September 25, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Blog

သတင်း

ငလျင်ကြောင့် ဘန်ကောက် အဆောက်အအုံ ပြိုကျမှု သေဆုံးသူထပ်တိုး

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ထိုင်းနိုင်ငံ၊ဘန်ကောက် မြို့ ချက်တူချက်ဈေးအနီးရှိ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျခဲ့ပြီး ဧပြီလ ၆ ရက်တွင် သေဆုံးသူ ၁၇ ဦးထိရှိလာကြောင်း ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်သည်။ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျမှုတွင် ပျောက်ဆုံးနေသူ ၁ဝ၃ ဦးရှိပြီး ဧပြီလ ၆ ရက်နေ့အထိ သေဆုံးသူ ၁၇ ဦး၏ ရုပ်အလောင်းများရှာဖွေတွေ့ရှိထားသည်။ အဆောက်အအုံအတွင်း ၇၇ ဦးကျန်ရှိနေနိုင်ပြီး ထိခိုက်ဒဏ်ရာရခဲ့သူ ၉ ဦးအား ဆေးရုံသို့ပို့ဆောင်ထားကြောင်း ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်သည်။ ငလျင်ကြောင့် စာရင်းစစ်ရုံး အဆောက်အအုံပြိုကျမှုအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၄ ဦးခန့် ပိတ်မိနေပြီး အလုပ်သမားများနှင့် မိသားစုဝင်များ အခွင့်အရေးများ ပြည့်ပြည့်ဝဝရရှိရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း

Read More
သတင်း

ငလျင်ကြောင့် သေဆုံးသူ ၃၅ဝဝ နီးပါးရှိလာ

စစ်ကိုင်းမြို့နှင့် မန္တလေးမြို့အနီးတွင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ရစ်(ခ်)တာစကေး (၇.၇) အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေးမြို့တွင် အဆိုးရွားဆုံး ထိခိုက်ပျက်စီးကာ လူသေဆုံးမှုများခဲ့သည်။ ယနေ့ ဧပြီလ ၆ ရက်နေ့ ၊ ငလျင်လှုပ်ခတ်ပြီး ၉ ရက်မြောက်ရှိချိန်တွင် နောက်ဆက်တွဲ ငလျင်ငယ်များကြောင့် ထိခိုက်ပျက်စီးမှုများ အပြီးသတ် ရှင်းလင်းနိုင်ခြင်းမရှိသေးပဲ အပျက်အစီးများ အောက်တွင် လူသေဆုံးမှုများ ဆက်ရှိနေသည်။ ဧပြီလ ၅ ရက်နေ့ ညမှစတင်ကာ ငလျင်ဒဏ်ထိခိုက်မှုများခဲ့သည့် စစ်ကိုင်း၊ မန္တလေးမြို့နယ်များတွင် ယနေ့ နံနက်အထိ မိုးသည်းထန်နေသည့်အတွက် လမ်းပေါ်ထွက်နေထိုင်နေကြရသည့် ငလျင်းဒုက္ခသည်များ အခက်အခဲကြုံနေပြီး ကယ်ဆယ်ရေးလုပ်ငန်းများ နှေင့်နှေးနေသည်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တရားဝင်ထုတ်ပြန်ချက်အရ မတ်လ ၂၈ ရက်နေ့တွင် အင်အားအလွန်ပြင်းထန်သော

Read More
အင်တာဗျူး

“မြန်မာဘက်ခြမ်းရောက်ရင် အလုပ်သမားတွေ စစ်သားစုဆောင်းခံရနိုင်တယ်”

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ၊ လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံသား ရွှေ့ပြောင်းလုပ်သားသမားများအား ဧပြီလ ၁ ရက်နေ့မှ မေလ ၁၅ ရက်နေ့ အထိ သင်္ကြန်ကာလ တစ်လခွဲကြာ အခမဲ့ဗီဇာကင်းလွတ်ခွင့်ဖြင့် ထိုင်းအစိုးရက ပြည်တော်ပြန်ခွင့်ပေးထားသည်။ ထိုင်းအစိုးရက ၂ဝ၁၂ နှစ်မှစပြီး သင်္ကြန်ကာလတွင် နှစ်စဉ် အခမဲ့ဗီဇာကင်းလွတ်ခွင့်ဖြင့် ဌင်းနိုင်ငံသားများအား ပြည်တော်ပြန်ခွင့်ပေးခဲ့သည်။ ယခုနှစ်တွင် မြန်မာနိုင်ငံပြန်မည့် ရွှေ့ပြောင်းလုပ်သားသမားများ အနေဖြင့် စစ်မှုထမ်းခံရနိုင်ခြင်း ငွေညစ်ခံရနိုင်ခြင်း ထိုင်းနိုင်ငံပြန်လည်ဝင်ရောက်ရန် ခက်ခဲခြင်းစသည့် စိန်ခေါ်မှုများရှိနေသည်။ မြန်မာနိုင်ငံပြန်မည့် ရွှေ့ပြောင်းလုပ်သားသမားများ ဘာတွေသတိထားရမလဲ၊ ဘာတွေရင်ဆိုင်ရနိုင်လဲနှင့်ပတ်သက်ပြီး ၂ဝဝ၃ ခုနှစ်မှ စတင်ကာ မြန်မာ ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်ပေးနေသည့် ထိုင်းအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးကို Migrant Times ကဆက်သွယ်မေးမြန်းထားသည်။

