September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Thailand

သတင်း

ချင်းမိုင်တွင် အလုပ်‌ပြောင်း စာရင်းမတင်သည့် မြန်မာ ၂ ဦးကို ဖမ်းဆီး

ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့တွင် အလုပ်အမျိုးအစား စာရင်းတင်ပို့ရန် ပျက်ကွက်သည့် မြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနမှထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့တွင် CMPIO စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ချင်းမိုင်မြို့၊ချန်းမွိုင်ရပ်ကွက်၊ မောင်းဆာမွတ် လမ်းမပေါ်ရှိ လုပ်ငန်းခွင်များကို စစ်ဆေးခဲ့ပြီး အုန်းသီးဆိုင်ရှိ မြန်မာနိုင်ငံသား၂ ဦးကို ဖမ်းဆီးခဲ့ကြောင်းသိရသည်။ ၎င်းတို့အား “အလုပ်လုပ်ရန် ခွင့်ပြုချက်ရရှိထားသော်လည်း အလုပ်စတင်ဝင်ရောက်သည့်နေ့မှ ရက်ပေါင်း ၁၅ ရက်အတွင်း အလုပ်ရှင်၊ အလုပ်ခွင်တည်နေရာနှင့် အလုပ်အမျိုးအစားတို့ကို မှတ်ပုံတင်အရာရှိထံ အကြောင်းကြားရန် ပျက်ကွက်ခြင်း” ဟူသော စွဲချက်ဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနကဆိုသည်။ မြန်မာနိုင်ငံသား၂ ဦးသည် ထိုင်းအလုပ်ရှင်နှင့် တရားဝင် အလုပ်လုပ်ခွင့်ရှိကြောင်း ဝန်ခံခဲ့ကြသည်။ ၎င်းဆိုင်တွင် ၁ နှစ်ခန့် အလုပ်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး အလုပ်ရှင်နှင့် အလုပ်ခွင်

Read More
သတင်း

မဲဆောက် မြန်မာလက်ဖက်ရည်ဆိုင်တွင် မြန်မာ ၄ ဦးနှင့်ထိုင်း ၁ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ၊ မဲဆောက်မြို့တွင်ဖွင့်လှစ်ထားသည့် မြန်မာလက်ဖက်ရည်ဆိုင်တွင် တရားမဝင် ဝင်ရောက်နေထိုင်သည့် မြန်မာ ၃ ဦးနှင့် အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ လုပ်ကိုင်နေသည့် မြန်မာတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးမှ ယနေ့(ဇွန် ၂၄)ထုတ်ပြန်သည်။ ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့ နံနက် ၁ဝ နာရီခွဲခန့်တွင် တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရေးဌာန နှင့်အလုပ်အကိုင်ရှာဖွေရေးရုံးတာဝန်ရှိသူများသည် မဲဆောက်မြို့၊ ချစ်လုံလမ်းရှိ တမာတော(၂) လက်ဖက်ရည်နှင့်စားသောက်ဆိုင်ကို စစ်ဆေးခဲ့ပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုစစ်ဆေးမှုအတွင်း ထိုင်းနိုင်ငံသူ မစ္စ မုဒ်ဒါကို အလုပ်လုပ်ခွင့်ပါမစ်မရှိသည့် နိုင်ငံခြားသားကို အလုပ်ခန့်ထားခြင်း ဖြင့်ဖမ်းဆီးခဲ့ကြောင်း ၊ ၎င်းဆိုင်တွင် အသက် ၃၉ နှစ်အရွယ် မြန်မာနိုင်ငံသား တစ်ဦးကို အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ လုပ်ကိုင်ခြင်းဖြင့်ဖမ်းဆီးခဲ့ကြောင်း ၊ ထို့ပြင် မြန်မာနိုင်ငံသား

