September 25, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Blog

နေပြည်တော်က ရေဘေးသင့်အလုပ်သမား ၁၀၀၀နီးပါးကို ထောက်ပံ့ငွေ ပေးမယ်လို့ဆို

ဇန်နဝါရီ ၁၁ရက်၊ အရုဏ်ဦး နေပြည်တော်ကောင်စီနယ်မြေအတွင်းက ရေဘေးသင့်ခဲ့တဲ့ လူမှုဖူလုံရေးအာမခံလုပ်သား ၁,၀၀၀ နီးပါးအတွက် ထောက်ပံ့ငွေအကျိုးခံစားခွင့်ထုတ်ပေးသွားမယ်လို့ စစ်ကောင်စီခန့်အလုပ်သမားဝန်ကြီးဦးမြင့်နောင်က ပြောပါတယ်။ ပြီးခဲ့တဲ့မိုးတွင်းက ရာဂီတိုင်ဖုန်းမုန်တိုင်းအရှိန်ကြောင့် စက်ရုံများပိတ်သိမ်းခဲ့ရတာကြောင့် အဲဒီစက်ရုံတွေမှာ လုပ်ကိုင်နေတဲ့အာမခံအလုပ်သမားတွေကို ထောက်ပံ့ငွေ ၄၀ရာခိုင်နူန်းထုတ်ပေးသွားမှာလို့ ဆိုပါတယ်။ အဲဒီ ထောက်ပံ့ငွေအကျိုးခံစားခွင့်ရှိတဲ့အလုပ်သမား ၉၇၁ဦးရှိပြီး ကျပ် ၇၁သန်းကျော် ထုတ်ပေးသွားဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ရာဂီတိုင်ဖုန်းမုန်တိုင်းရဲ့အရှိန်ကြောင့် နိုင်ငံတဝန်းရေကြီးနစ်မြုပ်တာတွေ ဆိုးရွားစွာဖြစ်ပေါ်ခဲ့ပေမယ့် လက်ရှိမှာ နေပြည်တော်​က စက်ရုံလုပ်သားတွေကိုပဲ ထောက်ပံ့ငွေထုတ်ပေးတာလည်းဖြစ်ပါတယ်။ နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ လူမှုဖူလုံရေးအာမခံလုပ်သား ၂၇,၀၀၀ကျော်ရှိပြီး အလုပ်သမား ၉၇၁ကပဲ အဲဒီထောက်ပံ့ငွေခံစားခွင့်ပြုတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူမှုဖူလုံရေးအာမခံလုပ်သား ၁ဒဿမ၂သန်းကျော်ရှိပြီး ကျန်းမာရေးအတွက် ကုသမှုခံယူဖို့ အခက်အခဲတွေရှိတယ်ဆိုကာဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ လူမှုဖူလုံရေးအဖွဲ့အနေနဲ့ ပြီးခဲ့တဲ့အရပ်သားအစိုးရလက်ထက်က ကိုဗစ်ကာလမှာ အာမခံလုပ်သားတွေကို အလားတူထောက်ပံ့ငွေထုတ်ပေးခဲ့တဲ့ဖြစ်စဥ်တွေ ရှိခဲ့ပါတယ်။ နေပြည်တော်ကောင်စီနယ်မြေအတွင်းမှ ရေကြီးရေလျှံမှုများကို ၂၀၂၄

Read More

ထိုင်းနိုင်ငံကလေးများနေ့ကို ထိုင်းအစိုးရစာသင်ကျောင်းများနှင့် မြန်မာရွှေ့ပြောင်းကျောင်းတွေမှာ ကျင်းပပြုလုပ်

