စမွတ်စခွန်ခရိုင်ရှိ မြန်မာကလေးငယ်များ တက်ရောက်နေသည့် ရွှေ့ပြောင်းကျောင်းများကို စစ်ဆေးမည်
ထိုင်းနိုင်ငံ ၊ စမွတ်စခွန်ခရိုင်ရှိ မြန်မာကလေးငယ်အများစု တက်ရောက် သင်ကြားနေသည့် ရွှေ့ပြောင်းကျောင်း(ရွှေ့ပြောင်းကလေးငယ်များ သင်ယူရေးစင်တာ)များကို မေလ ၁၇ ရက်နေ့မှ စတင်၍ စစ်ဆေးမည် ဖြစ်ကြောင်း စမွတ်စခွန်ခရိုင်လူထုဆက်ဆံရေးရုံးမှ တရားဝင်ထုတ်ပြန်သည်။ စမွတ်စခွန်ခရိုင်ရှိ ရွှေ့ပြောင်းကျောင်းများသည် ဥပဒေအရ ခွင့်ပြုထားခြင်းမရှိပါက အသုံးပြုထားသည့်အဆောက်အဦးကို ချက်ချင်းပိတ်သိမ်းမည်ဟု ထုတ်ပြန်ချက်ကဆိုသည်။ သင်ကြားရေးစင်တာရှိ ဝန်ထမ်းများသည် ရာဇဝတ်မှုတစ်ခု ကျုးလွန်ထားကြောင်းတွေ့ရှိပါက ဥပဒေအရ အရေးယူမည်ဖြစ်ပြီး ဗီဇာကို ရုတ်သိမ်းကာ အမည်ပျက်စာရင်းသွင်းခြင်း ခံရမည်ဟုလည်းဆိုသည်။ ရွှေ့ပြောင်းကျောင်းများတွင် ကလေးငယ်များအား ကျောင်းတက်ခိုင်းထားပါက ဥပဒေအရ မှန်ကန်သော ပညာရေးစနစ်အသုံးပြုသည့် ကျောင်းများတွင် ဝင်ရောက်ပြောင်းရွှေ့ရန် စမွတ်စခွန်ခရိုင်လူထုဆက်ဆံရေးရုံးမှ ထုတ်ပြန်သည်။ စမွတ်ဆာခွန် ခရိုင် အစည်းအဝေးခန်းမ၌ ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် စမွတ်ဆာခွန်ပြည်နယ်ရှိ ရွှေ့ပြောင်းကလေးများ သင်ကြားရေးစင်တာများဆိုင်ရာ ပြဿနာဖြေရှင်းရေး
