အရက်သောက်ပြီး ကားမောင်းမှု အများဆုံးအဖြစ် ချင်းမိုင် နံပတ် ၁ ချိတ်
ချင်းမိုင်မြို့နယ်သည် ထိုင်းသင်္ကြန်ကာလ ၃ ရက်တာအတွင်း အရက်သောက်ပြီး ကားမောင်းမှုအများဆုံး ခရိုင်အဖြစ် နံပါတ် ၁ နေရာတွင် ရပ်တည်နေကြောင်း အကျင့်စာရိတ္တထိန်းသိမ်းရေး ဦးစီးဌာနက ထုတ်ပြန်သည်။ ဆုန်ခရမ် သင်္ကြန်ပွဲတော်ကာလ ပထမ ၃ ရက်ဖြစ်သည့် ဧပြီလ ၁၁ ရက်မှ ၁၃ ရက်အတွင်း စုစုပေါင်းမှုခင်း ၁,၅၇၉ မှုရှိခဲ့ပြီး “ချင်းမိုင်” သည် အရက်သောက်ပြီး ကားမောင်းမှုအများဆုံးခရိုင်အဖြစ် နံပါတ် ၁ နေရာတွင် ရပ်တည်ခဲ့ခြင်းဖြစ်သည်။ သင်္ကြန်ပွဲတော်ကာလ ပထမ ၃ ရက်အတွင်း စုစုပေါင်းမှုခင်း ၁,၅၇၉ မှုရှိပြီး လူပေါင်း ၁၅ ဦးအား အီလက်ထရောနစ် စောင့်ကြပ်ကြည့်ရှုသည့် ကိရိယာ (EM)တပ်ဆင်ခဲ့သည်။ ယင်းအမှုများတွင် အရက်သောက်ပြီး ကားမောင်းမှု ၁,၄၇၂ မှု ၊