September 24, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Myanmar

သတင်း

ထိုင်းတောင်ပိုင်း ဆူရင်ကျွန်းတွင် မြန်မာကုန်တင်သင်္ဘောတစ်စီး နစ်မြုပ်

ထိုင်းနိုင်ငံတောင်ပိုင်း ၊ ဖန်ငခရိုင် ဆူရင်ကျွန်းအမျိုးသားဥယျာဉ်အနီးတွင် မြန်မာကုန်တင်သင်္ဘောတစ်စီးသည် သောင်တင်နစ်မြုပ်ခဲ့ပြီး ထိုင်းရေတပ်မှ ကူညီကယ်ဆယ်ခဲ့ကြောင်း ထိုင်းသတင်းတွင်ဇွန်လ ၂ ရက်၌ တွင်ဖော်ပြသည်။ ယမန်နေ့ ဇွန်လ ၁ ရက်နေ့၊ နံနက် ၁၀ နာရီတွင် မြန်မာအလံလွှင့်ထူထားသော ဧရာလင်း ကုန်တင်သင်္ဘော သည် ဆူရင်အမျိုးသားဥယျာဉ်မြောက်ဘက်ရှိ အော့ချပ်ပင်လယ်အော်အနီးတွင် သောင်တင်နစ်မြုပ်ခဲ့သည်။ အဆိုပါသင်္ဘောသည် ရနောင်းပြည်နယ်၊ ကိုမောက်ဆိပ်ကမ်းမှ မေလ ၂၉ ရက်နေ့တွင် တရားဝင်ထွက်ခွာခဲ့ကြောင်း၊ မြန်မာနိုင်ငံ၊ ကော့သောင်းသို့ထွက်ခွာခဲ့ပြီး ထို့နောက် မြိတ်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ရာ သင်္ဘော၏ ဝမ်းဗိုက်တွင် အပေါက်တစ်ပေါက်ကို တွေ့ရှိရသဖြင့် အနီးဆုံးကမ်းခြေသို့ ဦးတည်မောင်းနှင်ခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။ ထို့နောက် ဆူရင်ကျွန်းအမျိုးသားဥယျာဉ်မြောက်ဘက်ရှိ အော့ချပ်ပင်လယ်အော်တွင် သင်္ဘောသောင်တင်နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး ထိုင်းရေတပ်တာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်ရန်နှင့် သင်္ဘောနှင့် သင်္ဘောသားများအား ကူညီကယ်ဆယ်ခဲ့သည်။ ဇွန်လ

Read More
သတင်း

ထိုင်း-မြန်မာ နယ်စပ် မယ်ဆိုင်တွင် မြန်မာသုံးဘီးယာဉ်ပေါ်မှ သေနတ်တုများဖမ်းမိ

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ဆိုင်စစ်ဆေးရေးဂိတ်တွင် တာချီလိတ်ဘက်သို့ပြန်လည် ဝင်ရောက်မည့်မြန်မာ သုံးဘီးယာဉ်ပေါ်မှ သေနတ်အတု(imitation firearms) ၂၅ လက်ကို သိမ်းဆည်းရမိခဲ့ကြောင်း Maesai press သတင်းတွင် ယမန်နေ့(ဇွန်လ ၁)ဖော်ပြသည်။ မေလ ၃၁ ရက်၊ ညနေ ၆ နာရီခန့်၌ မယ်ဆိုင် အမှတ် ၁ နယ်စပ်ဂိတ်ရှိ ယာဉ်စစ်ဆေးရေးဂိတ်၌ တာဝန်ရှိသူများက ရှမ်းပြည်နယ်၊ တာချီလိတ်မြို့လိုင်စင်နံပါတ်ပါရှိသည့် သုံးဘီးဆိုင်ကယ်တစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ရာမှတွေ့ ရှိခဲ့ကြောင်း သိရသည်။ ၎င်းသုံးဘီးဆိုင်ကယ်ကို တာချီလိတ်မြို့နယ်နေ အသက် ၃၄ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးက မောင်းနှင်ပြီး အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ရှေ့ခန်းတွင် လိုက်ပါစီနင်းခဲ့သည်ဟု သိရသည်။ သုံးဘီးဆိုင်ကယ်နောက်ဘက်တွင် အဖြူရောင် ကောက်ရိုးအိတ်တစ်လုံးကို တွေ့ရှိခဲ့ပြီး ၎င်းအိတ်အတွင်း၌ စက္ကူပုံးတစ်ပုံးတွင်းထည့်ထားသည့် သေနတ်အတု စုစုပေါင်း

