September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Blog

သတင်း

ထိုင်းနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်သည့် မြန်မာအလုပ်သမား ၁ဝဝ ဦးကိုဖမ်းမိ

သြဂုတ် ၂၆ – Migrant Times ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၁ဝဝ ဦးကို ယမန်နေ့ သြဂုတ်လ ၂၅ ရက်၊ နေ့လယ်ပိုင်းတွင် ကန်ချပူရီခရိုင်၊ စံခလဘူရီ ၊ ပလန်းဖယ်ရပ်ကွက် တောင်ကုန်းပေါ်၌ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။ မြန်မာ အမျိုးသား ၆၂ ဦးနှင့် အမျိုးသမီး ၃၈ ဦး စုစုပေါင်း လူ ၁၀၀ ကို ခရီးဆောင်အိတ်များဖြင့် ဖမ်းဆီးခဲ့ပြီး စစ်ဆေးရေးဂိတ်သို့ ခေါ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။ ဘာသာပြန်တစ်ဦးကတစ်ဆင့် မေးမြန်းစစ်ဆေးမှုတွေအရ အလုပ်သမားများသည် မြန်မာနိုင်ငံရှိမြို့အသီးသီးမှဖြစ်ပြီး ဘုရားသုံးဆူတွင် စုဝေးခဲ့ကြကာ မြန်မာလမ်းပြတစ်ဦးငှားရမ်းပြီး နယ်စပ် လမ်းကြောင်းကနေတစ်ဆင့် ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ခဲ့ကြောင်းသိရသည်။ စံခလဘူရီသို့ရောက်ရန် ၄ ရက်ခန့်ခရီးနှင်ခဲ့ရပြီး ထိုင်းနိုင်ငံ၏ အတွင်းပိုင်းနေရာများရှိ

Read More
သတင်း

ထိုင်းတွင် သေနတ်ကိုင် မှုးယစ်ဆေးဝါးရောင်းနေသည့် မြန်မာ ၄ ဦးဖမ်းဆီးခံရ

ဩဂုတ် ၂၅ – Migrant Times ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင်၊ သာ့ဆောင်ယန်းမြို့နယ်(Tha Song Yang)တွင် သေနတ် ကိုယ်စီဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်နေသည့် မြန်မာနိုင်ငံသား ၄ ဦးအား ဖမ်းဆီးခဲ့ကြောင်း naresuan နယ်ခြားစောင့်တပ် တပ်ရင်း (၃၅)က ယနေ့ထုတ်ပြန်သည်။ သာ့ဆောင်ယန်းမြို့နယ်ရှိ နေရာနှစ်ခုတွင် ဖမ်းမိခြင်းဖြစ်ပြီး ပထမနေရာတွင် မြန်မာနိုင်ငံသား အသက် ၅၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို စိတ်ကြွဆေး ၂၂၁ လုံး၊ ဘိန်းဖြူ ၅၁ ထုပ် (၁၆၂ ဂရမ်)၊ လက်လုပ်သေနတ်တစ်လက်နှင့် ကျည် ၅ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ဒုတိယနေရာတွင် မြန်မာနိုင်ငံသား အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း

