September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Blog

သတင်း

ဖူးခက် ဆောက်လုပ်ရေးလုပ်ငန်းတွင် မြန်မာလုပ်သားတစ်ဦး သေဆုံး

စက်တင်ဘာ ၂ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ ဖူးခက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်း၌ ဓာတ်လှေကားပြုတ်ကျမှုကြောင့် မြန်မာလုပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။ သေဆုံးသူသည် အသက် ၅၃ နှစ်အရွယ် ကိုသက်ဝင်းဖြစ်ပြီး ဖူးခက်မြို့မြောက်ပိုင်းရှိ Super Cheap ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ လုပ်ငန်းခွင်တွင် ကွန်ကရစ်ဓာတ်လှေကားပြုတ်ကျမှုကြောင့် ကိုသက်ဝင်း၏ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ပြီး လုပ်ဖော်ကိုင်ဖက်များက ၎င်းကို ဖူးခက်မြို့ရှိ Mission ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း မကြာမီတွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။ ဖူးခက်မြို့တော်ရဲချုပ်ကလည်း မြန်မာအလုပ်သမား သေဆုံးခဲ့သည့် လုပ်ငန်းခွင်အား ပေါ့ဆမှုရှိမရှိနှင့်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ချိုးဖောက်မှုရှိ၊ မရှိကို ဆုံးဖြတ်ရန် ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ဖူးခက်ရှိ

Read More
သတင်း

ထိုင်းတွင် အလုံပိတ်ကားတွင်းလိုက်ပါလာသည့် မြန်မာ ၄ဝ ဦးဖမ်းဆီးခံရ

စက်တင်ဘာ ၂ ၊ Migrant Times ။ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်တွင် အလုံပိတ်ကားတွင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၄ဝ ဦးအား ဖမ်းဆီးခဲ့ကြောင်း အဝေးပြေးရဲတပ်ဖွဲ့က ယနေ့(စက်တင်ဘာ-၂)ထုတ်ပြန်သည်။ တာ့ခ်ခရိုင် အဝေးပြေးရဲတပ်ဖွဲ့သည် ကြိုတင်သတင်းရရှိပြီးနောက် စောင့်ကြည့်ခဲ့ရာ သံသယဖြစ်ဖွယ် ပစ်ကပ်ကားတစ်စီးကို တွေ့ရှိခဲ့ကြောင်း၊ ယင်းကားနောက်တွင် နှစ်ထပ်စင်ဖြင့် လျို့ဝှက်သယ်ဆောင်လာသည့် မြန်မာနိုင်ငံသား ၄ဝ ဦးတွေ့ရှိခဲ့ပြီး စစ်ဆေးခဲ့ရာ ခိုင်လုံသည့် အထောက်အထား စာရွက်စာတမ်းများတွေ့ရှိခြင်းမရှိကြောင်း ထုတ်ပြန်သည်။ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ ကားမောင်းသူသည် အလုပ်သမားများကို ပတုမ်ဌာနီခရိုင်၊ တလပ်ထိုင်း (Talad Thai) သို့ပို့ဆောင်ရန် တစ်ခေါက်လျှင် ဘတ် ၁ဝ,ဝဝဝ ရရှိပြီး အကြိမ်များစွာ ပို့ဆောင်ခဲ့ကြောင်း ၊ ကားသမားနှင့် အလုပ်သမား ၄ဝ ဦးကို ဥပဒေအရ အရေးယူနိုင်ရန် ထိန်းသိမ်းထားကြောင်း

Read More
သတင်း

ထိုင်းတောင်ပိုင်းတွင် မူးယစ်ဆေးဝါးရောင်းချသုံးစွဲသည့် မြန်မာ ၅ ဦးဖမ်းဆီးခံရ

စက်တင်ဘာ ၂ ၊ Migrant Times ။ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူရတ်ဌာနီပြည်နယ်၊ ကော့ဖန်ငန်ကျွန်း တွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွင် ပါဝင်ပတ်သက်သည့် မြန်မာနိုင်ငံသား ၅ ဦးကို ရဲတပ်ဖွဲ့က စက်တင်ဘာလ ၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်းထိုင်းသတင်းက ဖော်ပြသည်။ ဖမ်းဆီးခံရသည့် မြန်မာ ၅ ဦး အနက် လင်မယားနှစ်ဦးထံတွင် စိတ်ကြွဆေးပြား အများအပြားနှင့် လက်လုပ် ပစ္စတိုတစ်လက်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ခရီးသွားရဲတပ်ဖွဲ့ကထုတ်ပြန်သည်။ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ မြန်မာလင်မယားသည် မစ္စတာဘောင် (Mr.Baw)ဆိုသူ ထံမှ ဘတ် ၅ဝဝဝ ဖြင့် ယာဘာဆေးပြား ၂ဝဝ ပြား ဝယ်ယူခဲ့ကြောင်း ၊ ဆေးပြားရောင်းချရာတွင် ခြိမ်းခြောက်ရန်အတွက် လက်လုပ် သေနတ်ကို အသုံးပြုခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသည့်