Read More
သတင်း

မင်းအောင်လှိုင်ကို ဘန်ကောက် မြန်မာသံရုံးရှေ့တွင် ဆန္ဒပြ

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ဧပြီလ ၄ ရက်နေ့ကကျင်းပခဲ့သည့် BIMSTEC ထိပ်သီး အစည်းအဝေးတက် ရောက်ခဲ့သည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ ဧပြီလ ၅ ရက်နေ့တွင် မြန်မာသံရုံးရှေ့၌ ထိုင်းလူငယ်အချို့က ဆန္ဒပြခဲ့သည်။ ထိုင်းအလုပ်သမားသမဂ္ဂများနှင့် မဟာမိတ်ကွန်ရက်ဝင်များပါဝင်သည့် လူငယ်အချို့က ‘မင်းအောင်လှိုင်’ ကို BIMSTEC အစည်းအဝေးသို့ ဖိတ်ကြားခြင်းကို ကန့်ကွက်ပြီး ထိုင်းနိုင်ငံအား ဆက်ဆံရေးအားလုံးကို ရပ်တန့်ရန်နှင့် နိုင်ငံတကာ အခမ်းအနားများတွင် ဂုဏ်ပြုခြင်း မပြုရန် တောင်းဆိုသည်။ ထိုင်းအစိုးရသည် မင်းအောင်လှိုင်အား BIMSTEC အစည်းအဝေးသို့ ဖိတ်ကြားခြင်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူများကို ရက်စက်စွာ ဖိနှိပ်နေသည့် စစ်အာဏာရှင်အစိုးရကို ထောက်ခံခြင်းပင်ဖြစ်ကြောင်း ဆန္ဒပြသည့် ထိုင်းလူငယ်အချို့က

Read More
သတင်း

မင်းအောင်လှိုင်ကို ဆန္ဒပြသည့် ထိုင်းအဖွဲ့ကို ထိုင်းအမျိုးသားရေး လှုပ်ရှားသူများ တားမြစ်

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ကျင်းပနေသည့် BIMSTEC ထိပ်သီး အစည်းအဝေးတက် ရောက်ခဲ့သည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဆန္ဒပြသည့် ထိုင်းအဖွဲ့အား ထိုင်းအမျိုးသားရေး လှုပ်ရှားသူများက ယနေ့ ဧပြီလ ၅ ရက်နေ့တွင် လာရောက် တားမြစ်ခဲ့သည်။ ဘန်ကောက်မြို့ ကုလသမဂ္ဂ UN ရုံးရှေ့၌ ယနေ့ နံနက် ၁၁ နာရီခန့်တွင် တရားဝင် ခွင့်ပြုမိန့်ဖြင့် ဆန္ဒပြနေသည့် ထိုင်း Bright Future အဖွဲ့အား ထိုင်းအမျိုးသားရေးအဖွဲ့ဖြစ်သည့် ပြည်သူ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကော်မတီ(PDRC)မှ လာရောက်တားဖြစ်သည့်အတွက် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြောင်း ထိုင်း သတင်းအချို့တွင်ဖော်ပြသည်။ထိုင်း Bright Future အဖွဲ့အား ထိုင်းအမျိုးသားရေးလှုပ်ရှားသူများက ဝင်ရောက်ဟန့်တားနေစဉ် ရဲတပ်ဖွဲ့က ဝင်ရောက်ထိန်းသိမ်းခဲ့သည့် ရုပ်သံဖိုင်လည်း လူမှုကွန်ရက်တွင်တွေ့ရသည်။ Bright Future အဖွဲ့သည်

Read More
သတင်း

စစ်ကိုင်းမြို့ငလျင် ကယ်ဆယ်ရေးလာသူများကို တင်းကြပ်၊ အပျက်အစီးများ အောက်တွင် လူသေဆုံးမှုများ ဆက်ရှိနေ