Read More
သတင်း

ချင်းမိုင်ရှိ အလုပ်ရုံတွင် မြန်မာ ၃ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့ရှိ အလုပ်ရုံတစ်ခုတွင် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးအား တရားမဝင် ဝင်ရောက်လုပ်ကိုင်မှုဖြင့် မေလ ၂၆ ရက်နေ့၌ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ မြန်မာနိုင်ငံသား ၃ ဦးသည် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ကာ ချင်းမိုင်မြို့တွင် ၂ ရက်ကြာ အလုပ်လုပ်ကိုင်နေချိန်တွင် ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ ချင်းမိုင်မြို့နယ် ၊ ဆန်ဆိုင်းရှိ အလုပ်ရုံနှင့်လုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေး စုံစမ်းစစ်ဆေးရေး အရာရှိများက စစ်ဆေးစဉ်အတွင်းဖမ်းမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသူ သုံးဦးသည် နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခဲ့ပြီး ချင်းမိုင်တွင် အလုပ်ရှာဖွေခဲ့ကြောင်း ၊ တစ်ရက်လျှင် ဘတ် ၃ဝဝ ဖြင့် စက်ရုံတစ်ခုတွင် နှစ်ရက်ကြာ အလုပ်လုပ်ကိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံဝန်ခံခဲ့ကြသည်။

Read More
သတင်း

“ဘဘ အဲဒီလူကြီးကို သေမိန့်ပေးပါ”

– ထူးချစ် ၂ဝ၁၆ အောက်တိုဘာလလောက်ဟု ထင်မှတ်နေ၏။ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်၊ တာကွာပါမြို့ရဲ့ ပြည်သူ့ဆေးရုံကြီး အမျိူးသမီးဆောင်ကို ဝင်လိုက်တာနဲ့ အဝင်တံခါးကပ်ရပ်က ကုတင်ပေါ်မှာ ဆေးပိုက်တန်းလန်းနဲ့ (၉)နှစ်အရွယ် မိန်းကလေးက “ဘဘ အဲလူကြီးကို သေမိန့်ပေးပါ”လို့ ထားဝယ်သံနဲ့ ကျနော့်ကို ဆီးကြိုပြောနေတဲ့ အသံဖြစ်ပါတယ်။ ကလေးငယ်လေးရဲ့ ဘေးမှာ မိဘနှစ်ဦးနဲ့ ဆွေမျိုးသားချင်းတွေလို့ ထင်ရတဲ့ သူတွေက ဝိုင်းရံထားတာတွေ့ရပါတယ်။ ပညာရေးနဲ့ ဖွံ့ဖြိုးတိုက်တက်ရေးဖောင်ဒေးရှင်း(FED)က ဆရာ၊ဆရာမ အချို့နဲ့ ဝန်ထမ်းတွေလည်းတွေ့ရ၏။ ကလေမလေးရဲ့ အားကိုးတကြီးမျက်နှာ၊ နာကျည်းခံပြင်းတဲ့ ပုံစံ ၊ ကျန်းမာရေးအရ အားလျော့ နွမ်းလျနေတဲ့ မျက်နှာလေးနဲ့ ကျနော့်ကို အားကိုးတကြီး တောင်းဆိုနေတဲ့ မြင်ကွင်းကို အခု ၉ နှစ်ကြာတဲ့အထိ မေ့မရသေးပါဘူး။ ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်နေပါတယ်။ လူအုပ်ကြားထဲကပဲ

Read More
သတင်း

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့တွင် ရေကြီးမှုကြောင့် ခိုလှုံရေး စခန်းများဖွင့်

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့တွင် မေလ ၂၃ ရက်ညက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရပ်ကွက်အများစု ရေကြီးနေပြီး ရေဘေးခိုလှုံရေးစခန်း ၄ ခုဖွင့်လှစ်ခဲ့ရကြောင်း ထိုင်းနေးရှင်းသတင်းတွင်ဖော်ပြသည်။ တစ်ညလုံး မိုးရွာသွန်းမှုကြောင့် မြစ်ရေလျှံကာ ရပ်ကွက်အများစု ရေနစ်မြုပ်ခဲ့ပြီး နေထိုင်သူများအား သန်းခေါင်ယံတွင် ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။ မယ်ဆိုင်မြို့တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်အရ မေလ ၂၄ ရက်နေ့ ၊နံနက်အစောပိုင်း ၂ နာရီခန့်မှစ၍ မြစ်ရေသည် ရေတား တံတိုင်းများကို ကျော်လွန်ကာ ထမ့်ဖာဂျွန်ရွာ၊ စိုင်းလုံဂျွိုင်းဈေး၊ နွိုင်မောင်းဒန်ဈေး၊ မောင်းဒန်ရပ်ကွက်နှင့် မိုင်လုံခွန်ရပ်ကွက်တို့အပါအဝင် နေရာများစွာ ရေနစ်မြုပ်ခဲ့သည်။ ရေကြီးရေလျှံမှုသည် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး အချို့နေရာများတွင် ရေအနက် ၀.၅ မှ ၁ မီတာအထိ ရှိခဲ့သည်။ နေအိမ်များစွာ ရေထဲမြုပ်ခဲ့ရပြီး