Read More
သတင်း

ထိုင်း-ကမ္ဘောဒီးယား အငြင်းပွားမှုက ချင်းမိုင်က အလုပ်သမားအရေးကို ထိခိုက်မှုမရှိ

ခွန်သောမတ်စ် စက်တင်ဘာ ၂ ၊ Migrant Times ။ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဒေသ၏ အငြင်းပွားမှုများက ချင်းမိုင်တွင်ရှိသည့် ရွေ့ပြောင်းအလုပ်သမားများအတွက် ထိခိုက်မှုမရှိပေ။ ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသ မြို့တော်ဖြစ်သည့် ချင်းမိုင်ရှိ အလုပ်သမားဈေးကွက်သည် မြန်မာနိုင်ငံသား လုပ်သား ၁၃၆,၀၀၀ ကျော်ဖြင့် အားထားမှီခိုနေရကြောင်း ချင်းမိုင်ခရိုင် အလုပ်အကိုင်ရှာဖွေရေး ရုံးမှတ်တမ်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ တစ်ချိန်တည်းတွင် အသေးစားစက်မှုလုပ်ငန်း သို့မဟုတ် စိုက်ပျိုးရေးလုပ်ငန်းတွင် ကမ္ဘောဒီးယားနိုင်ငံသားပုံမှန်လုပ်သား ၂ဝဝခန့်ကသာ အလုပ်လုပ်နေသည်။ ချင်းမိုင်ဒေသတွင် မြန်မာနှင့်လာအိုအလုပ်သမားများ အလွယ်တကူ အစားထိုးနိုင်ရန် အစီရင်ခံစာတွင် အလေးပေးဖော်ပြထားသည်။ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တလျှောက် တင်းမာနေသည့်အခြေအနေနှင့် ကမ္ဘောဒီးယားအလုပ်သမား အချို့ ပြန်လည်ခေါ်ယူခံရသည့် သတင်းများကြားတွင် ချင်းမိုင်ခရိုင်သည် အလုပ်သမားဈေးကွက်၊ရွှေ့ပြောင်းအလုပ်သမားများနှင့် အလုပ်ရှင်များကြား ကောင်းမွန်သောဆက်ဆံရေးကို ထိခိုက်မှု မရှိပေ။ ချင်းမိုင်ခရိုင် အလုပ်အကိုင်ရှာဖွေရေးရုံး၏

Read More
သတင်း

ကန်ချနာဘူရီတွင် တရားမ၀င် ၀င်ရောက်သည့် မြန်မာ ၃၉ ဦးဖမ်းဆီးခံရ

စက်တင်ဘာ ၂ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ကန်ချနာဘူရီပြည်နယ်၊ ထောင်းဖာဖုမ်မြို့နယ်၊ ထာခနွန်းရပ်ကွက်အနီးတွင် ယနေ့ စက်တင်ဘာလ ၂ ရက်နေ့၊ နံနက် ၆:၃၀ နာရီခန့်၌ တရားမ၀င် ၀င်ရောက်သည့် မြန်မာနိုင်ငံသား ၃၉ ဦးအားနယ်ခြား စောင့်တပ်ဖွဲ့ကဖမ်းဆီးခဲ့ ကြောင်းထိုင်းသတင်းကဖော်ပြသည်။ နယ်ခြား စောင့်တပ်ဖွဲ့အဆိုအရ တရားမဝင်အလုပ်သမားများ နယ်စပ်မှတစ်ဆင့် သယ်ယူပို့ဆောင်မည်ဖြစ်ဟုသတင်းပေးချက်ရရှိပြီး ကင်းလှည့်စဉ် သံသယဖြစ်ဖွယ် ကားနှစ်စီးကို တွေ့ရှိခဲ့ ကြောင်း၊အဆိုပါကားနှစ်စီးကိုစစ်ဆေးရန် တားဆီးသော်လည်း ကားများက အရှိန်တင်မောင်းနှင်ကာ ထွက်ပြေးခဲ့ပြီး ထာခနွန်းရပ်ကွက်၊ ဟင်ဒါတ်ရွာတို့တွင် ကားနှစ်စီးလုံးကို ရပ်တန့်နိုင်ခဲ့ ကြောင်း၊ယာဉ်မောင်းသူများ တောတွင်းသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ ကြောင်းသိရသည်။ ယင်းကားနှစ်စီးပေါ်တွင်တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၃၉ ဦး (အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၁၂