Read More
သတင်း

မဲဆောက်တွင် မြန်မာ ၁ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ၊ မဲဆောက်မြို့တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာ ၁ ဦးနှင့် နိုင်ငံခြားသားတစ်ဦးကို ဇွန်လ ၂၃ ရက်နေ့၊ နံနက်တွင်ဖမ်းမိခဲ့ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်သည်။ ယမန်နေ့ နံနက် ၁ဝ နာရီခွဲခန့်တွင် တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံး စုံစမ်းစစ်ဆေးရေးမှူးများသည် မြန်မာနိုင်ငံသား အသက် ၂၅ နှစ်အရွယ် တစ်ဦးနှင့် နိုင်ငံခြားသားတစ်ဦးကို မဲဆောက်မြို့နယ်၊ အင်သရာခီရီလမ်းမပေါ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဥပဒေအရ အရေးယူနိုင်ရန် မဲဆောက်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။ အလားတူ ဇွန်လ ၂၂ ရက်နေ့တွင် မဲဆောက်မြို့ရှိ အသက် ၄၃ နှစ်အရွယ်ထိုင်းနိုင်ငံသားကို နေအိမ်တွင်လာရောက်တည်းခိုသည့် မြန်မာနိုင်ငံသားတစ်ဦးအား ၂၄ နာရီအတွင်း လူဝင်မှုကြီးကြပ်ရေးရုံး သို့သတင်းပေးပို့ခဲ့ခြင်းမရှိသည့်အတွက် အရေးယူရန် ဖမ်းဆီးခဲ့ကြောင်း တာ့ခ်ခရိုင်

Read More
သတင်း

“အသက် ၄၇ ဆိုပေမယ့် ကျွန်တော် အားမလျှော့ဘူး”

ထိုင်းနိုင်ငံ မဲဆောက်မြို့သည် မြန်မာနိုင်ငံ မြဝတီမြို့ တစ်ဖက်ကမ်းရှိ နယ်စပ်မြို့ဖြစ်ပြီး မြန်မာရွှေ့ပြောင်းအများစု အခြေချရာဒေသဖြစ်သည်။ မဲဆောက်မြို့ကျောင်းပြင်ပ ပညာရေးရုံး အောက်ရှိ သင်ကြားရေးစင်တာများတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများ အပါအဝင် မြန်မာရွှေ့ပြောင်းကျောင်းသားများနှင့် သက်ကြီးပိုင်းကျောင်းသားများလည်း တက်ရောက်နေကြသည်။ ထိုင်းပညာရေးဝန်ကြီးဌာနမှ ထုတ်ထားသည့် သင်ရိုးညွန်းတန်းများဖြင့် သင်ကြားချိန် နာရီ ၂ဝဝ သင်ကြားပေးနေပြီး ရွှေ့ပြောင်းကျောင်းသား ၈ဝဝ ခန့်တက်ရောက်နေကြကြောင်း မဲဆောက်မြို့ကျောင်းပြင်ပ ပညာရေးရုံး တာဝန်ခံကပြောသည်။ ထိုအထဲတွင် အသက် ၄၇ အရွယ် မြန်မာကျောင်းသား ကိုဇော်လည်းအပါအဝင်ဖြစ်သည်။ ကိုဇော်သည် မဲဆောက်မြို့ရှိ ကျောင်းပြင်ပ ပညာရေးစင်တာ ကောစောနော (Non Formal Education – Thai System)စင်တာတစ်ခုတွင် ထိုင်းမူလတန်း တက်ရောက်နေခြင်းဖြစ်သည်။ ရိုက်ကူး-Border Echo တည်းဖြတ် – Migrant