ဇန်နဝါရီ ၁၁ရက်၊ မောင်နေ့သစ်၊Migrant Times ထိုင်းနိုင်ငံ ကလေးများနေ့ကို ထိုင်းအစိုးရစာသင်ကျောင်းတွေမှာကျင်းပပြုလုပ်သလို မြန်မာရွှေ့ပြောင်းစာသင် ကျောင်းတွေမှာလည်း နှစ်စဥ်ကျင်းပပြုလုပ်ကြပါတယ်။ ထိုင်းတောင်ပိုင်း ဖန်ငခရိုင်အတွင်းက FED မှ ဖွင့်လှစ်ထားတဲ့ ULC ကျောင်းမှာလည်း ထိုင်းနိုင်ငံကလေးများနေ့ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ “သမီးက ထိုင်းကိုဒီနှစ်မှာရောက်တာပါ မြန်မာနိုင်ငံမှာတော့ ၈တန်းထိ ကျောင်းတတ်ခဲ့တယ်။ ဒီကိုရောက်တော့ မြန်မာစာသင်ကျောင်းတွေရှိတာနဲ့ ၉တန်းကို ဆက်တတ်ဖြစ်ခဲ့တယ်။ ဒီနေ့သမီးတို့တတ်နေတဲ့ကျောင်းမှာ ထိုင်းနိုင်ငံကလေးများနေ့ကို ကျင်းပပြုလုပ်တယ်။ ဒီမှာပြုလုပ်တဲ့ ကလေးများနေ့က ပျော်ဖို့ကောင်းတယ်။ ဂိမ်းတွေ၊ ပြိုင်ပွဲတွေ၊ ကလေးတွေရဲ့ အကဖျော်ဖြေမှုတွေအပြင် စားစရာတွေလည်းကျွေးတယ်။ မြန်မာနိုင်ငံမှာလုပ်တဲ့ကလေးများနေ့ကျတော့ ကျပမ်းစကားပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ ဒါတွေပဲလုပ်တော့ သိပ်တော့ပျော်ဖို့မကောင်းဘူး ဒီကျောင်းမှာက ပျော်ဖို့ကောင်းတယ်၊ အငယ်တန်းလေးတွေကနေ အကြီးတန်းတွေအထိ အားလုံးတန်းတူပျော်ရွှင်မှုရရှိတယ်လို့ နဝမတန်းမှာ တတ်ရောက်နေတဲ့ မရွှန်းလဲ့ခင်” က Migrant Times

Read More

ထိုင်းရောက် မြန်မာတွေ ဖျော်ရည်လုပ်နည်းသင်တန်း တက်ရောက်နိုင်

ဇန်နဝါရီ ၁၀ ရက်၊ Migrant Times ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအတွက် ဖျော်ရည်လုပ်နည်းသင်တန်း ဖွင့်လှစ်ပေးမယ်လို့ Beam Education Foundation က ကြေညာထားပါတယ်။ ဇန်နဝါရီလ ၂၅ ရက်ကနေ မတ်လ ၃၀ ရက်အထိ သင်တန်းဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းဝင်ခွင့်လျှောက်လွှာကို ဇန်နဝါရီလ ၂၁ ရက် နောက်ဆုံး လျှောက်ထားနိုင်ကြောင်း သိရပါတယ်။ #migranttimes #myanmarworker #BreakingNews #migrants #news #Myanmar #vocationaltraining

Read More
အလုပ်သမား သတင်း

ယာဥ်တိုက်မှု့ကြောင့် သေဆုံးခဲ့သည့် အသက် ၈ နှစ်အရွယ် မြန်မာရွှေ့ပြောင်းကျောင်းသား တစ်ဦး၏ နာရေး (ရုပ်/သံ)

ဇန်နဝါရီလ ၈ရက်၊ မောင်နေ့သစ်၊Migrant Times ထိုင်းတောင်ပိုင်း၊ ဖန်ငခရိုင် ထပ်လမုကျေးရွာအတွင်းက မြန်မာရွှေ့ပြောင်းကျောင်းသား ကလေးငယ် ၃ ဦးကို ဇန်နဝါရီလ ၅ရက်နေ့ ညနေပိုင်းက ထိုင်းလူမျိုးတစ်ဦးမောင်းနှင်သည့် ကားတစ်စီးကဝင်တိုက်ခဲ့ပါတယ်။ အဆိုပါကလေးငယ်များသည့် မုန့်သွားဝယ်စားမည်ဟု မိဘများအားပြောပြီး ကျေးရွာအနီးပြုလုပ်သည့် ပွဲတော်တစ်ခုသို့ စက်ဘီးစီးနင်း၍သွားရာမှ အရှိန်ဖြင့် မောင်းနှင်လာသည့် ကားတစ်စီးကဝင်တိုက်ခဲ့၍ တစ်ဦးသေဆုံးခဲ့ပါတယ်။ သေဆုံးသွားသည့် ကလေးငယ်မှာ အသက် ၈နှစ်အရွယ် မောင်ကြယ်စင်ဟိန်းဆိုသူဖြစ်ပြီး ယနေ့နေ့လည်ပိုင်းမှာ ရွှေမြန်မာ မဟာဒုတ်ဘုန်းကြီးကျောင်းမှာ မီးသင်္ဂြိုလ်ခဲ့ပါတယ်။ #migranttimes #BreakingNews #news #migrants #myanmarworker #Myanmar #children #documentary

Read More
အလုပ်သမား သတင်း

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်မှာ တရားမဝင်မြန်မာလုပ်သား ၂၅ ဦး ဖမ်းဆီးခံရ

