွင် ဆွန်ခရန်ပွဲတော်ကျင်းပသည့် ဧပြီလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိကာလအား လမ်းမတော်တဆမှု ဖြစ်ပွားနိုင်သည့်အတွက် “ အန္တရာယ်ရှိသော ခုနစ်ရက်” အဖြစ်သတ်မှတ်ထားသည်။ လမ်းမတော်တဆမှုများတွင် အမြန်နှုန်းသတ်မှတ်ချက်ထက် ပိုမိုမောင်းနှင်ခြင်းနှင့် အရက်သောက်ပြီး ယာဉ်မောင်းခြင်းတို့က အဓိက အကြောင်းရင်းများဖြစ်ကြောင်း လမ်းလုံးခြုံရေးစင်တာက ထုတ်ပြန်သည်။ ယနေ့ ဧပြီလ

Read More
သတင်း

မြန်မာနယ်စပ် တိုက်ပွဲကြောင့် ထိုင်းလုံခြုံရေး တိုးမြှင့်

ကရင်ပြည်နယ်တွင် တိုက်ပွဲပြင်းထန်နေသည့်အတွက် ထိုင်းတပ်မတော်မှ ထိုင်း-မြန်မာနယ်စပ်၌ လုံခြုံရေးတိုးမြှင့်ထားကြောင်း ထိုင်းသတင်းအရ သိရသည်။ ထိုင်း-မြန်မာနယ်စပ်မှ ၄၂ ကီလိုမီတာ အကွာ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ထိုင်းတပ်မတော်သည် တက်ခ်ပြည်နယ်ရှိ ထိုင်း-မြန်မာနယ်စပ်တလျှောက် လုံခြုံရေးတိုးမြှင့်နေခြင်းဖြစ်သည်။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ကမ်းနီစံပြကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဧပြီလ ၁၅ ရက်နေ့ နံနက်တွင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၄ ဦးအပါအဝင် ၆ ဦးသေဆုံးခဲ့ကြောင်း ကရင်အခြေစိုက် သတင်းများတွင်ဖော်ပြသည်။ ဌင်းအပြင် ယနေ့ ဧပြီလ ၁၆ ရက်နေ့ နံနက်တွင်လည်း စစ်ကောင်စီတပ်က ကျုံဒိုးမြို့နယ် ကျေးရွာများအား ဗုံးကြဲတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။ Photo – Khaosod

Read More
သတင်း

တောင်ငူမြို့အနီးတွင် ငလျင်လှုပ် မန္တလေးတွင် မိုးသည်းထန်ပြီး အဆောက်အအုံအချို့ ထပ်ပြို

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၏ အနောက်မြောက်ဘက် (၄) မိုင်ခန့် အနက် ၁ဝကီလိုမီတာတွင် အင်အားပမာဏ ၃.၄ ရစ်(ခ်)တာစကေး ရှိ ငလျင်တစ်ခု ယနေ့ ဧပြီလ ၁၆ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီ ၄၂ မိနစ်၌ လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်သည်။ မန္တလေးမြို့အနီးတွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ပြီးနောက် ဧပြီလ ၁၆ ရက်နေ့ နံနက်အထိ နောက်ဆက်တွဲ ငလျင် ၁၃၅ ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုး၊ဇလထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အင်အားပြင်း ငလျင်ဒဏ် အဆိုးဆုံးခံရသည့် မန္တလေးမြို့တွင် ဧပြီလ ၁၅ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ငလျင်ဒဏ်ထိ အဆောက်အအုံအချို့ ထပ်ပြိုခဲ့ကြောင့် မြို့ခံများက ပြောကြားသည်။ မန္တလေးမြို့တွင်

Read More
သတင်း

မဟာချိုင်တွင် သင်္ကြန်လည်သည့် မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်ပြီး တစ်ဦး သေဆုံး

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင် မဟာချိုင်မြို့နယ်တွင် ဧပြီလ ၁၄ ရက်နေ့က သင်္ကြန်လည်သည့် မြန်မာလူမျိုး အချင်းချင်း စကားများရာမှ ဓားထိုးမှုဖြစ်ကာ တစ်ဦးသေဆုံးခဲ့ကြောင်း ထိုင်း Siamrath သတင်းတွင်ဖော်ပြသည်။ မျက်မြင်များ၏ အဆိုအရ ယမန်နေ့ ဧပြီလ ၁၄ ရက်နေ့ ညနေ ၃ နာရီခန့်က မဟာချိုင်မြို့နယ် ဝီလ ၁၅ လမ်းထိပ်တွင် ရေကစားနေသည့် လူငယ်များက လမ်းလျှောက်လာသည့် အမျိုးသမီးတစ်ဦးအား မျက်နှာကို ပေါင်ဒါများဖြင့်သုပ်လိမ်းခဲ့ကြောင်း၊ အမျိုးသမီးနှင့်ပါလာသူများက ထိုလူငယ်များနှင့်စကားများရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အမျိုးသမီးနှင့်ပါလာသူများက ဓားထုတ်ကာ လိုက်လံတိုက်ခိုက်သဖြင့် သေဆုံးသူသည် ဝီလ ၁၇ လမ်းသို့ ထွက်ပြေးခဲ့ရာ ခြေချော်၍ လဲကျသွားခဲ့ရာမှ ဓားဒဏ်ရာများဖြင့် သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။ သေဆုံးသူသည် အသက် ၂၆ နှစ်အရွယ်

Read More
သတင်း

အရက်သောက်ပြီး ကားမောင်းမှု အများဆုံးအဖြစ် ချင်းမိုင် နံပတ် ၁ ချိတ်

ချင်းမိုင်မြို့နယ်သည် ထိုင်းသင်္ကြန်ကာလ ၃ ရက်တာအတွင်း အရက်သောက်ပြီး ကားမောင်းမှုအများဆုံး ခရိုင်အဖြစ် နံပါတ် ၁ နေရာတွင် ရပ်တည်နေကြောင်း အကျင့်စာရိတ္တထိန်းသိမ်းရေး ဦးစီးဌာနက ထုတ်ပြန်သည်။ ဆုန်ခရမ် သင်္ကြန်ပွဲတော်ကာလ ပထမ ၃ ရက်ဖြစ်သည့် ဧပြီလ ၁၁ ရက်မှ ၁၃ ရက်အတွင်း စုစုပေါင်းမှုခင်း ၁,၅၇၉ မှုရှိခဲ့ပြီး “ ချင်းမိုင်” သည် အရက်သောက်ပြီး ကားမောင်းမှုအများဆုံးခရိုင်အဖြစ် နံပါတ် ၁ နေရာတွင် ရပ်တည်ခဲ့ခြင်းဖြစ်သည်။ သင်္ကြန်ပွဲတော်ကာလ ပထမ ၃ ရက်အတွင်း စုစုပေါင်းမှုခင်း ၁,၅၇၉ မှုရှိပြီး လူပေါင်း ၁၅ ဦးအား အီလက်ထရောနစ် စောင့်ကြပ်ကြည့်ရှုသည့် ကိရိယာ (EM)တပ်ဆင်ခဲ့သည်။ ယင်းအမှုများတွင် အရက်သောက်ပြီး ကားမောင်းမှု ၁,၄၇၂ မှု

Read More