Read More
သတင်း

ထိုင်းကို တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၄၁ ဦး ကန်ချနာဘူရီတွင် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ၊ကန်ချနာဘူရီ၊ ထောင်းဖာဖုမ်ဒေသတွင် တရားမဝင်ဝင်ရောက်သည့် မြန်မာ နိုင်ငံသား ၄၁ ဦးကို ယနေ့ ဇွန်လ ၂၃ ရက်နေ့ နံနက် ၃ နာရီ ၅၀ မိနစ်တွင်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။ ယမန်နေ့ ဇွန်လ ၂၂ ရက်နေ့ ညပိုင်းတွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ သယ်ဆောင်မည့်ကားတစ်စီး ဝင်ရောက်မည်ဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့များက သတင်းကြိုရပြီး သာခနွန့်ကျေးရွာအုပ်စု၊ အမှတ် ၄ ရွာရှိ ဝပ်ယူလုံးဘုန်းကြီးကျောင်းတွင် စောင့်ဆိုင်းခဲ့ကြသည်။ ယင်းသို့စောင့်ဆိုင်းနေစဉ် ယနေ့ နံနက် ၃ နာရီ ၄၀ မိနစ်ခန့်၌ အဖြူရောင် Isuzu ပစ်ကပ်ထရပ်ကားတစ်စီးသည် ထောင်းဖာဖုမ်လမ်းဆုံကို ဖြတ်ကျော်၍ ထောင်းဖာဖုမ်အဝိုင်းပတ်သို့ အရှိန်ပြင်းစွာ မောင်းနှင်နေသည်ကို တွေ့ရှိခဲ့သည်။ စစ်ဆေးရေးအဖွဲ့က ရပ်တန့်ရန် တားသော်လည်း

Read More
သတင်း

ထိုင်းရှီရှားဆိုင်တွင် မြန်မာအမျိုးသမီး၂ ဦးဖမ်းဆီးခံရပြီး ပြန်ပို့ခံရမှာ စိုးရမ်ပြီး ငိုကြွေးခဲ့

ထိုင်းနိုင်ငံ၊ ကိုဖန်ငန်ကျွန်းရှိ တရားမဝင် ရှီရှားရောင်းချနေသည့် ဆေးခြောက်ဆိုင်တစ်ဆိုင်ကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီး၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။ မြန်မာအမျိုးသမီး၂ ဦး အနက် တစ်ဦးသည် မြန်မာနိုင်ငံသို့ ပြန်ပို့ခံရနိုင်သည့်အတွက် ငိုကြွေးခဲ့ကြောင်း သတင်းအရသိရသည်။ သူမသည် ယခင်ကလည်း အဆိုပါရဲများ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ပြည်နှင်ဒဏ်ပေးခံရမည်ကို စိုးရိမ်ခဲ့ခြင်းဖြစ်သည်။ ဒေသခံများ၏ တိုင်ကြားမှုများအရ ခရီးသွားရဲတပ်ဖွဲ့သည် ဇွန်လ ၁၉ ရက်နေ့ ညနေပိုင်းတွင် ပန်တစ်ပ်ဈေးဧရိယာရှိ ဆေးခြောက်ဆိုင်တစ်ဆိုင်ကို ဝင်ရောက်စစ်ဆေးခဲ့သည်။ အဆိုပါဆိုင်သည် ခရီးသွားဧည့်သည်များထံသို့ တရားမဝင် ရှီရှား ရောင်းချသည့် ဘားအဖြစ် လျှို့ဝှက်ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်းသိရသည်။ စီးနင်းမှုအတွင်း ရဲအရာရှိများသည် ၎င်းဆိုင်တွင် မြန်မာအမျိုးသမီးနှစ်ဦး အလုပ်လုပ်နေသည်ကို တွေ့ရှိခဲ့ရသည်။ အသက် ၄၁ နှစ်အရွယ် မစန္ဒာ သည် ဆိုင်အတွင်းရှိ