Read More
သတင်း

ထိုင်းနိုင်ငံတွင် မိုးသည်းထန်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်

စက်တင်ဘာ ၂ ၊ Migrant Times ။ ထိုင်းနိုင်ငံတွင် မိုးသည်းထန်ခြင်းနှင့် လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး ရုတ်တရက်ရေကြီးမှုများ ဖြစ်ပေါ်နိုင်သည်ဟု ထိုင်းမိုးလေဝသဌာန -TMDမှ ထုတ်ပြန်သည်။ စက်တင်ဘာလ ၃ ရက်နေ့အထိ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် လှိုင်းကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။ ထိုင်းမိုးလေဝသဌာန ထုတ်ပြန်ချက်အရ အနောက်တောင်မုတ်သုံလေသည် အန်ဒါမန်ပင်လယ်၊ ထိုင်းပင်လယ်နှင့် ထိုင်းပင်လယ်ကွေ့တို့တွင် အားကောင်းနေသည်။ ထိုင်းနိုင်ငံအနှံ့အပြားတွင် နေရာကွက်ပြီး မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသ (အနောက်ဘက်ကမ်းရိုးတန်း) များတွင် မိုးအလွန်သည်းထန်နိုင်သည်။ ထိုဒေသများရှိပြည်သူများသည် မိုးသည်းထန်စွာရွာသွန်းခြင်း ကြောင့်ရုတ်တရက်ရေကြီးခြင်းနှင့်ရေလျှံမှုများ ဖြစ်ပွားနိုင်ပြီး အထူးသတိထားရန်လို ကြောင်း TMD ကထုတ်ပြန်သည်။ အထူးသဖြင့်တောင်ကုန်းအနီး‌၊ရေလမ်းကြောင်းများအနီးနှင့် မြေနိမ့်ပိုင်း နေသူများ သတိပြုသင့် ကြောင်းထုတ်ပြန်ထားသည်။

Read More
သတင်း

ဖူးခက်မြို့အဝင်တွင် ကားသုံးစီးဆင့်တိုက်

(Photo News) စက်တင်ဘာ ၁ ၊ Migrant Times ။ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့အဝင်တွင် ယနေ့ နေ့လယ်ပိုင်း၌ ကားသုံးစီးဆင့်တိုက်ခဲ့ကြောင်း Phuket Time သတင်းကဖော်ပြသည်။ ဖူးခက်မြို့အဝင်ရှိ Big C ၊ Rajabhat University ရှေ့လမ်းမကြီးတွင် အရှိန်လွန်ကာ ကားသုံးစီးတိုက်ကြခြင်းဖြစ်ကြောင်း သိရသည်။ ကားတစ်စီးသည် အရှိန်လွန်ခြင်းကြောင့် လမ်းလယ်ကျွန်းကို ဖြတ်ကျော်ပြီး တစ်ဖက်လမ်းကြောပေါ်သို့ ရောက်ရှိကာ ကားသုံးစီး တစ်ပြိုင်တည်း ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်းသတင်းတွင်ဖော်ပြသည်။ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ယနေ့နံနက်ပိုင်း၌ မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ဖန်ငခရိုင်၊ တကွာပါ့မြို့နယ် လမ်းအချို့ရေလွှမ်းမိုးနေကြောင်း ဒေသခံများမှသိရသည်။ ဓာတ်ပုံ – Phuket Time #Migranttimes #ထိုင်း #ဖူးခက် #thailand YouTube https://www.youtube.com/@migranttimes Website https://www.migranttimes.com/