Read More
သတင်း အလုပ်သမား သတင်း

မြန်မာစျေးသည်တွေရန်ဖြစ်အပြီး မဲဆောက်စျေးကိုရဲဝင်ဖမ်း

ဩဂုတ် ၂၅ – Migrant Times ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင်၊ မဲဆောက်စျေး(Phacharoen)အတွင်းရှိ မြန်မာဈေးသည်များအား ယနေ့နံနက် (၆) နာရီဝန်းကျင်အချိန်တွင် ထိုင်းလူဝင်မှုကြီးကြပ်ရေး၊ အုပ်ချုပ်ရေးနှင့် ရဲတပ်ဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေး ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။ ယမန်နေ့(ဩဂုတ်လ ၂၄)ရက်နေ့တွင် မဲဆောက်စျေးအတွင်း မြန်မာစျေးသည်များ အချင်းချင်း အောဟစ်ကာ ခိုက်ရန်ဖြစ်ပွားခဲ့ကြသည့် ရုပ်သံဖိုင်သည် လူမှုကွန်ရက်တွင် ပျံနှံခဲ့ပြီး ထိုင်းလူမျိးများက ဝေဖန်မှုများပြုလုပ်ခဲ့သည်။ ထို့နောက် ယနေ့နံနက်တွင် ထိုင်းအာဏာပိုင်များက ဈေးလုံခြုံရေးအတွက်ဆိုကာ ဝင်ရောက်စစ်ဆေးခဲ့ပြီး ခိုက်ရန်ဖြစ်ပွားခဲ့ကြသည့် မြန်မာဈေးသည်များကို ဖမ်းဆီးကာဒဏ်ရိုက်ခဲ့ကြောင်း ထိုင်းသတင်းအချို့တွင်ဖော်ပြသည်။ ယနေ့ နံနက်ပိုင်း၌ ထိုင်းအာဏာပိုင်အဖွဲ့မှ ဝင်ရောက်စစ်ဆေးစဉ် ဈေးပတ်ဝန်းကျင်ရှိ အထောက်ထားမဲ့စျေးရောင်းသူများလည်း ဖမ်းဆီးခံရကာ စျေးဗန်းပစ္စည်းများလည်း သိမ်းဆည်းခဲ့ကြောင်း၊ အဖမ်းအဆီးများကြောင့် မဲဆောက်ဈေးတွင် လူရှင်းနေကြောင်း မဲဆောက်ဒေသခံ မြန်မာတစ်ဦးက ပြောကြားသည်။

Read More
သတင်း

တိုင်ဖွန်းမုန်တိုင်း ကဂျီကီ ကြောင့် ထိုင်းနိုင်ငံအနှံ့ မိုးသည်းထန်မည်

ဩဂုတ် ၂၅ မှ ၂၇ ရက်အတွင်း အရှေ့မြောက်ပိုင်းနှင့် မြောက်ပိုင်းပြည်နယ်များသတိပြုရန်ထုတ်ပြန် ‌ ဩဂုတ် ၂၅ – Migrant Times တောင်တရုတ်ပင်လယ်မြောက်ပိုင်း၌ရှိနေသည့် တိုင်ဖွန်းမုန်တိုင်း ကဂျီကီ(Kajiki)ကြောင့် ထိုင်းနိုင်ငံအနှံ့ မိုးသည်းထန်မည်ဖြစ်ကြောင်း ထိုင်းမိုးလေဝသဌာန (TMD) ကယနေ့ (ဩဂုတ်-၂၅) ထုတ်ပြန်သည်။ တိုင်ဖွန်းမုန်တိုင်း Kajiki သည် လက်ရှိတွင် တောင်တရုတ်ပင်လယ်မြောက်ပိုင်း၌ ရှိနေပြီး ဩဂုတ် ၂၅ ရက်နေ့တွင် ဗီယက်နမ်မြောက်ပိုင်းသို့ ကုန်းတွင်းဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။ ဩဂုတ် ၂၆ ရက် နံနက်ပိုင်းတွင် လာအိုနိုင်ငံသို့ ရွေ့လျားလာချိန်၌ အပူပိုင်းမုန်တိုင်းအဖြစ်သို့ အားပျော့သွားပြီးနောက် မုန်တိုင်းငယ်သို့ပြောင်းလဲသွားမည်ဖြစ်သည်။ ထို့နောက် မုန်တိုင်းသည် ပိုမိုအားပျော့ကာ အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ပြောင်းလဲသွားပြီး ဩဂုတ် ၂၆ ရက် ညနေပိုင်းတွင် နန်ပြည်နယ်မှတစ်ဆင့်