Read More
သတင်း

ဘန်ကောက်မြို့တွင် အစားအသောက်များရောင်းချနေသည့် မြန်မာ ၇ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ လူစည်ကားရာ ခေါင်ဆန်လမ်းနှင့် ရမ်ဘတ်ထရီလမ်းများတွင် လမ်းဘေးအစားအသောက်များရောင်းချနေသည့် မြန်မာနိုင်ငံသား ၇ ဦးနှင့် တူရကီနိုင်ငံသား ၁ ဦးအား ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် မေလ ၂၁ ရက်နေ့က ဖော်ပြသည်။ လူဝင်မှုကြီးကြပ်ရေးဌာန အမှတ် ၁ နှင့် ချာနာဆွန်ခရမ် ရဲစခန်းတို့ ပူးပေါင်းကာ ဘန်ကောက်မြို့ရှိ ခရီးသွားများလာရောက်သည့် နေရာများတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများ ဖမ်းဆီးနှိမ်နင်းမှု စီမံချက်အတွင်း ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လမ်းပေါ်တွင် အစားအသောက်များ ရောင်းချနေသည့် ရိုတီ၊ ကာဘော့၊ ရေခဲမုန့်၊ သစ်သီးဖျော်ရည်စသည့် ဆိုင်ခန်းများအား စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသား ၇ ဦး အား ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်မှု၊ပတ်စ်ပို့မရှိဘဲ တရားမဝင် ဝင်ရောက်လာမှုနှင့် အလုပ်လုပ်ကိုင်ခွင့် ပါမစ်များ သက်တမ်းတိုးရန်

Read More
သတင်း

ချန်းရိဖိနပ်စက်ရုံ အလုပ်သမားများတောင်းဆိုသည့် နေ့စဉ်ကြေးရရှိ

ရန်ကုန်တိုင်း ၊ လိူင်သာယာမြို့နယ်၊ ချန်းရိ Adidas ဖိနပ်စက်ရုံရှိ အလုပ်သမား ၆ဝဝဝ ကျော် ဆန္ဒပြတောင်းဆိုခဲ့သည့် တစ်ရက်လျှင် လုပ်အားခ ၁၂ဝဝဝကျပ် ရရှိရေးကို စက်ရုံနှင့်ညှိနှိုင်းနိုင်ခဲ့ကြောင်း အလုပ်သများများက တစ်တော့ လူမှုကွန်ရက်တွင် ရုပ်သံဖိုင်နှင့်တကွ မေလ ၂ဝ ရက်နေ့ညနေတွင်ဖော်ပြသည်။ ချန်းရိ Adidas ဖိနပ်စက်ရုံရှိ အလုပ်သမား ၆ဝဝဝ ကျော်က မေလ ၁၄ ရက်နေ့မှစတင်ကာ ဒေးကြေး(နေ့စဉ်ကြေး)တိုးမြှင့်ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်ပြီး တစ်ပတ်အကြာ မေလ ၂ဝ ရက်နေ့တွင် စက်ရုံနှင့်ညှိနှိုင်းနိုင်ခဲ့ခြင်းဖြစ်သည်။ ဒေးကြေး(နေ့စဉ်ကြေး)ကို ၅၂ဝဝ ကျပ်မှ ၅၈ဝဝ ကျပ်၊ ထောက်ပံကြေး ၃၈ဝဝ ကျပ်၊ အစိုးရ ထောက်ပံကြေး ၂ဝဝဝ ကျပ် ၊ ဆန်ဖိုးဆီဖိုး ၄ဝဝ ကျပ် သတ်မှတ်ပေးခဲ့သည့်အတွက်