စစ်ကိုင်းမြို့နှင့် မန္တလေးမြို့အနီးတွင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ရစ်(ခ်)တာစကေး (၇.၇) အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေးမြို့တွင် ထိခိုက်ပျက်စီးကာ လူသေဆုံးမှုများခဲ့သည်။ ယနေ့ ဧပြီလ ၄ ရက်နေ့ ၊ ငလျင်လှုပ်ခတ်ပြီး တစ်ပတ်ပြည့်မြောက်ချိန်တွင် နောက်ဆက်တွဲ ငလျင်ငယ်များကြောင့် ထိခိုက်ပျက်စီးမှုများ အပြီးသတ်ရှင်းလင်းနိုင်ခြင်းမရှိသေးပဲ အပျက်အစီးများ အောက်တွင် လူသေဆုံးမှုများ ဆက်ရှိနေသည်။ စစ်ကိုင်းမြို့ငလျင် ကယ်ဆယ်ရေး လာရောက်ကူညီသည့် အသင်းအဖွဲ့များကို စစ်ကောင်စီဘက်မှ ဧပြီလ ၃ ရက်နေ့မှစကာ တင်းတင်းကြပ်ကြပ် စစ်ဆေးနေကြောင်း ကယ်ဆယ်ရေးအသင်းအဖွဲ့အချို့ထံမှ သိရသည်။ “အခုဘယ်လိုဖြစ်လဲဆိုတော့ လှူချင်တိုင်းလဲ လှူမရဘူး စစ်ကိုင်းတံတားမှာ ဝင်ခွင့်မပေးတာများတယ်၊ ကံကောင်းတာက ဖွင့်တဲ့နေ့နဲ့ ကျွန်တော်တို့ တံတားကိုဖြတ်တဲ့နေ့နဲ့ ကွတ်တိကျလို့ သာမဟုတ်ရင်မလွယ်ဘူး” ဟု

Read More
သတင်း

ထိုင်းတောင်ပိုင်းနေသူများ ရုတ်တရက် ရေကြီး ရေလျှံမှု သတိထားရန်လို

ထိုင်းနိုင်ငံတောင်ပိုင်းတွင် လေထုမငြိမ်သက်မှုများကြောင့် ယနေ့ ဧပြီလ ၄ ရက်နေ့မှ ၂၄ နာရီအတွင်း လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမည်ဖြစ်ကြောင်း ထိုင်းမိုးလေဝသဌာန(TMD) က ထုတ်ပြန်သည်။ ယနေ့မှ လာမည့် ၂၄ နာရီအတွင်း တောင်ပိုင်းဒေသ (အရှေ့ကမ်းရိုးတန်း)ရှိ ဆူရတ်သနီ၊ နခွန်စီသမရတ်၊ ဖက်တလွန်၊ ဆွန်ခလာ၊ ပတ္တနီ၊ ရာလာနှင့် နာရသီဝတ် တို့တွင် လေပြင်းတိုက်ခတ်ကာ မိုးသည်းထန်မှုများ ဖြစ်ပေါ်နိုင်သည်။ တောင်ပိုင်းဒေသ(အနောက်ကမ်းရိုးတန်း)ရှိ ဖန်င၊ ဖူကက်၊ ခရဘီ၊ ထရန်းနှင့် စတွန်တို့တွင် မိုးသည်း ထန်မှုများဖြစ်နိုင်ကြောင်း ထိုင်းမိုးလေဝသဌာန(TMD) ကထုတ်ပြန်သည်။ ထိုင်းအမျိုးသားရေအရင်းအမြစ်ရုံး (ONWR) ကလည်း ဒီရေမြင့်တက်မှုကြောင့် စမွတ်ပရာကန်၊ ဘန်ကောက်၊ စမွတ်ဆာခွန်၊ နခွန်ပထုန်နှင့် စမွတ်ဆောင်ခရမ် ခရိုင်များတွင် ရေကြီးရေလျှံမှုကြောင့် ထိခိုက်စေနိုင်ကြောင်း ဧပြီလ ၃