Read More
သတင်း အလုပ်သမား သတင်း

ဖူးခက်မှာ မြန်မာလူငယ်ဂိုဏ်းက ဆိုင်တစ်ဆိုင်ကို ဝင်ရောက်စီးနင်း

(သတင်းတို) ဩဂုတ် ၂၅ – Migrant Times ထိုင်းနိုင်ငံတောင်ပိုင်း၊ဖူးခက်မြို့တွင် မြန်မာလူငယ်ဂိုဏ်းတစ်ဂိုဏ်းက လက်နက်အပြည့်အစုံဖြင့် ခေါက်ဆွဲဆိုင်တစ်ဆိုင်ကို ဝင်ရောက်စီးနင်းခဲ့ကြောင်း Phuket Times သတင်းက ယနေ့(ဩဂုတ် – ၂၅)ဖော်ပြသည်။ လူငယ်ဂိုဏ်းသည် ရန်ငြိုးရှိသည့် အခြားပြိုင်ဘက်အဖွဲ့ကို တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော်လည်း မတွေ့ရှိခဲ့သည့်အတွက် ဆိုင်တွင်းရှိ ပစ္စည်းများကို ရိုက်ချိုးဖျက်ဆီးခဲ့ပြီး သေနတ်ထုတ်ပြကာ ခြိမ်းခြောက်သွားခဲ့ကြောင်း Phuket Times သတင်းက ယနေ့ဖော်ပြသည်။ Phuket Times ကဖော်ပြသည့် CCTV ဓာတ်ပုံတွင် ယမန်နေ့ ဩဂုတ်လ ၂၄ ရက်နေ့ည ၁ဝ နာရီ ၂၈ မိနစ်၌ လူငယ်အချို့အား ဆိုင်ကယ်နှစ်စီးဖြင့် ဆိုင်အနီးတွင် တွေ့ရသည်။ ဖြစ်စဉ်အသေးစိတ်ကို သတင်းကဖော်ပြထားခြင်းမရှိပါ။ ဖူးခက်မြို့တွင်

Read More
သတင်း

ချင်းမိုင်ကျုံးမှာ ငန်းကြည့်သူများ

(Photo News) ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျုံးရေသန့်ရှင်းရေးအတွက်ဟုဆိုကာ ငန်း(Geese) ၁ဝ ကောင်ကိုဩဂုတ်လ ၂၂ ရက်နေ့မှစ၍ မြို့တော်စည်ပင်က လာရောက်လွှတ်ထားခဲ့ပြီး ယနေ့ ညနေပိုင်းအထိ ယင်းငန်းများအား လာရောက်ကြည့်ရူကာ ဓာတ်ပုံရိုက်ကြသူများဖြင့် စည်ကားနေသည်။ ရေညှိနှင့်ရေမှော်ပပျောက်ရေးအတွက် ငန်းမွေးမြူသည့် ရှေ့ပြေးစီမံကိန်းကို ကျုံးအတွင်းရှိ ချင်းမိုင်ဂိတ်နှင့် Buak Hat ပန်းခြံတို့တွင် ထည့်သွင်း မွေးမြူစောင့်ကြည့်သွားမည်ဖြစ်ကြောင်း ချင်းမိုင်သတင်းများတွင်ဖော်ပြသည်။Photo – Cool Muang – คูลเมือง