ဇန်နဝါရီ ၈ ရက်၊ Migrant Times ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာတဲ့ မြန်မာလုပ်သား ၂၅ ဦးကို တာ့ခ်ခရိုင်မှာ မနေ့ညက ဖမ်းဆီးခံခဲ့ရပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ တရားမဝင် နည်းလမ်းနဲ့ ဝင်ရောက်လာတာဖြစ်ပြီး သူတို့ကို ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်မှာ မနေ့ည ၈ နာရီလောက်က ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။ အမျိုးသမီး ၉ ဦး၊ အမျိုးသား ၁၆ ဦးပါဝင်ပြီး သူတို့ကို တရားမဝင်အလုပ်သမားတင်ပို့သူတွေက နယ်စပ်ကနေ ခေါ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ ကိုးကား၊ ဓာတ်ပုံ- Khaosod News

Read More
အလုပ်သမား သတင်း

ဂျပန်နိုင်ငံမှာ အသက် ၂၂ နှစ်အရွယ် ချင်းကျောင်းသူတစ်ဦး ယာဉ်မတော်တဆမှုကြောင့် သေဆုံး

ဇန်နဝါရီ ၈ ရက်၊ Migrant Times ဂျပန်နိုင်ငံ၊ Oita, Beppu မြို့၊ Asia Pacific University မှာ နိုင်ငံတကာဆက်ဆံရေး (International Relations) ဒုတိယနှစ်တက်နေတဲ့ အသက် ၂၂ နှစ်အရွယ် ချင်းကျောင်းသူ Lia Dim Sian Muang Thaw ဟာ ဇန်နဝါရီလ ၅ ရက်က ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားတယ်လို့ ဂျပန်နိုင်ငံရောက် ချင်းအသိုင်းအဝိုင်းကနေ သိရပါတယ်။ ” ဈေးဝယ်ဖို့ ဆိုင်ကယ်နဲ့သွားနေတဲ့ အချိန် ကားက အနောက်ကနေ တိုက်သွားတာလို့ ကနဦးသိရပါတယ်။ တခြား အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ဈာပနကိစ္စကို ချင်းလူမှုအဖွဲ့အစည်းတွေ စည်းဝေးနေဆဲလို့ သိရပါတယ်။ ဂျပန် စီးယင်း မိသားစုက အိမ်ရှင် တာဝန်ယူဆောင်ရွက်မယ်လို့

Read More
အလုပ်သမား သတင်း

ထိုင်းနိုင်ငံသားတစ်ဦးကို မြန်မာရွှေ့ပြောင်းအလုပ်သမားများက ထိုးကြိတ်မှုဖြစ်ပွားခဲ့

ဇန်နဝါရီ ၈ရက်၊ မောင်နေ့သစ်၊Migrant Times စမွတ်ဆာခွန်ခရိုင်၊ မူယန်မြို့နယ်၊ ထာ့ဆိုင်ကျေးရွာရှိ ဝပ်ခေါင်ခု စာသင်ကျောင်းအနီးတွင် ပြုလုပ်သည့် ခေါင်ခုပွဲတော်အတွင်းရှိ စတိတ်ရှိုးစင်ရှေ့ ကခုန်နေသည့် ထိုင်းနိုင်ငံသား ၁ ဦးမှ စတိတ်ရှိုးစင်အနီးရှိ မြန်မာနိုင်ငံသားတစ်ဦး၏ ခြေထောက်ကို မတော်တဆနင်းမိခဲ့ပါတယ်။ အဆိုပါဖြစ်စဥ်သည် ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၂ရက်နေ့ ညပိုင်းတွင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ခြေထောက်တတ်နင်းသည့် ထိုင်းနိုင်ငံသား ၁ ဦးကို မြန်မာရွှေ့ပြောင်းအလုပ်သမား ၆ဦး ထိုးကြိတ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။ ပြစ်မှုကျူးလွန့်သည့်မြန်မာ ၆ ဦးကို အရေးယူပေးရန်အတွက် ထိုးကြိတ်ခံရသည့် ထိုင်းနိုင်ငံသားမှ သက်ဆိုင်နယ်မြေရဲစခန်းသို့ တိုင်ကြားခဲ့တယ်လို့လည်းသိရပါတယ်။ ထိုင်းရဲတပ်ဖွဲ့က CCTV မှတ်တမ်းတွေကို ပြန်လည်စစ်ဆေးခဲ့ပြီး သံသယရှိသူတွေရဲ့ နေအိမ်ကို ခြေရာခံကာ မြန်မာနိုင်ငံသား ၆ ဦးစလုံးကို ဇန်နဝါရီလ ၇ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို

Read More
အလုပ်သမား သတင်း

ဒီဇင်ဘာလအတွင်း ပြည်ပအလုပ်အကိုင် အေဂျင်စီ ၆ခု ထပ်တိုး

ဇန်နဝါရီ ၇ရက် ၊အရုဏ်ဦး ဒီဇင်ဘာလအတွင်းမှာ ပြည်ပအလုပ်အကိုင်အေဂျင်စီအသစ် ၆ခု တိုးလာတယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ လက်ရှိမှာထပ်တိုးလာတဲ့ အေဂျင်စီ၆ခုအပါအဝင် ပြည်ပအလုပ်အကိုင်အေဂျင်စီ ၆၁၀ခုအထိရှိလာပြီး အေဂျင်စီ၄ခု မှာ လိုင်စင်ယာယီပိတ်သိမ်းအရေးယူခံထားရတယ်လို့ ဆိုပါတယ်။ ” ထပ်ပြီးဖွင့်လှစ်လုပ်ကိုင်ခွင့်တင်ထားတာတွေလည်းကျန်သေးတယ်။ စည်းကမ်းချက်တွေအတိုင်းလုပ်ကိုင်နိူင်မယ့်သူတွေကိုစီစစ်လုပ်ကိုင်ခွင့်ပေးနေတာ”လို့ အလုပ်သမားဝန်ကြီးဌာနအရင်းမြစ်တစ်ဦးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁မတိုင်ခင်က ပြည်ပအလုပ်အကိုင်အေဂျင်စီ ၃၀၀ လောက်သာရှိပြီး ဒီနှစ်ပိုင်းအတွင်းမှာ အေဂျင်စီအသစ်တွေတရှိန်ထိုးများလာတာ ဖြစ်ပါတယ်။ အဲဒီလို အေဂျင်စီတွေ ဖောင်းပွလာပေမယ့် အမှန်တကယ်လုပ်သားစေလွှတ်နိူင်တာ တဝက်လောက်ပဲရှိတယ်လို့ အေဂျင်စီလုပ်ငန်းရှင် တချို့က ဆိုပါတယ်။ “လိုင်စင်ယူထားပြီးတစ်လနေလို့အလုပ်သမားတစ်ယောက်မှမပို့နိုင်တာတွေအများကြီးရှိတယ်”လို့ အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ လက်ရှိမှာ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့လစဥ်စေလွှတ်ခဲ့တဲ့လုပ်သားဦးရေနဲ့ အလုပ်သမားက မိသားစုဆီငွေလွှဲပို့တဲ့စာရင်းအချက်အလက်တွေကိုသက်ဆိုင်ရာဌာနဆီပေးပို့ နေရပါတယ်။ ဒါ့အပြင် အလုပ်သမားကငွေလွှဲပို့စေရေးနဲ့စာချုပ်သက်တမ်းပြည့်ရင် စစ်မှုပြန်ထမ်းစေရေး အေဂျင်စီတွေက အလုပ်သမားနဲ့သဘောတူစာချုအ်ချုပ်ဆိုပြီး တာဝန်ခံထားရတယ်လို့လည်း အဲဒီလုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။ #migranttimes

Read More
အလုပ်သမား သတင်း

မြန်မာရွှေ့ပြောင်း ကျောင်းသားတစ်ဦး ယာဥ်မတော်တဆဖြစ်ပြီး သေဆုံး

ဇန်နဝါရီ ၇ ရက်၊ မောင်နေ့သစ်၊ Migrant Times ထိုင်းတောင်ပိုင်း၊ ထပ်လမုတံငါရွာက မြန်မာရွှေ့ပြောင်း ကလေးငယ် ၃ ဦးကို ကားတိုက်မိလို့ တစ်ဦး သေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသွားတဲ့ ကလေးငယ်ဟာ ထပ်လမုတံငါရွာ မြန်မာရွှေ့ပြောင်းကျောင်းက ပထမတန်းကျောင်းသား ဖြစ်ပါတယ်။ ” ကလေးတွေက ပွဲစျေးတန်းကို စက်ဘီးနဲ့သွားကြတာ။ အနောက်က ကားကဝင်တိုက်လိုက်တာ။ ကလေးက ၃ ယောက်ပါ။ တစ်ယောက် လွင့်ထွက်သွားတယ်။ တစ်ယောက်က ဒဏ်ရအပြင်းအထန်ရပြီး ဆေးရုံတင်ထားရတယ်။ တစ်ယောက်ကတော့ သေသွားတယ်။ သေဆုံးသွားတဲ့ကလေးက အသက် ၈ နှစ်၊ ပထမတန်းမှာ တက်နေတာ။ စိတ်ထဲလည်း မကောင်းဖြစ်မိတယ်” လို့ ကျောင်းတာဝန်ခံ ဦးဝင်းနိုင်က Migrant Times ကို ပြောပါတယ်။ သေဆုံးသွားတဲ့

Read More