Read More
သတင်း

ဘန်ကောက်အပါ ခရိုင် ၄ ခု ဒီရေကြောင့် ရေကြီးနိုင်

ထိုင်းနိုင်ငံ ၊ စမွတ်ပရာကန်ခရိုင် ကမ်းရိုးတန်းဒေသတွင် ယနေ့ ဧပြီလ ၃ ရက်နေ့ နံနက်၌ ဒီရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ဘန်ကောက်မြို့နယ် အပါအဝင် ခရိုင်၄ ခုတွင် ရေကြီးမှု အတွက် ကြိုတင်ပြင်ဆင်ရန်လိုအပ်ကြောင်း အမျိုးသားရေ အရင်းအမြစ်ရုံး (ONWR) ကထုတ်ပြန်သည်။ ONWR ထုတ်ပြန်ချက်အရ ယနေ့ နံနက်ပိုင်းတွင် ဒီရေမြင့်တက်မှုကြောင့် စမွတ်ပရာကန်ခရိုင် ဖရာစမွတ်ချေဒီရှိ ဆွိုင်ခရသင်းဒဲန်းနှင့် တမ်ဘွန်ဘန်ခလောင်ဆွမ်းရှိ ရဲစခန်းရှေ့လမ်းတို့တွင် ရေလွှမ်းမိုးခဲ့သည်။ ဒီရေမြင့်တက်မှုကြောင့် ကျောက်ဖရား၊ သချင်မြစ်၊ မဲခလောင်မြစ်များရှိ အချို့ဒေသများတွင် ရေလျှံစေနိုင်ကြောင်း ONWR က သတိပေးထုတ်ပြန်ခဲ့သည်။ ရေကာတာအနီးရှိ နေထိုင်သူများအနေဖြင့် ရေလွှမ်းမိုးမှုများအတွက် ပြင်ဆင်ထားရန် လိုကြောင်း အကြံပြုထားသည်။ ONWR ထုတ်ပြန်ချက်အရ ဒီရေမြင့်တက်မှုကြောင့် စမွတ်ပရာကန်၊ ဘန်ကောက်၊ စမွတ်ဆာခွန်၊

Read More
အလုပ်သမား သတင်း

လာအိုရောက်အထောက်အထားမဲ့မြန်မာလုပ်သားတွေကို CI လုပ်ပေးမယ်

ဇန်နဝါရီ ၁၂ရက်၊ အရုဏ်ဦး လာအိုနိုင်ငံရောက် အထောက်အထားမဲ့မြန်မာလုပ်သား ၆၀၀၀၀လောက်ကို နိုင်ငံသားမည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်(CI) ထုတ်ပေးသွားမယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးက ပြောပါတယ်။ အလုပ်သမားဝန်ကြီးဦးမြင့်နောင်နဲ့ လာအိုသံအမတ်တို့ ဇန်နဝါရီ ၉ရက်က တွေ့ဆုံစဥ် အဲဒီနိုင်ငံရောက်အလုပ်သမားတွေအရေးနဲ့ပတ်သက်လို့ဆွေးနွေးရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ လာအိုနိုင်ငံမှာ မြန်မာနိုင်ငံနဲ့ နယ်မြေချင်းထိစပ်နေတာကြောင့် ရွှေ့ပြောင်းသွားလာသူများနေပြီး လက်ရှိအဲဒီနိုင်ငံမှာ အ​ထောက်အထားမဲ့မြန်မာနိုင်ငံသား ၆၀၀၀၀လောက်ရှိနေတယ်လို့ ဦးမြင့်နောင်က ဆိုပါတယ်။ အဲဒီအထောက်အထားမဲ့ မြန်မာနိုင်ငံသား​တွေအတွက် ဝန်ကြီးဌာန​တွေပူးပေါင်းပြီး နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းကိုe-ID စနစ်နဲ့ တိုက်ဆိုင်စစ်ဆေးကာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(Certificate of Identity – CI)ထုတ်ပေးနိုင်ရေးဆောင်ရွက်သွားဖို့ရှိတယ်ဆိုပြီး ဦးမြင့်နိုင်က ပြောခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် CIလက်မှတ်လုပ်ပေးမယ့် အချိန်ကာလကိုတော့ထည့်သွင်းပြောကြားခဲ့တာမရှိပါဘူး။ လက်ရှိမှာ လာအိုနိုင်ငံက မြန်မာနိုင်ငံထက် လုပ်ခလစာပိုများနေတာကြောင့် တရားမဝင် သွားရောက်တာတွေရှိနေသလို အေဂျင်စီတွေကနေ ပြီးခဲ့တဲ့နှစ်ကစလို့ တရားဝင်ပို့ဆောင်တာရှိပါတယ်။ “CIလုပ်ပေးရင် တရားမဝင်အလုပ်သမားတွေအတွက် တရားဝင်လုပ်ကိုင်ခွင့်တော့ရသွားနိူင်တယ်။တရားဝင်စေလွှတ်တဲ့

Read More