Read More
သတင်း

ထိုင်းနိုင်ငံတွင် ကျောင်းသားဗီဇာ ၁ သောင်း နီးပါးကို ရုပ်သိမ်း

ဩဂုတ် ၂၃ ၊ Migrant Times ။ ထိုင်းနိုင်ငံတွင် ကျောင်းသားဗီဇာဖြင့် အလုပ်လုပ်ကိုင်မှုများအား နှိမ်နင်းရန်အတွက်ပညာရေးဆိုင်ရာ စံနှုန်းများဖြင့် မပြည့်မီသည့် နိုင်ငံခြားသား ၁ဝ,ဝဝဝနီးပါး၏ ကျောင်းသားဗီဇာများကို ရုပ်သိမ်းခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။ ၂ဝ၂၅ ခုနှစ်၊ မေလ ၁၄ ရက်နေ့မှ စတင်ပြီး ကာလတိုပရိုဂရမ်များတွင် စာရင်းပေးသွင်းထားသည့် ကျောင်းသားများ၏ ဗီဇာများကို ပယ်ဖျက်ရန်အတွက် အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုဝန်ကြီးဌာနက လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ကို အမိန့်ပေးခဲ့ကြောင်း သိရသည်။ အဆင့်မြင့်ပညာရေးဝန်ကြီး မစ္စဆူဒါဝမ်က ဝန်ကြီးဌာနသည် ကာလတိုပညာရေးအစီအစဉ်များဖြင့် ဗီဇာရယူထားသည့် နိုင်ငံခြားကျောင်းသားများကို စောင့်ကြည့်ရန် အတွက် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ပြည့်စုံသည့် အချက်အလက် ဒေတာဘေ့စ်စနစ်တစ်ခုကို တည်ဆောက်ခဲ့ကြောင်း ပြောကြားသည်။ စည်းမျဉ်းအသစ်များအရ သက်ဆိုင်ရာပညာရေးဌာနများက နိုင်ငံခြားကျောင်းသားများ ကျောင်းတက်ရောက်ခြင်းရှိမရှိကို ဝန်ကြီးဌာန၏

Read More
သတင်း

ဖူးခက်မြို့ အချုပ်ခန်းတွင် မြန်မာအမျိုးသမီးတစ်ဦး ကြိုးဆွဲချ အဆုံးစီရင်

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးရုံးတွင် ထိန်းသိမ်းခံထားရသည့် အသက် ၂၉ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးသည် သြဂုတ်လ ၂၂ ရက်နေ့ နံနက်အစောပိုင်းတွင် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။ ရဲတပ်ဖွဲ့၏ အတည်ပြုချက်အရ ဩဂုတ်လ ၂၂ ရက် နံနက် ၅:၀၃ နာရီတွင် မထိုက်ဒါလီအား ထိန်းသိမ်းရေးအခန်း၌ သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။ အခန်းတွင်းမှ CCTV မှတ်တမ်းများအရ မထိုက်ဒါလီသည် သူ၏ဘောင်းဘီကို ထိန်းသိမ်းရေးအခန်းသံတိုင်များတွင် ချည်နှောင်ပြီး ကြိုးဆွဲချခဲ့သည်ကို ပြသနေကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ရဲတပ်ဖွဲ့က ပြသသည့် CCTV ပုံတွင် မထိုက်ဒါလီသည် ထိန်းသိမ်းရေးအခန်းသံတိုင်များတွင် ကြိုးဆွဲချထားသည်ကို တွေ့ရကြောင်း The Phuket News ကဖော်ပြသည်။ ဖူးခက်မြို့ ရဲတပ်ဖွဲ့၏ အစီရင်ခံစာအရ မဒါလီကို သြဂုတ်လ