Read More
သတင်း

ချန်းရိဖိနပ်စက်ရုံအလုပ်သမားများ ဆက်လက်ဆန္ဒထုတ်ဖော်

ရန်ကုန်တိုင်း ၊ လိူင်သာယာမြို့နယ်ရှိ ချန်းရိ Adidas ဖိနပ်စက်ရုံရှိ အလုပ်သမားများ လုပ်ခလစာတိုးမြှင့်ရရှိရေးအတွက် မေလ ၁၉ ရက်နေ့တွင် ဆက်လက် ဆန္ဒပြနေကြသည်။ တစ်ရက်လျှင် လုပ်အားခ ၁၂ဝဝဝကျပ် ရရှိရေး အလုပ်သမားထောင်ချီက ဆန္ဒပြတောင်းဆိုနေကြကြောင်း အလုပ်သမားတစ်ဦးက တစ်တော့ လူမှုကွန်ရက်တွင် ရုပ်သံဖိုင်နှင့်တကွ တင်ထားသည်။ ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့မှစတင်ကာ ချန်းရိဖိနပ်စက်ရုံ အလုပ်သမား ၆ဝဝဝ ကျော်သည် လုပ်ခလစာတိုးမြှင့်ရရှိရေး ဆန္ဒပြနေခြင်းဖြစ်သည်။ အလုပ်သမားများ၏ ဆန္ဒပြမှုအပေါ် မေလ ၁၈ ရက်နေ့တွင် စက်ရုံဘက်မှ တစ်ရက်လျှင် စုစုပေါင်း လုပ်အားခ ၈၅ဝဝ ကျပ်ဝန်း ကျင်တိုးပေးမည်ဟု စက်ရုံအလုပ်သမားကိုယ်စားလှယ်အချို့နှင့် သဘောတူညီမှု စာချုပ်များ ချုပ်ဆိုခဲ့သည်။ သို့သော်လည်း စာချုပ်ချုပ်ဆိုသည့် စက်ရုံအလုပ်သမားကိုယ်စား လှယ်အချို့သည်အလုပ်သမား အားလုံး၏

Read More
သတင်း

ထိုင်း-မြန်မာနယ်စပ်တွင် တရားမဝင်ဝင်ရောက်သည့် မြန်မာ ၉ ဦးဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းတွင် ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၉ ဦးကို ဖမ်းမိခဲ့ကြောင်း ရာချာမာနူးတပ်ခွဲ (Rachamanu Task Force) မှ သိရသည်။ ရာချာမာနူးမှ တပ်သားများသည် ယနေ့ မေလ ၁၈ ရက်နေ့တွင် တာ့ခ်ခရိုင် (Tak Province)၊ ဖုတ်ဖရားမြို့နယ်၊ ဗယ်လီကျေးရွာအုပ်စု ၊ ဗန်ဗယ်လီမြောက်ရွာအနီး၌ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများ မှောင်ခိုသယ်ယူလာသည့် ယာဉ်တစ်စီးကို ကြားဖြတ်ဟန့်တားခဲ့ပြီး အသက် ၁၉ နှစ်မှ ၃၆ နှစ်ကြား မြန်မာနိုင်ငံသား ၉ ဦးနှင့် အသက် ၂၉ နှစ်အရွယ် ထိုင်းယာဉ်မောင်းတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းကရေးသားသည်။ ယာဉ်မောင်းမှ မြန်မာနိုင်ငံသားများကို ဘန်မော်ကဲထိုင်း (Ban Mor Ker Thai) ရှိ နယ်စပ်အနီးမှ

Read More
သတင်း

မလေးရှားတွင် မြန်မာ ၁ဝ ဦးအပါအဝင် နိုင်ငံခြားသား ၁၄၃ ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ ရှော့ပင်းမောလ်တစ်ခုတွင် တရားမဝင်အလုပ်လုပ်ကိုင်နေသည့် မြန်မာ ၁ဝ ဦးအပါအဝင် နိုင်ငံခြားသား ၁၄၃ ဦးကို မေလ ၁၇ ရက်နေ့၌ ဖမ်းဆီးခဲ့ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန (JIM) မှသိရသည်။ ဝင်ရောက်စီးနင်းမှုအတွင်း နိုင်ငံခြားသားများသည် အိမ်သာများထဲ၌ ပုန်းအောင်းခြင်း၊ လှေကားအောက်များတွင် ပုန်းအောင်းခြင်းအပြင် ထွက်ပြေးရန် ကြိုးစားခဲ့ကြကြောင်း သိရသည်။ ထို့အပြင် ဖမ်းဆီးခံရသည့် နိုင်ငံခြားသား အများစုမှာ ကုန်တိုက်တွင် ပစ္စည်းဝယ်ရန် လာရောက် လည်ပတ်ခြင်းသာဖြစ်သည်ဟု ဆင်ခြေများ ပေးခဲ့ကြောင်းသိရသည်။ လူဝင်မှုကြီးကြပ်ရေး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ Jefri Embok Taha ကစုစုပေါင်း နိုင်ငံခြားသား ၁၄၃ ဦးကို ၁၉၅၉/၆၃ ခုနှစ် လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ပြစ်မှုအမျိုးမျိုးဖြင့် ထိန်းသိမ်းခဲ့ကြောင်း ပြောကြားသည်။ ၎င်း၏

Read More