Read More
သတင်း

ဖူးခက်မြို့ရှိ မြန်မာလုပ်သား ၁၅ ဦး၏ လစာများပြန်ရ

ထိုင်းနိုင်ငံ၊ဖူးခက်မြို့၊ပါခွတ်ခရိုင် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား ၁၅ ဦးအား စက်ရုံမှ လုပ်ခလစာ ၄ဝ ရက်စာရှင်းပေးခြင်းမရှိသည့်အပေါ် ပြန်လည်ရရှိအောင် ကူညီပေးခဲ့ကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့မှ သိရသည်။ မြန်မာအလုပ်သမားများသည် PJ စာအုပ် ၊ CI စာအုပ် NAME LIST စာရွက်ကိုင်ဆောင်ထားသူများဖြစ်ပြီး ထိုစက်ရုံတွင်အလုပ်လုပ်နေသည်မှာ (၁) နှစ်ခန့်ရှိပြီဖြစ်သည်။ စက်ရုံသူဌေးမှ မြန်မာအလုပ်သမားများ၏ ၄ဝ ရက်စာ လုပ်ခလစာ စုစုပေါင်း ဘတ်ငွေ ၂၆ဝ,ဝဝဝ ဝန်းကျင်ကို မရှင်းပေးသည့်မပြင် သက်တမ်းတိုးခ တစ်ဦးလျှင် ဘတ်ငွေ ၁၅,ဝဝဝ စီကောက်ခံခဲ့ပြီးစာရွက်စာတန်းများကို ပေးခြင်းမရှိကြောင်း အလုပ်သမားများကပြောသည်။ ၎င်းတို့၏လုပ်အားခနှင့် စာရွက်စာတန်းကိစ္စကို လာရောက်ကူညီဖြေရှင်းဖို့ ကူညီတောင်းခံမှုကြောင့်WAG အလုပ်သမားမဟာမိတ်အဖွဲ့နှင့် ပညာရေးနှင့်ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း – FED တာဝန်ရှိသူတို့က ဇွန်လ ၂ဝ

Read More
သတင်း

မဲဆောက်မြို့တွင် ထိုင်းများ၏အလုပ်များ လုပ်ကိုင်သည့် မြန်မာများကို အရေးယူခဲ့ဟုဆို

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ၊ မဲဆောက်မြို့နယ်တွင် သုံးဘီးဆိုင်ကယ်မောင်းသည့် မြန်မာနိုင်ငံသား များနှင့် ထိုင်းလူမျိုးတို့၏ အလုပ်အကိုင်များဖြစ်သည့် ဆံပင်ညှပ်ဆိုင်များ၊ ကော်ဖီဆိုင်များနှင့် ကုန်စုံဆိုင်များအပါအဝင် ဆိုင်ပေါင်း ၁၀၀ ကျော်ကိုစစ်ဆေး အရေးယူခဲ့ကြောင်း ထိုင်းအစိုးရ CCTV ထိန်းချုပ်ရေးဌာနက ဇွန်လ ၂ဝ ရက်နေ့တွင်ထုတ်ပြန်သည်။ မဲဆောက်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးအရာရှိများ၊ အလုပ်သမားရှာဖွေရေးအရာရှိများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများသည် မဲဆောက်မြို့ရှိ ဈေးကြီးနှင့် အခြားနေရာများတွင် ခရီးသည်ပို့ဆောင်ခြင်းနှင့် ကုန်ပစ္စည်းပို့ဆောင်ခြင်းများ လုပ်ကိုင်နေသည့် မြန်မာလူမျိုး သုံးဘီးဆိုင်ကယ်မောင်းသူများကို ရှင်းလင်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်ဟုဖော်ပြထားသည်။ ဒေသခံပြည်သူများက လူမှုကွန်ရက်မီဒီယာများမှတစ်ဆင့် ထိုင်းလူမျိုးတို့၏ အလုပ်အကိုင်များကို လုယူလုပ်ကိုင်နေသော နိုင်ငံခြားသားများကို နှိမ်နင်းဖမ်းဆီးပေးရန် တောင်းဆိုပြီးနောက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ စစ်ဆေးရေးတာဝန်ရှိသူများက မှန်ကန်သော အလုပ်လုပ်ကိုင်ခွင့်ပါမစ်များနှင့် လူဝင်မှုကြီးကြပ်ရေးပါမစ်များကို စစ်ဆေးခြင်းအပေါ် အဓိကထားခဲ့ကြောင်း

