ထိုင်း-မြန်မာနယ်စပ်တွင် တရားမဝင်ဝင်ရောက်သည့် မြန်မာ ၉ ဦးဖမ်းဆီးခံရ
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းတွင် ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၉ ဦးကို ဖမ်းမိခဲ့ကြောင်း ရာချာမာနူးတပ်ခွဲ (Rachamanu Task Force) မှ သိရသည်။ ရာချာမာနူးမှ တပ်သားများသည် ယနေ့ မေလ ၁၈ ရက်နေ့တွင် တာ့ခ်ခရိုင် (Tak Province)၊ ဖုတ်ဖရားမြို့နယ်၊ ဗယ်လီကျေးရွာအုပ်စု ၊ ဗန်ဗယ်လီမြောက်ရွာအနီး၌ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများ မှောင်ခိုသယ်ယူလာသည့် ယာဉ်တစ်စီးကို ကြားဖြတ်ဟန့်တားခဲ့ပြီး အသက် ၁၉ နှစ်မှ ၃၆ နှစ်ကြား မြန်မာနိုင်ငံသား ၉ ဦးနှင့် အသက် ၂၉ နှစ်အရွယ် ထိုင်းယာဉ်မောင်းတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းကရေးသားသည်။ ယာဉ်မောင်းမှ မြန်မာနိုင်ငံသားများကို ဘန်မော်ကဲထိုင်း (Ban Mor Ker Thai) ရှိ နယ်စပ်အနီးမှ