Read More
သတင်း

မြန်မာအပါ တရားမဝင် နေထိုင်သူ ၁ဝဝ ကျော်အား မလေးရှားက ပြန်ပို့

မလေးရှားနိုင်ငံတွင် တရားမဝင် နေထိုင်သည့် မြန်မာနိုင်ငံသားများအပါအဝင် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံသား ၁၂ဝ ဦးအား ဩဂုတ်လ ၁၉ ရက်နှင့် ၂၁ ရက်များတွင် မှုရင်းနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ပဟန်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်သည်။ ၎င်းတို့အား လေကြောင်းခရီးစဉ်များဖြင့် ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဒါကာ၊ လာဟိုး၊ ဖနွမ်းပင်၊ ဟိုချီမင်း၊ တီရုချီရာပါလီနှင့် ရန်ကုန်မြို့များသို့ ပြန်ပို့ခဲ့ခြင်း ဖြစ်သည်။ ပြန်ပို့ခံရသူများမှာ ၁၉၅၉/၆၃ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနှင့် ၁၉၆၃ လူဝင်မှုကြီးကြပ်ရေး နည်းဥပဒေများအရ ပြစ်မှုအမျိုးမျိုးကျူးလွန်ခဲ့သဖြင့် ပြစ်ဒဏ်ကျခံပြီးစီးခဲ့သည့် ကေမာရန်လူဝင်မှုကြီးကြပ်ရေးဌာန၏ ထိန်းသိမ်းခံများ ဖြစ်ကြောင်း ပဟန်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်သည်။ Photo – JIM Pahang

Read More
အသိပညာပေး

အလုပ်ရှင်ပြောင်းလဲရန် မူရင်းအလုပ်ရှင်မှ ထုတ်ပေးရသော ဘိုင်ကျန့်အော် စာရွက်မလို‌တော့

ရွေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်ရှင်ပြောင်းလဲရာတွင် မူရင်းအလုပ်ရှင်ထံမှ ဘိုင်ကျန့်အော် စာရွက် မလိုတော့ကြောင်း နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲမှုရုံးမှ သြဂုတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည် အစိုးရအေဂျင်စီ၊ အလုပ်အကိုင်ဌာန၊ နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲမှုရုံး၊ တယ်လီဖုန်း ၀ ၂၂၄၅ ၂၅၄၃ရုံးစာအမှတ် ၀၃၁၆.၂/ဒဗလျူ ၂၀၂၅၀၄ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၀ ရက် ‘အလုပ်ရှင်ပြောင်းလဲရန်အတွက် ထောက်ခံစာရွက်စာတမ်းများ တောင်းခံခြင်းနှင့်ပတ်သက်၍အကြောင်းကြားခြင်း’ (ပြည်နယ်အလုပ်အကိုင်ရုံးများနှင့် ဘန်ကောက်အလုပ်အကိုင်ရုံးများ၏ ညွှန်ကြားရေးမှူးများ၊ ဘန်ကောက် ဧရိယာ ၁မှ၁၀အထိ) အလုပ်သမားနှင့်အလုပ်အကိုင်ရှာဖွေရေးဌာနသည် အလုပ်ရှင်များ/အဖွဲ့အစည်းများနှင့် နိုင်ငံခြားသားများထံမှတိုင်ကြားချက်များ/မကျေနပ်ချက်များ လက်ခံရရှိထားပြီး၊ ပြည်နယ်အလုပ်အကိုင်ရုံးနှင့်ဘန်ကောက်အလုပ်အကိုင်ရုံးအချို့သည် နိုင်ငံခြားသားများနှင့် အလုပ်ရှင်ပြောင်းလဲမှုကိုအကြောင်းကြားရန်သွားရောက်သည့်အခါတိုင်းသက်ဆိုင်ရာဌာနအဖွဲ့အ စည်းများမှ အလုပ်ရှင်များကို နိုင်ငံခြားသားအလုပ်သမားများ၏ယခင်အလုပ်ရှင်မှအလုပ်ထွက်ခွင့်အကြောင်းကြားစာနှင့် သက်သေစာရွက်စာတမ်းများကို တောင်းခံနေကြသည်ကိုသိရပါသည်၊ သို့ဖြစ်၍ အလုပ်သမားနှင့်အလုပ်အကိုင်ရှာဖွေ ရေးဌာနအနေဖြင့်နိုင်ငံခြားသားအလုပ်အကိုင်စီမံခန့်ခွဲမှု ဆိုင်ရာ တော်ဝင်အမိန့်ကြေငြာချက် ဘီအီး ၂၅၆၀

Read More