Read More
အလုပ်သမား သတင်း

ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ဘာတွေလိုအပ်မလဲ

– ထူးချစ် (FED) မြန်မာ့အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများအကြား ထိုင်း-မြန်မာ ဆက်ဆံရေးကို စနစ်တကျ လုပ်ဆောင်မှုများ အားနည်းနေသည်ကို တွေ့ရပါသည်။ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းအလိုက် ဆက်ဆံရေးများ ရှိခဲ့သော်လည်း ရေရှည်တည်တံ့သော “လှုပ်ရှားမှု” သဏ္ဌာန်ဖြင့် စနစ်တကျ ဆက်ဆံရေး တည်ဆောက်ခဲ့ခြင်းများ မတွေ့ရသေးပါ။ ပြီးခဲ့သည့်အပတ်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် “ထိုင်း-မြန်မာ ချစ်ကြည်ရေး ဆွေးနွေးပွဲနှင့် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု အလုပ်ရုံဆွေးနွေးပွဲ” သို့ တက်ရောက်ခဲ့ရာတွင် မိမိတို့၏ အဖွဲ့အစည်း အတွေ့အကြုံများအပေါ် အခြေခံ၍ ထိုင်း-မြန်မာဆက်ဆံရေးကို မည်သို့ ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးခဲ့ပါသည်။ အဓိက စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ ထိုင်း-မြန်မာ ဆက်ဆံရေးကို ခိုင်မာစွာ တည်ဆောက်လိုပါက မြန်မာများအနေဖြင့် ထိုင်းဘာသာစကားကို မဖြစ်မနေ သင်ယူရန် လိုအပ်ပါသည်။ ထိုင်းနိုင်ငံ၏

Read More
သတင်း

မဲဆောက်မြို့တွင် သုံးဘီးဆိုင်ကယ်မောင်းသည့် မြန်မာနိုင်ငံသား ၁၈ ဦးကိုဖမ်းဆီး

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ၊ မဲဆောက်မြို့နယ်တွင် သုံးဘီးဆိုင်ကယ်မောင်းသည့် မြန်မာနိုင်ငံသား ၁၈ ဦးကိုဖမ်းဆီးခဲ့ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံး စုံစမ်းစစ်ဆေးရေးဌာနမှထုတ်ပြန်သည်။ ယမန်နေ့ ၊ ဇွန်လ ၁၇ ရက်နေ့၊ နံနက်တွင် တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးတာဝန်ရှိသူများနှင့် ဒေသတွင်း လုံခြုံရေးအဖွဲ့များပူးပေါင်းကာ ၎င်းတို့တာဝန်ယူရသော နယ်မြေကို စစ်ဆေးခဲ့ပြီး သုံးဘီးဆိုင်ကယ်မောင်းနှင်သည့် မြန်မာနိုင်ငံသား ၁၈ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အဆိုပါ မြန်မာနိုင်ငံသားများကို ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံသို့ ဝင်ရောက်ပြီး နေထိုင်ခြင်း ၊ အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိဘဲ (သို့မဟုတ်) လုပ်ကိုင်ခွင့်ရှိသည့် အလုပ်အမျိုးအစားထက် ကျော်လွန်၍ အလုပ်လုပ်ကိုင်သည့် နိုင်ငံခြားသားဖြစ်ခြင်း (ပုဒ်မ ၈) ဟူသော စွဲချက်များဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးကဆိုသည်။ သုံးဘီးဆိုင်ကယ်မောင်းသည့် မြန်မာနိုင်ငံသား ၁၈ ဦးကို မဲဆောက်မြို့နယ်

Read More