Read More
သတင်း

ထိုင်းတောင်ပိုင်းမှာ မိုးသည်းထန် လမ်းအချို့ရေကြီး

စက်တင်ဘာ ၁ ၊ Migrant Times ။ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ယနေ့ စက်တင်ဘာလ ၁ ရက်နေ့၌ မိုးသည်းထန်ပြီး လမ်းအချို့ရေကြီးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ယနေ့နံနက်ပိုင်း၌ မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ဖန်ငခရိုင်၊ တကွာပါ့မြို့နယ်ရှိ မြန်မာရွှေ့ပြောင်းကလေးများ သင်ကြားရေးစင်တာ -ULC သို့ရေဝင်ရောက်ခဲ့ကြောင်း စင်တာ တာဝန်ရှိသူကပြောသည်။ “FED/ULC ရွှေ့ပြောင်းကလေးတွေကျောင်း နေ့တစ်ပိုင်းပိတ်ပေးလိုက်ရပါတယ်။ကျောင်းတွင်းမှာ ရေမမြုပ် အောင်ကြိုးစားပြင်ဆင်ရပါဦး မယ်”ဟု FED တာဝန်ရှိသူကပြောသည်။ ဖန်ငခရိုင်၊တကွာပါ့မြို့နယ်တွင် မိုးသည်းထန်ခြင်းကြောင့် ခေါင်လတ်ဒေသရှိ Phetkasem လမ်းမနေရာအချို့တွင် ရေလွှမ်းမိုးနေကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ထိုင်းနိုင်ငံတောင်ပိုင်း၊ဖန်ငခရိုင်၊တကွာပါ့မြို့နယ်တွင် ပြီးခဲ့သည့် ဇူလိူင်လ ၁၅ ရက်နေ့ကလည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားကာ ကားလမ်းမနှင့်လူနေရပ်ကွက်အချို့ရေဝင်ရောက်ခဲ့သည်။ Photo – Migrant Times #Migranttimes #ထိုင်း #ဖန်င

Read More
သတင်း

ချင်းမိုင်တွင် ဓားခုတ်မှု ကျုးလွန်သည့် ရှမ်းလူငယ်အဖွဲ့ကိုဖမ်း

စက်တင်ဘာ ၁ ၊ Migrant Times ။ ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် ဩဂုတ်လ ၂၉ ရက်နေ့ နံနက်အစောပိုင်း၌ ဓားခုတ်မှု ကျုးလွန်ခဲ့သည့် အသက် ၂ဝ နှစ်အရွယ် ရှမ်းလူမျိုး လူငယ် ၅ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သြဂုတ်လ ၂၉ ရက်၊ နံနက် ၃:၂၀ နာရီခန့်တွင် ချင်မိုင်မြို့၊ ဝရောရော့ဈေး(ကတ်လုံ)ရှေ့ ချန်စွမ်တံတားအနီး၌ ရန်ဖြစ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး သွားရောက်စစ်ဆေးခဲ့သည်။ ချန်စွမ်တံတားအနီးတွင် အသက် ၁၉ နှစ်အရွယ် ကို Sutithipan (အမည်လွဲ) နှင့်သူငယ်ချင်းများကို တွေ့ရှိခဲ့ပြီး Sutithipan ၏ ခန္ဓာကိုယ်တွင် မပြင်းထန်သော ဓားဒဏ်ရာ ရရှိထားကြောင်းတွေ့ရှိခဲ့သည်။ ဒဏ်ရာရသူ ရဲတပ်ဖွဲ့ထံထွက်ဆို အဆိုအရ

Read More
သတင်း အလုပ်သမား သတင်း

ဘန်ကောက်တွင် ကားပေါ်မှ ပြုတ်ကျပြီး မြန်မာအလုပ်သမားတစ်ဦး သေဆုံး

ဩဂုတ် ၃၁ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ Vibhavadi Rangsit လမ်းမပေါ်တွင် ယနေ့ ဩဂုတ်လ ၃၁ ရက်နေ့၌ အသက် ၃ဝ အရွယ် မြန်မာအလုပ်သမားတစ်ဦးသည် ငါးတင် ပစ်ကပ်ကားတစ်စီးပေါ်မှ ပြုတ်ကျခဲ့ပြီး ယင်းနေရာတွင် သေဆုံးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ Vibhavadi ရဲစခန်း၏ ကနဦးစစ်ဆေးမှုအရ ပစ်ကပ်ကားသည် အမြန်လမ်းမှ ထွက်သည့်လမ်းပေါ်တွင် အရှိန်လွန်ကာ လမ်းဘေးအတားအဆီးကို ဝင်တိုက်ခဲ့ပြီး ကားပေါ်မှ မြန်မာအလုပ်သမားသည် လမ်းမပေါ်သို့ လွင့်စင်ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပစ်ကပ်ကားယာဉ်မောင်းနှင့် အခြားအလုပ်သမား လေးဦးမှာလည်း မတော်တဆမှုတွင် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ထားကာ ရဲတပ်ဖွဲ့က ဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းတွင်ဖော်ပြသည်။ Photo – Khaosod #Migranttimes

Read More